ကျွန်တော်လိုချင်တဲ့ booktop

gigabyte-booktop-m1022-netbook-hsdpa-wimax1

ကျွန်တော့်အနေနဲ့ အခုအနေအထားက netbook လေးတလုံးလောက် ကိုင်သင့်လာပြီလို့ထင်တာနဲ့ ဘာအမျိုးအစားကို ၀ယ်ရင်ကောင်းမလဲ စဉ်းစားမိတယ်။ ကျွန်တော်က ကြီးမားတဲ့ laptop တွေမကြိုက်သလို သယ်ရမှာ လေးလို့ ပျင်းတာလဲပါတာကြောင့် battery လဲကြာကြာခံမယ်၊ ၀န်လဲပေါ့မယ်၊ ကြိုးတွေလဲ ထပ်သယ်ဆောင်စရာမလိုတဲ့ သေးသေးကွေးကွေးနဲ့စွမ်းဆောင်ရည်မြင့်တဲ့အမျိုးအစားလေးတွေကို ရွေးမိတယ်။ အဲဒါနဲ့ အမျိုးအစားတွေစုံအောင်ထွက်နေတဲ့ netbook တွေကြည့်တော့ ဈေးနှုန်းလေးတွေကလဲ မတိမ်းမယိမ်းဘဲ၊ နောက်ဆုံးတော့ ဒီဟာလေးတခုကိုသွားတွေ့တာနဲ့ သူ့ စွမ်းဆောင်ရည်လေးနဲ့အသုံးဝင်ပုံလေး တွေ သဘောကျတာနဲ့ ဒီအမျိုးအစားလေးကို ရွေးချယ်လိုက်ပါတယ်။ ဒါလေးကတော့ Gigabyte ရဲ့ booktop ဖြစ်ပါတယ်။ Intel Atom processor N280 ,1.66GHz ကို သုံးထားပြီး window Xp အသုံးပြုထား ပြီး window 7 ကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Chipset Mobile Intel 945GSE express Chipset+ ICH7M ကိုတပ်ဆင်ထားပါတယ်။ Memory 1G ဖြစ်ပြီး အများဆုံး 2G အထိအသုံးပြုနိုင်ပါတယ်။  ဒါကြောင့် Graphic ကို 128Mb ထိအသုံးပြုနိုင်ပါတယ်။  LCD10.1” TFT-LCD, 1024×600/1366X768 with LED backlit ဖြင့် မြင်ကွင်းကိုပုံဖော်ပေးထားပါတယ်။ HDD  အနေဖြင့် (optional)2.5″ 9.5mm SATA HDD 5400rpm, 160 GB / 250GB နှစ်မျိုးအသုံးပြုနိုင်ပါတယ်။ I/O စနစ်အတွက် USB(2.0)*3, Mic-in, Earphone-out, D-Sub, RJ45, 4-in-1 card reader (SD/MMC/MS/MS Pro), Express Card, Docking Port, DC-in တွေပါဝင်ပါတယ်။ အသံစနစ်အတွက်လဲ Speaker 1.5 watt*2, internal mic-in ထည့်သွင်းပေးထားပြီး Built-in V2.1+EDR bluetooth အပြင် 1.3M pixels webcam တပ်ဆင်ထားတာကြောင့် Video chat တွေအဆင်သင့်သုံးနိုင်မှာပါ။ LAN ချိတ်ဆက်ဖို့အတွက် Ethernet 10/100BASE-T ပါဝင်ပြီး 802.11b/g/n, 802.16 WiMAX(optional) ကြောင့် ကြိုးမဲ့ကွန်ယက်ချိတ်ဆက်မှုလဲ အသုံးပြုနိုင်ပါတယ်။ ပါဝါအတွက် 802.11b/g/n, 802.16 WiMAX(optional) မို့လို့ အချိန်ကြာကြာ အသုံးခံမှာဖြစ်ပါတယ်။ ထူးခြားတာတခုကတော့ သူ့မှာ ပါဝင်တဲ့ 3.5G ModuleHSDPA support ကြောင့် sim card ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 3G စနစ်ကိုလဲ အထောက်အပံ့ပြုတယ်လို့ လဲ ဆိုပါတယ်။ အလေးချိန်ကလဲ 1.3Kg ဖြစ်တာကြောင့် တော်တော်လေးပေါ့ပါး ပါတယ်။ နောက်ဆုံးတခုကတော့ သူ့ကို booktop လို့ဘာလို့ခေါ်တာလဲ ဆိုတာပါဘဲ။ သူ့မှာ USB(2.0)*3, Audio-out, D-Sub, RJ45, DC-in (M1022 Docking station according to sales region maybe optional) တွေပါဝင်တဲ့ dot တခုပါဝင်လာတာကြောင့် အဲဒီပေါ်မှာ စက်ကိုတင်ထားလိုက်တဲ့အခါ desktop တလုံး လို ချက်ခြင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လဲ ကျွန်တော်နှစ်သက်တဲ့ အရာအဖြစ်ရွေးချယ်မိပါတယ်။ လောလောဆည်တော့ အွန်လိုင်းဈေးနှုန်းတွေအရ 599$  ကနေ 650$ ထိ ဈေးရှိတာကြောင့် လက်တလော တော့ဝယ်ယူအသုံးပြုနိုင်မှာ မဟုတ်သေးတာကလဲ ကျွန်တော့်အတွက် စိတ်မကောင်းစရာပါဘဲ :(

gigabyte-booktop-m1022-dockingstation-sm

You can leave a response, or trackback from your own site.

One Response to “ကျွန်တော်လိုချင်တဲ့ booktop”

  1. emoracket says:

    အကိုကလည်း Laptop အကြီးတွေဆို Dock တောင်မလိုဘူးဗျ။
    ဒီအတိုင်း အဖုံးပိတ်ပြီး Monitor နဲ့ Join လိုက်ရင်ရပြီ :P

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice