Archive for December, 2009

ငါ့ဖိနပ်

ငါ့မှာ အောက်ခံပါးနေတဲ့ဖိနပ်တရံရှိတယ်၊ အဲဒီဖိနပ်နဲ့ ဖိတ်ဖိတ်တောက်ကော်ဇောတွေပေါ်နင်းဖြတ်ဖူးတယ်၊ အဲဒီဖိနပ်နဲ့ ပေရေညစ်ပတ်နေတဲ့ ရေအိမ်ထဲလဲ နင်းဖြတ်ဖူးတယ်။ အဲဒီဖိနပ်နဲ့ သာယာတဲ့နေ့တွေထဲ နင်းဖြတ်ဖူးတယ်။ နေပူပူထဲလဲ ဖြတ်လျောက်သွားဖူးတယ်။ အဲဒီဖိနပ်နဲ့ မိုးထဲရေထဲ အေးစက်စိုစို နင်းဖြတ်ဖူးတယ်။ ဘွတ်အိုင်တွေကြားလဲ နင်းဖြတ်သွားဖူးတယ်။ အဲဒီဖိနပ်နဲ့ ခြေတလှမ်းကို တစ်ပဲ နှုန်းလောက်တန်အောင် လျောက်သွားခဲ့တယ်။ အဲဒီဖိနပ်ကိုစီးပြီး စီးပွားရေးလုပ်တယ်၊ ဘာသာရေးလုပ်တယ်၊ လူမှုရေးလုပ်တယ်၊ ငါ့အကျိုးအတွက် ငါလုပ်တယ်၊ ဒီဖိနပ်ကတော့ ဒီဖိနပ်ပါဘဲ ခုထိတော့မပြောင်းလဲသေးဘူး။ ။

HP mini 110

အခုတလော လိုချင်နေတဲ့ netbook ရောဂါကြောင့် ဟိုရှာဒီရှာ လုပ်နေတုန်း မထိုက်ပြောတာနဲ့ HP ရဲ့ studio Tord boonje series ထဲက 110 mini netbook လေးကို သဘောကျပြန်ရော၊ သူ့မှာ ပါဝင်တဲ့ ပစ္စည်း တွေက အရမ်းမထူးခြားပေမယ့် ဒီဇိုင်းကတော့ တော်တော်လေး လန်းတယ်။ ကျွန်တော်လဲ သဘောကျတာ သူ့မှာထည့်ထားတဲ့ 3D နဲ့လုပ်ထားတဲ့ ကနုတ်ပန်း ဒီဇိုင်းတွေပါဘဲ၊ အရောင်က ငွေရောင်ဖြူလွလွ လေးဖြစ် ပြီး ကြည့်ကောင်းပါတယ်။ ရွှေရောင်လဲ ရနိုင်ပါတယ်။ ပါဝင်တဲ့ ပစ္စည်းတွေက Gigabyte booktop လို ဖြစ်ပြီး စိတ်ကြိုက်ရွေးနိုင်တဲ့အနေအထားကတော့ HDD  ကို 160 Gb နဲ့ 250 Gb [...]

Don’t think

The Doctor’s note will be pretty? The city bus is so cool ! Acl 75% volume solution on whiskey, get the lucky draw ! Thank to you, plz buy for use it. Will be  see the ash of mosquito killer coil ( Don’t wind don’t swim) Give that man the beer, The fresh water is [...]

attack to me

Someone attack to my blog posts like a comments. Now I had to deleted this span comments over hundred, but not yet These comments come to my post average on 5 minutes.

မထင်ရတဲ့

ဆရာဝန်တွေ လက်ရေးလှလာပြီလား၊ ဘက်စ်ကားကြီးတွေ air-con အေးနေပြီ ၀ီစကီ ကို Acl volume 75% သတ်မှတ်ချင်လို့တဲ့။ ကံစမ်းမဲကို အရယူပါ ကျေးဇူးတင်ပါတယ်။ ၀ယ်သုံးကြည့်လိုက်ပါဦး ခြင်ဆေးခွေပြာတွေတွေ့ရမယ်( လေမတိုက်ရင်ပုံစံမပျက်စေရ)။ ဘီယာတခွက်ပေးလိုက်ပါကွာ ရေသန့်တလုံးက ၄၀၀ ဖြစ်နေပြီ၊ ညဘက်ရောက်မှ လင်းတဲ့ မီးတိုင်က မနက်ထိတောင်မထွန်းညှိနိုင်ခဲ့။ လောလောဆည်တော့ အဲဒီလောက်ပါဘဲ။ ။ ။

ကျွန်တော်လိုချင်တဲ့ booktop

ကျွန်တော့်အနေနဲ့ အခုအနေအထားက netbook လေးတလုံးလောက် ကိုင်သင့်လာပြီလို့ထင်တာနဲ့ ဘာအမျိုးအစားကို ၀ယ်ရင်ကောင်းမလဲ စဉ်းစားမိတယ်။ ကျွန်တော်က ကြီးမားတဲ့ laptop တွေမကြိုက်သလို သယ်ရမှာ လေးလို့ ပျင်းတာလဲပါတာကြောင့် battery လဲကြာကြာခံမယ်၊ ၀န်လဲပေါ့မယ်၊ ကြိုးတွေလဲ ထပ်သယ်ဆောင်စရာမလိုတဲ့ သေးသေးကွေးကွေးနဲ့စွမ်းဆောင်ရည်မြင့်တဲ့အမျိုးအစားလေးတွေကို ရွေးမိတယ်။ အဲဒါနဲ့ အမျိုးအစားတွေစုံအောင်ထွက်နေတဲ့ netbook တွေကြည့်တော့ ဈေးနှုန်းလေးတွေကလဲ မတိမ်းမယိမ်းဘဲ၊ နောက်ဆုံးတော့ ဒီဟာလေးတခုကိုသွားတွေ့တာနဲ့ သူ့ စွမ်းဆောင်ရည်လေးနဲ့အသုံးဝင်ပုံလေး တွေ သဘောကျတာနဲ့ ဒီအမျိုးအစားလေးကို ရွေးချယ်လိုက်ပါတယ်။ ဒါလေးကတော့ Gigabyte ရဲ့ booktop ဖြစ်ပါတယ်။ Intel Atom processor N280 ,1.66GHz ကို သုံးထားပြီး window Xp အသုံးပြုထား ပြီး window 7 ကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။ [...]

ပုံပြင်-၁

ဒီလိုကွဲ့၊ အခုခေတ်လူတွေသုံးနေတဲ့ အရှေ့အနောက်တောင်မြောက်ဆိုတာတွေဟာ ဟိုးရှေးရှေးတုန်းက မရှိကြသေးဘူး။ အခုပြောပြမယ့်အကြောင်းက လူတွေဟာ အရှေ့၊ အနောက်ဆိုတာ ကိုဘဲ သိသေးတဲ့အချိန် ပေါ့ကွယ်။ အဲဒီလို ဟိုးရှေးရှေးတချိန်တုန်းက ကမ္ဘာပေါ်မှာ လူဝံ၊၀က်ဝံ၊မြောက်ဝံနဲ့တောင်ဝံ ဆိုတာရှိကြတယ်တဲ့။ အခုပြောမယ့်ဝံကောင်တွေထဲက တောင်ဝံဆိုတာ အခုတော့ မျိုးသုန်းပျောက်ကွယ်သွားရှာပြီပေါ့ကွယ်။ အဲဒီလို ၀ံလေးမျိုးဟာ ကမ္ဘာ့အနှံအပြားမှာ ရှင်သန်နေထိုင်ကြတယ်တဲ့။ တောင်ဝံဆိုတဲ့ကောင်ဟာ တောင်တွေပေါ်မှာနေတာဖြစ်ပြီး အရမ်းကိုလှပတဲ့ အသွင်အပြင်ရှိပြီး အမွှေးရောင်ကလဲ ငွေရောင်ဖြူဖြုလွှလွှလေးတွေ နဲ့အရမ်းလှပသတဲ့။ သူတို့တွေဟာ လှပတဲ့အသွင်အပြင်ရှိတာကြောင့် မြောက်ဝံလို မလှမပကောင်တွေဟာ အမြဲရန်ပြုတိုက်ခိုက်ကြတာကြောင့် မြောက်ဝံနဲ့တောင်ဝံဆိုတာ တကယ့်ရန်ဘက်ဖြစ်ခဲ့ကြတယ်တဲ့။ တချိန်မှာတော့ အရမ်းအရုပ်ဆိုးလှတဲ့ မြောက်ဝံတကောင်နဲ့ အရမ်းလှပတဲ့ တောင်ဝံမလေးတကောင်ဟာ တဦးကိုတဦး ချစ်ကြိုက်သွားကြတယ်တဲ့။ ဒါနဲ့ပြောဖို့မေ့သွားလို့ နော်၊ အဲဒီအချိန်တုန်းက မြောက်ဝံရော တောင်ဝံရော အခြားသတ္တ၀ါတွေအားလုံး ဟာ လူတွေနဲ့စကား ပြောနိုင်ကြတယ်ဆိုတာလေ။ [...]

လက်ရာ

မောင်မျိုးကင်မရာယူလာတာနဲ့ ကလေးပုံတွေရိုက်ဖြစ်လိုက်တယ်။ ဒါနဲ့ဘဲ အခု တင်လိုက်တယ်ဆိုပါတော့။

ရွှေ့ဆိုင်းလိုက်ပါတယ်

ကျွန်တော် စီစဉ်နေတဲ့ ဒုတိယအကြိမ်မြောက် web show 2009 ကို မူလစီစဉ်ထားတဲ့ ဒီဇင်ဘာ ၂၀၀၉ – ရဲ့ ၂၁- ၂၂ ရက်များမှာ ကျင်းပနိုင်မှာ မဟုတ်တော့ပါဘူး။ တကယ်က ကျွန်တော်ဒီပွဲအပေါ်ကို အတော်လေး မျှော်လင့်ထားသလို အမှန်တကယ် ကောင်းမွန်စွာ စီစဉ်ပေးချင်တာဖြစ်ပါတယ်။ အခုအနေအထားက ကျွန်တော့်မှာ လုံးဝမအားမလပ်ဖြစ်သွားရတာကြောင့် ကောင်းမွန်တဲ့ ၀န်ဆောင်မှုများနဲ့ ပြပွဲလာ ပရိတ်သတ် ကို ပေးစွမ်းနိုင်ဖို့ အခက်အခဲဖြစ်နေရတာကြောင့် ဒီပွဲကို မူလအတိုင်းကျင်းပမှာ မဟုတ်တော့ဘဲ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်မှာ ကျင်းပမဲ့ ဘားကမ့် ( Barcamp Yangon) မှာလဲ စွမ်းစွမ်းတမံဆောင်ရွက်ကူညီနိုင်ဖို့ လိုနေတာကြောင့် အခု ကျင်းမယ့် the web show 2009 ကို [...]

ဒီလိုကျင်းပတာပွဲမ၀င်ခင်

Barcamp Yangon စာနယ်ဇင်းပွဲကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာဘဲ ပြင်ဆင်ထားတဲ့နေရာဖြစ်တဲ့ Moon Bakery cafe မှာ ပြုလုပ်ဖြစ်ပါတယ်။ တကယ်က ဒီပွဲက မဖြစ်မနေ လုပ်ပေးရမယ့် ပွဲ တခုလဲ ဖြစ်ပါတယ်။ ဘားကမ့်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အချို့က ပြည်တွင်း သတင်းဂျာနယ်တခုမှာ ပါလာတော့ မရေရာတဲ့သတင်းတွေသာ တက်နေပြီး ၀ိရောဓိဖြစ်စရာ တွေ ဖြစ်ပေါ်မှာ စိုး ရိမ်တာ တကြောင်း၊ ဘားကမ့်ရန်ကုန်နဲ့ ပတ်သက်ပြီး ဒီ Barcamp ဆိုတဲ့အသုံးအနှုန်းနဲ့ ပြည်သူလူထု ရင်းနှီးလာစေဖို့တကြောင်း စတဲ့ အကြောင်းတွေကြောင့် စာနယ်ဇင်း ပွဲကို မြန်မြန်ဆန်ဆန် ပြုလုပ် ရာတာပါ။ ဘယ်လောက်တောင်မြန်လဲဆို စီစဉ်ချိန်ဟာ ၃၆ နာရီလောက်ဘဲ ရရှိခဲ့ပါတယ်။ တကယ်က ဒီလိုသတင်းပြန်ကြားရေးကို [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice