ဒီနှစ်က စံချိန်တင် ခရီးစဉ်များခဲ့တဲ့ နှစ်လဲဖြစ်ပါတယ်။ နှစ်စကနေနှစ်ဆုံးအထိ ခရီးစဉ်တွေပြည့်နှက်နေပြီး အတွေ့အကြုံကောင်းတွေလဲ ရရှိခံစားခဲ့ပါတယ်။ ဒီနှစ်က ကျွန်တော့်ကို အကောင်းဆုံးတွေနဲ့အတူ အဆိုးတွေ လဲမျှဝေခဲ့ပါတယ်။ ဘယ်အရာဘဲဖြစ်ဖြစ် ကောင်းတာလေးတွေကိုဘဲ ရွေးမှတ်တတ်တဲ့ အကျင့်လေးရှိလို့ အားလုံးအဆင်ပြေအောင်နေထိုင်နိုင်ခဲ့ပါတယ်။ ရင့်ကျက်တယ်လို့မဆိုသာသေးသည့်တိုင် တည်ငြိမ်တဲ့ စိတ် ထား တခုကို ကျွန်တော် ဒီနှစ်မှာ ရှာဖွေ တွေ့ရှိနိုင်ခဲ့ပါပြီ။ မေတ္တာတရားက အားလုံးကိုအနိုင်ယူတယ်လို့ အကြွင်းမဲ့ ကျွန်တော်ယုံကြည်လို့မရသေးပေမယ့် မေတ္တာတရားက ကျွန်တော့် ရင်ထဲက အကျိတ်အခဲတွေကို သိ သိသာသာ ခြေမွပေးနိုင်ခဲ့ပါတယ်။ ကိုယ်နဲ့တွေ့တဲ့သူတွေကို အပြုံးနဲ့ဘဲ ဆီးကြိုချင်ပြီး ကိုယ့်အတွက် ဘာဘဲရရ ကိုယ့်ဘက်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တခုအဖြစ် အမြဲဆောင်ထားချင်ပါတယ်။

လောကဓံတရားဆိုတာ ပြည့်ဝတာနဲ့မပြည့်ဝတာ လုံလောက်တာနဲ့မလုံလောက်တာ ကောင်းတာနဲ့ဆိုးတာ စတဲ့ ကျောချင်းကပ်နေတဲ့ သဘာဝတရားတွေပါဘဲ။ လူဆိုတာတနေ့တော့ လုံလောက်ပါပြီ လို့ကျေနပ်နေ နိုင်တဲ့ နေ့တနေ့ဖြစ်လာမှာပါဘဲ။ အရာအားလုံးက ပြည့်စုံတယ် ဆိုတာ မရှိနိုင်ပါဘူး။ လူအားလုံးကို လူကလူကို လူလိုမြင်တဲ့ စာနာတတ်တဲ့ လူ့စရိုက်တခုကိုဘဲ ကျေနပ်ကျင့်သုံးချင်ပါတယ်။ ကိုယ်ဘယ်လိုဘဲ ကောင်းနေနေ ကိုယ်ဘယ်လိုဘဲဆိုးနေပါစေ သံသရာဆိုတာ တပတ်ပြန်လည်မှာပါဘဲ။ သို့ပေမယ့် အချိန်ကာလဆိုတဲ့ ဖြတ်သန်းမှုကိုသာ ခံနိုင်ရည်ရှိဖို့လိုမှာပါ။ ဒါကြောင့် ဒီနေ့တွေကိုဘဲ အကောင်းဆုံး ဆက်ဆံ တယ် ဒီနေ့တွေကိုဘဲ အကောင်းဆုံးမျှော်လင့်တယ်။ လက်ရှိအချိန်ကောင်းရင် နောင်သံသရာရော ပြီးခဲ့မယ့် အတိတ်ဆိုတာတွေကို လှပအောင် ပျိုးထောင်နိုင်မှာပါ။

စားဝတ်နေရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရတဲ့ မဖြစ်မနေကိစ္စတွေက လူတွေရဲ့ ရိုးသားမှုကို တိမ်မြုတ်စေပါတယ်။ အရာအားလုံးကို နားလည်မှုနဲ့ဘဲတည်ဆောက်ကြပါ။ ဒီသတ္တလောကမှာ လူတွေတိရစ္ဆာန်တွေ အားလုံးရောနှောနေတာပါဘဲ။ ဘာသာတရားဘဲဖြစ်ဖြစ် လူမှုပေါင်းသင်းဆက်ဆံရေးဘဲဖြစ်ဖြစ် နားလည်သိတတ်မှု understanding ကို ထဲထဲဝင်ဝင် နားလည်အောင် ကိုယ့်ဟာကိုယ်တည်ဆောက်ကြည့်ခြင်းဖြင့် အေးငြိမ်းချမ်းသာမှုကို ခဏလေးဘဲဖြစ်ဖြစ် ရအောင်ရှာဖွေတွေ့နိုင်မှာပါ။ အရင်က စိတ်ထဲမှာ ဖြစ်ဘူးတယ်။ သင်ကောင်းလျှင်ကျွနုပ် မဆိုးပါတဲ့။ နောက်တော့ သင်မကောင်းလျှင်သင့်ထက်ပိုဆိုးမည်ဆိုတဲ့ မာန တရားတွေ အာဃာတ တရားတွေဝင်လာပါတယ်။ မောဟကို ပြန်တွေ့ချိန်မှာတော့ သင်ကောင်းကောင်းမကောင်းကောင်း ကျွနုပ် ကောင်းချင်ပါတယ်ဆိုတဲ့ စိတ်ဘဲ ထားလိုက်မိပါတယ်။ အတတ်နိုင်ဆုံး အကောင်းဆုံး နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ဆက်ဆံမယ်။ ကိုယ့်ကို နားမလည်တဲ့သူတွေ့ရင် ကျွန်တော်ကိုယ်တိုင်က သူ့ကိုနားမလည်တာလဲဖြစ်နိုင်မှာပါ။ ဘာဘဲဖြစ်ဖြစ် ရာနှုန်းပြည့် အကောင်းဆုံးကို မရောက်ရှိနိုင်ရင်တောင် ဒီလော ကီပတ်ဝန်းကျင်မှာတော့ ရာနှုန်းနဲနဲလေးတော့ အကောင်းဆုံးဖြစ်နေနိုင်မယ်လို့မျှော်လင့်ပါတယ်။

လာမည်နှစ်တွေဟာ ကျွန်တော့်အတွက်လဲ ခက်ခဲတဲ့ နှစ်တွေဖြစ်လာမှာပါ။ ကျွန်တော့်မိသားစု ကျွန်တော့်နေထိုင်မှု ကျွန်တော့်ကို မှီခိုနေသူတွေအတွက် အခက်အခဲတွေကို ကျွန်တော်ကျော်ဖြတ်နေရဦးမှာပါဘဲ။ တစ် ရက်ခြင်း အကောင်းဆုံး ကျင့်ကြံခြင်းနဲ့ ကျွန်တော့် နှစ်သစ်တွေကို အဆုံးသတ်မှာ အကောင်းဆုံး ဖြတ်သန်းနိုင်မယ်လို့ တော့ယုံကြည်ပါတယ်။ ဒီအခက်အခဲတွေကဘဲ ကျွန်တော့်ကို တောက်ပြောင်စေမှာပါ။ ပျော်ရွှင် မှုကလဲ ဒီအခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်မြင်မှရလာတဲ့ ဆုလဒ်တခုပါ။ ဒီဆုလဒ်တွေနဲ့ ပြည့်နှက်နေတဲ့ ဘ၀လမ်းကြမ်းကို ကျွန်တော်တို့အားလုံး ဖြတ်သန်းဖို့ နှစ်သစ်ကို အလှပဆုံး အရိုးသားဆုံး ကြိုဆို ပါရစေ။

welcome 2011 :)
ကင်းကွာနေတာတော့ကြာပါပြီ။ မရေးဖြစ်တာကြာခဲ့ပြီ။ တကယ်ရေးချင်ပေမယ့် ရေးရမယ့် အချက်အလက်တွေက ခေါင်းထဲမှာ ရောရင်ထဲမှာရော အပြည့်။ ဒါပေမယ့် အခြေအနေဆိုတဲ့ အကြောင်း ကြောင်းတွေက ချရေးမယ့်လက်တွေကို တွန့်ဆုတ်စေခဲ့တယ်။ လူမှုရေးကိစ္စ၊ အဖွဲ့အစည်းကိစ္စ စတဲ့ ကိစ္စတွေက အင်တာနက်သုံးချိန်ရဲ့တော်တော်များများကို နေရာယူထားလိုက်တယ်။ သမိုင်း ၀င်မယ့် နေ့ရက်တွေကိုလဲ ဖြတ်သန်းခဲ့ရပြီးပြီ။ ဒါပေမယ့် အဲဒီသမိုင်းတွေက အကောင်းလားအဆိုးလား ဆိုတာ လက်ရှိအချိန်မှာက ပြောနိုင်ဖို့စောနေသေးတယ်ထင်တယ်။ မျှော်လင့်ချက် တခွဲသား နဲ့ ဖြတ်သန်းနေတဲ့ ရက်တွေလဲမနည်းတော့ဘူး။ နှစ်တွေ လတွေကြာညောင်းလာခဲ့တယ်။ စိတ်တွေလဲ အိုဟောင်းလာခဲ့တယ်။ မနေ့ကစိတ်ကူးတွေဟာ နောက်တနေ့မျက်နှာသစ်ချိန် အထိဆွဲဖြန့် ပြစလို့မရတော့အောင်သေးကွေးလေးလံနေခဲ့ပြီ။

ကဗျာစပ်တောင်စကားလုံးကောင်းကောင်းတလုံးထွက်မကျနိုင်တော့တဲ့ ဦးနှောက်ထဲက အမှိုက်တွေတင်းကြမ်းထိုးလို့ ကိုယ့်ကိုကိုယ်မှိုင်းတိုက်။ စရိုက်ဆိုးတွေဖယ်ထုတ်ရင်း ဖြုတ်ထုတ်သတ် လမ်းစဉ် ကိုအမှတ်ရမိတယ်။ သစ္စာရှိတယ်ဆိုတဲ့ နောက်ကျောကဓါးနဲ့ထိုးခံဖူးတော့ ကျေးဇူးရှိမှ ကျေးစွတ်တတ်တဲ့ လူတွေရဲ့အကျင့်ကို ကိုယ့်စိတ်နဲ့ဘဲကိုယ်ပြန်တိုင်းပြီး မရိုင်းရအောင်နေခဲ့တယ်။ ဘာဘဲ လုပ် လုပ်ကိုယ့် အကျိုးစီးပွား တခုထဲကို မကြည့်ခဲ့ရပေမယ့် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် စိတ်ဓါတ်ကျစေတဲ့ အချို့ကြောင့် နေ့စဉ်ပတ်ဝန်းကျင်ကလဲ ညစ်ညမ်းနေခဲ့ရပြန်တယ်။

ဘယ်လိုဘဲ ဖြစ်ဖြစ်လေ သံယောဇဉ်က တကြောင်းမထောက်တကြောင်းထောက်နဲ့ ၀န်ထုတ်ဝန်ပိုးတခုကို over wight ဖြစ်အောင်ထမ်းထားနေဆဲဘဲ။ သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါဆိုတာ ရေးပြမှ နားလည်တတ်မှာတဲ့လား။ သံသယစိတ်တွေ ၀န်တိုမနာလိုမှု အမိန်မနာခံတတ်မှုတွေနဲ့ကြီးပြင်းလာသူတွေအတွက် ခွေးကြီးမှ လက်ပေးသင်ရသလို အရိပ်ပြလဲအကောင်မထင် အဆိုးမြင်ဝါဒနဲ့ဆက်သွား အဲဒါကို မိတ်ဆွေတွေလို့ခေါ်ကြဦးမလား။

ရှဥ့်လဲလျောက်သာ ပျားလဲစွဲသာတဲ့ မြွေမသေတုတ်မကျိုး အမျိုးမျိုးရပ်တည်ခဲ့ပြီးပြီ ခုထိတော့ ကျွဲပါးဆောင်းတီးနေရတုန်းဘဲ။
မြန်မာမှုပြုတယ်

ရှေးကတည်းက ယိုးဒယားရာမ ကစပြီး ပတ်ပျိုးယိုးဒယားဆုံးလို့ မြန်မာမှုပြုလိုက်တဲ့ ယဉ်ကျေးမှုက ရှိခဲ့တယ်။ သူတပါးရဲ့တီထွင်ဖန်တီးမှုကိုကူးယူတယ်ဆိုတာ ရည်ရွယ်ချက်အမျိုးမျိုးလဲရှိတယ်။ ကောင်း ကျိုးဆိုးကျိုးအမျိုးမျိုးဒွေးရောယှက်တင်လို့။ မြန်မာမှုပြုတယ်ဆိုတာ ယဉ်ယဉ်ကျေးကျေးပြောတာ၊ အတုခိုးတယ် ဆိုလဲ နဲနဲ ကောင်းတယ်၊ တကယ်က ခိုးချတာ။ ရှေးတုန်းက လူ့သမိုင်းမှာ နည်းပညာ တွေ ကောင်းကောင်းမတိုးတက်သေးတော့ အတုယူတယ် အတုခိုးတယ်ဆိုတာ မိမိ ဒေသနဲ့ကိုက်ညီမယ့် အနေအထားကို ရောက်အောင် ပေါင်းစပ်ပြီး တင်ပြချင်လို့ လက်ဆင့်ကမ်းချင်လို့ အနုပညာ ပိုင်း မှာ အတတ်ပညာပိုင်းမှာ မြန်မာ့အယူအဆတွေနဲ့ပေါ်လွင်လာဖို့ တိုင်းတပါးက ယဉ်ကျေးမှု အနုပညာနဲ့ ဖန်တီးမှုတွေကို ဆင့်ကမ်းတင်ပြတယ်လို့မြင်တယ်။ သိပ္ပံမောင်ဝလို ခောတ်စမ်းစာပေ အရေး အသားတွေ၊ ရွေဥဒေါင်းရဲ့ ဦးစံရှားတွေဟာ လက်ဆင့်ကမ်းစေချင်ဖို့ မှီငြမ်းခဲ့တာလို့မြင်တယ်။ ဒါက မြန်မာမှုကို မြန်မာဆန်ဆန်ပြုတာ။

မကြည်အောင်နဲ့ချယ်ရီမြေ

စစ်ကြိုခေတ်မတိုင်ခင်ကတည်းက မြန်မာ့သီချင်းလောကမှာ မကြည်အောင်တို့လိုသီချင်းသည်တွေက အနောက်တိုင်းဂီတ အလိုက်တွေကို ဆိုကြတယ်။ တော်တော်လေးလဲ ပြင်းပြင်းထန်ထန် ထိုးနှက် ခံခဲ့ရတာရှိတယ်။ ဒါက ခေတ်နဲလိုက်လျောညီထွေဖြစ်လာအောင် လို့တီထွင်ကြတာ လမ်းသစ်ဖောက်ကြတာ။ နောက်တော့ တလုံးမကျန် အလိုက် ကူးချတဲ့ မောင်တို့ချယ်ရီမြေလို သီချင်းတွေ ပေါ်လာ တယ်။ ဒါကလဲ ဦးဝင်းဦး ရဲ့ တီထွင်ဖန်တီးမှုတွေထဲက မဖြစ်စလောက် မှီငြမ်းမှုတခုဘဲ၊ သူ့သက်တမ်းတလျောက် ကိုယ်တိုင်ဖန်တီးမှုတွေ အများအပြားလုပ်ခဲ့တယ်။ ဒီတော့ တချို့တလေ မှီငြမ်းတာက ပြောပလောက်အောင်မဖြစ်ခဲ့ဘူး။

ဇာတ်နောက်စိကြေ

ဒီဘက်ခောတ်ရောက်လာတော့ ဆယ်စုနှစ် ၂ ခုလောက်ကြာနေပြီ မြန်မာ့ဇာတ်သဘင်တွေမှာ စတိတ်ရှိုးတွေသွင်းပြကြတယ်။ ဇာတ်ကတာကြည့်ချင်လို့လာတာ စတိတ်ရှိုးကြည့်ချင်ရင် တခြားကြည့် ကြ မှာပေါ့။ ထွင်လဲထွင်ပ၊ ထွင်တာတောင် မိုးမင်းက ဗန်သလာအိုက်စ် ခောတ်စားတဲ့အချိန်မှာ အဖွဲ့လိုက် ဇာတ်စင်ပေါ်တက်ကပြီး Ice Ice Moe Min, Ice Ice Moe Min. ဆိုပြီး လုပ်ချလိုက်တာ။ နောက်ပိုင်းသူ့ ဆွေမျိုးဖြစ်တဲ့ ဟန်ဇာမိုးဝင်းကပါ ဒီဘက် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရောက်မှ ရှာကီရာ သီချင်းကို ဟန်ဇာလေးပါဘဲ ဟန်ဇာလေးပါဘဲ ဆိုပြီး လူပျက်တွေကို ဗန်းနဲ့တင်မခိုင်းပြီး ကပြ လိုက်တာ ဇာတ်ပျက်ရုံတင်မက ဆရာအီကြာကွေးစကားနဲ့ပြောရရင် ဇာတ်ခေါင်းကွဲ ဇာတ်နောက်စိကြေ ဖြစ်တော့မယ်။ ဒါက အတုခိုးရမယ့် အနေအထားမဟုတ်ဘူး။ မြန်မာ့ဇာတ်သဘင် ဆိုတာ မြန်မာ့ အက မြန်မာ့အဆို မြန်မာ ဆိုင်းဝိုင်းတွေကို အဓိက ထိန်းသိမ်းထားတဲ့ မြန်မာ့ အနုပညာ ယဉ်ကြေးမှုအစုအဝေးကြီးဘဲ၊ ဖိုးစိန်ကြီး ရှိနေတုန်းဆိုရင်တော့ သူလဲ ယှဉ်ပြိုင်ပြီး ဂျက်စဆင်ဘီဘာ သီချင်းနဲ့ ကလေမလားမပြောတတ်။

စတူရီယိုလားမိုနိုလား

စတူရီယိုခေတ်ရယ်လို့ မြန်မာ့ တေးသံရှင်သီချင်းလောကမှာ ဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ မိုနို စနစ်ကနေ စတူရီယိုခေတ်ရောက်မှ ပေါ်လာလို့ထင်တယ်။ နောက်ပိုင်းတောင် စတူရီယို အဆိုတော် ဆိုပြီး ကြေငြာတာတွေ့ခဲ့ဘူးတယ်။ အခုခောတ်ကတော့ ဒီဂျစ်တယ်ခေတ်ဆိုတော့ အခုအဆိုရှင်တွေကို ဒီဂျစ်တယ်အဆိုတော်လို့ ခေါ်မှသင့်တော်မယ်ထင်တယ်။ တက္ကသိုလ်ထွန်းနောင် တို့ ပလေးဘွိုင်းသန်းနိုင်တို့ခေတ်မှာ အတိုက်အခိုက်ပေါင်းများစွာကိုရင်ဆိုင်ပြီး နိုင်ငံခြားသံစဉ် တွေကို တင်သွင်းကြတယ်။ တေးသွားအလိုက်ယူပြီး မြန်မာစာသွတ်ကြတယ်။ ကောင်းခဲ့ပါတယ်။ ကြိုးစားခဲ့ ကြလို့လေ။ နောက်တော့ ကိုယ်ပိုင်သံစဉ်တွေကို အဆိုပိုများလာကြတယ်။ ဒါက ဘုရားပြီးရင် ငြမ်းဖျက်ရမယ့် အနေအထားဘဲကိုး။ သူတို့တွေရှေ့ဆောင်ခဲ့လို့ တေးသံရှင်တခေတ်ဆန်းခဲ့ပေမယ့် နောက်ပိုင်း လူတွေဘာဆက်လုပ်တယ်မသိဘူး ကော်ပီတူ ကော်ပီ လုပ်တာကိုလက်ယဉ်လာတယ်။ ဘာဖြစ်ဖြစ် နိုင်ငံခြားမှာ နာမည်ကြီးတဲ့သီချင်းဆို မြန်မာစာသွတ်လိုက်တာဘဲ။ လက်ခံတဲ့သူတွေက အဆန်းမဟုတ်ဘူး။ နားထောင်လို့ကောင်းတဲ့သံစဉ်မို့ ကမ္ဘာကျော်လာတဲ့သီချင်းကို မြန်မာလိုပြန်နားထောင်ရတော့ သဘောကျတာ။

အိုးလေးလှုပ်ပါဟေ့

ဒီဂျစ်တယ်ခေတ်မှာ clone လို့ခေါ်တဲ့ ပွားကူးတဲ့ နည်းပညာက ပစ္စည်းတွေတင်မက လူတွေရဲ့အသိပညာမူပိုင်ခွင့်ကိုပါ အပြင်းအထန်ထိုးနှက်လာတယ်။ အိုးလေးလှုပ်ပါဟေ့လို စိုင်းစိုင်းခမ်းလှိုင် တို့ သုံးပုဒ်တပုဒ်ပေါင်း တွေ၊ လေးဖြူတို့ မဇဥူရီ သီချင်းလို၊ အားလုံးအားလုံးကို ကူးချ လာလိုက်တာ နောက်ဆုံး ကမ္ဘာ့ဖလားက ၀ါကာဝါကာ သီချင်းပါတဲ့တခွေလုံးကို ပြန်ထုတ်တဲ့အထိ ရေချိန်က မြင့်တက်လာတယ်။ အရင်လို တီးလုံးသံစဉ်တွေကို ပြန်တီးစရာမလိုလောက်အောင်နည်းပညာမြင့်မားလာလိုက်တာ သီချင်းအသစ်ကို ဖန်တီးတာာမလုပ်ဘဲ မနေ့က အမေရိကမှာထွက်တဲ့သီချင်းကို အင်တာနက်ကနေဒေါင်းလုပ်ချပြီး ၂၄ နာရီမပြည့်ခင်မှာ မြန်မာစာသွင်းထားတဲ့ သီချင်းတပုဒ်က စက်ရုံကထွက်သလို ထွက်လာကြတယ်။ နောက်ဆုံးတော့ ကပ္ပလီတွေ သူတို့ခံစားချက်ထုတ်ဖော်တဲ့ hip hop သီချင်း အလိုက်တွေကို အသစ်ပြန်ဖန်တီးတဲ့ ကလေးတွေကမှ ကိုယ်ပိုင်သံစဉ်ကို များများလုပ်နိုင်ကြသေးတယ်။

ဒိုးလုံးနဲ့ထူးအိမ်သင်

သူတို့တွေက အတတ်နိုင်ဆုံး ကိုယ်ပိုင်သံစဉ်တွေထုတ်ကြတယ်။ ကိုယ်ပိုင်သံစဉ်တွေကို အများဆုံးရေးစပ်တာ မြန်မာသံစဉ်လို့ခေါ်တဲ့ အရပ်အခေါ် တောသီချင်းတွေဘဲရှိတယ်။ စတူရီယို တံဆိပ်ကပ် ထားတဲ့ အဆိုတော်တွေထဲမှာ ကိုယ်ပိုင်သံစဉ်ကို တစိုက်မတ်မတ် ဆိုကြသူတွေ အခိုင်အမာ ပရိတ်သတ်ရကြတာလဲမဆန်းဘူး။ တွံတေးသိန်းတန်၊ မြန်မာပြည်သိန်းတန် ၊ခင်မောင်တိုး၊ စိုင်းထီးဆိုင် တို့ သီချင်းတွေက တောရောမြို့ပါမကျန် ပါးစပ်ဖျားမှာ ရနေကြတယ်။ တကယ်က ဒီသံစဉ်တွေက အနောက်တိုင်း တူရိယာတွေကို သုံးပြီး ကိုယ်ပိုင် ခံစားချက် အနုပညာကို ထုတ်ပြရတာဘဲ။ ဖန်တီးကြတဲ့နေရာမှာ ပရိတ်သတ်ကို သူတို့ တကယ် အားထုတ်ပေးကြတာ စေတနာဘဲ။ အနောက်တိုင်းက နာမည်ကြီး သီချင်းတွေကို ကူးရေးပြီး ကြီးကြီးကျယ်ကျယ်ပြောတဲ့တေးရေးဆရာတွေကို အားနားပါရဲ့။ ရေးတာတော့ရေးပါ ကြွားကြ တာတော့မကောင်းဘူး။ စကားလုံးတွေကို ရှာရတာ အရမ်း ခက်ခဲတယ်။ ကျွန်တော်တို့အနေနဲ့ အမြဲတမ်း ဆန်းသစ်ဖို့ကြိုးစားတယ်လို့ ဒီဘက်ခေတ်နာမည်ကြီးတေးရေးဆရာတယောက်က မဏ္ဍပ် တိုင်တက်ပြလိုက်တာ ကြားဖူးတယ်။ သူ့ကြိုးစားမှုအတွက် လေးစားလိုက်တာကွယ်။

သခိုးကလူဟစ်

နောက်တော့ စားခွက်လုတယ်ပြောရမှာဘဲ။ သူများနိုင်ငံက သီချင်းလဲ ခိုးချသေးတယ်။ ဟိုလူကယူဆိုလို့ ဒီလူက ပြန်ပြီး အသစ်လုပ်လို့ ငါပိုင်တယ် သူပိုင်တယ်နဲ့ရှက်စရာကောင်းတယ်။ အိုးကမပူ စလောင်းက ပူ ဥပဒေတွေတောင်ထုတ်ပြ မူပိုင်ခွင့်က ဘယ်သူဘယ်ဝါနဲ့။ ဂလိုဘယ်ခေတ်မှာ အသံထွက်လာတဲ့ ဥာနဆိုင်ရာ မှုပိုင်ခွင့်တောင်အလွဲသုံးစားလုပ်လိုက်ကြသေးတယ်။ နောက်တော့ ခိုးကူး ခွေကို တရားခံရှာပြီး သူခိုးလက်က သ၀ှက်လုဖြစ်ကြတယ်။ စားသုံးသူကလဲ သိတယ်လေ။ အားထုတ်ထားတာ အာပလာ ဖြစ်နေပြီး ကွာလတီမကောင်းတဲ့ ဒီအခွေ ဆေးဆိုးပန်းရိုက်လုပ်ထုတ် ထားတဲ့ မူရင်းခွေကိုမ၀ယ်တော့ဘူး တထောင်ဖိုးသုံးခွေနဲ့ သေလွယ်ကာပျောက်လွယ်ကာ တခါကြည့်ပြီး ပြီးရော သိမ်းမထားတော့ဘူး။ တကယ်က တန်ဖိုးမထားကြတော့ဘူး။ တကယ်အားထုတ် သူတွေကိုတော့အားနာပါရဲ့ ပဲကြီးလှော်ကြားဆားညှပ်ရှာတယ်။

ကိုရီးယားအိုပါးစတိုင်နဲ့ မြန်မာမှု

နောက်တော့ကိုရီးယား ရုပ်ရှင် နဲ့ဂီတက အာရှကိုလွှမ်မိုးလာတယ်။ ကိုရီးယားကရုပ်ရှင်မှာ မြန်မာထက်နောက်ကျတယ်။ ဒါပေမယ့် အခုကျော်တက်သွားပြီ။ ကိုရီးယားက သရုပ်ဆောင်တွေလောက် တော့ မြန်မာသရုပ်ဆောင်တွေလုပ်နိုင်ပါတယ်လို့ ပြည်တွင်းထုတ်ဂျာနယ်တွေကနေ လက်သီးပုန်းပြကြတယ်။ သိပ်ကောင်းတဲ့ ကိုရီးယားကားတွေကို မြန်မာမှုပြုပြီး ပြန်ရိုက်တယ်ဆိုတာကရှိသေးတယ်။ မြန်မာစာတမ်းထိုးထားတဲ့ ကိုရီးယားကားတွေ လမ်းဘေးမှာ ၀ယ်လို့ရတယ်။ ဘယ့်နှယ့်မြန်မာမှုလုပ်နေသေးလဲ တော်တော်လေး တီထွင်ရမယ်ထင်တယ်။ အင်တာနက်ခေတ်၊ ဂြိုလ်တုစလောင်းကနေ ၂၄ နာရီ မပြတ်တမ်း တောရောမြို့ပါမကျန် ကြည့်နေတဲ့ခေတ်။ ရှေးကလို လက်ဆင့်ကမ်းပေးရလောက်အောင် နောက်မကျတော့ဘူး။ ကိုရီးယား သီချင်း လေးကောင်းရင်လဲ ခါတော်မှီခိုးချ၊ ဟိုက ကောင်မလေးဆိုတာကို ဒီက ကောင်လေးတွေက ပြန်ဆို ရှက်တက်ရင်ရှက်ဖို့ကောင်းတယ်။

ခိုးရင်လဲ မှီအောင်ခိုးပေါ့

ရုပ်ရှင်ရော ဂီတရော အကရော ဘာမှ အခိုးကမလွတ်ဘူး။ ခိုးတော့လဲ မှီအောင်မခိုးနိုင်။ သီချင်းခိုးတော့ မူရင်းအတိုင်းမတီးနိုင်မဆိုနိုင်။ ရုပ်ရှင်ဆိုပိုဆိုး ( Transporter movie နဲ့ ကယ်ရီ မြန်မာဇာတ်လမ်း ၊ The Good the bad and ugly နဲ့ မောင်ရင်ငတေမိုက်ကန်းသည် ) ဒါတွေကိုယှဉ်ကြည့်။ ကတာလဲ စိတ်ပျက်ဖို့ကောင်းအောင်ခိုးချတယ်။ မိုက်ကယ်ဂျက်ဆင်လဲမနေရ ရှက်ကီရာလဲ မနေရ ဂျနီဖာလိုပတ်လဲ မနေရ ရစ်ကီမာတင်ပါ ခိုးချ။ ဒါတောင် အိန္ဒယ အကတွေ ကို လိုက်ကချင်ကြသေးတယ်။

မလုပ်နိုင်တာလားမလုပ်တတ်တာလားမလုပ်ချင်တာလား

ကျွန်တော်သိသလောက်တော့ ဒီက သူတွေအားလုံး ကိုယ်တိုင်ဖန်တီးနိုင်တဲ့ အစွမ်းအစ အပြည့်အ၀ရှိတယ်ဆိုတာဘဲ ဒါပေမယ့် ဘာကြောင့် ဒီလို လုပ်တာတွေမစဉ်းစားတတ်ဘူး။ အစိုးရပေါ်လစီကြောင့် ဈေးကွက်ကြောင့် စားသုံးသူကြောင့်ဆိုပြီး ဆင်ခြေမပေးစေချင်ဘူး။ လုပ်လို့ရတဲ့ အပိုင်းတွေများကြီးရှိလျက်နဲ့ ရေသခိုအချောင်လိုက်ပြီး လုပ်နေတာတွေ တော်လောက်ပြီထင်တယ်။

မှတ်ချက် ။ ။ မနက်က လက်ဖက်ရည်ဆိုင်မှာ အဆိုတော်သအိုရဲ့ သီချင်းဗီစီဒီခွေကိုကြည့်ပြီး စိတ်ထဲမှာ အတော့်ကို ပြောချင်လာလို့ရေးလိုက်တာ။ ပြောချင်နောတာကြာပြီ ရှည်ရှည်ပြောရရင် စာမျက်နှာ ၅၀၀ ကျော်သွားနိုင်တယ်။
အို-ရန်ကုန်၊

သိမိုင်းတလျောက်မှာ ဖွတ်ဖွတ်လဲကြေဖူးတယ်

အာရှမှာ ပန်းကောင်းတပွင့်ပန်ဖူးတယ်။

မြင်းကောင်းခွာလိပ်လို့ ပန်းကောင်းအညွှန့်ကြိုးရရှာတယ် ရန်ကုန်။

အို-ရန်ကုန်

မင်းက တိုင်းပြည်တခုလုံးရဲ့ပြယုဒ်

ထမင်းတနပ်စားရဖို့ အားလုံးရဲ့မျှော်လင့်ချက်လဲ ဖြစ်ခဲ့တယ်

အခုတော့ မင်းငတ်နေတာကို မသိရှာပါလား ရန်ကုန်။

အို-ရန်ကုန်

အသန့်ရှင်းဆုံးဆိုတဲ့ မင်းရဲ့သတ်ရပ်မှုက

ရာစုနှစ်ဝက်အတွင်းမှာဘဲ ညစ်ပတ်သက်လို့

အရူးတယောက်ရေမချိုးရသလို ဖြစ်နေပါပြီကော ရန်ကုန်။

အို-ရန်ကုန်

အလောင်းဘုရားက စလို့ ရန်အပေါင်းကုန်စင်

အမည်သစ်မွေးဖွား၊ အာရှမှာ မင်းဆိပ်ကမ်းဖြစ်ခဲ့ ဘူးတယ် ရန်ကုန်

ရန်ကုန်ရဲ့လမ်းတွေပေါ်မှာ ပိုင်ရှင်မဲ့ဖိနပ်တွေပြန့်ကျဲလို့၊ မျက်ရည်နဲ့ သွေးတို့ စွန်းထင်းခဲ့တာတွေရှိတယ်။

ရန်ကုန်ရဲ့ အထင်ကရနေရာတိုင်းဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူတို့ရဲ့ ၀ိညာဉ်တွေရှိတယ်။

ရန်ကုန်ရဲ့ လေထုထဲမှာ အရေးတော်ပုံပေါင်းများစွာရဲ့ ကြွေးကြော်သံတွေရှိတယ်၊

အချို့အသံတွေက သေနတ်သံတွေ၊ နာကျည်းတောက်ခတ်သံတွေ၊ ကြေကွဲဝမ်းနည်းသံတွေနဲ့ ရောယှက်နေတယ်။

အခုတော့ ရန်ကုန်ဟာ မီးစက်သံတွေကြီးစိုး၊ ကားမီးခိုးတွေ သွန်းဖြိုးလို့၊ ကလိုရိုဖီးတို့ စားသုံးဖို့ရာ သက်တော်ရှည် ပင်စည်ကြီးတွေလဲ ယိုင်နဲ့ခဲ့ရတယ်။

အခုတော့ ရန်ကုန်ဟာ နန်းကျ မိဖုရားတပါးရဲ့ အဆောင်အယောင်နဲ့ အထည်ကြီးပျက်တယောက်လို ရုန်းကန်နေရှာတယ်။

အခုတော့ ရန်ကုန်ဟာ မျက်လုံးကလေးပေကလပ်ပေကလပ်နဲ့ မွေးစကလေးတယောက်လို ဂလိုဘယ်လိုက်ဇေးရှင်းခတ်ရောက်မှ အက်ဒီဆင်ကို မွေးဖွားဖို့ကြိုးစားနေရတယ်။

အခုတော့ ရန်ကုန်ဟာ အပေါစား အပြင်အဆင်တွေနဲ့ အတုအယောင် တွေဝတ်စားဆင်ယင်ပြီး အလှုပေးဖို့သူ့ကိုယ်သူ ရောင်းစားနေရတယ်။

ငါကတော့ ရန်ကုန်ကိုချစ်တယ်။

အာရှမှာ ဘယ်မြို့တွေ ဘယ်လိုဝတ်စား ၀တ်စား

ရန်ကုန်ကတော့ စစ်ပြီးခေတ်က ဆံထုံးကြီးထုံးပြီး စကပ်တိုတိုနဲ့ လှပအောင်နေတတ်တယ်။
Usually I have to many work during these week. A lot of event and I had so tired about for trip. When I right back from blogfest.asia, I must to go to Mandalay for Mandalay Barcamp 2011 organizer meeting. That why I can’t access on my blog. I have of many words to say about my tip. Will be soon :) May be about  BKK,KL,Penang and Mandalay’s interested places.
Blogfest.asia


MBS on Blogfest 2010

Apply golden plate to MahaMuni Buddha Image

Top of the Mandalay Hill

Central world is now open :P

The seminar and workshop named “Etiquette & Technics” was  held in Yangon at Myanmar inf0-tech from13 to 14 September. It is organize by Myanmar Blogger Society(MBS) and with the help of Myanmar Computer Professional Association (MCPA) . Discussions were made about social media ethics , intellectual property on internet  and about the  development of web 2.0 technology in Myanmar, etc with Myanmar’s prominent senior journalists.
Myanmar Blogger Society(MBS) is the team which is  active for the movement of technology development in Myanmar. We also organized the first Barcamp Yangon in 2010 January.

ကျွန်တော်ဟာ မြန်မာနိုင်ငံသားတဦးဖြစ်ပါတယ်။ ယခင်ပြဌာန်းထားတဲ့ အခြေခံဥပဒေတွေအရရော၊ ၂၀၀၈ ခုနှစ်က အတည်ပြု ခဲ့တဲ့ အခြေခံဥပဒေကြောင့် အရရော ကျွန်တော်တို့မှာ နိုင်ငံသားတယောက်ရဲ့ရပိုင်ခွင့်တွေရှိတယ်ဆိုတာကတော့ လုံးဝအသေအခြာဘဲဖြစ်ပါတယ်။ အခုဆိုရင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုပြီး တဲ့ ရလဒ်အဖြစ် ပါတီစုံရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၇ ရက်နေ့မှာ သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်တွေအတိုင်း ရွေးချယ်ခံပိုင်ခွင့်ရရှိသူတွေကို ပြည်သူတွေက ရွေးချယ်တင်မြောက်ကြရတော့မှာ ဖြစ်ပါ တယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း၊ မြန်မာနိုင်ငံသားဖြစ်တဲ့ သူတိုင်းဟာ အခြေခံဥပဒေအရ မိမိကြိုက်နှစ်သက်တဲ့ သူကို ဆန္ဒမဲပေးပိုင်ခွင့် အပြည့်အ၀ရှိပါတယ်။ ဒီလိုအခွင့်အရေးတွေကို ကာကွယ် စောင့်လျောက်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတော်ကဖွဲ့စည်းပေးခဲ့ပြီး သက်မှတ်ထားတဲ့ ဥပဒေ တွေနဲ့အညီ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်နေတဲ့အချိန်လဲဖြစ်ပါတယ်။

အထက်ပါအကြောင်းအရာတွေဟာ ကျွန်တော့် သဘောနဲ့ပြောတာမဟုတ်ဘဲ နိုင်ငံတော်ပိုင်သတင်းစာများမှ ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကို ကိုးကားပြီးဖော်ပြထားတာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို သဘောတူလက်ခံ ခဲ့ကြတယ်ဆိုရင် လာမည့်ရွေးကောက်ပွဲကို လက်ခံရမှာဖြစ်ပါတယ်။ ဒီလို ရွေးကောက်ပွဲကိုလက်ခံရင် သတ်မှတ်ထားတဲ့ ဥပဒေ တွေကိုလဲလေးစားလိုက်နာရမှာဖြစ်ပါတယ်။ ဘယ်သို့ပင်ဖြစ်ပါစေ နိုင်ငံသားတယောက်ရဲ့တာဝန်အရ ကျွန်တော်တို့ဟာ မိမိတို့ တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ရွေးကောက် ပွဲ အကြိုကာလမှာ နိုင်ငံတော်ရဲ့စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ ဟာ အရေးပါတဲ့ အခြေအနေမှာရှိပါတယ်။ ဒါကိုလဲ နိုင်ငံတော်သတင်းစာတွေမှာ မကြာခဏဖော်ပြတာကိုတွေ့ပါတယ်။ သတင်းသမားတွေ အနေနဲ့ ဘက်လိုက်မှုမရှိဘဲ ပြည်သူလူထု သိသင့်သိထိုက်တဲ့သတင်း၊ သိဖို့လိုအပ်တဲ့ သတင်းတွေကို တင်ပြရမှာဖြစ်သလို တင်ပြခွင့်လဲရရှိမှဖြစ်ပါမယ်။

ကျွန်တော်တို့ နိုင်ငံတော်သစ်ရဲ့ အနာဂတ်ကို ဦးဆောင်မယ့်သူတွေအကြောင်းသိသင့်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သူများရဲ့ စာရိတ္တကိုထင်ဟတ်မယ့် သူ့ရဲ့နောက်ကြောင်းရာဇ၀င် ကို သိသင့်ပါတယ်။ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေရဲ့ အကြောင်းနဲ့ ပါတီခေါင်းဆောင်တွေအကြောင်း၊ သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်နဲ့ အနာဂတ်အစီအစဉ်စတာ တွေကို ပြည်သူလူထုက ကျယ် ကျယ်ပြန့်ပြန့်သိဖို့လိုပါတယ်။ ဒါမှသာ နိုင်ငံတော်ကို ဦးဆောင်မည့် သူတွေကို ပြည်သူလူထုက အမှန်ကန်ဆုံးရွေးချယ်ဖို့ ဆုံးဖြတ်ရာမှာ ချိန်ဆနိုင်မှာဘဲဖြစ်ပါတယ်။

အခြေခံဥပဒေဆိုတာ တည်ငြိမ်တဲ့ အစိုးရအဖွဲ့ဖြစ်လာဖို့ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ပြည်ထောင်စုကို ကာကွယ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံတော်ရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ဘယ်လောက် ကောင်းတဲ့ အခြေခံဥပဒေဖြစ်ပါစေ၊ ကျင့်သုံးတဲ့ သူတွေရဲ့ ဆောင်ရွက်မှုသည်က ဒီဥပဒေရဲ့ အနှစ်သာရကို ဖော်ဆောင်ပေးမှာဖြစ်ပါတယ်။ နိုင်ငံတခုနဲ့တခုရဲ့ အခြေခံဥပဒေတွေဟာ လုံးဝမတူညီ နိုင်ပါဘူး။ ကျွန်တော်တို့ ကြားဖူးပါတယ်။ “လူတွေက သူတို့နဲ့ထိုက်တန်တဲ့ အစိုးရကို အမြဲရရှိကြတယ်” ဆိုတဲ့ စကားပါ။ ကျွန်တော်တို့ အတွက် ထိုက်တန်မှုတခု၊ သဘောက တန်ဖိုးပါ။ ဒီမိုကရေ စီ ဆိုတဲ့ စကားလုံးသက်သက်ဟာ ကျွန်တော်တို့ကို ဘယ်လိုအခွင့်အလမ်းမှ မပေးနိုင်ဘူးဆိုတာလဲကျွန်တော်တို့ သိကြပါတယ်။ ဒီမိုကရေစီဆိုတာ ကျင့်သုံးသူတွေအတွက်သာ ထိုက်သင့်တဲ့ ရသင့်တဲ့ အကျိုးခံစားခွင့်ရှိတဲ့အရာဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ကျွန်တော်တို့တွေဟာ ရွေးကောက်ပွဲဆိုတာကို ရှောင်လွဲဖို့ မလိုအပ်ပါဘူး။ ဒီတော့ တန်ဖိုးရှိအောင် ကျွန်တော်တို့ လုပ် သင့် တာက တန်ဖိုးထားတတ်ဖို့ဖြစ်ပါတယ်။

စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပြောင်းလဲနိုင်ဖို့ အဓိက ကျတဲ့ ပြည်သူတွေရဲ့ဆန္ဒအမှန်ကို ဖော်ထုတ်ဆောင်ရွက်နိုင်ဖို့ လွတ်လပ်ပြီး တရားမျှတ တဲ့ရွေးကောက်ပွဲကိုကျင်းပမှာဖြစ်တယ်လို့ ကျွန်တော်တို့ အားလုံးသိထားကြပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ မောင်းနှင်အားဖြစ်တဲ့ ဒီရွေးကောက်ပွဲတွေရဲ့ ရလဒ်အပေါ် ပြည်သူလူထု ကျေနပ်လက်ခံမှု ဘယ် လောက်ရှိတယ်ဆိုတာ အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့ မျိုးဆက်တဆက်လောက်ဟာ ရွေးကောက်ပွဲဆိုတဲ့ စကားလုံးနဲ့အင်မတန် ရင်းနှီးပေမယ့် ရင်းနှီးသလောက်ကို ဘယ်လို လဲ ဆောင်ရွက်ကြတယ်ဆိုတာ သိရှိဖို့ လဲ အဆမတန်ဝေးပါတယ်။ ယနေ့အချိန်ထိပါမှ မဲရုံထဲမှာ အမှန်ခြစ် ပေးရမှာလား အမှားခြစ်ပေးရမှာလားဆိုတဲ့ အခြေခံကျတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဆန္ဒမဲပေး သူ တွေသိသင့်တဲ့ အချက်အလက်တွေ၊ ဗဟုသုတတွေ ရရှိမှုအားနည်းနေလို့မဖြစ်ပါဘူး။ မဲဆန္ဒပေးလိုသူတယောက်ရဲ့ ရပိုင်ခွင့်အရ ကျွန်တော်တို့ဒါကို ကျယ်ကျယ်ပြန့်ပြန့်သိဖို့လေ့လာ စုံစမ်းသင့် သလို ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေကနေလဲ ဆက်လက်ဖြန့်ဝေဖို့ လိုပါတယ်။ လွတ်လပ်ပြီး တရားးမျှတမှုရှိတဲ့ ရွေးကောက်ပွဲဆိုတာက မဲပေးသူတွေတဦးခြင်းရဲ့စိတ်ကျေနပ် နှစ် သိမ့်မှုလဲ လိုပါတယ်။ လူတဦးခြင်းစီဟာ မိမိပေးတဲ့ ဆန္ဒမဲပေးရာမှာ လွတ်လပ်ရဲ့လား တရားမျှတရဲ့လား ဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

အဓိကကျတဲ့ အချက်ကတော့ ကျွန်တော်တို့ အနေနဲ့ ကိုယ်စားလှယ်တွေရဲ့အချက်အလက်တွေကို သိရှိမှုအားနည်းပါတယ်။ ပါတီတွေရဲ့ မူဝါဒဆိုင်ရာတွေကို လုံးဝမသိသလောက်ပါဘဲ၊ နောက် တခုက အခြေခံအကျဆုံးဖြစ်တဲ့ ကျွန်တော်တို့ ဘယ်လိုဆန္ဒမဲပေးရမယ်ဆိုတာ တောင် ကျွန်တော်တို့မသိရသေးပါဘူး၊ ဒါတွေအတွက် မီဒီယာတွေ ဒီထက်ပိုပြီး လုပ်ဆောင်ဖို့လိုသလို လုပ်ပိုင်ခွင့်ရဖို့ လဲလိုပါတယ်။ အခြေခံဥပဒေ နဲ့မဆန့်ကျင်သမျှ၊ တည်ဆဲဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ ချမှတ်ပေးထားတဲ့ စည်းကမ်းချက်တွေကို မဆန့်ကျင်သမျှ မီဒီယာ လုပ်ပိုင်ခွင့်ကို ယခုထက်ပိုမို ပွင့်လင်း လွတ်လပ်ခွင့်ရှိဖို့လိုပါတယ်။ မီဒီယာ ဆိုတာ ရုပ်မြင်သံကြား၊ ရေဒီယို၊ ဂျာနယ် စတဲ့ နည်းလမ်းပေါင်းစုံဖြစ်ပါတယ်။

ကျွန်တော်ကသတင်းသမားတယောက်တော့မဟုတ်ပါဘူး၊ စာနယ်ဇင်းကျင့်ဝတ်တွေလဲ အပြည့်အ၀နားမလည်ပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ နိုင်ငံသားတဦးအနေနဲ့ မိမိပတ်ဝန်းကျင်ပို မိမိတတ် နိုင် သလောက်စွမ်းပကားနဲ့ အသိပညာပေးနိုင်တဲ့ အခွင့်အရေးအပြည့်အ၀ရှိတယ်လို့ထင်ပါတယ်။ ကျွန်တော့် တဦးတယောက်အနေနဲ့ လာမည့်ရွေးကောက်ပွဲ ကိုကြိုဆိုပါတယ်။ ဖြစ်ပေါ်လာမည့် နိုင်ငံ တော်သစ်ကို မျှော်လင့်ပါတယ်။ ဒီမိုကရေစီ ရရှိဖို့အတွက် ပထမဆုံးဟာ ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် လွတ်လပ်စွာ တွေးခေါ်ဆုံးဖြတ်ခွင့်ရဖို့တော့လိုပါတယ်။ ဒီတော့ ကျွန်တော် ဒီထက်ပိုပြီး အချက်အလက်တွေ ရရှိနိုင်ဖို့လိုပါတယ်။

ရိုးသားပွင့်လင်းတဲ့ တည်ငြိမ်တဲ့ တရားမျှတတဲ့ လူ့အဖွဲ့အစည်းအကူးအပြောင်းဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ အခုအချိန်ဟာ ယုံကြည်မှုတွေကို တည်ဆောက်နေတဲ့ အချိန်ကာလ လဲဖြစ်ပါတယ်။ ယုံကြည်မှုမရှိဘဲ ကျွန်တော်တို့ ဘယ်အရာကိုမှရှေ့ဆက်ဖို့မဖြစ်နိုင်ပါဘူး။ ကျွန်တော့်အနေနဲ့တော့ ရွေးကောက်ပွဲမှသည်သာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ယုံကြည်ထားတဲ့ အနေအထားတွေကို စတင် ဖော်ဆောင်မယ့် အစဦးပိုင်းလို့ထင်မြင်ပါတယ်။ တစုံတရာကို ရွေ့စေဖို့ ကျွန်တော်တို့ညီညာကြဖို့လိုပါတယ်။ လူများ လို့ ဤ ကနေ ကျွဲ ဖြစ်ရတဲ့ စကားရှိပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ် သာရကို ပျက်ယွင်းစေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲကို ရှောင်လွဲမယ့် အစား ဖြစ်မြောက်အောင် ၀ိုင်းဝန်းကြိုးပမ်း သင့်တယ်လို့ထင်ပါတယ်။ တညီတညာထဲမရင် အရွေ့ ဆိုတဲ့ မျှော်လင့်ချက်ကို ထင်ဟပ်စေမှာပါ။

အခုဆို မကြာခင်မှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေရဲ့ သဘောထားဆန္ဒတွေ၊ မူဝါဒတွေနဲ့ အခြားသူတို့ ပြည်သူလူထုကို ပြောဆိုချင်တာတွေကို ရုပ်မြင်သံကြားလိုင်းတွေကနေ ပါတီတခုချင်းစီအတွက် ၁၅ မိနစ်စာ ပရိုဂရမ်တွေ ခွင့်ပြုပေးထားပါပြီ။ အရင် ၁၉၉၀ ရွေးကောက်ပွဲ ကာလမှာတုန်းက ရခဲ့တဲ့အချိန်က ၁၁ မိနစ်ပါ။ ဘာဘဲဖြစ်ဖြစ် အချိန်နီးကပ်လာတာနဲ့အမျှ လူထု အနေနဲ့ ဘယ်လို ကိုယ်စားလှယ်လောင်း ဘယ်လို ပါတီတွေကို ရွေးချယ်ပေးသင့်တယ်ဆိုတာ ပိုမိုသိမြင်လာဖို့ အတွက် မီဒီယာ ကဏ္ဍရဲ့ နောက်ထပ် ပွင့်လင်းလာမှုအဖြစ် မြင်ပါတယ်။ ဒီအတွက်လဲ ကျွန်တော်ပြည်သူတယောက်အနေနဲ့ကြိုဆိုပါတယ်။ အဲဒီ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ ဘာတွေ ပြောမယ် ဘယ်လို ဆောင်ရွက်မယ်ဆိုတာတော့ မကြာခင်သိရပါတော့မယ်။

ရွေးကောက်ပွဲ မှာ မဲပေးရမယ့် သူစာရင်းတွေလဲ ထုတ်ပြန်ပြီးပါပြီး ၊ တကယ်လို့ ကိုယ်ဆန္ဒမဲပေးရမယ့် ကော်မရှင်အဖွဲ့ရုံးတွေမှာ ကိုယ့်နာမည် မပါဝင်သေးဘူး၊ ဒါမှမဟုတ် အခြား သောနေရာတွေမှာ ကိုယ့်အမည် ထပ်နေတယ် စတဲ့ ကွဲလွဲမှုများ ရှိရင် အခုလ ၂၆ ရက်နေ့မတိုင်ခင် လာရောက်အကြောင်းကြားနိုင်တယ်လို့ ညဘက်တွေမှာ သက်ဆိုင်ရာ ရက်ကွက် ကော်မရှင်တွေက လိုက်ပြီး ကြေ ငြာ  ပါတယ်။ ဒါက ကျွန်တော်တို့လို တနေကုန်တနေခန်း မအားမလပ်သွားလာနေရတဲ့ သူတွေအတွက် အကောင်းဆုံး သတင်းပေးပို့ချက် ဖြစ်နိုင်ပါတယ်။ :)

ဒါ့အပြင် သက်ဆိုင်ရာမဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ဆန္ဒမဲရေတွက် တဲ့အချိန်မှာရော ဆန္ဒမဲ ကောက်ခံနေချိန်မှာပါ လွတ်လပ်စွာ ကြည့်ရှုခွင့်ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒီတော့ ဘာမှသဘောထားကွဲလွဲနေစရာမလိုဘဲ ရက်ပေါင်း ၄၀ ကျော်လောက်ဘဲ လိုတော့တဲ့ ရွေးကောက်ပွဲမှာ ကိုယ့် ဆန္ဒအတိုင်း မဲပေးကြစေချင်ပါတယ်။

ကျွန်တော့်အမြင်ဖြစ်ပါတယ်။

2010 blogfest.asia will held in Penang, Malaysia on 1st October. The last year, my friend Kyaw Zaya and Ko Thet Htoo were attended to Blogfest.asia(Hong Kong), they who member of MBS. And their presentation was ” Activity of MBS” about the movement of MBS in Myanmar. Now the time is come again for us. Me and some friends will attend to Blogfest.asia(Penang). The dream come true.Me , Ko Kyaw Zaya and Ma Tin Myat Htet have the fully subsidy from Blogfest.asia. I have the idea of going  Blogfest, already before.

We and some member will attend together they-self. And we will present about our movement and activity on Myanmar for IT development. We decide about the next Blogfest.asia will held in Yangon like Barcamp Yangon 2010. That is our destination and our vision.
သိကြမှာ ပါ။ ပတ်ပျိုးယိုးဒယား ဆို ကျွန်တော်တို့ မြန်မာစကားထဲမှာ ထည့်ထည့်သုံးနေတတ်တဲ့ ရင်းနှီးပြီးသားစကား တခုပါဘဲ။ ပတ်ပျိုး တီးတယ်ဆိုတာက ဆိုင်းဝိုင်းကြီးတွေမှာ ပါတဲ့ အလည်ဝိုင်းက ပတ်လုံးလေးတွေကို သာသာယာယာနဲ့အလောတော်လေး တီးခပ်ပေးတဲ့ နားဝင်ပီယံ ကောင်းတဲ့ သံစဉ်တခုပါ။ အဲ… နားဝင်ချိုတယ်ပေါ့။ ဒါပေမယ့် တခါလာလဲ ဒီတီးလုံး၊ တခါလာလဲ ဒီကကွက်နဲ့ အသုံး တော်ခံနေသမျှတော့ ရိုးအီလာယုံတင်မကဘဲ သောက်မြင်ကပ်လာရော။ အရင်က နားဝင်ပီယံပေမယ့် ခဏခဏ လဲကြားလာရော ဒေါသကထွက်လာရော၊ ဘာတီးမယ် ဘယ်လိုကမယ်ဆိုတာ ကလဲ သိနေ၊ တီထွင်ဆန်းသစ်မှုကလဲ မရှိ၊ တခါလာလဲ ဒီလိုဒီလို နဲ့။ တခေါက်လောက် အစမ်းထွင်မယ် ကြံဆမယ်ဆိုတာလေးတွေလဲ ရှိလာဖို့လိုလာပြီလို့ထင်တယ်။

ကျွန်တော်တို့ အိုင်တီ ကဏ္ဍမှာလဲ ထိုနည်းလည်းကောင်းဘဲ၊ ဂျာနယ်တွေ ၊ အင်တာနက်သတင်းတွေမှာ ဘာပွဲဟေ့ဆို ဘယ်လိုလုပ်တော့မယ်ဆိုတာ ကြိုသိနေတယ်။ ဘယ်လို အကြောင်းအရာ နဲ့ဘဲ ခေါင်းစဉ်တပ်တပ် နားဝင်ပီယံလှတဲ့ ပတ်ပျိုးလိုဘဲ၊ ချိုနေတာဘဲ၊ မုန့်ဆီကြော်ကဘယ်နေမှန်းမသိ၊ မစားရ၀ခမန်း တွေ ခပ်ထွားထွားပြောပြီး အင်တာနက်ကြီးကလေ–သိလား၊ ဟိုနိုင်ငံမှာတော့ ဘယ်လို ဆော့ဝဲကို သုံးပြီး ဘယ်လိုထုတ်လိုတာ… သိလား၊ ဟိုပစ္စည်းဟာလေ ဈေးကြီးတာလဲ မပြောနဲ့ သိပ်ဆန်းတာဘဲ…သိလား။ အဲဒီလိုတွေနဲ့ဘဲ အချိန်ကုန်နေတာဘဲ။ ကိုယ့်ဟာကိုတော့ ဒီနေ့ အထိ ဂဏန်းပေါင်းစက်တောင် မထွင်နိုင်ဘူး။

အဆန်းထွင်တာတွေလဲရှိပါတယ်၊ လက်တော့တွေကို အကအဖွဲ့တွေနဲ့ပွဲထုတ်တာတို့၊ keyboard ပေါ်မှာ မြန်မာစာ စာလုံးတွေကပ်တာတို့၊ ၀က်ဆိုဒ် တမျက်နှာကို လေးငါးထောင်နဲ့ဆွဲပြမယ် ဆိုတာ တို့၊ တော်သေးတယ် mouse မှာ လက်ခလယ်၊ လက်ညှိုးဆိုတာတွေ ရေးမကပ်ကြတာ။ ကျွန်တော်တို့အပါအ၀င်ပေါ့ အင်တာနက်ထဲမှာ မြန်မာလို တကယ့်အသုံးတည့်တဲ့ စာတွေ ရေးတဲ့ နေရာ အားနည်းတယ်။ ဒီနေရာမှာ အားရစရာအကောင်းဆုံးကတော့ အိုင်တီနည်းပညာနဲ့ပတ်သတ်တဲ့ မြန်မာလိုအရေးအသားက အရင်ကတည်းးက အခုထိ ထိပ်ဆုံမှာရှိပြီး ၈၀% လောက်အသုံးတည့် တဲ့ စာပေတွေကို အွန်လိုင်းကနေရှာဖွေနိုင်တယ်။ စိတ်မကောင်းစရာက အခြား ကဏ္ဍတွေဖြစ်တဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ အခြားအနုပညာ ဆိုင်ရာတွေနဲ့ အသိပညာ ပိုင်းဆိုင်ရာ မြန်မာလိုရေးသားတဲ့ ဆောင်းပါး တွေ ၀တ္တုတွေက အားနည်းနေတဲ့ အနေအထားမှာ ရှိနေတုန်းပါဘဲ။ ဒါတွေကတော့ နည်းပညာပိုင်းနဲ့မဆိုင်ပေမယ့် တကယ့်ကို ကောင်းပါတယ်ဆိုတဲ့ မြန်မာလို ရှာနိုင်ပါတယ်ဆိုတဲ့ search engine တွေ ပေါ်လာရင် ဘဲဖြစ်ဖြစ်၊ (လိုပါသေးတယ်- uni code တောင်စံမငြိမ်သေးဘူး)၊ တကယ်လိုအပ်လို့ google ကနေတဆင်ရှာတာဘဲဖြစ်ဖြစ်၊ ကိုးကားလေ့လာစရာ မြန်မာလို ရေးတဲ့ စာတွေ ကရှားပါးနေဆဲဘဲ။ အဲ- အခုကျွန်တော်ပြောနေတာလဲ ထူးမခြားနား ပတ်ပျိုးဘဲ၊ ခဏခဏ ပြောနေလို့လေ။ သူများတွေလဲပြောကြတယ်၊ သူငယ်ချင်းတွေလဲပြောကြတယ်၊ ဆရာကြီး တွေလဲ ပြောကြတယ်၊ နောက်ဆုံးတော့

ထူးမခြားနား — ပတ်ပျိုးမှာတော့ ………………………..ယိုးဒယားဘဲ :D
မနေ့က မြန်မာအိုင်စီတီပတ်ထဲမှာ ပြပွဲလုပ်နေတဲ့ မြန်မာကိုရီးယား အိုင်စီတီရှိုး ( Myanmar-Korea ICT Show) ကိုသွားတယ်။ ကိုရီးယား ပြခန်းတခုဘဲ တွေ့တယ်။ ကွန်ဖန့်ဟောမှာ တော့ဘာ တွေလုပ်တယ်မပြောတတ်ဘူး။ မအားတဲ့ကြားထဲက လာလိုက်တာဆိုတော့ မရောက်လိုက်တော့ဘူး။ ကျန်တဲ့ပြခန်းတွေကတော့ မြန်မာပြည်က ပြခန်းတွေဘဲ၊ သုံးရက်လုပ်မှာတဲ့ လာတဲ့လူကတော့ ခြောက်တီးခြောက်ကပ်ဘဲ။ သတင်းစာထဲမှာ ရေးထားတာတွေ့ တော့ Korea company တွေကလာပြတဲ့ နောက်ဆုံးပေါ်နည်းပညာတွေဆိုလို့လေ။

ဒီလိုဘဲ ဟိုနိုင်ငံက ပြပွဲ ဒီနိုင်ငံက ပြပွဲဆိုတာင်း ပြည်တွင်းလုပ်ငန်းတွေကလိုက်ပြရ၊ နောက်တော့ဘာမှလဲမဟုတ်၊ ဈေးရောင်းပွဲတွေကလဲ စိတ်စိတ်ကလေးနဲ့ ဒိတ်ဒိတ်ကျဲ ရောင်းချနေလိုက်တာ လိုက်ကို မမှီတော့ဘူး။ ပြည်တွင်းလုပ်ငန်းရှင်တွေလဲ ဖတ်ဖတ်မော၊ ကျွန်တော်တို့လို အိုင်စီတီ တိုးတက်ပြန့်ပွားရေးဟောပြောပွဲလေးတွေ လှုပ်ရှားမှုလေးတွေက ဒီပွဲတွေစိတ်နေတာနဲ့ လုပ်ငန်းရှင်တွေက ဘတ်ဂျက် တွေကြပ်နေတာနဲ့ ထောက်ပံ့မှုမပေးနိုင်။ ကျွန်တော်တို့ဆီမှာတော့ အိုင်တီပစ္စည်းတွေ ရောင်းတာနဲ့ နည်းပညာက တိုးတက်လွန်းလို့လိုက်မမှီတော့ဘူး။ ရောင်းကောင်းကြပါစေဗျာ။

ဒါနဲ့ ကိုရီးယား သီချင်းတခု သွားသတိရမိတယ်။ ဘာတဲ့ nobody nobody ဆိုတဲ့စာသားလေး။ :) ဘယ်သူမှလဲ မရှိဘူး :P
တခုတည်းသော ကိုတွေယားပြခန်း

အဲဒါ ကိုရီးယားကလား :D

ကိုရီးယားပစ္စည်းတွေသုံးတာထင်တယ်
တခါတရံကျရင် ဖြစ်တတ်တဲ့သဘောရှိတယ်လေ။ အမြဲတမ်းအတွက်တော့ မဟုတ်ဘူး။ ဒါပေမယ့် တခါတရံတွေ အမြဲဆက်လာတဲ့အခါ ဘယ်လိုပြောကြမလဲ။ တကယ်ပါ။  တခါတလေ ဆိုလဲ ဖြစ်နိုင်ပါ တယ်။ တခါတည်းနဲ့ လေထွက်သွားတာ။ တခါတရံ ကျတော့ စဉ်းစားမိတယ်။ ကိုယ့် အကြောင်း ကိုပြန်တူးဆွကြည့်တဲ့အခါ မှာ မြင်ယောင်လာတတ်တယ်။ ဘာအတွက် ဘယ်ကြောင့် ဆိုတဲ့ သံယောဇဉ် တွေကြားက ဆင်ခြေခပ်ပြင်းပြင်းနဲ့ မျှော်လင့်မှုတွေ ထားပြီး လုပ်ကိုင်နေတဲ့ ကိုယ့် အလုပ်တွေ၊ တခါတရံကျတော့လဲ တွေးတောကြည့်တယ်၊ ရှာဖွေတာတွေက တရက်နဲ့တရက် အလျှင်မှီအောင် ပြည့်ဝ ဖို့ကလွဲပြီး ဘာမှ ထူးထူးထွေထွေ ပြောင်းလဲမလာတော့ဘူးလားလို့။ စိတ်ချမ်းသာမှုဆိုတာ စိတ်ကို အေးချမ်းအောင် ထားနိုင်ရင် ဖြစ်မယ်ထင်ပါတယ်။ ပူလောင်မှုတွေနဲ့ လောင်မြိုက်နေတဲ့ ဒီသောက ဝေ နေတဲ့ အားအင်တွေကို နေ့စဉ်နေ့တိုင်း လောင်ကျွမ်းပစ်လိုက်တာ ခမ်းခြောက်ဖို့တော့ နီးလာပြီ။

သံသရာဆိုတာ တကျော့ပြီး တကျော့ လည်နေတဲ့ အသစ်အဟောင်း၊ ဟောင်းနဲ့အသစ် ပြန်ပြန်ဖြစ်နေဦးမှာဘဲ၊ ဥပက္ခာ ဆိုတဲ့ စကားလုံးကိုလေးလေးနက်နက်စဉ်းစားကြည့် ပြန်တော့ ကိုယ့် အားနည်း ချက် ကိုတွေ့ပြန်တယ်။ တာဝန်ဆိုတာ အသိစိတ်ထဲမှာ အဖန်တလဲလဲ ကြားယောင်နေတဲ့ သိက္ခာတဖက် နဲ့ကိုယ့်ကို ကိုယ်ဦးပြန်မော့ထားရတယ်။ ခေါင်းငုံ့ပြီးစဉ်းစားကြည့် ပြန်တော့ အရှက်ရစရာ ကိုယ့်ကိုကိုယ် လိမ်ညာမှုတွေကို အတိုင်းသားပြန်မြင်ရတယ်။ တစ်နေ့ရွှေ တနေ့ငွေ ဆိုတာ တောင့်တမှုနဲ့ဘဲ လိုက်ဖက်ညီတဲ့စကားဖြစ်လာတယ်။

ပြည့်စုံတယ်ဆိုတာ ဘာကို ပြောတာလဲ၊ ပညာ၊ ရာထူး၊ ဂုဏ်၊ ငွေကြေး ဥစ္စာ၊ ဘယ်တုန်းက ပြည့်စုံပြီး ပြည့်ဝပြီး သေသွားခဲ့တယ်ဆိုတာ မကြားမိဘူး၊ ဒီလိုဘဲ တဖြုတ်ဖြုတ်ကြွေသွားကြတာဘဲ။ ငါ့မှာလဲ ပြည့်ဝဖို့ ပြည့်စုံဖို့ ဘာကိုမျှော်လင့်ကြဦးမလဲ။ နောက်နေ့မနက်ဖန်မှာ ငါမျက်လုံး အစုံ ပွင့်တာနဲ့ ပြသနာတွေနဲ့ပြီးပြည့်စုံတဲ့ လောက က လှမ်းကြိုတာဘဲ ကြုံရမယ်။ ဒါတွေကို အေးငြိမ်းရာ ဘယ်မှာ ရှာ ကြမလဲ။

ကိုယ့်စိတ်ထဲမှာ ပြန်ရှာကြည့်တယ်။ တွေဝေမှုနဲ့ထမ်းပိုးထားတာတွေကို ခါချဖို့ကြိုးစားကြည့်တယ်၊ အမှန်ဆိုတာလဲ မရှိဘူး မှားတာဆိုတာလဲ မရှိတဲ့ ပညတ်တွေ ကိုရှောင်ရှားလိုက်နဲ့ လွတ်လပ်တယ်ဆိုတာ ကိုယ့် ရင်ထဲမှာ လွတ်လပ်မှ တန်ဖိုးရှိမယ်ထင်ပါတယ်။ စိတ်ကိုဖွင့်ပြီး ငါနိုးထကြည့်လိုက်တယ်။ မနက်ဖန်ဟာ ဒီအတိုင်းဘယ်တော့မှလဲမရှိဘူး။ ဒါပေမယ့် ဒီအတိုင်းစောင့်နေမယ့် အရာတွေတော့ရှိတယ်။ အတောင်ပံ တချက်ကို ခတ်မယ်လုပ်ကာမှ ခြေနှစ်ချောင်းကို ကြိုးတုတ်ထားတယ်။ ငါဟာ ပိုက်ကွန် ပေါ်မှာ ရှိသည့်တိုင် ပျံသန်းဖို့ဘယ်တော့မှ ကြိုးစားမိမယ်မသိသေးဘူး။

တခါတလေကျတော့ ကျွန်တော်တို့သတိမထားမိဘဲမေ့နေတဲ့ အကြောင်းတွေထဲက အရေးကြီးတဲ့တခုက ကျန်းမာရေးပေါ့။ ကျန်းမာချင်းသည်လာဒ်တပါးလို့ စာမှာလဲရှိတယ်။ ကျွန်တော်တို့ ၀ယ်ယူလို့ မရတဲ့ အရာထဲမှာ ကျန်းမာခြင်းဟာ တခုပါဝင်ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်တွေမှာတော့ ကျန်းမာရေးအတွက် ငွေကအရေးပါလာတဲ့ အနေအထားဖြစ်လာပြန်ပါတယ်။ တနေ့တနေ့ ကျွန်တော်တို့ စား သောက်နေထိုင်ရေးအတွက် ရုန်းကန်နေရချိန်တွေမှာ အသေးအဖွားလို့ထင်တဲ့ ရောဂါတွေကို ဆေးမှီးတိုတွေနဲ့ဘဲ ရှင်းခဲ့ကြတယ်။ ဆေးခန်းဆိုတာ ဘာမှန်းမသိ၊ ကျန်းမာရေး စစ်ဆေးမှုဆိုတာ ဝေးရောဘဲ။ မှတ်မှတ်ရရ ကျွန်တော့်အနေနဲ့လဲ တခါမှ medical check up မလုပ်ဘူးပါဘူး၊ ဒါပေမယ့် ကျွန်တော့်အမျိုးသမီးကိုယ်ဝန်ရှိတော့ SSC မှာ သွားပြတယ်၊ အဲဒီနေ့မှာဘဲ ဆေးစစ်တာ ၈သောင်း ကျော်ကျသွားလို့ နောက်ပိုင်းအဲဒီမှာ ဆေးခန်းမပြတော့ဘဲ ဂျင်မခန်ဒါလို့ခေါ်တဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာဘဲ သွားပြလိုက်တယ်။ အဲဒီမှာလဲ medical check up ပြန်လုပ်တာ ၁သောင်းလောက်ဘဲ ကျပါတယ်။ ကွာဟမှုတွေကတော့အဲဒီလိုပါ။ ဒါနဲ့ဘဲ ကျွန်တော်တို့ အနေနဲ့ အမြဲတမ်းအတွက် ကျွန်တော်တို့ကျန်းမာရေးကို ဂရုမစိုက်နိုင်ဘဲ လစ်လျှုရှုခဲ့ကြတာဘဲ။

ကျွန်တော်အခု သွေးတိုးတာတွေ စိပ်လာပါတယ်။ နဂိုက နှလုံးရောဂါရှိတော့ သွေးတိုးက အနောက်ကလိုက်လာတာပေါ့။ ဒါပေမယ့် အရင်က အဲဒီလောက် မဖြစ်ပါဘူး၊ ဆေးမှီးတိုနဲ့ဘဲရှင်းလိုက်တာပါ။ ဆေးခန်းလဲ မပြဖြစ်တာ ကြာပါပြီ၊ နှလုံးအနေအထားပြန်ကောင်းတယ်ဆိုတာနဲ့ နှလုံးရောဂါနဲ့ပတ်သက်တဲ့ဆေးခန်းမပြဖြစ်တာ ၁၀ နှစ်လောက်ရှိပါပြီ။ မတည့်ဘူးဆိုတဲ့ အရက်နဲ့ကွမ်းယာကလဲ မပျက်မှီဝဲနေ။ အခုတော့ ကျွန်တော်ထင်တယ်၊ တခုခုကို အလွန်အမင်း စိတ်ဝင်စားလိုက်တာနဲ့ ခေါင်းအရမ်းကိုက်လာတယ်။ သဘောက သွေးတိုးလာတာဘဲ။ တိုးလာလိုက်ကျသွားလိုက် အရက်သောက် လိုက် ဘီယာသောက်လိုက်နဲ့ဘဲ ချာလည်နေတာ အခုတော့မရတော့ဘူး၊ တခုခုတော့ သေချာ ဂရုစိုက်ပြီး ကုသမှဖြစ်တော့မယ်ဆိုတာသိလာတယ်။ ဒါပေမယ့် ကုန်ကျစားရိတ်တွေကို ပြန်တွက်လိုက်တိုင်း ဆေးခန်းနဲ့ပြန်ဝေးဝေးလာတယ်။ နောက်တခုက သွားရောဂါ။ ကျွန်တော်အမြဲသွားကြားထိုးတယ်။ သွားကြားထိုးတာများလာတော့ သွားနဲ့သွားဖုံးကြားက ဟဟ လာတယ်။ အဲဒါ ကအသက် ၃၀ ကျော်ရင် ပြန်ပြီးမကပ်တော့ဘူး။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ဆရာဝန်က ကွမ်းဖြတ်ခိုင်းတာ ကျွန်တော် နားမထောင်ဘဲဆက်စားလာတာ အခုအခြေအနေကတော်တော် ဆိုးလာ တယ်။ တလကို တခါလောက်တော့ သွားဆေးခန်းပြေးနေရတယ်။ တလောကဆို ရေတောင်သောက်လို့မရအောင်သွားတွေက နာကျင်ကိုက်ခဲနေတယ်။ သွားဆေးခန်းကတော့ ဝေးလို့ မဖြစ်ဘူး ဆိုပေမယ့် တလကို တခါမနဲရောက်အောင်သွားရတယ်။ သွားဆေးခန်းတခါသွားရင် သောင်းချီကုန်တော့ တခါတလေ နာလဲကျိတ်မှိတ်နေလိုက်ပါတယ်။

အိမ်မှာက ရေဖိုးမီးဖိုးစားရေးသောက်ရေး သွားလာ စားရိတ်နဲ့အခြားဗာရီယ တွေကြောင့် ကျွန်တော်တို့မှာ အပိုဝင်ငွေမရှိလေတော့ကျန်းမာရေးမှာ ဂရုမပြုနိုင်ဘူး။ ကျွန်တော့်လိုဘဲ လူငယ်တော် တော်များမျာလဲ ဒီလို ဖြစ်နေတာ ကျွန်တော့်ဝန်းကျင်မှာတွေ့ရတယ်။ သူတို့တွေမှာလဲ ကျိတ်ခံစားနေရတဲ့ ရောဂါအသေးအမွှားလေးတွေရှိတယ်။ ငွေကြေးကြောင့် ဒါတွေကို ကျွန်တော်တို့ မေ့လျော့ ပေး လိုက်ကြရတယ်။ ဒါကြောင့် ကျွန်တော်တို့လူမျိုးတော်တော်များများဟာ သက်တမ်းတိုလာကြတယ်။ မဖြစ်စလောက်ရောဂါတွေနဲ့သေကြရတယ်။ စိတ်ချရမှုမရှိတဲ့ ကျန်းမာရေး ကုသမှုတွေကို ဈေးသက်သာဖို့ရွေးချယ်ရင်း ကူးစက်ရောဂါတွေ ပျံ့နှံ့မှုကို ခံစားရတယ်။ ဒီအကြောင်းတွေပြောရင် ဒေါက်တာဘွဲကျမ်းတခုလောကို တင်ဖို့ဖြစ်သွားနိုင်တယ်။ စားရိတ်မျှပေးကျန်းမာရေး လို့ ကျွန်တော်တို့တွေရဲ့ ပြည်သူ့ဆေးရုံတွေမှာရေးထားတာ တွေ့နိုင်မှာပါ။ ဆေးရုံတခုကိုရောက်တိုင်း မြင်ရတာတွေပြောရရင် နာကျင်မှုတွေနဲ့မကျေနပ်မှုတွေဘဲ ထွက်ကျလာလိမ့်မယ်။ စားရိတ်မျှပေး ဆိုတာ အဲဒီဆေးရုံစောင့်နေတဲ့ ၀န်ထမ်းနဲ့ သူနာပြုတွေကို ပြောတာလားမပြောတတ်တော့ဘူး။ ကျွန်တော်တို့တွေရဲ့အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေကို မူဝါဒ နဲ့တင်မက လက်တွေ့ကျကျ တိုးတက်အောင် လုပ်ပေးဖို့တော့လိုနေတာ အမှန်ပါဘဲ။ တနေ့တော့ ဖြစ်လာမှာပါလို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့က လောလောဆည် ရှာနိုင်ဖွေနိုင်တော့ ဆေးခန်းမှာ ရှင်းလို့ရပေမယ့် အများစု ဟာ ပြည်သူ့ဆေးရုံတွေကို အားကိုးနေရတာပါ။ ပြည်သူတွေကျန်းမာမှ တိုင်းပြည်လဲချမ်းသာလာမှာပါ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖို့ ဘာဘဲဖြစ်ဖြစ် ကိုယ့် ကို ကိုယ်ဂရုစိုက်ကြဖို့တော့ လိုတယ် ဆိုတာ ငြင်းလို့မရပါဘူး။

ကံ၊ စိတ်၊ ဥတု၊ အဟာရ လို့ခေါ်တဲ့ အရာတွေညီညွတ်ပါမှ ကျန်းမာချင်းသည်လာဒ်တပါးဖြစ်မှာပါ။ ဒါတွေ ကို လက်တွေ့ကျကျမညီညွတ်နိုင်ရင်တော့ လာဒ်တွေပါမှကျန်းမာရ ဖြစ်နေမှာပါ။
မနက် အိပ်ရာက ထလို့ အင်တာနက်သုံးပြီဆိုတာနဲ့ facebook and gmail က ချက်ခြင်းဖွင့်ဖြစ်တဲ့ ဆိုဒ် ၂ ခုဘဲ။ မေးကတော့ လုံးဝကို လိုအပ်တဲ့ ကျွန်တော့် ရဲ့ အဆက်အသွယ်နဲ့အလုပ်ကိစ္စတွေ အတွက် တခုတည်းသော ဆက်သွယ်ရန် ဖြစ်လို့ သူ့ကို မှီခိုမှုက တကယ့်ကို ပုံမှန် ဖြစ်လွန်းနေတယ်။ facebook ကျတော့ အရင်ဆို blog မှာ ရေးပြီး တင်နေတဲ့ အလေ့အထကနေ သူငယ်ချင်း ဘယ်သူ တွေ ဘာတွေလုပ်နေတယ်။ သူတို့ ဘယ်ကိုသွားကြတယ် ဘာကိုစားကြတယ်ဆိုတာ နေရာအနှံ့က သူငယ်ချင်းမိတ်ဆွေတွေရဲ့ အချက်အလက်တွေကို သိချင်တဲ့ စပ်စုချင်တဲ့ လူ့သဘောက မနေနိုင် မထိုင် နိုင်နဲ့ သွားကို သွားသုံးဖြစ်နေတယ်။

အရင်ဆို blog မှ blog ဘဲ။ တနေ့မှာ တခါလောက်မှ blog ကိုမရေးဖြစ်ရင် ခေတ်မမှီတော့သလို ဖြစ်နေရာက အခုဆို facebook ကိုတရက်လောက် မ၀င်ဖြစ်လိုက်ရင် အနေအထားတွေက ဝေးကုန်ရော။ နောက်တော့ ပုံတွေ စာတိုထွာတွေ နဲ့ ကောမန့်တိုက်ပွဲတွေ ပြင်းထန်လာတဲ့အထိ facebook က ကျွန်တော်တို့ ရဲ့အချိန်တော်တော်များများကို ၀င်ယူလိုက်တယ်။ မသိလိုက်မသိ ဘာသာနဲ့ အလိုလို facebook ကို ကျွန်တော်တို့ မှီခိုမှုတွေ က ပြင်းထန်လာတယ်။ ဒါကို ကျွန်တော်သတိပြန်ထား လာမိတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ပါစင်နယ် အချက်အလက်တွေရဲ့လုံခြုံမှုတွေ အတွက် ဘယ်လို ကာကွယ်မယ်ဆိုတာကို တွေးမိတယ်။ သဘောက အရင်က ဘလောက်မှာတုန်းက မတင်ဖြစ်ခဲ့တဲ့ အနေအထားအတော်များများ facebook ထဲကို တင်ဖြစ်နေတယ်။ လှုပ်ရှားမှုတွေ ပုံရိပ်တွေ အချက်အလက်နဲ့ အတွေးအခေါ်အယူအဆ တွေ။ ဒါတွေက ဘာကိုဖော်ပြနေလဲဆိုတော့ လူတယောက်ရဲ့ စိတ်နေစိတ်ထား ပတ်ဝန်းကျင်နဲ့ သူ့ အလုပ်အကိုင် ၀င်ငွေစတာတွေကို မှန်းခြေ တွက် ချက်လို့ရတဲ့ အထိ ဖြစ်လာနိုင်တယ်။

ဒါနဲ့ဘဲ ကျွန်တော်တို့တွေ မသိတဲ့သူတော်တော်များကို facebook friend list ထဲကနေ ဖြုတ်ပစ်လိုက်ကြတယ်။ ဒါလဲ ကျန်နေဦးမယ်ထင်ပါတယ်။ နောက်တခုက ကိုယ့် စာသားတွေ ပုံတွေကို သူငယ်ချင်းတွေ ကသာ သိမြင်တွေ့နိုင်တဲ့ setting တွေပြန်ချိန်လိုက်တယ်။ ဒါတောင် ကိုယ့်ကိုယ် ကို လုံခြုံတယ်လို့ မထင်သေးပါဘူး။ ဒါပေမယ့် ဘာလို့ facebook ကို သုံးနေရသေးလဲ ဆိုတာ ကိုယ့် ကို ကိုယ် ပြန်မေးကြည့်လိုက်တော့ ဒီကွန်ယက်အပေါ်မှာ ကျွန်တော့် မှီခိုမှု ဥပမာ သူငယ်ချင်းတွေနဲ့အဆက်အဆံလုပ်ချင်လို့။ ကျွန်တော့် လူမှုရေး နက်ဝေါ့ကို ကျယ်ပြန့်စေချင်လို့ စတဲ့ အနေအ ထားတွေကို ရပ်တန့်အောင် မလုပ်နိုင်သမျှ ကျွန်တော် သုံးနေမိမယ်ထင်ပါတယ်။

ခေတ်နဲ့လျော်ညီတဲ့ အနေအထားတရပ်လဲ ဖြစ်၊ ကောင်းကျိုးလဲ ရှိနေတယ်။ ဆိုးကျိုးလဲ တ၀က်ရှိနေတဲ့ ဒီနက်ဝေါ့တွေကို ကျွန်တော်သုံးနေသမျှ ကာလပတ်လုံး ကျွန်တော့် ပါစင်နယ် အချက် အလက် အချို့ဟာ ဒီလိုနေရာတွေမှာ ရှိနေတယ်လို့ ဖြစ်တည်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ ဟာ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ကားလမ်းဖြတ်ကူးနေတဲ့ သူတွေနဲ့တူနေဦးမှာပါ။


ဇာတ်ကားထွက်တာတော့ တနှစ်ကျော်လောက်ကြာခဲ့ပါပြီ။ အခုမှသေချာ ကြည့်ဖြစ်ပါတယ်။ ကြည့်ပြီးတဲ့သူများလဲ သိမှာပါ။ ဒီဇာတ်လမ်းလေးက ၁၉၇၄ ခုနှစ်တုန်းက ရိုက်ခဲ့ဘူးတဲ့ဇာတ်လမ်းဟောင်း လေး တခုဘဲဖြစ်ပါတယ်။ ဒါပေမယ့် နှစ်တွေကြာမှပြန်ရိုက်လဲ လူ့သဘာဝ ကို ဖော်ကြူးပြနိုင်တဲ့ ဒီလို ဇာတ်လမ်းလေးတွေက အသုံးတော်ခံနေတုန်းပါဘဲ။

Top Gun နဲ့ Enemy of the state တို့လို ဇာတ်လမ်းတွေကို ရိုက်ခဲ့ဘူးတဲ့ ဒါရိုက်တာ Tony Scott စီစဉ်ရိုက်ကူးတဲ့ ဒီဇာတ်လမ်းမှာ နာမည်ကျော်မင်းသား John Travolta နဲ့ Denzel Washington တို့ ပါဝင်သရုတ်ဆောင်ထားပြီး တာဝန် ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းတွေနဲ့ သူတို့ အခက်အခဲ အတ္တတွေ လူသားဆန်မှုနဲ့ လှည့်ကွက်တွေကို နိုင်နင်းစွာ သရုပ်ဖော်သွားနိုင်ခဲ့ပါတယ်။

အဆန်းထွင် ရိုက်ထားတဲ့ အကွက်တွေသိပ်မပါဘဲ ရိုးရှင်းတဲ့ ရိုက်ချက်တွေနဲ့ ဟောင်းနွမ်းနေတဲ့ New York မြို့ကြီးကို ပေါ်လွင်အောင် တင်ဆက်သွားနိုင်ခဲ့ပါတယ်။ ပြသချိန် ၁၀၅ မိနစ်ကြာတဲ့ ဒီဇာတ်လမ်း ကို ၂၀၀၉ ခုနှစ် ဂျွန်လ ၁၂ ရက်နေ့က စတင်ရုံတင်ပြသခဲ့ပြီး ကုန်ကျစားရိတ် သန်း ၁၀၀ အကုန်အကျ ခံရိုက်ကူးထားတာဖြစ်ပါတယ်။

အရမ်းမအောင်မြင်ပေမယ့် ကြည့်ကောင်းတဲ့ ဇာတ်လမ်းတပုဒ်တော့ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

နိုင်ငံတကာတွင် နှစ်စဉ်ကျင်းပလေ့ရှိသော သြဂုတ်လ ၃၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဘလော့ဂ်ဒေး အထိမ်းမှတ်အဖြစ် ရန်ကုန်မြို့ မြန်မာအင်ဖိုတက်ခ် အဆောက်အဦ တွင် စက်တင်ဘာ ၁၃၊ ၁၄ရက်များတွင် MCPA နှင့် MBS မှ ပူးပေါင်းစီစဉ်သည့် နည်းပညာဆိုင်ရာ ဟောပြောပွဲ နှင့် နှီးနှောဖလှယ်ပွဲများအား နံနက်၉နာရီမှ ညနေ ၅နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် တက်ရောက်နားထောင်လိုသူ နည်းပညာ ရပ်ဝန်းမှ မိတ်ဆွေများအား သိစေရန် ဖိတ်ကြားအပ်ပါသည်။

အောက်ပါလင့်မှ ကူးယူဖော်ပြပါသည်။

http://www.myanmarbloggersociety.asia/
ကျွန်တော်တို့ Facebook ပေါ်ကာစက သိပ်မသုံးဖြစ်ကြဘူး။ သူလိုကိုယ်လိုဘဲ။ အရင် friendstar တို့ Hi5 တို့တွေကို လဲ ထိုနည်းလည်းကောင်းဘဲ သိပ်မသုံးဖြစ်ဘူး။ နောက်တော့ သူငယ်ချင်း တော် တော်များများက facebook ကိုသုံးလာကြတော့ ကိုယ်လဲ မနေနိုင်ဘဲ သုံးဖြစ်လာတယ်။ ပထမတော့ အဲဒီက ဂိမ်းလေးတွေကို ကစားချင်တာလဲပါတယ်။ နောက်တော့လဲ ကွန်နက်ရှင် ကြောင့် သိပ်မကစား ဖြစ်တော့ပြန်ဘူး။

နောက်တခုက twitter။ သူ့ကိုလဲ ယနေ့အထိ အချိန်တော်တော်များများဟာ မ၀င်ဖြစ်ဘူး။ အဲဒီတခါဝင်မယ်ဆိုတိုင်း ပတ်စဝေါ့ ပြန်ပြန်တောင်းရတယ်။ ဒီလောက်အထိ စိမ်းစိမ်းကားကားဖြစ်ခဲ့တာ။ အခုတော့ သူ့ကို ပြန်သုံးမလားစဉ်းစားမိပါတယ်။

ဒါပေမယ့် facebook ကိုသုံးဖြစ်တော့ နေ့တိုင်းလိုလိုဝင်ဖြစ်တယ်။ အရင်လိုလဲ ကိုယ့်ဘလောက်မှာကိုယ်စာသိပ်မရေးဖြစ်တော့ဘူး။ လူ့သဘာဝအရ အာလ္လပ သလ္လာပ တွေနဲ့ တော်တော်လေး အချိန် ကုန်သွားတယ်။ တွေ့ချင်တဲ့သူရှိရင် facebook ပေါ်တက်ရှာလိုက် အချိန်းအချက်လုပ်လိုက်အထိကို အတိုင်းအတာက မြင့်တက်လာတယ်။

ကောင်းတာတွေလဲရှိပါတယ်။ မကောင်းတာတွေကတော့ အလွန်အကျွံတွေဖြစ်လာတယ်ထင်တာဘဲ။ ဒီနေရာတွေကနေ သတင်းအချက်အလက်ကို မျှဝေလာတဲ့အထိ စွမ်းအားက ပြင်းထန်လာတယ် လို့ ပြောလာကြတယ်။ ဟုချင်လဲဟုတ်မှာပါ။ ကျွန်တော့်အနေနဲ့တော့ ကိုယ့်မြတ်နိုးတဲ့ ဘလောက်လေးကို ဒီအတိုင်း ပစ်မထားချင်တော့ဘူး။ ကိုယ့်သိသလောက်တတ်သလောက်တွေကို မျှဝေတဲ့ နေရာ မှာ ဒီဘလောက်တွေကို ဘဲ ချစ်တယ်။ ကျွန်တော့်သဘောက ဘလောက်တွေကဘဲ အဓိက ကျတဲ့ အဆောက်အဦးအဖြစ်တည်ရှိနေဦးမယ်ထင်ပါတယ်။

တိုင်းပြည်တခုတိုးတက်ဖို့ရာ ကဏ္ဍစုံတဲ့ စာတွေ အရေးအသားနဲ့နည်းပညာတွေ ကို အင်တာနက်ပေါ်မှာ အလွယ်တကူရှာဖွေနိုင်စွမ်းလဲရှိဖို့လိုမယ်ထင်တယ်။ ဒါကြောင့် ဘလောက်စာမျက်နှာတွေက နေတဆင့် ဖြန့်ဝေနေတဲ့ အချက်အလက်တွေကို ဒီထက်ပြန့်ပွားတိုးတက်လာအောင် ဖန်တီးဖို့လိုနေဦးမယ်။ ကျွန်တော်တို့ အနေအထားအရ လိုကိုလိုနေသေးတယ်။ ဒါကြောင့် facebook ပေါ်မှာ အတိုအထွာလေးတွေရေးပြီး အချိန်ကုန်မယ့် အစား အပြန်အလှန်သဘောနဲ့ ကိုယ့် ဘလောက်တွေကို ပြန်လည်စည်ပင်လာအောင်လုပ်ပေးဖို့လိုမယ်လို့ ပြောချင်တယ်။ ဒီမှာ ရေးတာတွေကိုလဲ facebook ပေါ်မှာ ပြန် share လုပ်ပေးတော့ ထိထိရောက်ရောက်ဖြစ်လာမယ်လို့လဲ ယူဆတယ်။

I haven’t mostly use to facebook when the start . Such everybody like too. Friendster and Hi5 also I wouldn’t like most use before. When my friend were used to facekbook, like I do. First time I want to play mini game from facebook. The local connection is bad, that why I couldn’t play anymore later.

Next is twitter. I also cannot sign in after have account. When I sign in to twitter, I forgot my password and remain again and again. Like the stranger. But I will use to twitter I though now.

But I were use to facebook, I was daily sign in to this site. It was I wouldn’t write on my blog. That is the most lost the time like human nature, blar……blar… If I want to meet to someone, I will find on my facebook account, don’t the powerful?

Have pros on the behavior on facebook. But have cons on this. That was the ex-using on site. Can   distribute information on facebook, it’s a lot of powerful. Yes, you can. But I wouldn’t leave my blog. I love the blog for the distribute information about my own. I though the blog will main for information builder.

I think easy can search online about the major information it’s the developing for the country. We must to do try and creation the most development for blogging of knowledge. We must be real needed our situation. Then you have a lost of time on facebook, substitute to blog again. Action and effective, your blog will active. That was I want to say.

And you can share on the facebook of your blog post will effective I think.
ခဏတဖြုတ်နဲ့ တဖြုတ်ထဲ ခဏခဏ၊ ပျက်သွားတာတွေရော၊ ဖြစ်သွားတာတွေအတွက်ပါ စိတ်ဝင်စားကြည့်တော့ ကိုယ့်ကိုကိုယ် စုန်ဆန် တွေးကြည့်ဖို့အညမည ရဲ့ဝိရောဓိဖြစ်စဉ် မှာအစာစားလို့ မကြေ ညက်တဲ့ ခံစားမှုတ၀က်။

မျှော်လင့်ခြင်းနဲ့ရည်မှန်းချက် အတွက် ဆန္ဒတွေကို ရှင်းရှင်းလင်းလင်းသိဖို့ရာ ငါ့အတွက် filter ခံထားတဲ့ စုတ်ခွက်ထဲက ဘက်တီးရီးယား တွေလို သေလွယ်ကာ ပျောက်လွယ်ကာ။

ရိုင်းစိုင်းလွန်းတဲ့ စိတ်နဲ့သည်းခံလိုတဲ့ ဖြစ်အင်မှာ လွန်ဆွဲလဲ မိုးမရွာမယ့်အတူတူ ငါ့ပျိုးခင်းက ပေါင်းသင်မြေနှုတ် လုပ်စရာ မလိုတော့။

မတရားမှုကို တိုင်းတာဖို့ တရားသဖြင့် တွေကို အမြဲပြောလေ့ရှိတဲ့ ဓမ္မကထိကလဲ လိုမယ်၊ အလုပ်နဲ့ အပြောက တထပ်ထဲကျဖို့ ပါးကိုဘယ်ပြန်ညာပြန်ရိုက်မယ့် နီပွန်မာစတာကြီးလဲလိုမယ်။

ငကန်းသေမှ ငဆွေလာတာမဟုတ်ပါဘူး၊ ငဆွေတွေအတွက် ငကန်းကသေပေးရတာလဲ ဖြစ်မှာပေါ့။

ခြောက်ပြစ်ကင်းသဲလဲ စင်ဖို့ အတွက် ရပ်ကွက်ထောက်ခံစာယူခဲ့ပါ၊ ရဲစခန်းထောက်ခံစာယူခဲ့ပါ၊ မူရင်းနဲ့မိတ္တူအပြင် ဓါတ်ပုံ ၂ ပုံပါဆောင်လာခဲ့၊ မှတ်ပုံတင်လဲ မမေ့ ခဲ့နဲ့တဲ့၊ ခေါက်ရိုးကြိုးကြေနေတဲ့ သန်းခေါင်စာရင်းလဲ သမ၀ါယမဆိုင်မသွားရတော့။

အရောင်းစာရေး အလိုရှိလို့ အရေးမှာ စရောင်းတာ ကြော်ငြာ ကြော်ငြာ၊ မိန်းကလေးသာလာခဲ့လေ၊ ချောမောပြေပြစ်မှုမှာ အတွေ့အကြုံမလိုဘူး၊ မင်းလက်မှတ်တွေသိမ်းထားလိုက်ပါ။ စကားပြော ကောင်းတဲ့အခါ။

အွန်လိုင်းမှာ တင်ရောင်းပစ်လိုက်မယ်၊ ဟာသကာတွန်းတပုဒ်လို ကွန်မြုနစ်နယ်က တံတားတစင်း မဖြစ်ချင်သူရဲ့ အခါခါ အိပ်မက်အတွက်၊ ကမ္ဘာဟာ ရွာကြီးဆိုရင်တောင် မီးမလာရေပျက် နေသမျှ မြို့နဲ့ တူနေဦးမယ်။

စကပ်တိုဝတ်တဲ့ ကောင်မလေးရေ၊ ဘီယာအရောင်းမြင့်တင်ရေး၊ ပရိုမိုးရှင်းရှိုးအတွက် ကိုယ့်ကိုကိုယ်လဲ ပြစားနေရတယ်၊ ငါဟာ တချိန်က ဆပ်ကပ်တခုကို သွားသတိရမိတယ်။ အိပ်ငိုက်နေတဲ့ ကျား အိုကြီးက မီးကွင်းထဲကိုတောင် ၀င်ပြနိုင်သတဲ့။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ မင်းက နူထရွန်ဗုံးတလုံးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တောင် ၀ယ်သုံးလို့ရနိုင်မယ်။ ဒါပေမယ့် အလှပန်းအိုးကြီးထဲက အောင်သပြေတွေလို ဟိုထိုးဒီထောင်နဲ့ ကြည့် မကောင်းပါဘူးကွယ်။

အီးမေးထဲက ဖော်ဝေါ့ရသလို တောင်စဉ်ရေမရ စကားလုံးတွေနဲ့ ကောလဟာလကို အမှန်ဖြစ်ဖို့ ၊ ကမ္ဘာ့လှိုင်းကို စီးကြည့်ပါ၊ အင်တာနက်မှန်မှန်သုံးပါ၊ မော်ရင်ဟိုလဲ မသိခဲ့၊ ပီလီလဲ မကြည့်ခဲ့တဲ့ ရိုးရာ ဘောလုံးပွဲက သတင်းတွေကို ရပ်ကွက်ထဲ ထိုင်ပြောရင်း ဆေးလိပ်တလိပ်နဲ့ငြိမ့်လိုက်ဦး၊ ကွမ်းတံတွေးထွေးလိုက်ဦး။

အိမ်ပြန်လာမှသိရတဲ့ သတင်းအတွက် နေ့စဉ်သတင်းစာမလိုဘူး၊ ဂျာနယ်တွေမလိုဘူး၊ အွန်လိုင်းလဲမလိုဘူး၊ ပြောမယ့်သူရှိမှသတင်းဖြစ်တာ ဒုက္ခခံနိုင်တဲ့ စတုတ္ထမဏ္ဍိုင် သမားဆိုတာ အလုပ်က မပြန် နိုင်ခဲ့ရင် အဆုံးက …………………..ဘဲ။
ကျွန်တော်တို့ရဲ့ နာမည်ကြော်ထွား လူကြိုက်များခဲ့တဲ့ တချိန်က ဘလောက်ဂါလောကမှာ ဖလန်းဖလန်းထအောင် နာမည်ရခဲ့တဲ့ ဘလောက်တိုင်း(Blog Times Journal)ဂျာနယ်ရှော်ကြီးအား။ အယ်ဒီချာ မင်းယွန်းသစ်(မေမေ့မေတ္တာ) မှပြန်လည်ထုတ်ဝေမည်ဖြစ်ပါသည်။ အဲဒီတာရှုပ် မောင်ဂေါက်၊ သတင်းထောက်ရှုပ် ဘာညာ၊ ဒီဇိုင်း နီညန်း၊ မာကတင် မန်နေချာ ရောင်းသူ တို့မှ ဂျာနယ်ရှော်ကြီး အားချောမွေ့ညီညာစွာ ထုတ်ဝေမည်ဖြစ်ပြီး စာမျက်ခွက် ပိုများဝေေ၀ဆာဆာဖြင့် မျက်မှောက်ခေတ် ဘလောက်ရေးရာ များစွာကို မဟုတ်မဟတ် လုပ်ဇာတ်များဖန်တီးတင်ဆက်သွားမှာဖြစ်ပါတယ်။


မနေ့က ရေးထားတဲ့ ပိုစ်နဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ တကယ်က ပါစင်နယ် အတွက်ပါ။ ဒါပေမယ့် အများသူငါ ဖတ်တဲ့အခါမှာ ၀ိဝါဒ ကွဲစရာတွေရှိသွားသလို၊ တိုက်ဆိုင်မှုရှိတဲ့ သူတွေရဲ့ အားပေးမှု တွေနဲ့အတူ ကျွန်တော့်ရဲ့ ကြမ်းတမ်းသော အရေးအသားကြောင့် မိတ်ဆွေများက ပြန်လည် ဖြတ်သိမ်းသင့်ကြောင်း အကြံပေးလာသလို ကျွန်တော်ကိုယ်တိုင်လဲ မသင့်တော်ဘူးထင်တာကြောင့် ပြန် ဖြုတ် လိုက်ပါတယ်။

ဒါပေမယ့် မှတ်ချက်ပေးကြတဲ့ မိတ်ဆွေတွေကို လေးစားမှုဖြင့် ဖြုတ်သိမ်းခြင်းမပြုဘဲ ဒီမှာ ပြန်လည်တင်ပြပေးပါတယ်။ မူရင်းဖတ်လိုသူများ အီးမေးမှတဆင့် တောင်းခံနိုင်ပါတယ်။

လေးစားစွာဖြင့်

Author : kom (IP: 220.255.7.158 , 220.255.7.158)
E-mail : khinoomay77@gmail.com
URL    : http://khinoomay77.blogspot.com/
Whois  : http://ws.arin.net/cgi-bin/whois.pl?queryinput=220.255.7.158
Comment:
Posted in ရေးချင်ရာရေး

Author : tomandjerry (IP: 94.136.50.63 , server5609.123-serv.co.uk)
E-mail : tomnjerrykid@gmail.com
URL    :
Whois  : http://ws.arin.net/cgi-bin/whois.pl?queryinput=94.136.50.63
Comment:
သောက်ရူး
အဖွဲ့လေးတစ်ဖွဲ့နှစ်ဖွဲ့မှာပြါ

ပီး ”ငါကွ organiser” ဆိုရုံနဲ့ ဖင်ကြွမနေနဲ့
”ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်နေတဲ့သူတွေအတွက် မင်းတို့ဘာမှ မှတ်ချက်ပေးလို့မရဘူးဆိုတာ မှတ်ပါ။” အဲစကားက ကိုယ့်ဟာကိုယ်ပြန်ပြောနေတာလား။

နေပါ တိုင်းပြည်က မခွာဘဲနေပါ။ ဒီအသက်အရွယ်ရောက်တဲ့အထိ မိဘကိုထောက်ပံ့ဖို့နေနေသာသာ မိဘဆီကတောင် လက်ဖြန့်ပြန်တောင်းဖို့ထိ အရှက်မရှိရင်တော့ နေပေါ့။ အုပ်စုလိုက်ကြွပြီး ရွပြီး မြောက်နေလိုက်ဦးပေါ့။ မြန်မာပြည်ထဲမှာချည်းပဲ နေနေလို့ မြန်မာပြည်အကြောင်း လူသိပြီး မြန်မာပြည်ကြီး တိုးတက်လာမယ်များထင်နေလား။ ၀ါးလုံးခေါင်းထဲမှာပဲနေပြီး လအရောင်ကို မလင်းဘူးလို့ စွတ်ငြင်းမနေပါနဲ့။ မြန်မာပြည်ကို စောင့်ရှောက်တယ်ဆိုတာ သစ်ပင်စိုက်ရုံ၊ ပလပ်စတစ်ကောက်ရုံ၊ လူတွေခေါ်ပြီး ကွန်ပျူတာအကြောင်းပြောရုံနဲ့ ပြီးပြီများ ထင်နေလား။ ကိုယ့်အသက်အရွယ်ကိုယ် အားနာပြီး တစ်ထွာတစ်မိုက်လောက် ဦးနှောက်နဲ့ လူသောက်မြင်ကပ်မခံချင်စမ်းပါနဲ့။

Author : Htoo Myat (IP: 108.18.139.170 , pool-108-18-139-170.washdc.fios.verizon.net)
E-mail : hpunk91@gmail.com
URL    :
Whois  : http://ws.arin.net/cgi-bin/whois.pl?queryinput=108.18.139.170
Comment:
တောင်းစားဖို့က လွဲပြီး တခြား ဘာမှမလုပ်တတ်လို့ ကျွန်သွားခံတယ် ဆိုတာဟာ နိုင်ငံတကာ ရောက်နေတဲ့ မြန်မာ အသိပညာရှင် အတတ်ပညာရှင်တွေ အားလုံးကို သိမ်းကြုံး စော်ကားရာ ကျပါတယ်။ အဲဒါတော့ သဘောပေါက်စေချင်မိပါတယ်။
အစိုးရနဲ့ အဆင်ပြေအောင် နေတတ်တာကို ပြောတာဆိုရင်တော့ ဆောရီးပါ။

ဒီနေ့တော့ ကျွန်တော်တို့ Barcamp Yangon 2011 အတွက် organizer team အသစ်ပြန်လည်ဖွဲ့စည်းရေးနဲ့ ပွဲဖြစ်မြောက်ရေးအတွက် စီစဉ် မှုတွေကို စတင်ဆောင်ရွက်ဖို့အတွက် စည်းဝေးပွဲ တခု ကို Myanmar Info-teach အခန်းအမှတ် ၂၀၅ မှာကျင်းပခဲ့ပါတယ်။ ပွဲစီစဉ်ချိန် အရမ်းနီးကပ်တဲ့အတွက် တက်ရောက်သူနည်းသွားပါတယ်။ ဒါပေမယ့် အစီအစဉ်အတိုင်း ကျင်းပနိုင်ခဲ့ပြီး ရှေ့ဆက် မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ စိတ်ပါဝင်စားသူမည်သူမဆို နောက်ပိုင်းပြုလုပ်မယ့် ဘားကမ့် ဖြစ်မြောက်ရေးအစည်းဝေးတွေနဲ့တွေ့ဆုံပွဲတွေကို တက်ရောက်နိုင်ဖို့ဖိတ်ခေါ်ချင်ပါတယ်။

အချက်အလက်များကို www.barcampyangon.org မှာ ဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်။ စီစဉ်ဆောင်ရွက်ဆဲအနေအထားသာဖြစ်ပြီး အတည်ပြုပြောကြားခြင်းတော့ လောလောဆည် မရှိ သေးပါဘူး။ မကြာခင်မှာတော့ သေချာတဲ့ အချက်အလက်တွေ ပေါ်ထွက်လာနိုင်မယ်လို့မျှော်လင့်နိုင်မှာဖြစ်ပြီး ဒုတိယအကြိမ်ကျင်းပမည့် အစည်းအဝေးမှာတော့ organizer အမည်စာရင်းသစ်များ ကိုတင်သွင်းကြမှာဖြစ်ပြီး ယခင် တာဝန်ယူခဲ့ကြသူများမှ အတွေ့အကြုံနှင့်အချက်အလက်များကို လက်ဆင့်ကမ်း မျှဝေပေးမှာဖြစ်ပါတယ်။


မနေ့က သုဝဏ္ဍအားကစားရုံ (၁) မှာ ဟစ်ဟော့အကော့စတစ် ပွဲကို သွားကြည့်တယ်။ ကျွန်တော်ရယ် ၀က်လေးမင်းယွန်းရယ်၊ ရောင်းသူနဲ့ နီညန်းရယ်။ ဟစ်ဟော့ကို ဝေဖန်တာတော့မဟုတ်ပေမယ့် ပွဲနဲ့ပတ်သတ်တာကိုဝေဖန်ချင်တာ။ အကော့စတစ်(ငယ်ငယ်ကတည်းကခေါ်နေတာ ဒီအသံထွက်ဘဲ) acoustic (အခုတော့ အကုစတစ်ဆိုလား) ပွဲလက်မှတ်က ၅၀၀၀တန်းနဲ့၇၀၀၀ တန်းရှိတယ်။ ပွဲအ၀င်လဲကျရော ၅၅၀၀ ဖြစ်သွားတယ်။ ထားလိုက်တော့ပေါ့။ ဒါနဲ့ နန်းညီက ရေတဘူးဝယ်လိုက်တယ်။ ခြေလှမ်းငါးလှမ်းလောက်လဲရောက်ရော အဲဒီ ရေဘူးကို ယူမရဘူးဆိုပြီး ၀င်ပေါက်မှာပြောတယ်။ ဒါဆို အစကတည်းက အိတ်နဲ့ထည့်ပေးဖို့ ပြောထားသင့်တာ။ ဒါနဲ့ အိတ်အပေါက်ထဲ ရေထည့်မရတာနဲ့ မကုန် ကုန်အောင် လေးယောက်သား ဇွတ် သောက်ပစ်လိုက်ရော။ ရုံထဲဝင်မယ်လဲဆိုတော့ ၀င်ပေါက်မှာ ၅၀၀၀ တန်းက ဒီဘက် ၇၀၀၀ တန်းက ဒီဘက်ဝင် ဆိုပြီးပြောပြန်ရော။ ရောင်းတော့ ၅၅၀၀ နဲ့ အခုဝင်တော့ ၅၀၀၀ ဖြစ်ပြန်ရော။ လုံခြုံရေးက လဲ အားနည်းတယ်။ အိတ်တွေကိုစစ်တာ သမန်ကာရှန်ကာဘဲ။ ပွဲခင်းထဲလဲရောက်ရော အောက်ဘက်က မတ်တပ်ရပ်ကြည့်ဖို့လုပ်ထားပြီး အပေါ်ပွဲကြည့်စင်မှာတော့ ထိုင်ဖို့နေရာပေးထားတယ်။ ကျွန်တော်တို့လဲ ၅၀၀၀ တန်းအပေါက်က ၀င်လာတာ ဆိုတော့ မတ်တပ်ဘဲ ရပ်ရမလား အပေါ် ဘဲတက်ထိုင်ရမလား စဉ်းစားရင်းအပေါ်တက်လာလိုက်တယ်။ နောက်တော့မှ အဲဒါက ၇၀၀၀ တန်းဖြစ်နေတယ်။ ဒါဆို ဘာလို့ အ၀င်တုန်းက ၀င်စရာနေရာကိုခွဲထားမှန်း နားမလည်တော့ဘူး။ အထဲမှာက ဒီအတိုင်းဘဲ အပေါ်တက်တက် အောက်ဆင်းဆင်း ဘာမှ ကာမထားဘူး။ ဒါနဲ့ဘဲ ၅၅၀၀ ပေးထားတဲ့လက်မှတ်နဲ့ ၇၀၀၀ တန်းက ကြည့်ရတယ်ဆိုပြီး နှစ်သိမ့်လိုက် တယ်။ ပွဲကတော့ ၂ နာရီစမယ်ဆိုပေမယ့် ၂ နာရီ ၄၅ လောက်မှစဖြစ်တယ်။ ပထမပိုင်းမှာ မတ်တပ်သမားတွေ မပြည့်ပေမယ့် နောက်ပိုင်းပြည့်လာတယ်။ ၀င်ပေါက်မှာတော့ ရေသန့်ဘူးမယူရဆိုပြီး အထဲမှာတော့ ရေသန့်တင်မက ဘီယာတခွက်ကို ၁၀၀၀ နဲ့ရောင်းတယ်။ နေ့လည်ပိုင်းကြီးမှာ ဘီယာရောင်းတာ လူငယ်တွေအတွက် အထူးသဖြင့် မိန်းကလေးငယ်တွေအတွက်မသင့်တော်ဘူး ထင်တယ်။ ခေတ်နဲ့လိုက်လျောညီထွေရှိတယ်ဆိုပေမယ့် နေ့လည်နေ့ခင်းမှာ အရွယ်မရောက်သူတွေကို ဘီယာရောင်းတာ ကတော့သိပ်ပြီးစီးပွားရေးဆန်တယ်ထင်တယ်။ နောက်တခုက အ၀င်မှာ blue diamond ဆေးလိပ်တွေကို ဘူးလိုက် လက်ဆောင်ဝေတယ်။ အတွင်းမှာ ဆေးလိပ်မသောက်ရဆိုပြီး ကပ်ထားပေမယ့် ဒီလို ပိတ်လှောင်နေတဲ့ ရုံထဲမှာ ဆေးလိပ်နင်းကန်သောက်ကြတော့ အသက် ရှုတောင်ကြပ်တယ်။ ဒါကလဲ မဖြစ်သင့်တဲ့ ကိစ္စပဲ။ ပွဲစီစဉ်တဲ့သူတွေတော်တော် ရှော်တယ်။ စီးကရက်နံ့ထက် ပြသနာရှိတာက မီးလောင်နိုင်မယ့် အန္တရာယ်ဘဲ။ အောက်မှ မတ်တပ်ရပ်ကြည့် တဲ့လူအုပ်က ကြာနေများလာလေ။ ဆေးလိပ်သောက်တဲ့သူကလဲများလာ။ ဘီယာမူးတဲ့သူတွေကလဲများလာ။ စုစုပေါင်း အဲဒီအောက်မှာ လူ ၁ထောင်ကျော်ထက်မနဲရှိနေတယ်။ တ၀က်လောက်က မူးနေကြပြီ။ အောက်မှာ ရပ်နေတဲ့ ကြမ်းခင်းဟာ တကယ်ဆိုပြောင်လက်ချောမွေ့နေအောင်ထားရတဲ့ အားကစား ပွဲပြုလုပ်ဖို့ တည်ဆောက်ထားတာပါ။ အမျိုးသားအဆင့် ဒီအားကစားရုံထဲမှာ ဒီလို လူအများကြီး စည်းကမ်းမရှိ လုပ်ရပ်တွေကို ပွဲစီစဉ်တဲ့ သူတွေက ဘယ်လိုခွင့်ပြုချက်နဲ့လုပ်တယ်ဆိုတာ မသိတော့ဘူး။ တကယ်ဆိုတော်တော်လေးပျက်စီးသွားနိုင်ပါတယ်။ ဆေးလိပ်မီးစကျရင်၊ သဲတွေ ပါတဲ့ ဖိနပ်တွေနဲ့ အဲဒီကြမ်းပေါ်ကိုနင်းရင် ပျက်စီးမှုတွေအများအပြားဖြစ်မှာပါ။ စီစဉ်တဲ့သူတွေက တော့စောဓက တက်စရာရှိလိမ့်မယ်။ သူတို့တွေကြမ်းခင်းတွေပေါ်ကို တာလဘတ်တွေ ခင်း ပေးထားတယ်ဆိုပြီး။ ပွဲမစခင်ကတည်းက အဲဒီပျက်တောင်းပျက်တောင်းခင်းထားတဲ့ တာလဘတ်စတွေက အကုန်ကွာနေတာ။ ခင်းတယ်ဆိုယုံဘဲခင်းထားတာ။ အကုန်ခလုပ်တိုက်ပြီးပွဲမစခင်ထဲက အဲဒီဟာတွေက ဘေးရောက်နေပြီ။ ဒါကတော့ပွဲထဲမှာ မြင်ရတဲ့ အစီအ
စဉ်တွေအပေါ်ပြောတာပါ။ ဒီထက်ပြောမကုန်တာတွေရှိသေးတယ်။

ပွဲတင်ဆက်မှုကတော့ အသံစနစ် တော်တော်ညံ့နေတုန်းဘဲ ။ ဘာမှသဲသဲကွဲကွဲမကြားရဘူး။ ပြောပြန်ရင်လဲ စက်မှုပိုင်းလိုအပ်ချက်ရှိနေသေးတယ်ဆိုပြီး ပြောကြဦးမယ်။ မီးဆင်ထားတာကလဲ ညံ့၊ ဆလိုက် တွေကိုပရိတ်သတ် ဘက်ကို ပြန်ပြန်ထိုး တော့ ကြည့်ရတဲ့သူတွေမျက်စိကျိန်းတယ်။ ရိုက်ကူးရေးသမားတွေအတွက်လဲ အနှောက်အယှက်ဖြစ်မှာအမှန်ဘဲ။ စတိတ်ဆင်က ကြော်ငြာနဲ့ဘဲ ဖုံးနေတယ်။ အဓိက ကျတဲ့ စာလုံးတွေကို စပီကာ ကကွယ်ထားတယ်။ စတိတ်ဆင်တဲ့ သူလဲ သောက်သုံးမကျဘူး။ နောက်တခုက လျှပ်စစ်မီးကို သွယ်တန်းထားတာ။ အဲဒါကလဲ ပွဲကြည့်တဲ့သူတွေ ဘေးကနေ သွယ်ထားတာ။ စက်ပိုင်းဆိုင်ရာတွေကို အဓိက ထိန်းချုပ်တဲ့ အခန်းလုပ်ထားတဲ့ဆီကို သူတို့သွယ်တဲ့အခါမှာ ပင်မလျှပ်စစ်ကို ထုတ်ယူတဲ့ နေရာက အပေါက်ကြီးဒီအတိုင်းဖွင့်ထားခဲ့တယ်။ ပွဲအတွင်းမှာတော့ အဲဒီနေရာက ဘီယာမူးပြီးကနေတဲ့ သူတွေအများအပြား ရှိနေတဲ့နေရာနဲ့အရမ်းနီးကပ်နေတာကိုတွေ့ပြန်တယ်။ အစားအစာတွေကို အထဲမှာ သိပ်ပြီးမစားပေမယ့် ပွဲ တ၀က်လောက် မှာ နေကြာစေ့၊ ပီကေနဲ့ဆေးလိပ်ရောင်းတဲ့သူတွေရောက်လာပြန်ရော။ အဲဒီမှာ ဆေးလိပ်သောက်တဲ့ အနေအထားပိုပြင်းထန်လာတယ်( မီးခြစ်ကို အလွယ်တကူရကြလို့)။

ကဲပါရှည်နေတယ်။ သီဆိုတဲ့အပိုင်းမှာတော့ စိုင်းစိုင်း၊ ဂျေမီနဲ့၊ တချို့အဆိုတော်တွေက အကော့စတစ်နဲ့ဆိုတဲ့အပိုင်းမှာသီချင်းတွေကို ဗားရှင်းပြောင်းဆိုကြတယ်။ အချို့ဟာတွေကနားထောင်လို့ ကောင်းပါတယ်။ မဆီမဆိုင် ဟစ်ဟော့နဲ့လားလားမှမဆိုင်တဲ့ ချမ်းချမ်းတို့အေသင်ချိုဆွေတို့ထည့်ထားတာကတော့ ဘာမှန်းနာမလည်ဘူး။ စန္ဒီမြင့်လွင် တော်တော်သရုပ်ပျက်တယ်။ ဆိုချင်သလို လို မဆိုချင်သလိုလိုနဲ့ sexy ကျအောင်ဘဲ ကပြနေတယ်။ လူကခပ်၀၀ နဲ့ ခါးကပေါ်နေတာ ကြည့်မလှသလို သီချင်းစာသားအ ချို့က ရိုင်းတယ်။ များသောအားဖြင့် ဆိုသွားတဲ့ ဟိုမရောက်ဒီမရောက် ဟစ် ဟော့သမားတွေ ရဲ့စာသားတွေက အတော်ဘဲ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေပါတာကိုတွေ့ရတယ်။ လူငယ်၊ ခောတ်နဲ့အညီ၊ ပေါက်ကွဲတာ၊ သဘာဝဘဲ၊ ဟစ်ဟော့ဂီတ စတဲ့ တောင်စဉ်ရေမရ လျောက်လွှဲချက်တွေနဲ့ အနုပညာကို ဖွင့်ဆိုချက်တွေက တခါတလေ မကောင်းတာကိုတွေ့ရတယ်။

နောက်ဆုံး တော့ပထမပိုင်းအစီအစဉ်ဖြစ်တဲ့ လေးဇီးကလပ်နဲ့ တွဲဆိုတဲ့အချိန်အပြီးမှာ ဒီဂျေနဲ့တွဲဖက်သီဆိုမယ့် အချိန်ရောက်လာတယ်။ ဆိုကြနေတုန်း စင်ပေါ်က ပစ္စည်းတွေမချနေကြတယ်။ ရှုပ်ယှက် ခက်နေတာဘဲ ဘယ်သူ့ကြည့်ရမှန်းကိုမသိတော့ဘူး။ မိနစ် ၂၀လောက်ကို ပစ္စည်းတွေမချ သယ်ချနဲ့ ရုပ်ပျက်တယ်။ တော်တော်လေး စီးပွားရေးဆန်လွန်းတယ်။ လုပ်ချင်ရာကိုလုပ်နေ တော့တာဘဲ။ နောက်တခုက ပွဲကို လုံခြုံရေး ဆိုပြီး ဘယ်သူခန့်ထားမှန်းမသိတဲ့ security ဆိုတဲ့ ငနဲ့သားတွေက ဆက်ဆံရေး မောက်မာတယ်။ ကောင်မလေးတွေ ကောင်လေးတွေကို ဟောက်လား ငန်းလားလုပ်ပြီး ပြောမရတဲ့ သူကျတော့ အမြှီးကုတ်ပြီး ငြိမ်နေတယ်။ ဒါကလဲ မဖြစ်သင့်တာဘဲ၊ တကယ်ဆို တာဝန်ရှိတဲ့အပိုင်းကနေ ပွဲလာကြည့်သူတွေရဲ့လုံခြုံရေး နဲ့အဆင်ပြေရေးကို ဦးတည်ရမှာ အခုက လက်မှတ်စစ်တဲ့ဘ၀က တက်မလာဘဲ စီကျုရတီ စာမ်းထိုးပြီး ရတဲ့နေရာက ရသလို ပြောဆိုကြတယ်ဆိုတာ လဲလုံးဝမကောင်းတာဘဲ။

ပွဲတွေမကြည့်တာကြာလို့လားမသိဘူး ဘာမှ သောက်ချိုးကိုမပြေဘူးကြည့်လို့မရတာနဲ့ ပထမပိုင်းပြီးတဲ့အချိန်မှာဘဲ အပြင်ကို ပြန်ထွက်လာခဲ့တယ်။ အိမ်ပြန်မယ်လုပ်တော့ ကားငှားမလို့ဟာ ယဉ်ထိန်း ရဲတသိုက်က အဲဒီဖြူနီကြားတားထားတဲ့ ပလပ်ဖောင်းမှာ ရပ်နေကြလို့တော်တော်နဲ့ကားငှားမရဘူး။ ဘာတာဝန်ယူထားသလဲတော့မသိဘူး။ အဲဒီနားမှာ ယဉ်နှစ်ထပ်ရပ်ထားတာတွေ တော့ တွေ့ခဲ့တယ်။
The Three kings

ကိုယ့် ပြည်တွင်းက ကမ်းခြေတွေအကုန်စုံအောင်မရောက်ဖူးပါဘူး။ ဒီတခါတော့ သူငယ်ချင်းတွေ အဲအေးရှားလက်မှတ် ဈေးကျတာနဲ့ စုပေါင်းစပ်ပေါင်းပြီး ပတ်တ္တရား ကမ်းခြေကို ရောက်ခဲ့ကြတယ်။ ရှိတဲ့ သူက များများစိုက် ပေါ့ ၊ အခြေအနေ အရ သိပ်တော့ နေရာများများမသွားနိုင်ပေမယ့် ပတ္တရား ကမ်းခြေ နဲ့ ခပ်လှမ်းလှမ်းက ကျွန်းတကျွန်းပေါ်ကို ရောက်ခဲ့တယ်။ အဲဒီကို သွားတော့မှဘဲ ပတ္တရား ဘယ် လောက် ကျယ်တယ် လှတယ်ဆိုတာ သိရတော့တယ်။ ကျွန်တော်တို့ သွားတဲ့ ကျွန်းက ခန့်မှန်းခြေ အရ ကမ်းမကြီးကနေ ၅ မိုင်ထက်မနဲတော့ဝေးတယ်။ အဲဒီကျွန်းကို သွားဖို့ အတွက် speed boat ကို အဖွဲ့လိုက်စီးလုံး ငှားစီးတာ အသွားအပြန် ဘတ် ၃၀၀၀ လောက်ကျတယ်။ မြန်မာငွေ ၁သိန်းနီးပါးဘဲ။ သူက ကျွန်တော်တို့ ရေကူးအနားယူဖို့ ၂ နာရီကျော်ကျော်လောက်စောင့်ပေးတယ်။ သွားရတဲ့ ခရီးက မကြာပေမယ့် ပထမဆုံး အမြန်သွားတဲ့ ဘုတ်ကို စီးရတော့ အတော်လေး ကသိကအောက်ဖြစ်တယ်။ အဓိက ကတော့ လှေဝမ်းများ ကွဲ သွားမလားဆိုတဲ့ စိုးရိမ်စိတ်ဘဲ။ လှိုင်းတွေက ကြီး လိုက် သေးလိုက်ဘဲ။ အပေါ်ကို မြောက်တက်သွားလိုက်ပြန်ကျလိုက်နဲ့ နောက်ကထိုင်စီးတဲ့ ကိုကျော်ကြီးနဲ့ ရွှေဖြိန်း တို့တော့ သင်္ကြန်မှာ လည်သလို ရေရွှဲသွားတယ်။ ပါလာတဲ့ ကင်မရာတွေ ထုတ် ပြီး မရိုက် ရဲ တော့ဘူး။ ကိုယ့် ဟာကိုယ် ပြုတ်မကျအောင် မနဲကိုင်ထားရတယ်။ လှေသာစီးနေရတယ် တကယ်က ဘုရားပွဲက ရဟတ် စီးနေရသလိုဘဲ အတော်လေး အသဲယား ဖို့ ကောင်းတယ်။ တက်လိုက်ကျလိုက်နဲ့ နာရီဝက် မပြည့်ခင်မှာဘဲ ပတ္တရား ကမ်းခြေက နေ ကျွန်းပေါ်ရောက်ကြတယ်။

ရေတွေစိုကုန်ပြီ


ကျွန်းပေါ်မှာတော့ အတော်လေး စုံတယ်။ ဆိုင်ခန်းအများအပြားက လက်ဆောင်ပစ္စည်းနဲ့ အစားအစာတွေရောင်ကြတယ်။ ရေက အရမ်းကြည်တယ်။ လှိုင်း သေးတယ်။ သဲက အရမ်းနုတယ်။ တခုက ကမ်းခြေမှာ ပုလင်းကွဲတွေ တော်တော်တွေ့ရတော့ အန္တရာယ်များတယ်လို့ ထင်မိတယ်။ ဘီယာ ၀ယ်သောက်တာ ပတ္တရားကမ်းခြေက နာမည်ကျော် walking street က ဆိုင်တွေထက်ဈေးသက်သာ တာကို တွေ့တယ်။ တပုလင်းမှ ၇၀ ထဲ။ တနေ့က walking street က ကလပ်တခုမှာ ဘီယာ တလုံးကို ဘတ် ၉၀ နဲ့ ၉လုံး သောက်လာတာကို တွေးပြီး သက်သာတယ်ဆိုတာ သတိထားမိတယ်။ နောက် တော့ မထိုက်နဲ့ ကျွန်တော်က ဂဏာန်း စားချင်တာနဲတကီလို ကို ဘတ် ၇၀၀ တန်တဲ့ ဂဏာန်း တပွဲ ကို မှာစားတယ်။ ၃ ကောင်ပါတယ်။ အရမ်းစားလို့ကောင်းပါတယ်။ ရန်ကုန်မှာ လဲ စားဖူး ပေမယ့် ဒီမှာ ဈေးနဲနဲပိုများတယ် လို့ထင်တယ်။ နောက်ပြီး ဂုံး ပြုတ်တွေနဲ့ ရှဲလ် လို့ခေါ်တဲ့ ကနုကမာ လို ဟာတွေလဲ မှာစားတယ်။ အစားအသောက်ဘဲ ဘီယာဖိုးမပါဘဲ ဘတ် ၂၀၀၀ လောက် ကုန်သွားရော။ စားလို့လဲပြီးရော ၀မ်းသွားမှာ ကြောက်သွားတယ်။ အခပ်မသင့်ရင် ပင်လယ်အူနာလို့ခေါ်တဲ့ ၀မ်းကိုက်တဲ့ရောဂါတမျိုးဖြစ်တတ်တယ်လေ။

run away
သဲနုနုလေးတွေ



BB with me


စားကြမယ်ဟေ့ ဇွတ်
ပထမတော့ ရေမကူးဘူးဆိုတဲ့ အမျိုးသမီးများဖြစ်တဲ့ နီညန်းနဲ့မထိုက်တို့တော့ နောက်ဆုံး ရေဆင်းဆော့ကြတာဘဲ။ နီညန်းကတော့ သဲရဲတိုက်လေး ဆောက်နေရင်း ရေထဲဆင်းသွားတယ်။ ကျွန်တော် တို့က တော့ဘောလုံးကန်တယ်။ အရမ်းကို ခံနိုင်ရည်ရှိတော့ ၅ မိနစ်ကျော်လောက်ကန်လိုက်တာ နာရီဝက်လောက်နားယူလိုက်ရတယ်။ ရေလဲ ဆင်းစိမ်ရုံလောက်ဘဲ။ စားလိုက်သောက်လိုက် နေပူ မှာ ဆိုးလို့ ထိုင်နေလိုက်တာနဲ့ဘဲ အချိန်ကုန်သွားပါတယ်။



ကိုမျက်စေ့ကတော့ ပုံပုံတွေရိုက်နေပြီး တက်သစ်စ ပုံပုံဆရာ ရောင်းသူတကောင်တော့ လက်စွမ်းပြနေလိုက်တာ ၀က်ဝက်ကွဲ၊ ရိုက်ပြီးသမျှပုံတွေ ပေါ်မလာတတ်လို့ စိုးဇေယျလို ပုံမလာ ရောင်းသူ ဆိုပြီး အမည်ပေးရလိုဖြစ်နေတယ်။

ကိုမျက်စေ့နဲ့ Hai



ဘယ်ကိုချိန်ပြီး ဘာကိုချောင်းနေတာလဲမသိ
 ရွှေဖြိန်းကတော့ ထုံးစံအတိုင်း ဘောလုံးကန်လိုက်၊ ဘီယာလာသောက်လိုက်၊ ရေကူးလိုက်ဘဲ။ နောက်တော့ ကိုကျော်ကြီး နဲ့ကိုမျက်စေ့ စီးတဲ့ ရေပေါ် မော်တိုဆိုက်ကယ် ပေါ်လိုက်စီးတယ်။ ဓါတ်ပုံတွေလဲ တဖြတ်ဖြတ်ဘဲ။ ဘာဘဲဖြစ်ဖြစ်ပျော်စရာကောင်းပါတယ်။
ပဲအဲ...အဲအဲအဲ
ဝက်တကောင်ဘဲ ပဲများပုံပုံတွေရိုက် ဘီယာသောက် ဘောကန်၊ အမြည်းစား။ 




အသိပညာ ဆိုသည်က အရေးကြီးသည့် အနေအထားတွင် အမြဲတမ်းရှိခဲ့သည်ဆိုခြင်းကို ကမ္ဘာ့သမိုင်းဖြစ်ပေါ်တိုးတက်ပြောင်းလဲခြင်းများအတွင်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးဖြစ်ပါသည်။ တိုးတက်ပြောင်း လဲ နိုင်စွမ်း ရှိသော လူငယ်မျိုးဆက်သစ်များသည် အနာဂတ်ကမ္ဘာ အတွက် အရေးပါ လှတဲ့ အရင်းအမြစ်ဆိုခြင်းကို ဘယ်သူကမှ ငြင်းချက်ထုတ်မည်ဟု ကျွန်တော် ထင်ပါသည်။ လူတို့သည် လည်းကောင်း သဘာဝ ပတ်ဝန်း ကျင်သည်လည်းကောင်း သတ္တ၀ါတို့သည်လည်းကောင်း ဆင့်ကဲ တိုးတက်ပြောင်းလဲမှု ဖြင့် တဆင့်ထက်တဆင့်ကို တိုးတက်လာ ကြသည်သာဖြစ်ပါသည်။ လိုက်လျောညီထွေရှိသည့် အပြောင်းအလဲများကို ဖန်တီး နိုင် သော သက်ရှိတို့သည် ဒီကမ္ဘာလောကတွင် ဆက်လက်ရပ်တည်နေနိုင်သကဲ့သို့ မြင့်မားသော တိုးတက်ပြောင်းလဲမှုများကိုလဲ ဆောင်ကြဉ်းပေးနိုင်စွမ်းသော သူများဖြစ်လာခဲ့ပါသည်။ ကျွန်တော်တို့သည် မြောက်ဝံများ မဟုတ်ပါ။ ကျွန်တော်တို့သည် လူဟုခေါ်သော သတ္တ၀ါများသာဖြစ်ပါသည်။ ပေါ်ပေါက်လာသော အခွင့်အရေးနှင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို လိုက်လျောညီထွေ ပြုပြင်နေထိုင်နိုင်သော အဆင့်မြင့် အသိ ဥာဏ်ဖွံဖြိုးသည့် သတ္တ၀ါများဖြစ်ကြကြောင်း ကျွန်တော်တို့ သတ်မှတ် ထားကြသည်မဟုတ်ပါလော။

ပြောင်းလဲမှုတိုင်းတွင် အကျိုးသက်ရောက်မှုများရှိမည်မှာ မလွဲပင်ဖြစ်ပါသည်။ သို့သော် ထိုပြောင်းလဲမှုဖြစ်စဉ်သည် အဆိုးဘက်နှင့်အကောင်းဘက် ဆိုသော ဘက်နှစ်ဘက်မှ တဖက်ဖက်ကို အမြဲ တစေကျ ရောက် သွားလေ့ ရှိသည့် သဘောရှိပါသည်။ ပြောင်းလဲမှုကို လက်ခံ လိုက်သည်နှင့် တဖက်ဖက်သော အကျိုးခံစားမှုကို ကျွန်တော်တို့ ခံစားရမည်ဖြစ်ပါသည်။ လူမှုရေး ပြောင်းလဲမှု နှင့် လူနေထိုင်မှု၊ ဆက်သွယ်ရေး၊ ယဉ်ကျေး မှုစတဲ့ အပြောင်းအလဲများသည် အရင်လို ကြာရှည်စွာ ပြောင်းလဲသည့် ဆင့်ကဲဖြစ်စဉ် အတွင်းမှာမဟုတ်တော့ဘဲ ကျွန်တော်တို့ သည် revolution လဲမကျ evolution မမယ်တဲ့ Geovolution ထဲသို့ ကျွန်တော်တို့ ကျရောက်နေပြီဖြစ်ပါသည်။ Geovolution ဆိုသည်မှာ ပထ၀ီဝင် ဒေသဆိုင်ရာ ပြောင်းလဲ မှုဖြစ်စဉ်တရပ်အဖြစ် ကျွန်တော်တို့ ပဏာမ နားလည်ထားနိုင်ပါသည်။ ထိုပြောင်းလဲမှုသည် မြန်ဆန်မှုတွင် သာလွန်သကဲ့သို့ လေးလံမှုတွင်လဲ သာလွန်နိုင်စွမ်းရှိသည့် တဖက်ဖက်ကို ဒေသဆိုင်ရာ အလိုက်ပြောင်းလဲ မှုတိုးတက်ခြင်း နှေးကွေးခြင်းတို့ကို စံနှုန်း သတ်မှတ် ပေးနိုင်မည်မဟုတ်သော်လည်း ခန့်မှန်း တွက် ချက် နိုင်သော နည်းတခုဖြစ်ကောင်း ဖြစ်နိုင်မည်ဖြစ်ပါသည်။

မြေမျက်နှာသွင်ပြင် များသည် ကမ္ဘာ့မြေပုံ အတွင်းမှာ ဒီအတိုင်း ရှိနေနိုင်သော်လည်း ပြောင်းလဲမှုမြန်ဆန်လာသော သဘာဝ ဘေးအန္တရာယ် တို့နှင့် ပတ်ဝန်းကျင် နိုင်ငံများရဲ့ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အပြောင်း အလဲ များအလိုက် ဒေသတွင်း နိုင်ငံတခုမှ လူတွေရဲ့ အပြောင်းအလဲဟာ ပြီးခဲ့တဲ့ ရာစုနှစ်နဲ့ မတူတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ရာမှာ အမြန်အဆန် ပြောင်းလဲ လိုက်ပါလာနိုင်သကဲ့သို့ တဟုန်ထိုး ကျဆင်းသွားနိုင်တဲ့ အနေ အထားကို ရောက်နေပြီဖြစ်ပါသည်။ ကမ္ဘာကြီးသည်၂၃ နှစ်ပိုင်းတပိုင်းနဲ့ တိမ်းစောင်းလည်ပတ်နေပေမယ့် နေ့ည တပတ်လည်ဖို့ ၂၄ နာရီ အချိန်ကြာတယ်လို့ ယခင်က သတ်မှတ်နိုင်ခဲ့သော်လည်း အခုအခါမှာ ကမ္ဘာ့ ရွာကြီးလို့ ခေါ်တဲ့ အဆင့်အနေအထားရောက်အောင် ကမ္ဘာ့လည်နိုင်စွမ်းဟာ စက္ကန့်နဲ့အမျှအမြဲပြောင်းလဲနေပါပြီ။ အဲဒီမှာ မှတ်သားဖို့ရာ အခုလို လည်ပတ်နိုင်ဖို့အတွက် အဲဒီသက်ဆိုင်ရာ တိုင်းပြည်နိုင်ငံရဲ့ လက် ခံနိုင်စွမ်းနဲ့ နိုင်ငံသားတွေရဲ့ အသိပညာ အတိမ်အနက်နဲ့ ခံယူချက်တွေ ကိုထည့်သွင်း ရတဲ့အခါမှာ အချို့ကမ္ဘာ့ နိုင်ငံတွေဟာ အလျှင်အမြန် လည်ပတ်နေတဲ့ စီးကြောင်းအတိုင်းလိုက်ပါနိုင်ပေမယ့် အချို့နေရာတွေမှာ တော့ ကမ္ဘာဟာ ပိုမိုနှေးကွေးစွာ လည်ပတ်နေတုန်း ဖြစ်နေပါတယ်။ ဒါဟာ Geovolution ရဲ့ အစိတ်အပိုင်းတွေထဲက တခုဖြစ်ပါတယ်။ တနေ့ရွှေ တနေ့ငွေလို့ဆိုတဲ့ အနေအထားကို ရောက်ရှိ လာတဲ့ ကမ္ဘာ့ ပြောင်းလဲမှုတွေဟာ မြေမျက်နှာသွင်ပြင်မှာတင်မကဘဲ သဘာဝ တရားရဲ့ မျက်နှာသာ ပေးမှုကိုပါ ထည့်သွင်း တွက်ချက် ရမယ့် အနေအထားဖြစ်လာပါတယ်။

အမေရိကန်ရဲ့ စူပါ ပါဝါ ကျဆင်းလာတဲ့ အကြောင်းတွေကို Geovolution နဲ့စဉ်းစားကြည့်ရင် သူ့ရဲ့ အာဏာ သက်ရောက်တယ်လို့ပြောလို့ရတဲ့ မြေပြင်အနေအထားဟာ ကမ္ဘာ အနှံ့မှာ ပျံ့ကျဲနေတာတွေ့ရပါ လိမ့် မယ်။ ဒီလို ပျံ့ကျဲနေတဲ့ မြေပြင်ရေပြင်တွေကို ထိန်းကျောင်းကွတ်ကဲရတဲ့ စားရိတ်ဟာ နှစ်စဉ်မှာ ကြောက်ခမန်းလိလိ တိုးတက်လာတာကို စပြီးတွေ့နိုင်ပါတယ်။ စစ်သုံးစားရိတ် ကျခံနေတဲ့ ဒေသတွေကို တွက်ချက် မယ်ဆို ထို့အတူ ပျံ့ကျဲနေတဲ့ အာရှဒေသ က စစ်မျက်နှာပြင်တွေ၊ အာဖရိက နဲ့ ကမ္ဘာတလွှားက စစ်အခြေစိုက်စခန်းတွေ နဲ့ ထိုအသုံးစားရိတ်များဖြစ်ပါတယ်။ ပျံ့ကျဲနေတဲ့ မြေပုံတွေကို ပိုင်ဆိုင်ခြင်းက တချိန်က နေမ၀င်အင်ပိုင်ယာ ဖြစ်တဲ့ ဗြိတိန် တို့ရဲ့ကျဆုံးခန်းနဲ့ သွားဆင်ပါတယ်။ အဲဒီလက်တံတွေ ရှည်လျားများပြားလာခြင်းဟာ တိုင်းပြည်ရဲ့ စီးပွားရေးကိုကျဆင်းစေပြီး ဘတ်ဂျက်လိုငွေပြမှုကို ဆက်လက် မြင့်တက် လာမှာ ဖြစ်ပြီး ပြိုင်ဘက်တွေအတွက် အားသာချက်တွေ ရရှိသွားနိုင်တဲ့ အခွင့်အလမ်းကိုဖော်ဆောင်ရာရောက်လာမှာဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ ပြောင်းလဲလာတဲ့ သဘာဝဘေးအန္တရာယ်တွေ ကြောင့် အစိုးရရဲ့ ထုတ်ကုန်သုံးစွဲရတဲ့ ဘတ်ဂျက်တွေ ဆက်လက်မြင့်တက်လာနိုင်ပြီးအရေးပေါ်ဖြည့်ဆည်းရေး အစီအမံတွေကြောင့် နိုင်ငံရေးထိခိုက်မှုတွေကိုလဲ လက်ရှိအစိုးရအနေနဲ့ ရင်ဆိုင်လာရမယ့် အနေအထားကို ဦးတည် လာနိုင်ပါတယ်။ မတူညီတဲ့ကမ္ဘာ့ဒေသ တွေအတွက် ထားရှိတဲ့ အမေရိကန်ပြည်သူတွေရဲ့သဘောထားဟာ လက်ရှိအစိုးရနဲ့နောက်အစိုးရတွေအတွက် အကြပ်အတည်းကို အမြဲကြုံတွေ့ရလာနိုင်ပါတယ်။ မက္ကဆီကို ပင်လယ်ကွေ့မှာဖြစ်ပေါ်နေတဲ့ ရေနံ ဖိတ်စင်မှု ကို အခုအထိ ထိမ်းသိမ်းဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့ အတွက် ပတ်ဝန်းကျင်နိုင်ငံတွေ ဖြစ်တဲ့ လက်တင် အမေရိက နိုင်ငံတွေနဲ့ ပြသနာ အနည်းနဲ့အများရင် ဆိုင် ဖို့ တာဆူနေပါတယ်။ တဖက်မှာလဲ အာရှက မဟာမိတ်တွေနဲ့ သူတို့တွေဆီက အကြမ်းဖက်အဖွဲ့အစည်းတွေကြောင့် လည်းကောင်း ၊ အစ္စရေး အပေါ်ထားရှိတဲ့ အမေရိကန်သဘောထားကြောင့်လည်းကောင်း အရှေ့ အလည်ပိုင်းမှာ မိတ်ပျက်နေတဲ့အမေရိကန်အတွက် Geovolution အရ အမေရိကန်ရဲ့ လည်ပတ်နှုန်းဟာ လျော့ကျလာပါတယ်။

ဆက်လက်ဖော်ပြပါမည်။
I don’t know why I’m  doing this activity! We already knew it, the earth is our nature mother.The world is our home, the world is our future. The world created many things for anything we need. But the world is not enough. Human-been make the effected thing on the earth, the world is sick now. Who can save her?

We are the son of the earth, We need to do something for earth. Now we must be save to the world. The time is come. Everyone have a responsiveness for the earth. She is the lovely nature mother of us. Do you know,

There is nothing important than to protect our earth until our last breath.

ဒီကားလေးကို ဘန်ကောက်ရောက်တုန်း အချိန်အဆင်ပြေတာနဲ့ ၀င်ကြည့်ဖြစ်ပါတယ်။ အချိန်က ည ၈ ခွဲပွဲ လေ။ ညဈေးတွေလျောက်သွားချင်တာနဲ့ အချိန်ဖြုန်းလိုက်တာ။ ပထမတော့ သိပ်ကောင်း မယ် မထင်ဘူး။ နောက်တော့မှ အချစ်ဟာသ ဇတ်မြူးလေးတခုဆိုတာတွေ့တယ်။ စိတ်ထားကောင်းပြီး လောင်းကစားမက်တဲ့ ရဲ တဦးနဲ့ အရမ်းတက်ကြွတဲ့သတင်းထောက်မလေးတဦးရဲ့ အိမ်ထောင်ရေး အဆင်မပြေမှု ကို နောက်ခံထားပြီး တယောက်ကိုတယောက် သံယောဇဉ်တွေ ရှိလျက်နဲ့အယူအဆတွေကြောင့်ကွဲလွဲ နေတဲ့ အလွဲတွေကို ဟာသဆန်ဆန်ရိုက်ပြထားပြီး ကွဲအက်နေတဲ့အိမ် ထောင်ရေး က ဘယ်လို အဆုံးသတ်သွားတယ်ဆိုတာ ဆက်လက်ရှုစားဖို့တော့လိုမယ်နော်။ မကြာခင်ရန်ကုန်မှာ ရုံတင်မတင်တော့မပြောတတ်ဘူး။ ရန်ကုန်ပရိတ်သတ် ကြိုက်လောက်မယ်တော့ထင်ပါတယ်။

ဒီဇတ်လမ်းလေးကို Andy Tennant က ရိုက်ကူးထားတာဖြစ်ပြီး မင်းသား Gerard Butler နဲ့ နာမည်ကြီးမင်းသမီး Jennifer Aniston က သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ၁၀၆ မိနစ် ကြာမြင်တဲ့ ဒီကားကို ဒေါ်လာ သန်း ၄၀ အကုန်ခံပြီး ရိုက်ထားတယ်လို့ဆိုပါတယ်။ ကဲ ဒီအပတ် ရုပ်ရှင်ကြည့်မယ်ဆို ဒီကားလေးကြည့်ပါဦး။

နမူနာကို ဒီမှာ ကြည်ပါ။
တမျိုးတော့မထင်နဲ့ဗျာ၊ ကျွန်တော်ပြောမယ့်ပါတီက ပျော်ပွဲရွှင်ပွဲပြောတာ။ ရန်ကုန်နဲ့မတူတဲ့ အနေအထားနဲ့ ပတ်ဝန်းကျင် တွေကြောင့် ဘန်ကောက်ရောက်တိုင်း ဒေသအခေါ် disco တွေ ဆီကို ချေ လှမ်း တတ်တယ်။ အခု ရောက်ခဲ့တဲ့ နေရာတွေမှာ လဲ မတူညီတဲ့ စွဲဆောင်မှုတွေရှိတယ်။ ၂၉ ရက်နေ့ကတော့ ဘန်ကောက်ရဲ့ညပွဲတော်ကြီးပေါ့။ ကာဖျူး ရုတ်သိမ်းလိုက်တော့ အားလုံး အတိုးချပြီး ပျော် ကြတာကိုတွေ့တယ်။ ထိုင်းတွေအစ နိုင်ငံခြားသားတွေအဆုံးပေါ့။ ညမအိပ်တဲ့မြို့ကြီး အခုမှ တရေးပြန်နိုးလာတယ်။ ကျွန်တော့် သူငယ်ချင်းပြောတဲ့ စကား ပြန်ပြောပြမယ်။ “Tonight is perfect and every night is good night” လို့ Mike ကပြောတယ်။ ဟုတ်ပါတယ် ဒီညတွေဟာ အမြဲတမ်း အကောင်းဆုံးမျှော်လင့်လို့ရတဲ့အနေအထားဖြစ်တယ်ဆိုတာကို ကျွန်တော်တွေ့ခဲ့တယ်။
အခြားကလပ်တွေလိုဘဲ နိုင်ငံခြားသားတွေအများအပြား လာတဲ့ ကလပ်တွေရှိတယ်၊ အဲဒီမှာ ခွန်ဖ-လန် လို့ခေါ်တဲ့ နိုင်ငံခြားသား အဖြူကောင်တွေကို အထင်ကြီးတဲ့ ထိုင်းမလေးတွေ အများအပြား လာ ကြတယ်။ ဘိုလိုတွေပြော ပြီး နောက်ဆုံးတော့ ဘိုလိုတွေမှုတ်တယ်ပေါ့နော်။ အဲဒီလို ကလပ်တွေကို အရင်က ရောက်ဖူးပေမယ့် ဒီတခါသွားတဲ့ ကလပ်က  မိုက်တယ်ပေါ့။ သူငယ်ချင်းများ အားကိုးရတာ ပြောပါတယ်။ တယောက်ပြီးတယောက် ကောင်မလေးတွေမိတ်ဆက်ပေးတာ မူးနေတာနဲ့ နာမည်တွေမေ့ကုန်ရော ချက်ခြင်း  ။ ကိုယ်က တကယ်တော့ အဲဒါတွေစိတ်ဝင်စားလို့ လိုက် လာတာမဟုတ်ဘူး၊ သောက်ဖို့ သက်သက်ဘဲ ၊ ဒါပေမယ့် ဒီလိုနေရာမှာ အလွယ်တကူ ရနိုင်တဲ့ အရာတခုနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းအမြင်ရှိတဲ့ သူတွေအများအပြား လွတ်လွတ်လပ်လပ် လွတ်လပ် ကြတဲ့ ကလပ်တွေလဲဖြစ်ပါတယ်။ ဟိုဟိုဒီဒီ အသက်မွေးဝမ်းကျောင်းတဲ့ မိန်းကလေးတွေလုံးဝမရှိဘဲအလွှာ တခုတည်းသီးသန့်ဆန်တယ်လို့တော့ မြင်တယ်။
မနေ့ကညကရောက်တာတော့ CoCoWalk လို့ခေါ်တဲ့ ဘီယာဆိုင်တွေအများအပြားရှိတဲ့ ရပ်ဝန်းတခုပါ။ ဘန်ကောက်ရောက်တိုင်းအမြဲရောက်ဖြစ်ပါတယ်။ အဲဒီမှာ ကျောင်းသူတွေနဲ့ လူငယ်တော် တော်များများ လာရောက်တာကိုတွေ့ပါတယ်။ ပထမနေ့ ၂၈ ရက်နေ့ကဆို အဲဒီနေရာမှာ ခြောက်သွေ့နေပြီးလူမရှိပေမယ့် ကာဖျုးလဲသိမ်းလိုက်ရောက် မနေ့ညက အရင်အတိုင်း တိုးမပေါက်ဖြစ်သွား တယ်။ ဘယ်မှမထွက်ရတဲ့ ၂ ပတ်အတွင်း ဘန်ကောက်ကသူတွေငွေတော်တော်စုမိမယ်လို့ထင်တယ်။
Co Co walk တစ်နေရာ
နောက်တော့ အရှိန်ရလာတာနဲ့ ဆက်ပြီးသွားဖြစ်တာက Q Bar. တနေ့ကတော့ Bangkok Beat ဆိုတဲ့ ကလပ်ကိုရောက်တယ်။ သီချင်းဆိုတဲ့ အဆိုတော်နဲ့ကလပ်ပါ။ သူလဲ မဆိုးပါဘူး။ ဒါပေမယ့် အရမ်း နားညီးတယ်လေ။ အခု သွားဖြစ်တဲ့ Q Bar ကတော့ ခေါင်မိုးပေါ်မှာ အရက်သောက်၊ အောက်ဆင်းသွားမှ ကလပ်ရောက် ဆိုတော့မဆိုးဘူး။

ဒါက ၀င်ပေါက်ပေါ့ အပေါ်တက်မယ်ဆို
အဲဒီမှာ တမာကူအိုးခေါ်တဲ့ ဆေးပိုက်နဲ ဆေးရှူကြတာတွေလဲ တွေ့တယ်။ အနံ့တွေက မျိုးစုံဘဲ ၊ ဈေးကြီးတယ်။ တခါရှူမယ်ဆို အနည်းဆုံး ဘတ် ၅၀၀ လောကုန်တယ်။ အနံ့တွေက ဘာနဲ့တူလဲဆို တကယ်တမ်းပြောရရင် အမွှေးတိုင်ကို ရှုနေသလိုဘဲ ချိုတာတွေရောမွှေးတာတွေရော အစုံဘဲ။ နောက်တခုသဘောကျတာ အဲဒီကလပ်မှာ သူ့ ဆိုင်းဘုတ်တခုကို မီးတန်းနဲ့လုပ်ထားတာဘဲ။ ဒီအတိုင်း ကြည့်လို့မမြင်ရဘူး။ မျက်စေ့ကို တချက်လောက်ပိတ်လိုက်ရင်ဖြစ်ဖြစ် ခေါင်းရမ်းလိုက်ရင်ဖြစ်ဖြစ် ဆိုမှ မြင်ရတယ်။ ဖြတ်ကနဲတွေ့လိုက်ရတယ်ဆိုတဲ့သဘောပေါ့။ ဒီမှာကြည့် လိုက်ကြည့်။

မီးတန်းနဲ့လုပ်ထားတဲ့ ဆိုင် logo
ပြောပေါင်းလဲများပါပြီ။ ဒီတခါတော့ ဘယ်လိုမှ ကိုးကားပြောမနေချင်ပါဘူး။ သူများပုံတွေယူသုံးတဲ့ကိစ္စ ၊ သူများ ဖန်တီးထားတာကို ဖြတ်ကနဲဖြတ်ကနဲ ယူသုံးတာ ဘာနဲ့တူလဲဆိုတော့ လက်ဆော့ တဲ့ ကလေးတွေလိုဘဲ။ ကိုညီလင်းဆက်တယောက် ဘဲ ဒီလိုယူသုံးတဲ့ အကြောင်း မကောင်းပြောနေတာ မဟုတ်သေးဘူး။ ကျွန်တော်တို့လဲသေချာ ပြောကြသင့်တယ်။ စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ သူတွေ ယူသုံးရင် သိပ်အကျည်းတန်တယ်။ ကျင့်ဝတ်တွေအကြောင်းတော့မပြောဘူး။ လူလိုနားလည်ရင် သူများဟာ ဒီလို လက်လွတ်ဆံပယ် မပြောဖို့မလုပ်ဖို့လိုတယ်။ တခါမက တွေ့ခဲ့ကြတာတွေ များတော့ ဘယ်လိုဘာလိမ့်လို့တောင်ထင်မိတယ်။ ကြုံဖူးပါတယ်။ သူများဟာလဲ ယူသုံးတယ်ပြောတော့လဲမကြိုက်ဘူး။ အဲလိုလူမျိုးသာဆိုးတယ်။ ပြတ်ပြတ်ပြောရရင် တပါးသူဖန်တီးထားတာကို စီးပွားရေးအရ အသုံးချဖို့ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ဘယ်လိုရည်ရွယ်ချက်များကိုနဲ့မဆို မပြောဘဲယူသုံးရင် ခိုးတယ်လို့သတ်မှတ်တယ်။ အင်တာနက်ခေတ်မှာ ပြောဖို့မေ့သွားလို့ပါတို့၊ နောက်မှပြောမလို့ ဆိုတာ အလကားဆင်ခြေဖြစ်တယ်။ တခါတည်းပြောလို့ရတယ်။ အတည်ပြုပေးဖို့လိုရင် စောင့်ပေါ့။ ဂျာနယ်များလဲ သူတို့ ပရင့်တင်တဲ့ အမှီဘဲ အသုံးခံရမယ့် သူက အချိန်မှီခွင့်ပြုပေးရမယ့်ပုံ။ သောက်ပြား တပြားမှမရဘဲ သူတို့ သုံးလိုက်တာကြောင့် ပြသနာ တက်လာနိုင်တာကို နားမလည်တဲ့ နာမည်ဝှက် နဲ့နိုင်ငံရေး လိုလို သူရဲကောင်းလိုလို ရေးနေတဲ့ ကောင် တွေက တမျိုး ။  အမှန်ဆို ဖန်တီးတည်ဆောက်ထားမှုဆိုတာတွေက ရင်ထဲကလာတဲ့ သူ့ရဲ့ အနုပညာ တခုဘဲ၊ ဒါကို လွယ်လွယ် အသုံးချပြစ်တာက မကောင်းတဲ့ ကိစ္စ၊ ကိုးကား တာကတော့ လက်ခံချင်စရာ ကောင်းပေမယ့် အကိုးအကားကို ဘယ်က ယူတယ်ဆိုတာ ဖော်မပြပေးနိုင်တာကတော့ ရိုးသားမှုမရှိတာဘဲ၊ စာဘဲဖြစ်ဖြစ် ပုံဘဲဖြစ်ဖြစ် သူများဟာကို ယူသုံးရင် အသိပေးအကြောင်းကြားသင့်တယ်ဆိုတာထက် ကာယကံရှင်က တကယ်အသုံးပြုစေချင်စိတ်ရှိမရှိကို သေချာအောင်မေးဖို့လိုတယ်။ အင်တာနက်မှာ ရှိနေတိုင်း ဇွတ်တရွက် ယူသုံးလို့ရတယ်လို့ ဆိုတဲ့ အမြင်မျိုးတွေ လျော့ချသင့်တယ်။ ဒါနဲ့ နောက်တခု က တလောက ဖြစ်တဲ့ ပါးရိုက်ခံရတဲ့ ပြသနာလို ဟာတွေ အခုကျွန်တော်ပြောနေတဲ့ ကျင့်ဝတ်တွေကို နားလည်မှု အားနည်းလာ တာတွေက အဲဒီ ဂျာနယ်တွေ ဂျာနယ်လစ်တွေရဲ့ လေ့လာမှုအားနည်းတာနဲ့ တအားငယ်သေးတဲ့ သူတွေကို အရေးပါတဲ့ သတင်းအချက်အလက်တွေ လိုက်ရာမှာ သေချာအောင် ပြောဆိုသင်ကြားပေးမှုတွေ မရှိဘူးဆိုတဲ့အချက်ဘဲ။ တနေ့ကလဲ တွေ့လိုက်ပါတယ်၊ ကဗျာဆရာကြီးတွေ ပန်းချီဆွဲတဲ့နေ့မှာ ကင်မရာ အကြီးကြီးတွေနဲ့သတင်းယူနေတဲ့ ကလေးလေးတွေ၊ သူတို့ကိုငယ်တာကြီးတာ ခွဲခြားတာမဟုတ်ပေမယ့် အတွေ့အကြုံမရှိသေးတဲ့ ကလေးတွေကို သီးသန့်လွှတ်ပြီး နာမည်ကြီးပြီးသား ဘိုးအေ တွေဘွားအေတွေကို မေးမြန်းအင်တာဗျုးခိုင်းတာ အန္တရာယ်များတဲ့ အလုပ်တခုဘဲ ဆိုတာ အယ်ဒီတာတွေသိသင့်သလို၊ အတန်းအစားတရပ်ရှိနေတဲ့ နာမည်ကျော်သူတွေနဲ့ အင်တာဗျူး ကို ဒီလို သတင်းရရင် ဖြစ်တဲ့အနေအထားနဲ့ ကလေးတွေကို မြေစမ်းခရမ်းပျိုး လွှတ်တာတွေ လဲ ဆင်ခြင်သင့်တယ်။  ကဲပါဗျာ ထားလိုက်ပါတော့ ၊ မပြောမဆို ကိုယ့်စာတွေ ပုံတွေ ကို အသုံးခံရတဲ့ သူတွေကတော့ ဒီလိုဖြစ်လိမ့်မယ်

အေသင်ချိုဆွေ ဆိုတဲ့ ဟိုသီချင်းထဲက လိုဆိုရရင်တော့

တင်းတယ် တင်းတယ် တင်းတယ် တင်းတယ်ဟေ့
လှူတယ်တန်းတယ်ဆိုတာ ကောင်းပါတယ် ကျွန်တော်တို့ ဘာသာတရားမှမဟုတ်ပါဘူး ကမ္ဘာပေါ်မှာ ရှိတဲ့ဘာသာတိုင်းရဲ့ အဆုံးအမအောက်မှာ လှူတန်းတဲ့ အရာဟာ ထောက်ထားညှာတာမှုသဘော နဲ့ မျှဝေခံစားမှုဆိုတဲ့ လူ့ဘောင်အဖွဲ့အစည်းအတွက် အရေးပါအရာရောက်ပါတယ်။ ဘာသာရေးမျှော်မှန်းယုံကြည်ချက်နဲ့ လှူတန်းမှုတွေ အပြင် အခြားသော လူသားခြင်းဆိုင်ရာ ထောက်ပံ့ ကူညီမှု ဆိုတဲ့ ဘုံ အလှူအတန်းလုပ်တဲ့ စကားလုံးတွေပေါ်ပေါက်လာတဲ့ထိ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မဆို ပေးကမ်းလှူဒါန်းတယ်ဆိုတာ ဘုရားအဆုံးအမမှာတောင် မင်္ဂလာတရားတော်နဲ့ညီညွတ်ပါတယ်။

ရေဆိုတာ လူသားတွေအတွက်ရော အသက်ရှင်ရပ်တည်နေတဲ့ သတ္တ၀ါတွေအားလုံးအတွက် အရေးပါလှပါတယ်။ ကမ္ဘာကြီးရဲ့ သုံးပုံ၂ပုံဟာ ရေထုဖုံးလွှမ်းထားပါတယ်။ လူတယောက်မှာ တည်ဆောက် ထားတဲ့ ရုပ်ခန္တာမှာလဲ ရေဟာ ၇၀% ပါဝင်ပါတယ်။ ဒီတော့ ရေအသက်တမနက်ရယ်လို့ အားလုံးသိကြတဲ့ အရေးပါလှတဲ့ရေဟာ ကမ္ဘာကြီးမှာ ရှားပါးလာတယ်။ တကယ်က ဖောင်စီးရင်းရေငတ်နေတဲ့ ကျွန်တော်တို့ ကမ္ဘာ့လူထုဟာ ၆၀% သော လူတွေမှာ သန့်ရှင်းတဲ့ ရေကို သုံးစွဲခွင့်မရကြသေးပါဘူး။ လောဘရမက်ကြီးတဲ့စက်မှု ထိပ်သီးနိုင်ငံတွေရဲ့ မတော်မတရား စက်မှုစီးပွားတွေကြောင့် ကမ္ဘာကြီးက ပိုမိုပူနွေးလာတယ်လို့ သိလာကြပါတယ်။ ဒီအကျိုးကတော့ ကျွန်တော်တို့အားလုံးဟာ ရေချိုရှားပါးပြတ်လတ်မှုကို မျက်ဝါးထင်ထင်ရင်ဆိုင်လာကြရပါတယ်။

သဘာဝတရားကို ဖိအားပေးပြောင်းလဲပစ်နိုင်တဲ့ ဘေးထွက်ဆိုးကြိုးတွေကြောင့်မိုးခေါင်ရေရှား ရပ်ဝန်းတွေဟာ ပိုမိုကျယ်ပြန့်လာပါတယ်။ ကျွန်တော်တို့ နိုင်ငံကို ဒီနှစ်မှာ ဆိုးဆိုးရွားရွား ရင်ဆိုင်စေ ရတာကတော့ ပိုမိုပူပြင်းတဲ့နွေရာသီနဲ့ရှည်လျားတဲ့ မိုးခေါင်မှုဟာ ဒီရေချိုရရှိမှုအတွက် အခိုက်အတန့် ကြပ်တည်းမှုတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ခံစားနေရပြီ။ သောက်သုံး ရေရရှိရေးဟာ ပထမဦးစားပေးအနေအထားကိုရောက်လာပါတယ်။ မိုးမရွာပါဘူး။ မြေအောက်ရေတွေခန်းခြောက်ခဲ့သလို ရေချိုတွေမှာ ဓါတ်ဆားပျော်ဝင်မှုတွေ အားကောင်းလာပါတယ်။ ရေလှောင် ကန်တွေ အားလုံးခန်းခြောက်သွားပါတယ်။ မိုးကိုမျှော်နေသူတွေအတွက် စောင့်စားရင်ဆိုင်စရာ သောက်ရေ မရှိတော့ပါဘူး။ ရေမရတဲ့အတွက် ရောဂါဘယတွေပိုမိုထူပြောလာနိုင်ပါတယ်။ တဖက်က ပူလောင်မှု တဖက်က ရေရှားပါးပြတ်လပ်မှု။ ဒါတွေကို တင်းပြည့်ကျပ်ပြည့်ခံစားနေရသူတွေသောင်းသိန်းချီလာပါပြီ။ ရေ အတွက် ကျွန်တော်တို့တခုခုလုပ်ပေးဖို့လိုလာပါတယ်။ ကျွန်တော်တို့ သောက် ရေထောက်ပံ့မှုတွေလုပ်ပေးရမယ်။ ရေလှူတဲ့ အကျိုး၁၀ ပါးရှိတယ်တဲ့။ အကုန်လုံးအလွတ်မရပေမယ့် ရေဟာ ဆာလောင်သူတွေအတွက် အားတခုဖြစ်စေဖို့ အသက်ရှင်ရပ်တည်ဖို့ တန်ဖိုးရှိဆုံး အရာ ဆိုတာ ကျွန်တော်တို့အားလုံးသဘောပေါက်နားလည်ကြတဲ့အတိုင်း တာဝန်ဆိုတဲ့ စကားလုံးထက်ကျော်လွန်တဲ့ မေတ္တာနဲ့ ဆာလောင်သူတွေအတွက် ကိုယ်ချင်းစာတရားရှေ့ထားပြီး အတတ်နိုင်ဆုံးမျှဝေခံစားဖို့ရာ ရေလှူတန်းသူတွေ အများအပြား ဟာ ခြောက်သွေ့နေတဲ့ တာရိုးတွေကို ကျော်ဖြတ်၊ နေပူပူထဲက မြစ်ပြင်ကျယ်တွေကို ကူးခတ်၊ သူတို့တွေ အရောက်လာခဲ့ပါပြီ။

ရေငတ်တုန်းရေတွင်းထဲကျ၊ ဖန်ပြာခွက်နဲ့ကျောက်စက်ရေမဟုတ်သည့်တိုင်၊ ရွှေသမင်အလိုက်မလွဲဖို့ တန်လျပ်တွေကြားထဲကနေပြီး အလှူရှင်တွေ အင်နဲ့အားနဲ့ ၊ ကြည်ကြည်နူးနူး၊ ပူလှတဲ့ နေပြင်း ပြင်းအောက်မှာ အပြုံးတွေဆီးကြိုနေမယ့် ရေလိုသူတွေအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ဖြည့်စွမ်းနိုင်ခဲ့ပါတယ်။ ဒါတွေကို စာနာထောက်ထားသူတွေ အများအပြားဆက်လက်ပေါ်ပေါက်လာဖို့လိုပါတယ်။ တခဏ ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ပေမယ့် လိုအပ်နေဆဲဖြစ်နေတာ ကတော့ ဆင့်ပါးစပ် နှမ်းပက်နေခဲ့သလိုပါဘဲ၊ သိမ်းထားပြီးမှ ပြန်ဖော်စားလို့ရတဲ့ ခေါက်ဆွဲခြောက်မဟုတ်ပါဘူး။ နေ့စဉ် လိုအပ်ချက်ဟာ အလုံးစုံ ပြည့်ဝစေအောင်ဖြည့်ပေးနိုင်ဖို့ စိန်ခေါ်ချက်ဖြစ်နေပါသေးတယ်။ ဒါကြောင့် အချက်အလက်တွေကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိဖို့လိုပါတယ်။ ဒါဟာ စာနာထောက် ထားမှုအတွက် လူသားအဆန်ဆုံးသော သတင်း ပေးပို့ချက်ဖြစ်ပါလိမ့်မယ်။ တာဝန်ရှိသူတွေ ရဲ့နေ့စဉ် သတင်းစာတွေ တီဗွီနဲ့ရေဒီယိုတွေမှာ ပါ သတင်းအချက်အလက်တွေ ဖော်ပြပေးနေပါတယ်။ သွားရောက်လှူဒါန်းလိုသူတွေ လဲ လွတ်လပ်စွာ သွားရောက်လှူဒါန်းနေကြပါတယ်။ ဒါဟာ သတင်းမှဟုတ်ရဲ့လား။

သတင်းအချက်အလက်တခုဖန်တီးဖို့အတွက် သွားရောက်လှူဒါန်းမှုတွေ ရှိလာတာဟာ တဖက်ကမီးစ တဖက်ကရေမှုတ်နဲ့ ပြသနာကို ကြီးထွားအေင်ဆောင်ရွက်နေတာနဲ့တူပါတယ်။ အချို့သော ကျင့်ဝတ်မရှိတဲ့ သတင်းသမားတွေဟာ သတင်း ဖန်တီးဖို့ လှူဒါန်းသူတွေရဲ့ ဖြုစင်မှုကို ခုတုန်းလုပ်ပြီး သတင်းတွေတည်ဆောက် ဓါတ်ပုံနဲ့ ဆောင်းပါးတွေတွင်တွင်ရေး အလှူငွေအတွက်တော့ လက် နှေးနေတာကိုတွေ့ရပြန်ပါတယ်။ ရေခန်းခြောက်တာ သဘာဝတရားကြောင့်ဖြစ်ပါတယ်။ ပေါ်လစီ မှားလို့ရေခန်းသွားတယ်ဆိုတာ ရာဇ၀င်မှာမရှိပါဘူး။ မဆိုင်တာတွေကို အတင်း ဆိုင်အောင် လုပ် ဆောင်ချင်တာနဲ့ လုပ်ပွဲတွေဖန်တီး တဲ့ သတင်းသမားတွေကြောင့် တကယ့်လိုအပ်တဲ့နေရာတွေမှာ အချိန်မှီလှူဒါန်းထောက်ပံ့ဖို့ခက်ခဲသွားသလို ဆက်လက်သွားရောက်လှူဒါန်းလိုသူတွေအတွက်လဲ သို့လောသို့လော ဒွိဟဖြစ်စရာတွေ တင်ကျန်ရစ်ခဲ့ပါတယ်။ ကျင့်ဝတ်မညီတဲ့ ရေးသားဖော်ပြချက်တွေကြောင့် ကာယကံရှင် လှူဒါန်းသူတွေအတွက် များစွာ အနှောက်အယှက်ဖြစ်စေခဲ့ရတာ တွေလဲ ဖြစ်လာပါတယ်။ ဒါကြောင်း ကျွန်တော်တို့လှူဒါန်းနေတာတွေဟာ လူအခြင်းခြင်း ကူညီထောက်ပံ့တာသာဖြစ်ပြီး ဘယ်သူ့ဘယ်သူတွေကိုမှ အပြစ်တင်ပြောဆိုဖို့ မဟုတ်ပါဘူး။ ကလေးကိုမုန့်ကျွေးပြီး အရိုက်ကြမ်းတဲ့သူ့မိဘအကြောင်း အတင်းတုတ်ဖို့မဟုတ်ပါဘူး။ ဒါတွေဟာ အရမ်းသိမ်ငယ်ကျဉ်းမြောင်းလွန်းပါတယ်။ ဖြစ်တတ်တဲ့ အချက်အလက်တွေကို ပိုမိုပြောဆိုမနေဘဲ တကယ်ဖြစ်နေတဲ့ အခြေအနေနဲ့ ဒေသဆိုင်ရာလိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းပေးနိုင်မယ် ဖြည့်ဆည်းပေးနိုင်တယ် ဆိုတာကသာ ပြည်သူလူထုအတွက် တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေဖြစ်ပါလိမ့်မယ်။

မဟုတ်မဟတ် တအိတ်ကိုတဆိတ်လုပ် မြောက်ပြဆန်တောင်းလုပ်မယ့် သတင်းအရင်းအမြစ်တွေဖန်တီးဖို့အတွက်တော့ တကိုယ်ရေတကာယကောင်းစားဖို့ သတင်းအချက်အလက်တွေ ဖန်တီးဖို့အ တွက်တော့ ကျွန်တော်တို့လှူဒါန်းသူတွေအနေနဲ့ အသုံးချခံ မော်ဒယ် မဖြစ်စေချင်လို့ဒီစာကိုရေးတာပါ။ လှူတန်းသူများအားလုံးရေလိုအေးလို့ပန်းလိုချမ်းမြေ့နိုင်ပါစေ။
ကျွန်တော့်အမကြီး မနိုင်းရဲ့ အမှတ်တရ လက်မှတ်ရေးထိုးပြီး ရောင်းချမယ့် စာအုပ်သစ်အတွက် သတင်းကောင်လေး ပါးလိုက်ပါတယ်ဗျာ။

(မနိုင်း လက်မလည်အောင် ရောင်းရရင် မုန့်ကျွေးနော် :p )
ဖိတ်စာ

ဒီလိုပဲပျော်ဖြစ်လိုက်ပါတယ်..
နေ့စဉ်နံနက်တိုင်းဆွမ်းလောင်းတယ်

အတာဖက်ရှင်နှင့်ကလေးပီတိ

ဘီယာငမ်းနေသည့်ကလေးပိတီ

ဘုန်းကြီးတွေဆွမ်းရဲ့ဆွမ်းအလှု

အတက်နေ့ရဲ့ တက်ရောက်လာသူများ

လူပြောင်ကြီးသုံးယောက်

ဝက်ကလေးက ဂလိုကတာ

အမှတ်တရ သင်္ကြန်စတိုင်

၅ယောက်တော့စုနေတယ်

ကျားဆိုမှကျား

ဒါလေးလည်းပါပါ့

ရွှန်း(ရွှေရင်အေး)ကိုအတက်နေ့မှာ စတုဒိသာကျွေးတယ်

အိမ်အနီးအနားကို ဒီလိုဝေတယ်

ဘီယာဘူးလက်ကမချတဲ့ ခေးပီတိ

ပျော်နေတဲ့သားအမိ

ပျော်နေတဲ့သားအမိ

နှစ်ဆန်း ၁ရက်နေ့မှာ ဥပုဉ်သည်တွေနဲ့လမ်းသွားလမ်းလာတွေကို အအေးဒါန