ကြွေးဆုံးတဲ့ကောင်

ဆုံးပြီအဖေ၊ အခုတော့ အဖေဆုံးပြီ။

ကျွန်တော့်ဆပ်ရမယ့် အကြွေးတွေကို အဆုံးသတ်သွားတယ်။

အဖေ့ကိုကျွန်တော် ဘယ်တော့မှအကြွေးဆပ်လို့မရတော့ဘူး၊

သားမိုက်တယောက်အတွက် အဖေ့နောက်ဆုံးဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာ

ခွင့်မလွှတ်ချင်လဲ ခွင့်လွှတ်

ခွင့်လွှတ်ရင် ကျွန်တော်ကတော့ ခွင့်မလွှတ်ချင်ဘူး။

ကျွန်တော့် မျက်နှာက အပြုံးတချက် ကိုစောင့်ရင်းအဖေ အသက်ထွက်သွားတယ်၊

တွေ့ချင်နေပါတယ်ဆိုတဲ့ message တွေ အခါခါရလျက်နဲ့

ကျွန်တော့် အကြွေးသစ်တွေချနေရင်း အဖေ့ဆီကို မရောက်လာခဲ့ဘူး။

ကြားပါတယ်အဖေ၊ အဖေမျှော်နေတယ်ဆိုတာ၊

မနေရတော့မှန်းသိနေတာတောင် ကျွန်တော်ကမိုက်မဲစွာ အဖေ့လမ်းစဉ်လိုက်

နေ့တိုင်းမိုက်နေတာဘဲ။

အဖေ့ကို သူတို့နိုင်သွားပြီ၊

နောက်ဆုံးခရီးအတွက် အရက်တလုံး၊ အဖေကြိုက်တဲ့ Denim spry၊ အခုတော့

ဝေးပြီးရင်းဝေးပြီ။

အရက်သောက်လို့ အသဲတွေတဖြုတ်ဖြုတ်မကြွေခင်ကတည်းက

မိသားစုကြောင့် အဖေ့ ကြွေလွင့်နေမှုတွေကို ကျွန်တော် ခံစားမိပါတယ်။

တာဝန်မဲ့တဲ့ ဖခင်တယောက်လို့ ဘယ်တုန်းကမှ ကျွန်တော်မမြင်ပါဘူးအဖေ၊

ခုတော့ ကျွန်တော့်မျှော်လင့်ချက်ကို တ၀က်တိတိ အဖေဖြတ်ချသွားခဲ့ပြီ။

ကျန်သေးတဲ့ အကြွေးတချို့ အမေ့ကို ဆပ်နိုင်အောင်ကျွန်တော် ကြိုးစားပါ မယ်အဖေ။

အဖေ မှာထားတဲ့အတိုင်း ပညာရေးတက္ကသိုလ်မအောင် တဲ့ သားမိုက်

ဘ၀တက္ကသိုလ်မှာ တော့ အောင်မြင်အောင်ကြိုးစားနေပါတယ်။

အဖေထားခဲ့တဲ့ အဖေပေးခဲ့တဲ့ အမွေက ကျွန်တော့် ခြေနှစ်ချောင်းကို ရပ်တည်နိုင်ခဲ့ပါပြီ၊

ဖေပေးတဲ့အရာတွေက ငွေထက်တန်ဖိုးရှိတယ်ဆိုတာ ကျွန်တော်သိပါပြီအဖေ။

ဆွေးမြေ့နာကျင်မှုအတွက် စကားလုံးများများစားစားမရှိပါဘူး

ဝမ်းနည်းပါတယ်အဖေ။

ကျွန်တော်မငိုပါဘူး၊ ဒါပေမယ့် ဆို့နစ်မှုအတွက် ဟန်မဆောင်တဲ့ မျက်ရည်အချို့ ကျွန်တော်ကျခဲ့ပါတယ်။

မျက်ရည်ဝဲရုံအတွက် ခံစားတာမဟုတ်ဘူးအဖေ၊

တနေရာကလှမ်းကြည့်နေမယ့်အဖေ့အတွက် ကျွန်တော်ငိုတာ မမြင်စေချင်ဘူး။

အဖေမသေခင်ကတည်းက ကျွန်တော်တို့က ဝေးနေခဲ့တာပါအဖေ။

ဝေးလွင့်မှုအတွက် ကျွန်တော့်မှာ ခံနိုင်ရည်ရှိပါတယ်။

အဖေနေခဲ့တဲ့ ရက်ပေါင်း တစ်သောင်းကိုးထောင်ကျော်မှာ

အဖေနဲ့ကျွန်တော်ဝေးနေတဲ့ရက်ပေါင်း ခြောက်ထောင်ကျော်ပြီဘဲ။

နောက်ဆုံးချိန်ထိ ……..စိတ်ချလိုက်ပါတော့အဖေ။

ခုတော့ဆုံးပြီအဖေ

ကျွန်တော့်အကြွေးတွေဆုံးပြီ

ဘယ်လိုမှ ဆပ်လို့မရတဲ့အကြွေးတခုအတွက်

ကျွန်တော် တသက်လုံးနောင်တမရချင်ဘူး

ကျွန်တော်ပြန်ရမယ့်အကြွေးတခုအတွက်

ကိုယ်ချင်းစာတတ်နေပါပြီ။

You can leave a response, or trackback from your own site.

5 Responses to “ကြွေးဆုံးတဲ့ကောင်”

  1. mdy_thu says:

    ကျွန်တော်လည်းအစ်ကို့ poem ထဲကလိုဘဲ..နောင်တတရားကအမြဲနှိပ်စက်နေတယ်လူကို..
    ခံစားရတယ်။

  2. Su Nandar Tun says:

    ကဗျာလား တကယ်လား???????????? တို့လည်းအမေနဲ့ ပတ်သက်လို့ ခံစားနေရတယ်. အဲဒီလို နောင်တ တရားနဲ့ နေ့တိုင်းအသက်၇ှင်နေရတာ တကယ်မမိုက်ဘူး. အခုမှ ပြောနေလည်း ပိုတယ်လို့ ခံစားရတယ်ကိုယ့်ကိုယ်လည်း ခွင့်မလွတ်ဘူး. အသက်၇ှုင်စဉ်အခါတုန်းကတည်းက စိတ်ချမ်းသားအောင်ဘာလို့ မထားခဲ့တာလည်းဆိုတဲ့ စိတ်ဆင်းရဲမှု့က ဘာနဲ့မှ ဖြေဖျောက်လို့မရဘူး. ဒါပေမဲ့ တို့သိတယ်. အမေက တို့ကို ဘယ်တုန်းကမှ အပြစ်တင်မှုမရှိပဲ. သူ့သမီးအဖြစ်နဲ့ ဂုဏ်ယူသွားခဲ့၇ှာတယ်. တို့ဖက်ကသာ. အမေ…………………………………..အမေက ကောင်းကင်ဘုံကနေ တို့ကိုစောင့်ရှောက်နေမှာပါ.

  3. admin says:

    တကယ်ဖြစ်ခဲ့တာပါခင်ဗျာ

  4. ywatwar says:

    စိတ်တောင်မကောင်းဘူး ကျန့်ခဲ့တဲ့အမေကို ကောင်းကောင်းမွန်မွန်ပြုစုနော်

  5. အရုပ် says:

    ဘဝတူပါတယ်
    ဒါပေမယ့်စိတ်မကောင်းဘူးနော်
    အမေ့အလှည့်ကျန်သေးပါတယ်။

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice