ဒီလိုကျင်းပတာပွဲမ၀င်ခင်

first press relese for Barcamp Yangon

first press relese for Barcamp Yangon

Barcamp Yangon စာနယ်ဇင်းပွဲကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာဘဲ ပြင်ဆင်ထားတဲ့နေရာဖြစ်တဲ့ Moon Bakery cafe မှာ ပြုလုပ်ဖြစ်ပါတယ်။ တကယ်က ဒီပွဲက မဖြစ်မနေ လုပ်ပေးရမယ့် ပွဲ တခုလဲ ဖြစ်ပါတယ်။ ဘားကမ့်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အချို့က ပြည်တွင်း သတင်းဂျာနယ်တခုမှာ ပါလာတော့ မရေရာတဲ့သတင်းတွေသာ တက်နေပြီး ၀ိရောဓိဖြစ်စရာ တွေ ဖြစ်ပေါ်မှာ စိုး ရိမ်တာ တကြောင်း၊ ဘားကမ့်ရန်ကုန်နဲ့ ပတ်သက်ပြီး ဒီ Barcamp ဆိုတဲ့အသုံးအနှုန်းနဲ့ ပြည်သူလူထု ရင်းနှီးလာစေဖို့တကြောင်း စတဲ့ အကြောင်းတွေကြောင့် စာနယ်ဇင်း ပွဲကို မြန်မြန်ဆန်ဆန် ပြုလုပ် ရာတာပါ။ ဘယ်လောက်တောင်မြန်လဲဆို စီစဉ်ချိန်ဟာ ၃၆ နာရီလောက်ဘဲ ရရှိခဲ့ပါတယ်။ တကယ်က ဒီလိုသတင်းပြန်ကြားရေးကို တာဝန်ယူထားတဲ့ တာဝန်ရှိသူတွေကသာ လုပ်ရတာဖြစ်ပါတယ်။ ကိုညီလင်းဆက် ကမအားတော့တာကြောင့် သူ့ကလဲ ဘယ်လိုမှ မကူညီနိုင်ပါဘူး။ ကိုသောင်းစုငြိမ်းကလဲ ရတာနာပုံပွဲကိုရောက်သွားပါတယ်။ ဒါကြောင့် ဒီဘက်မှာ ကျန်တဲ့ ကျွန်တော်တို့ အဖွဲ့တွေကဘဲ ဖြစ်အောင် ဆက်လုပ်ပေးရတာပါ။ မထိုက်ထိုက်အောင်က ပြန်ကြားရေးတာဝန်ယူထားပါတယ်။ ဒီတော့ အခုစာနယ်ဇင်းပွဲမှာ သူတို့က အဓိက ကျနေပါတယ်။ ဒီထက်ပိုဆိုးတာက ကျွန်တော်တို့ ဘာတွေ သေချာပေါက်ရှင်းလင်းရမလဲ ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် စာနယ်ဇင်းပွဲလုပ်မယ်ကြားတာနဲ့ ကျွန်တော်ပထမဆုံး ကိုညီလင်းဆက်ကို ဖုံးဆက်ပါတယ်။ သူ့ထံမှ ဒီပွဲမှာ ပြောမယ့် အကြောင်းအရာတွေကို မထိုက်ထိုက်အောင်ဆီကို ပို့ပေးထားဖို့ အကြောင်းကြားရပါတယ်။ သူကလဲမအားတဲ့ကြားထဲက အချိန်လုပြီး အမြန်ပေးပို့လိုက်ပါတယ်။ ဒါပေမယ့် မထိုက်က မတွေ့ရသေးပါဘူး။ အဲဒါပြီးတဲ့အခါမှာ ကျွန်တော် အွန်လိုင်းမှာ ကိုကိုရဲကိုတွေ့တာနဲ့  ဒီကိစ္စအတွက် အကူအညီလှမ်းတောင်းပါတယ်။ သူ့အနေနဲ့ ကျွန်တော်တို့ ဘားကမ့် စာနယ်ဇင်းပွဲအတွက် ဖိတ်စာတွေ ဝေပေးဖို့နဲ့ ဝေမယ့်ဖိတ်စာတွေကို ရိုက်ပေးဖို့ပါ။ ကိုကိုရဲ ကကူညီပေးတာနဲ့ ချက်ခြင်းဘဲ ဖိတ်စာ ကိုရေးချပြီး သူ့ကို လှမ်းပို့လိုက်ပါတယ်။ နောက်တော့ ကိုကိုရဲက အကြံထပ်ပေးတာနဲ့ ဘားကမ့်အကြောင်း မြန်မာလို အလွယ်ရှင်းထားတဲ့ စာတွေရှိတဲ့ www.barcamp.org/myanmar ကစာသားတွေကို အချပ်ပိုအနေနဲ့ ထည့်ဝေဖို့ ဆုံးဖြတ်ပါတယ်။ ဒီလောက်ဆို စီစဉ်တာ တော်တော်လေး နေရာကျနေပါပြီ။ နောက်တော့ ရှင်းလင်းပွဲလုပ်မယ့်နေရာကို သွားရလွယ်ပြီး မှတ်ရလွယ်တဲ့ တာမွေအ၀ိုင်းထိပ်က Moon bakery ကိုဘဲ ရွေးလိုက်ပါတယ်။ စာနယ်ဇင်းပွဲ ကုန်ကျမှုအတွက်ကျတော့ ဒါတွေတာဝန်ခံထားတဲ့ ကျွန်တော့်ထံရောက်လာပါတယ်။ အဲဒါနဲ့ ကိုဇေသီဟ ကိုအီးမေးလှမ်းပို့ထားပြီး အခြေအနေကိုပြောပြထားလိုက်ပါတယ်။ မိတ္တူ ကိုတော့ ကိုသောင်းစုငြိမ်းနဲ့ ကိုညီလင်းဆက်ကိုပါ ပို့လိုက်တယ်။ ဖိတ်စာ အတွက် အတည် ပြုပြီးရင် ပရင့်ထုတ်ခါနီး ကိုကျော်ဇေယျနဲ့ဆက်လက်တိုင်ပင်ဖို့ ကိုကိုရဲကို ပြောခဲ့ပြီး အဲဒီနေ့က စောစောပြန်လာလိုက်ပါတယ်။ တကယ်ကတော့ ရှင်းလင်းပွဲကို ၁၂ ရက်နေ့မှလုပ်မယ်လို့ စိတ်ကူးထား တာပါ။ ဖြစ်ချင်တာက စာနယ်ဇင်းတွေ စုံစုံလင်လင် တက်ရောက်နိုင်စေဖို့ သူတို့အားနိုင်တဲ့နေ့လဲဖြစ်အောင် ပါ။ ဒါပေမယ့် ညဘက်ကျတော့ ကိုကျော်ကြီးက ဖုံးဆက်ပါတယ် ၁၀ ရက်နေ့ကို ချိန်းလိုက် တယ်လို့ပြောတယ်။ ဒါနဲ့ ၁၀ ရက်နေ့ဖြစ်သွားတော့တာပေါ့။ ကိုကလဲ ဆေးရုံမှာဆိုတော့ အွန်လိုင်းနဲ့က အဆက်ပျက်လိုက်မပျက်လိုက်ဖြစ်နေတာ ဘာမှမသိရဘူး၊ ဒီတော့ ၁၀ ရက်နေ့ပေါ့။ ကြားထဲမှာ ၉ ရက်နေ့တရက်ဘဲကျန်တော့တာမို့ နဲနဲတော့ စိုးရိမ်မိပေမယ့် ကိုကိုရဲ ကောင်းကောင်း ကိုင်တွယ်နိုင်တယ်လို့ယုံထားတော့ နဲနဲ စိတ်သက်သာသွားတယ်။ အဲဒါနဲ့ ညဘက်ကြီးမှာ ကိုဇေသီဟကို ဖုံးဆက်ပြီး ရက်ချိန်းတဲ့အကြောင်းပြော၊ ကုန်ကျမှုအတွက်စိုက်ထားပေးဖို့လဲ တောင်းရင်း ဘာတွေပြောမယ်ဆိုတာတွေ စီစဉ်ရတယ်။ ကိုဇေသီဟလဲ ဗြုန်းစားကြီးဆိုတော့ ဘာပြောရမှန်းမသိဖြစ် နေတယ်လေ။ နောက်နေ့ကျမှ ကိုမျက်စေ့ ရယ် ကိုကျော်ဇေယျရယ် ကျွန်တော်ရယ် moon bakery သွားပြီး နေရာအတွက်အမြန်စီစဉ်ပြန်ရတယ်။ အဲဒီအချိန်မှာ ကိုကိုရဲကတော့ ဖိတ်စာတွေအားလုံး ကို ဝေပြီးနေပြီ။ ပရိုဂျက်တာ အတွက် မထိုက်က တနေရာ ကနေယူလာမယ်ဆိုလို့ အဆင်ပြေအောင် အားလုံးပြောခဲ့ပြီး အဲဒီနေ့က ပြန်ခဲ့တယ်။

နောက်နေ့မနက်မှာတော့ moon bakery ကိုအစောဆုံးရောက်နေတာကတော့ ကိုဇေသီဟဘဲ၊ အမြဲတမ်း သူများထက်စောစောရောက်တတ်တဲ့ ကျွန်တော်တော့ အဲဒီနေ့က စံချိန် ချိုးခံရတယ်။ ကိုဇေ သီဟ ကလဲ စီစဉ်စရာတွေ စီစဉ်ပေးရအောင် ဆိုပြီး စောစောရောက်နေတာပါ။ မကြာခင်မှာဘဲ ကိုမျက်စေ့နဲ့ ယောသားရောက်လာပြီး ဘာတွေပြောမယ်ဆိုတာ ဆက်ပြီး ချိန်ကြပါတယ်။ အချို့ အဆင် မပြေနိုင်မယ့် အချက်အလက်တွေကိုဖြုတ်ပြီး ကျွန်တော်တို့ ဘယ်သူတွေပြောမယ်ဆိုတာ ညှိပါတယ်။ ပထမ ကျွန်တော်စီစဉ်ပေးထားတာ မထိုက်က ဘားကမ့်ဖြစ်လာတဲ့အကြောင်းနဲ့ ရန်ကုန်ဘားကမ့် ဖြစ်ပေါ်လာတဲ့ရည်ရွယ်ချက်နဲ့ အကျိုးအကြောင်းတွေပြောမယ်။ ကိုဇေသီဟက စပွန်ဆာတွေ ပေးသင့်တဲ့ လုပ်ငန်းရှင်တွေနဲ့ ဒီလို ထောက်ပံ့မှုတွေကြောင့်ရရှိလာနိုင်တဲ့ အကျိုးဖြစ်ထွန်းမှုအကြောင်း ၊ ကိုမျက်စေ့ကတော့ ပွဲအတွက်ပြင်ဆင်ဆောင်ရွက်မှုတွေနဲ့ ကိုကျော်ဇေယျကတော့ ပွဲအတွင်းရရှိစေမယ့် နည်းပညာရပ်ဆိုင်ရာတွေအကြောင်း ပြောမယ်လို့ချိန်ပါတယ်။ ပြီးတော့ ဒီအတိုင်းဘဲ ပြောဖြစ် လိုက်ပါတယ်။ ကျွန်တော်က တော့အစီအစဉ်မှုးအဖြစ်ဆောင်ရွက်ပေးတယ်။ ပြောရဦးမယ်။ ပွဲက စတော့မယ် ပရိုဂျက်တာက အဆင်သင့်မဖြစ်သေးဘူး။ ဒီကြားထဲမှာ စာနယ်ဇင်းသမားက ၃ ယောက်ဘဲ ရောက်လာသေးတော့ တော်တော်လေး ထူပူနေတယ်။ ကိုကိုရဲကိုလဲ သွားပြောတော့ သူကလဲ လာမယ်လာမယ်ဆိုပြီးနှစ်သိမ့်ပေး၊ ၁၀ နာရီ ၁၅ လောက်ထိ ၅ ယောက်ဘဲရှိသေးတယ်။ ဟော ၁၀ နာရီ ၂၀ လောက်မှ စလဲစရော အားလုံးပေါက်ချလာလိုက်တာ စာနယ်ဇင်းသမား ၁၀ ယောက်လောက်ဖြစ်သွားတယ်။ တော်သေးပါတယ်၊ လာတဲ့သူတွေက ရန်ကုန်မြို့ရဲ့နာမည်ကြီး ဂျာနယ် များမှ ဖြစ်နေလို့သာပေါ့။ စီစဉ်ချိန်က နဲတော့ လာနိုင်မယ့်သူတွေလဲ ပြင်ဆင်ချိန်နဲပုံရပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲစတော့ ကျွန်တော်ကဘဲ အခန်းအနားမှုးအဖြစ်ဆောင်ရွက်ပေးပြီး အထက်မှာပြောထားသလို အစီစအစဉ်နဲ့ ကျွန်တော်တို့ရှင်းလင်းမှုတွေပြုလုပ်ပေးခဲ့ပြီး မရှင်းလင်းတဲ့သိချင် နေသေးတဲ့အချက်အလက်တွေကိုတော့ ကိုဇေသီဟ၊ ကိုမျက်စေ့ နဲ့ ကျွန်တော်တို့က အဓိက ဖြေကြားပေးခဲ့ပြီး ကိုကျော်ဇေယျနဲ့မထိုက်တို့က အနည်းငယ်ဖြည့်စွက်ပေးခဲ့ပါတယ်။ ဘာဘဲဖြစ်ဖြစ် အဲဒီနေ့ကတော့ အချိန်ပိုရတဲ့ စီစဉ်မှုနဲ့ဆို ဒီထက်ပိုကောင်းအောင်စီစဉ်နိုင်မှာဖြစ်သလို ဒီထက်လဲ ပိုပြီး ကျယ်ကျယ်ပြန့် ပြန့် ပြောနိုင်မှာပါ။ ကျွန်တော်ထင်တယ်၊ ဒီလကုန်ပိုင်း လောက်မှာလဲ နောက်ထပ် စာနယ်ဇင်းပွဲတခုလောက်ထပ်လုပ်ဖြစ်ဦးမယ်လို့ပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အများပြည်သူကို အသိပေးစရာတွေအများအပြားကျန်နေပါသေးတယ်။

You can leave a response, or trackback from your own site.

4 Responses to “ဒီလိုကျင်းပတာပွဲမ၀င်ခင်”

  1. kom says:

    ပြည်တွင်းဖြစ်စဉ်များကို လေ့လာသွားသည်.

  2. saturngod says:

    အပိုဒ်လေးတွေ များများခွဲရေးပါဗျာ.. မနည်းဖတ်လိုက်ရတယ်.. နောက်က အမည်း.. စာက မီးခိုး… စာပိုဒ်တွေကိုလည်း တိုတို မဖြတ်ထားဘူး.. မျက်စိ အကိုက်ခံပြီး ဖတ်သွားသည်။

  3. admin says:

    လာဖတ်တာကျေးဇူးတင်တယ်။ ငါ့ဘလောက်ဖတ်ကောင်းအောင်မင်းပြင်ပေးပါလား :)

  4. Please read on Popular News Journal, Volume(1), No.(46), Page(9)(issue of 17 December, 2009). :-)

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice