ရွှေ့ဆိုင်းလိုက်ပါတယ်

ကျွန်တော် စီစဉ်နေတဲ့ ဒုတိယအကြိမ်မြောက် web show 2009 ကို မူလစီစဉ်ထားတဲ့ ဒီဇင်ဘာ ၂၀၀၉ – ရဲ့ ၂၁- ၂၂ ရက်များမှာ ကျင်းပနိုင်မှာ မဟုတ်တော့ပါဘူး။ တကယ်က ကျွန်တော်ဒီပွဲအပေါ်ကို အတော်လေး မျှော်လင့်ထားသလို အမှန်တကယ် ကောင်းမွန်စွာ စီစဉ်ပေးချင်တာဖြစ်ပါတယ်။ အခုအနေအထားက ကျွန်တော့်မှာ လုံးဝမအားမလပ်ဖြစ်သွားရတာကြောင့် ကောင်းမွန်တဲ့ ၀န်ဆောင်မှုများနဲ့ ပြပွဲလာ ပရိတ်သတ် ကို ပေးစွမ်းနိုင်ဖို့ အခက်အခဲဖြစ်နေရတာကြောင့် ဒီပွဲကို မူလအတိုင်းကျင်းပမှာ မဟုတ်တော့ဘဲ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်မှာ ကျင်းပမဲ့ ဘားကမ့် ( Barcamp Yangon) မှာလဲ စွမ်းစွမ်းတမံဆောင်ရွက်ကူညီနိုင်ဖို့ လိုနေတာကြောင့် အခု ကျင်းမယ့် the web show 2009 ကို စိတ်မကောင်းစွာနဲ့ဘဲ ရွှေ့ဆိုင်းလိုက်ပါကြောင်းနဲ့ မကြာခင်မှာဘဲ ဒုတိယအကြိမ်မြောက် web show ကို ၂၀၁၀ နှစ်ဆန်းပိုင်းမှာဘဲ ပြန်လည်ပြုလုပ်သွားမှာ ဖြစ်ပြီး အခုစီစဉ်ထားတာထက်ပိုကောင်းတဲ့ အစီအစဉ်တွေကို တိုးမြင့်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အားလုံးကို အသိပေးလိုက်ပါတယ်။

လေးစားစွာဖြင့်

ကိုဇော်ဇော်မျိုးလွင်

You can leave a response, or trackback from your own site.

2 Responses to “ရွှေ့ဆိုင်းလိုက်ပါတယ်”

  1. kom says:

    တချိန်ချိန်ပေါ့လေ။

  2. exiter says:

    ပိုကောင်းတဲ့အစီအစဉ်နဲ့ ဒုတိယအကြိမ်ကျင်းပနိုင်ပါစေဗျာ ..

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice