ကျွန်တော့်နိုင်ငံတော်
ကျွန်တော့် နိုင်ငံတော်အကြောင်းပြောချင်တယ်။ တကယ်ကတော့ နိုင်ငံတော်က ကျွန်တော်ကိုယ်တိုင်ပါဘဲ။ :)
ကိုယ်တိုင်အလုပ်မရှိလို့ ကျွန်တော့်နိုင်ငံဟာ အလုပ်လက်မဲ့ နှုန်းတိုးမြင့်နေပါတယ်။ အကြွေတွေဘဲ ကိုင်နေရလို့ ငွေကြေးဖောင်းပွမှုဖြစ်ပေါ်နေပြီး၊ တိုင်းပြည်ရဲ့ဝင်ငွေဟာ ပိုင်ဆိုင်မှုတွေကို ထုတ်ရောင်း တဲ့အပေါ်မှာ တည်မှီနေရပါတယ်။ ပြည်တွင်း ထုတ်လုပ်မှု ဟာရပ်ဆိုင်းရမတတ်ဖြစ်နေတဲ့အကြောင်းကတော့ ထုတ်ရောင်းစရာ မရှိတော့လို့ပါ။ အတိုးနှုန်းကြီးမြင့်မှုကြောင့် လစဉ်ငွေကြေးအကြပ် အတည်း ကိုရင်ဆိုင်နေရပါတယ်။ ထုတ်လုပ်မှု့စွမ်းအား ကျဆင်းမှုကြောင့် ကမ္ဘာ့ဘဏ်ကလဲ ငွေမချေးတော့ပါဘူး။ နိုင်ငံတကာနဲ့ဆက်ဆံရေးတိုးမြင့် တဲ့အနေနဲ့ နေ့စဉ် အိမ်ပေါက်စေ့ လျောက်လည် နေရပြီး နိုင်ငံတကာ အကူအညီရရှိဖို့ သိက္ခာလဲ မကျအောင်အတော်လေး စွမ်းဆောင်နေရပါတယ်။ အမျိုးသမီး က ကိုယ်ဝန်ဆောင်ထားတာကြောင့် အပတ်စဉ်ဆေးခန်းပြနေရလို့ ကျန်းမာရေး အသုံး စားရိတ်မြင့်တက်လာပြီး လူဦးရေဆက်လက်တိုးပွားဖို့ ရှိနေပါတယ်။ လူ့စွမ်းအားအရင်းအမြစ်တွေဟာ လိုင်းကားတိုးစီးနေရတာကြောင့် အတော်လေး ကုန်ဆုံးနေပါတယ်။ ပြည်တွင်းပြည်ပ ဆက်ဆံ ရေး အတွက် အင်တာနက်ကို နေ့စဉ် အချိန်ပေးသုံးစွဲနေရပြီး မီးမလာတဲ့နေ့တွေဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေး ထိခိုက်ရပါတယ်။ အလှူရှင်နိုင်ငံများဖြစ်တဲ့ သူငယ်ချင်းများလဲ အလားတူ စီးပွားရေး ကဆင်းနေတဲ့အတွက် အကူအညီများရပ်တန့် လျက်ရှိပါတယ်။ ညစဉ်ညတိုင်း နိုင်ငံတကာနဲ့ ကွန်ဖရန့်များ ကျင်းပနေရပြီး ကမ္ဘာ့ရေးရာများကို တက်တက်ကြွကြွ ပါဝင်နေပါတယ်။ ဒေသတွင်း နိုင်ငံ များ ကတော့ အတော်လေး စီးပွားကျဆင်းလျက်ရှိပါတယ်။ :P
You can leave a response, or trackback from your own site.
6 Responses to “ကျွန်တော့်နိုင်ငံတော်”
  1. ဟဲဟဲ… ဒို့ဗမာ ဆင်းရဲသားများ ဂိုဏ်းထောင် ထားတယ်လေ.. အလှူခံထွက်ရအောင်ဗျာ.. ဂျလောက် ဂျလောက်..။ :P
  2. amk says:
    ကိုဇော်ဇော် နိုင်ငံတော်ကြီး ပြန်လည် တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်ပါဗျာ
  3. admin says:
    ကျေးဇူးအထူးတင်ပါတယ် သ၀န်လွှာပို့ကြတဲ့နိုင်ငံများခင်ဗျား :)
  4. saytaman says:
    တစ်ခုတော့အရင်ပြောချင်ပါတယ်…
    ဘာဘဲဖြစ်ဖြစ်
    အသွေးတူအသားတူဘ၀တွေထဲမှာ..
    ငါ့ရဲ့ နိုင်ငံတော် ပြာမကျပါစေနဲ့..
    လေးစားစွာဖြင့်
    စေတမန်…
  5. admin says:
    ကြိုးစားနေပါတယ် ကိုစေတမန်
  6. FS says:
Leave a Reply
Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice