ပါဖောင်းမန့်ပြဿနာ


Software & Solutions ပြပွဲအတွက် ဘန်ကောက်မသွားခင်ကတည်းက ကိုသောင်းစုငြိမ်းတို့ ပြောထားတာနဲ့သိနှင့်ပြီးပါပြီ။ ဒါပေမယ့် ကိုယ့်အဖွဲ့တွေက ဘာတွေပြမယ်ဆိုတာ သေချာစုစည်းထားရတာ မရှိသေး သလို တယောက်နဲ့တယောက်မတွေ့တာကလဲ အခက်အခဲတခုဖြစ်သွားတာနဲ့ ပြပွဲရက်နီးလာတာနဲ့အမျှ စိတ်တော့နဲနဲပူလာမိတယ်။ ဘယ်လိုတွေ ပြကြမယ်ဆိုတာပေါ့။ ၂၄ ရက်နေ့ကတော့ IM ရုံးကို သွားပြီး အခန်းအတွက်စုံစမ်းသေးတယ်။ ကိုသောင်းစုငြိမ်းကို ဖုံးလဲဆက်မရ၊ သူလဲ အဲဒီပွဲအတွက်အလုပ်ရှုပ်နေတာနဲ့ သေသေချာချာ ဘယ်နေရာလဲ ဆိုတာ မသိရပေမယ့် အခန်း ၂ခန်းစီစဉ်ပေးထားတယ်ဆိုတာ ကိုတော့ သိခဲ့ရတယ်။ အဲဒီအချိန်အထိ ကိုယ်ပြမယ့် အကြောင်းအရာက SPIP နဲ့ ကိုကိုရဲ လုပ်နေတဲ့ Ubantu ၂ မျိုးဘဲ၊ ဒီထက်ကို တက်မလာသေးဘူး။ ကိုညင်းဆက်ကလဲ ချင်းမိုင်က ပြန်မလာသေးသလို သူ ဘယ်လိုပြမယ်ဆိုတာလဲ မသိရသေးတာနဲ့ ကိုယ့်အစီအစဉ်နဲ့ဘဲ ဆက်လုပ်နေလိုက်တယ်။ ကိုညင်းဆက်ကတော့ ပြင်ဆင်ထားမှုရှိမယ်လို့ မျှော်လင့်ပြီးသားဆိုတော့ သူအချိန်မှီပြန်ရောက်မရောက်ဘဲ မှန်းထားမိ တယ်။ ကျန်တာတော့ ရှိတဲ့သူဖြစ်တဲ့ ကျွန်တော်၊ မထိုက်၊ တိုလီ၊ နန်းညီ၊ မောင်မျိုး၊ ကုတ်ကိုရွက်၊ သူတော်၊အစ်ဇိုက်တာ တို့ ဆက်လုပ်မယ်ဆိုပြီး ဒီအတိုင်းဘဲ ၂၅ ရက်နေ့ကို ရောက်လာခဲ့တယ်။ SPIP အတွက် ဝေလီဝေလင်းတို့ ရန်လင်းအောင်တို့ ကိုတော့ အသိပေးထားပြီးပြီ။ ၂၅ ရက်နေ့ မနက်ပိုင်းကျမှ အခန်းအတွက် သေချာသိတော့တယ်။ ပြောသာပြောရတယ် အဲဒီနေ့က ဘယ်သူမှမရှိဘူး။ မထိုက်နဲ့ ကျွန်တော်ဘဲ ရှိ တယ်။ တလောကတည်းက ရေလောင်းအိမ်သာ ပုံစံနဲ့ ကွန်ပျုတာတလုံး အလုပ်လုပ်ပုံကို အပြင်မှ ပြဖို့ စိတ်ထဲရှိနေတာနဲ့ အဲဒီနေ့ပွဲမှာ ပြမယ်ဆိုပြီး စိတ်ကူးမိတယ်။ ဒီတော့ ရှိတဲ့သူတွေနဲ့ဘဲ ပြပွဲ ကိုပြင်ဆင် မယ်ဆိုပြီး ထွက်လာခဲ့တယ်။ ညနေ ၃ နာရီလောက်မှ ချက်ခြင်းလုပ်ထားတဲ့ ဒီဇိုင်းနဲ့ ပွဲအတွက် vinyl တွေတထိုင်ထဲထုတ်၊ အိမ်သာကြွေအိုးကြီးရအောင် ကြိုးစား၊ ကွန်ပျုတာတွေ ထပ်ရအောင် လဲ ကိုကိုရဲက ပြင်ဆင်နဲ့ ညနေ ၅ ခွဲလောက်မှ info tech ထဲရောက်တော့တယ်။ သုံးယောက်ထဲ နဲ့ MCPA ကစက် ၄ လုံး UPS ပါ အကုန်မ၊ hall one ထဲထည့်၊ ပင်ပန်းလိုက်တာ။ ဖြစ်ချင်တော့ မျက်ခင်းပြင်မှာ ညစာစားပွဲအတွက်ြူပင်ဆင်နေတာနဲ့ အကြော်အလှော်နံ့တွေတထောင်းထောင်း၊ ဆာကလဲဆာ အလုပ်ကလဲမပြတ်နဲ့ဒေါသတော်တော်ထွက်တယ်။ ပစ္စည်းတွေသည်နေတုန်း ကိုသောင်းစုငြိမ်းနဲ့ ဦးခွန်ဦး ကိုတွေ့တော့ အိမ်သာ ပါဖောင့်မန့်ကိစ္စ ပြောလိုက်တယ်။ ဦင်္းခွန်ဦးကတော့ ဖုံးလာတာနဲ့ သေချာမသိသွားလိုက်ဘူး။ ဒါပေမယ့် ကိုသောင်းစု ကိုတော့ရှင်းပြလိုက်တယ်။ ဖြစ်ပါတယ်ဆိုတာနဲ့ ဒီကြွေအိုးကြီးကို အခန်းထဲမရွှေ့ရတယ်။ အထဲမှာ MCPA ကစက် ၄ လုံးတော့ရောက်လာပြီ၊ ကိုကိုရဲ မှာထားတဲ့ စက်တွေရောက်မလာခင်မှာ ဗိုက်ဆာတာနဲ့ YKKO မှာ ကြေးအိုးသောက်မယ်ဆိုပြီး အိမ်သာကြီးဒီအတိုင်းထားလို့ ထွက်ခဲ့ကြတယ်။ လွဲချော် မှုတွေက အဲဒီက စခဲ့တာပါဘဲ။ :P

တကယ်က ဒီပြပွဲအတွက် MCPA က organize လုပ်ပြီး ကျွန်တော်တို့ကို ပြခန်းခ အခမဲ့ပြသခွင့်ပေးတာပါ။ ပေးတဲ့အခန်းကလဲ ကျယ်ပါတယ်။ထိပ်ဆုံးမှာ၊ သေချာပြနိုင်အောင်လို့ ၂ ခန်းလုံးမှာ ပြလို့ရအောင် စီစဉ် ပေးထားပြီး လိုတာမှန်သမျှလဲ ပံ့ပိုးပေးမယ်လို့ပြောပါတယ်။ တကယ်လဲ ကျွန်တော်တို့လိုအပ်တာတွေကို ပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ MCPA က အခု ရည်မှန်းပြီး အကောင်အထည်ဖော်နေတဲ့ ပေါ်လစီ က သဘောကျစရာကောင်းပါတယ်။ လူငယ်တွေနဲ့ ပိုမိုနီးကပ်တဲ့ ပူးပေါင်းမှုတွေနဲ့ ဒီ Industry ကိုပိုပြီးတိုးတက်အောင်လုပ်ချင်တာ။ ကျွန်တော်တို့ကလဲဒီလိုဘဲ၊ ရည်ရွက်ချက်က အောက်ခြေကနေ အထက်ပိုင်း အထိ ဒီသဘောတွေကို ပိုမိုနားလည်အောင်လုပ်ချင်တယ်။ ဒီတော့ ပြည်သူလူထုကို ဒီထက်ပိုမိုတဲ့ အသိပညာတွေပေးချင်တယ်။ အသုံးပြုသူတွေများလာစေချင်တယ်။ ဒါကရှင်းရှင်းလေးပါ။ ကွန်ပျုတာ အသုံးပြုတဲ့ သူတွေများလာရင် စက်တွေပိုရောင်းရမယ်၊ နောက်ပြီး အင်တာနက်အသုံးပြုသူများလာရင် web နဲ့ဆိုင်တဲ့စီးပွားရေးတွေ ပိုမိုပြီး တိုးတက်လာမယ်၊ အလုပ်အကိုင်တွေပိုမိုလာမယ်၊ ဒီလိုပိုမိုလာဖို့ လုပ်ငန်းရှင်တွေ က သူတို့လုပ်ငန်းတွေမှာ ကွန်ပျုတာနည်းပညာတွေ ဒီထက်ပိုပြီး သုံးရကောင်းမှန်းသိအောင်လုပ်ပေးရမယ်၊ ဘာကြောင့်လုပ်သင့်တယ် သုံးသင့်တယ်ဆိုတာကို လုပ်ငန်းရှင်တွေက သိရမယ်။ ဒါမှဘဲ အားလုံးတပြိုင်နက် တိုးတက်လာနိုင်တယ်။ ကျွန်တော်တို့က လူငယ်တွေအတွက် ဖောက်ပေးနေတုန်းမှာ အဖွဲ့အစည်းအစည်းတွေက စီးပွားရေးလုပ်ငန်းရှင်တွေဘက်ဖောက်တာကို ဟန်ချက်ညီညီလုပ်နိုင်ရင် သေချာတယ်၊ မကြာခင် မှာ တိုးတက်လာမယ်။ တဦးကိုတဦး အပြန်အလှန် ပံ့ပိုးကူညီပြီး ပြပွဲတွေပြိုင်ပွဲတွေ လုပ်ပေးရမယ်။ တဦးထည်းသွားနေလို့ ဒီအတိုင်းဖြစ်နေမှာဘဲ၊ တကယ်က စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့လုပ်ငန်းတွေ အတွက် software တွေ hardware တွေ ကို အများကြီးတွင်ကျယ်စွာသုံးမယ်။ web အခြေခံ စီးပွားရေး ကဏ္ဍတွေတိုးချဲ့မယ်။ ဒါဆိုရင် ပထမဆုံး အကျိုးအမြတ်ရမှာက ကျွန်တော်တို့လို freelance တွေ ၀ါသနာ ရှင်တွေမဟုတ်ပါဘူး။ ကွန်ပျုတာ လုပ်ငန်းတွေကို အဓိကထားလုပ်နေကြတဲ့ အနည်းအကျဉ်းသော လုပ်ငန်းတွေကဘဲ ဒီအကျိုးအမြတ်ကိုရမှာပါ၊ ထွက်ပေါ်လာမယ့် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ရလာမည့် လစာ တွေက မက်လောက်စရာမရှိသေးပါဘူး။ ဒါကပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဒါပေမယ့် ကျွန်တော်တို့က အခြေခံလူထုကနေ လုပ်ငန်းရှင်တွေအထိ ဒီသိပညာကိုပေးချင်တာ အလကားတော့မဟုတ်ပါဘူး။ ရေရှည်မှာ ဒီ industry  ပိုပြီးကျယ်ကျယ်ပြန့်ပြန့်တိုးတက်လာဖို့ပါ။ သိပ်ပြီးကျယ်ပြန့်လာတဲ့အခါမှာ ယှဉ်ပြိုင်မှုတွေများလာမှာဖြစ်သလို စိန်ခေါ်မှုတွေလဲ ဆက်ပါလာမှာဘဲ။ အလျှင်အမြန်တိုးတက်လာတာနဲ့အမျှ ထိပ်ဆုံးမှာ နေရာယူထားတဲ့ လုပ်ငန်းတွေဟာ သူတို့ဖောက်သည်တွေကို ဆက်လက်ပြီးအများအပြားထိမ်းသိမ်းဖို့ခက်လာမှာဖြစ်ပါတယ်။ ဒီတော့ ပြန့်ပွားလာမယ့် ဖောက်သည်တောင်းဆိုမှုတွေအတွက် freelance တွေ micro business တွေ၊ open source သမားတွေဟာ အလိုလို အလုပ်အကိုင် ကြီးကြီးမားမားတွေကို ရရှိလာမှာဖြစ်ပါတယ်။ demean & supply အရ မမျှမတ ဖြစ်လာမယ့် အနေအထားက လိုတော့လိုပါသေးတယ်။ အမှန်မှာ တချိန်တည်းအရာရာကို ချက်ခြင်းပြောင်းလဲလို့မဖြစ်နိုင်ပါဘူး၊ ရကောင်းရနိုင်ပေမယ့် ရေရှည် အကျိုးစီးပွားကို ကြည့်မယ်ဆိုရင် ဒီကိစ္စဟာ အရမ်း အန္တရာယ်ကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။ ၂၈ ရက်နေ့က ညနေပိုင်းမှာ ဦးသိန်းဦးပြောသွားသလို လုပ်ငန်းတွေကို ချက်ခြင်း computerize ပြောင်းလဲပစ်ဖို့ ကြိုးစားတဲ့အခါမှာ လက်ရှိ အခြေခံအဆောက်အဦး ပိုင်းမှာ အားနည်းချက်တွေ ရှိ နေ သေးတယ်ဆိုတဲ့အချက်ဟာ အခု မြန်မာပြည်တွင်းက software ရေးတဲ့လုပ်ငန်းတွေအရည်အတွက် က တိုးတက်မှုမရှိသေးဘူးဆိုတဲ့အချက်ပါဘဲ၊ ဒီတော့ ဈေးကွက်က ချက်ခြင်းတောင်းဆိုလာခဲ့သော် ဒီလုပ်ငန်းတွေ အနေနဲ့ handle လုပ်ဖို့ ခက်ခဲမယ်ဆိုတာကိုလဲ သိထားတဲ့အတွက် အခု ပွဲကိုလုပ်တဲ့အခါမှာရယ် နောက်ဆက်လုပ်မယ့် ဆွေးနွေးပွဲတွေမှာရယ် လူငယ်တွေကို နေရာပေးဖို့ လူငယ်တို့တွေရဲ့ တက်စွမ်းတဲ့ ပညာရပ်တွေကို ဖော်ထုတ်ဖို့ policy change လုပ်လာတယ်လို့မြင်ပါတယ်။ ဒီတချက်ထည်း ကိုက စဉ်းစားစရာဖြစ်လာပါတယ်။ ဒါက တကယ်ဘဲ လုပ်ငန်းတွေ များပြားလာတော့မလား၊ ဒါမှမဟုတ် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ထွက်လာဖို့လား၊ ဒီလိုအပ်ချက်ပြည့်မှီတဲ့ လူငယ်တွေကရော နိုင်ငံအတွင်းမှာ အလုံအလောက်ရှိရဲ့လား၊ ရှိနေသေးတယ်ထားဦး သူတို့ထိုက်သင့်တဲ့ လုပ်ခလစာတွေ ရနိုင်မှာလား၊ software တွေကို သုံးပြီးလုပ်ဆောင်မယ့် လုပ်ငန်းရှင်တွေက တခါလာလဲ ၀န်ထမ်းထိန်းချုပ်လစာပေးစနစ်၊ လုံခြုံရေးနဲ့ ဘဏ္ဍာရေးကဏ္ဍ အတွက် ဒီမွဲပြာပုဆိုးလိုအပ်ချက် တွေကရော တက်လာနိုင်တဲ့ သုံးချင်တဲ့ အနေအထား တွေဖြစ်လာနိုင်မှာလား၊စတဲ့ မေးခွန်းတွေ ခေါင်းထဲ ဆက်တိုက်ဝင်လာပါတယ်။  E-Government အတွက်ဆိုရင်လဲ လက်ရှိမှာ အားရလောက်တဲ့ စနစ်တွေ လုံးဝမတွေ့ရသေးဘူး၊ Data base ထိုင်ပြီး ၀န်ကြီးဌာန  အားလုံးကို ထိန်းသိမ်းနိုင်တဲ့စနစ် မရှိဘူး။ ဘဏ္ဍာရေးမှာလဲ e-banking စနစ်က ကြိုကြားသုံးတဲ့ ဟာဘဲရှိတယ်၊ ကျယ်ကျယ်ပြန့်ပြန့်မသုံးနိုင်ဘူး။ လိုအပ်နေတဲ့ အရာတွေအတွက် လုပ်ပေးရမယ့် အခွင့်အလမ်း တွေက တကယ်တော့ အများကြီးရှိနေပါတယ်။ ပုဂ္ဂလိက ပိုင်းဘဲ ဖြစ်ဖြစ်၊ ၀န်ကြီးဌာန ပိုင်းဘဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်တွေ နဲ့ အရာရှိကြီးတွေက သူတို့လုပ်ငန်းတွေမှာ တကယ်လိုအပ်တဲ့ စနစ်တွေကို တကယ် handle လုပ်နိုင်မယ့် software တွေကို ရေးပေးနိုင်မယ့် သူတွေ လိုမှာဘဲ၊ ဒီလို လိုအပ်တယ်ဆိုတာကို အခုသိထားတာထက် ပိုပြီးသိရှိအောင်၊ အကျိုးဘယ်လောက်ရှိတယ်ဆိုတာ သိအောင် ရေရှည် အသုံးတည့်အောင် ၊ နည်းလမ်းပေါင်းများစွာနဲ့ အခုထက်ပိုပြီး ပြပွဲပြိုင်ပွဲတွေ၊ workshop တွေကို လုပ်သင့်သေးတယ်။ ကျယ်ကျယ်ပြန့်ပြန့်ပိုပြီး သိအောင်လုပ်တဲ့နေရာမှာ transparency ရှိဖို့လိုပါတယ်။ခုချိန်အထိ ဘာလို့ ထင်သလောက်တိုးတက်မှုရှိမလာလဲဆိုတာ က ပြောမပြနိုင်တဲ့အခြေအနေတွေ အများကြီးရှိတယ်ဆိုတာ အားလုံးကနားလည်ထားပါတယ်။ ဒီကြားထဲက ဒီလောက ကိုတိုးတက် အောင် ကိုယ်စွမ်းရှိသလောက်ဥာဏ်စွမ်းရှိသောက် လုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေ လူကြီးလူငယ်တွေ ရှိနေတာကလဲ ကျွန်တော်တို့အတွက် အများကြီး အားရစရာကောင်းပါတယ်။ ဒါက ကျွန်တော်တို့အတွက် ယုံကြည်မှုတွေကို ပိုပြီးတိုးတက်စေပါတယ်။

လက်ရှိကွန်ပျုတာလုပ်ငန်းရှင်တွေအနေနဲ့ ဈေးကွက်ကို ယှဉ်ပြိုင်ပြီး လုရတဲ့အခါမှာ အခုရှိထားတဲ့အနေအထား ပြိုင်ဆိုင်မှုတဲ့ ပိုပြီး ကျယ်ပြန့်လွတ်လပ်တဲ့ဈေးကွက်တခု ဖြစ်လာအောင် လုပ်ပေးဖို့လိုသေးတယ်။ no choice ဖြစ်စေမယ့် ဒါဘဲ ရှိတယ်ကြိုက်တာရွေး ပုံစံတွေအစား ဒါတွေရှိတယ် ကြိုက်တာလုပ်ဆိုတဲ့ အခြေအနေကိုဖြစ်လာအောင်ဆက်ပြီးကြိုးစားရဦးမှာပါ။ ဈေးကွက်ကို ပုံဖော်ရာမှာ နည်းလမ်းပေါင်း များစွာ ရှိတဲ့ အနက် အကောင်းဆုံးနဲ့ စားရိတ်အသက်သာဆုံးကတော့ အသုံးပြုသူတွေ ပိုမိုများပြားအောင် သူတို့စိတ်ထဲမှာ ဒါဟာမသုံးမဖြစ် သုံးစွဲရမယ်ဆိုတဲ့ ခံယူချက်ဖြစ်လာအောင်၊ ပြီးတော့ စားသုံးသူ ယုံကြည်မှုရှိလာ အောင် လုပ်ဆောင်ပေးတာ အကောင်းဆုံးပါဘဲ၊ ဒီတော့ ကျွန်တော်တို့ ဒီအပိုင်းမှာလုပ်နိုင်တာကတော့ လူတိုင်းလူတိုင်း၊ လုပ်ငန်းတိုင်းလုပ်ငန်းတိုင်းမှာ ဘာကြောင့် နည်းပညာတွေထည့်သွင်းအသုံး ပြုနေကြရတာလဲ၊ သူတို့ဘ၀ရဲ့အစိတ်အပိုင်းတွေဟာ နည်းပညာရဲ့ သယ်ဆောင်မှုအောက်မှာ နေ့စဉ်အလိုက်သင့် သွားလာနေပြီဆိုတာ ကို ချပြရမှာဖြစ်ပါတယ်။ လူကြီးတွေရော လူငယ်တွေအားလုံးနဲ့ဆိုင်ပါတယ်။ ဦးသိန်းဦးပြောသွားတဲ့ အခု ပြုလုပ်တဲ့ software & solutions ပွဲဟာ လူငယ်တွေအတွက် ရည်ရွယ်တာမဟုတ်ဘူး ဆိုတာ ဖြစ်ချင်လဲဖြစ်နိုင်ပါတယ်။  ဒီပွဲကိုနောက်ဆုံးမှသိလိုက်ရတာက ပွဲအတွင်းမှာ ပြထားတာက show case ပါ။ seminar ကတော့ marketing သဘောဆောင်သွားပါတယ်။ ထင်တဲ့အတိုင်း ဘာကြောင့်မအောင်မြင်လဲဆိုတာကတော့ ကျွန်တော့်ဘက်ကကြည့်ရင် စေတနာ ကောင်းပေမယ့် အပေးမတော်တာ ဖြစ်ပါလိမ့်မယ်။ တကယ်က အားလုံးတိုးတက်အောင်လုပ်နေတာဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံးနားလည်ပါတယ်။ ကျွန်တော်တို့ထက်အများကြီး ဒီ industry တိုးတက်အောင်လုပ်ခဲ့တာ လဲ လက်ခံပါတယ်။ ဒါပေမယ့် စိတ်ဓါတ်တခုထည်းရှိလို့ရတဲ့ခေတ်မဟုတ်တော့ပါဘူး။ အခု ဖြစ်သင့်တာက ဗျုဟာတွေ နည်းလမ်းတွေပါ။ လုပ်ငန်း ရှင်တွေက သူတို့အကျိုးစီးပွားအတွက်ဆို ဆိုက်ကားမှာတောင် ကြော်ငြာကပ်သလို သူတို့အသုံးတည့်မယ်ဆို ဒီ software တခုကို သိန်းပေါင်းများစွာပေးဝယ်မှာဆိုတာ သိထားတဲ့အတွက် ပထမဆုံးကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ပြန်သိသင့်တာက သူတို့ဘာလိုအပ်သလဲ ဆိုတာပါဘဲ။

ဆက်ပါဦးမယ်။

You can leave a response, or trackback from your own site.

2 Responses to “ပါဖောင်းမန့်ပြဿနာ”

  1. moezaw says:

    အားရင် ဆက်ရေးပေးပါဦး ကိုဇော်။ စိတ်ဝင်စားတယ်။ အိမ်သာအိုးကြီးအကြောင်းရောပေါ့။ ကျေးဇူးဗျ။

  2. saetaman says:

    I don’t understand why the “Myanmar Info-Tech” signed MOU with “UMFCCI” on that day?

    All said that this event is for Myanmar Software & Solution Industry.

    “Myanmar Info-Tech” represents only 10% of the ICT Industry.

    And yet, they make use of this event to sign MOU with UMFCCI. Yes, they can sign anytime BUT not in this event which is mainly for Myanmar Software & Solution Industry.

    This event also highlighted the Generation Gap between the First and Current Generations. Ideas needs to be fresh, can’t stick to old style of business.

    Cheers!

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice