မနိုင်းနိုင်းရဲ့အမေ့လက်ရေး

၉၉စနေ

ကျွန်တော်တို့ ခင်မင်လေးစားတဲ့ နာမည်ကျော် မနိုင်းနိုင်းစနေရဲ့ ပထမဆုံး လုံးချင်း စာအုပ် ထွက်ရှိလာပါပြီ။ အွန်လိုင်း ပေါ်မှာ နာမည်ကြီးခဲ့တဲ့ အမေ့မေတ္တာ နဲ့ပတ်သက်တဲ့ အကြောင်းတွေကို စုစည်းထား တဲ့ မေမေ့ စာစု ကလေးတခုဖြစ်ပါတယ်။ ဒီလုံးချင်း စာအုပ်လေးရဲ့ ခေါင်းစဉ်က တော့ ” အမေ့လက်ရေး” လို့အမည်ရပါတယ်။  နာမည်ကျော် online ကဗျာ ဆရာ တဦးဖြစ်တဲ့ ကိုမိုးလှိုင်ညရဲ့ အမေ့ ကဗျာ တပုဒ်ပါ ပါဝင်အား ဖြည့်ထား ပါတယ်။ မနိုင်းရဲ့အရေးအသား တွေကို သဘောကျနှစ်သက်သူတွေအတွက် အမေ့ စာစု လေး တွေကို တစုတစည်းထဲ အမှတ်တရ သိမ်းထားချင်ရင်တော့ အခု စာအုပ်ကလေးကို နီးစပ်ရာ စာအုပ်ဆိုင်တွေမှာ သွားယောက် အားပေးနိုင်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်။

အမေ့ ကိုချစ်တတ်တဲ့ သူတွေအတွက် ဒီစာအုပ်ကလေးကို Activator internet cafe, အနော်ရထာလမ်းနှင့် ၄ လမ်းထောင့်၊ လမ်းမတော်မြို့နယ်မှာလဲ လာရောက်ဝယ်ယူအားပေးနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာဖြင့်

ဇော်ဇော်

You can leave a response, or trackback from your own site.

One Response to “မနိုင်းနိုင်းရဲ့အမေ့လက်ရေး”

  1. အေး……း)
    ကျေးဇူးပဲ ..
    ခုလိုကြော်ငြာပေးတာ ကျေးဇူးနော် :)

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice