ညည်းတွားခြင်း

ကဗျာရေးလို့မရတဲ့အတွေးအခေါ်တွေနဲ့

ပြည့်ကြပ်ညက်နေတဲ့

လမ်းတခုပေါ်မှာ လျောက်

အဟမ်း -

အခုတော့ငါ မြောက်မရောက်တောင်မရောက်နဲ့။

သံယောဇဉ်က လူနာတင်ကားသြဥဆွဲသလို

ညည်းငြူ

ပြုံးပြ နှုတ်ဆက်တဲ့ ယဉ်ကျေးမှုတွေကိုတော့

လစ်လျှုရှုပစ်လို့မရပြန်

အင်းလေ

တယ်ခက်တဲ့ သဘာဝပေကိုး။

သီချင်းသံတချို့က စီးဆင်းတယ်

ရေလိုဘဲ လေလိုဘဲ တွေတဲ့အပေါက်က ဆင်းတယ် စီးတယ်

သံထည်တွေ ကျောက်တုံးတွေ နောက်တမျိုးနဲ့ အလိုက်အထိုက်မိုက်

အား – -

ဟစ်ဟော့တော့ငါမကြိုက်ပါဘူး။

ကော်နက်ရှင်ကိုပစ်ပေါက်

ခွဲခြေနင်းခြွေ

ငါ့ဘလောက်နဲ့ငါကတော့ တလူလူလွင့်တယ်

အတွေးအခေါ်တွေကို ဘောင်ပိတ်ခတ်ကြည့်ချင်တယ်

ဒါမှမဟုတ် ချောင်ပိတ်ရိုက်ခဲ့ချင်တယ်

တခါးဆိုတာ ဖွင့်ထားတိုင်းကောင်းတာမဟုတ်ဘူး

တူရင်လောက်ထရပ်က ပြောတယ်

မကောင်းဘူးကောင်းတယ်ဆိုတာ ရှုမြင်သူပေါ်မှာသာ မူတည်တာတဲ့- – -။

You can leave a response, or trackback from your own site.

5 Responses to “ညည်းတွားခြင်း”

  1. kokyaw says:

    good တယ်

  2. getsuyoobi says:

    ကိုဇော်ဇော် အဆင်အပြင်တွေပြောင်းသွားပြီလား…ကျနော်ကတော.
    ချောကလက်ပုံဒီဇိုင်းက ပိုကောင်းသလားလို.(အကြံပြုတာနော်)…
    ဒီလထဲပြန်လာဖြစ်ခဲ.ရင်…တွေ.ကြရအောင်ဗျာ…..

  3. ကဗျာလေး မိုက်တယ်။ ကျွန်တော်လာလည်ပါခင်ဗျ။

  4. admin says:

    ကျေးဇူးတင်ပါတယ်ခင်ဗျ

  5. အကို
    ကဗျာလေးကောင်းတယ်.. နောက်လည်းလာလည်ပါဦးမယ်….

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice