ငါ့ဖိနပ်

ငါ့မှာ အောက်ခံပါးနေတဲ့ဖိနပ်တရံရှိတယ်၊

အဲဒီဖိနပ်နဲ့

ဖိတ်ဖိတ်တောက်ကော်ဇောတွေပေါ်နင်းဖြတ်ဖူးတယ်၊

အဲဒီဖိနပ်နဲ့

ပေရေညစ်ပတ်နေတဲ့ ရေအိမ်ထဲလဲ နင်းဖြတ်ဖူးတယ်။

အဲဒီဖိနပ်နဲ့

သာယာတဲ့နေ့တွေထဲ နင်းဖြတ်ဖူးတယ်။

နေပူပူထဲလဲ ဖြတ်လျောက်သွားဖူးတယ်။

အဲဒီဖိနပ်နဲ့

မိုးထဲရေထဲ အေးစက်စိုစို နင်းဖြတ်ဖူးတယ်။

ဘွတ်အိုင်တွေကြားလဲ နင်းဖြတ်သွားဖူးတယ်။

အဲဒီဖိနပ်နဲ့

ခြေတလှမ်းကို တစ်ပဲ နှုန်းလောက်တန်အောင် လျောက်သွားခဲ့တယ်။

အဲဒီဖိနပ်ကိုစီးပြီး

စီးပွားရေးလုပ်တယ်၊ ဘာသာရေးလုပ်တယ်၊ လူမှုရေးလုပ်တယ်၊ ငါ့အကျိုးအတွက် ငါလုပ်တယ်၊

ဒီဖိနပ်ကတော့ ဒီဖိနပ်ပါဘဲ

ခုထိတော့မပြောင်းလဲသေးဘူး။ ။

You can leave a response, or trackback from your own site.

2 Responses to “ငါ့ဖိနပ်”

  1. ko paii says:

    good……that slipper value is depend on ur mind :)

  2. အဲ ဖိနပ်လေး ကို လေလံတင်လိုက်ပါလား

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice