12-12-12

2012 movie poster

အားလုံးသော အငြင်းပွားနေကြတဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ အကြောင်း ကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ ဇတ်ကားတခုဖြစ်တာမို့ အားလုံးလဲ သိပြီး ထင်ပါ လိမ့်မယ်။ ဘာဘဲပြောပြော ဇာတ်ကားအစကနေ အဆုံးအထိတော့ ကြည့်လို့ ကောင်းပါတယ်။ မနက်ဖန် ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံမှာ တင်ဆက်ပြသေနေပြီဖြစ်တဲ့ အဲဒီဇာတ်ကားကို ကျွန်တော် တို့ ရုံ ထဲမှာ မကြည့်ဖြစ်ခင်ဘဲ တေဇားလေးထံကနေ တဆင့်ရခဲ့ပါတယ်။ မနေ့ကတော့ ဖိုးသူတော်ထံရောက်နေတဲ့ ဒီဇာတ်လမ်းဖိုင်လေးကို ပြန်ကူးဖြစ်ခဲ့ပြီး ကျွန်တော့် PSP လေးနဲ့ တော့ အရင်ကြိုကြည့် ဖြစ်လိုက် ပါတယ်။ အရုပ်ပိုင်းဆိုင်ရာ မဆိုးပေမယ့် အသံမှာ သိသိသာသာဆိုးလှတော့ ကျွန်တော်တို့ သမ္မတ ရုံမှာ မနက်ဖန် သွားကြည့်ဖြစ်မှာတော့ အသေအခြာပါဘဲ၊ ကြိုတင်လက်မှတ် ၀ယ်ထားပြီး ပါပြီ၊ စိတ်ဝင်စားလို့ ကျွန်တော်တို့နဲ့ လိုက်ကြည့်မယ်ဆို စာရင်းပေးဦးနော် :) ။ မှတ်မှတ်ရရဘဲ မနေ့က ရှိတာ လူက ၉ယောက် ကို လက်မှတ်က ၁၀ စောင်မှာထားလိုက်တယ်။ ဖြစ်ချင်တော့ ကိုတက်စလာ ကြီး က ညဘက်ကြီး ဗြုန်းကနဲပေါ်လာတယ်တဲ့၊ အဲဒီတော့ အတော်ဘဲပေါ့။

ဒါရိုက်တာကတော့ Roland Emmmerich ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၁ ရက် ၂၀၀၉ ခုနှစ်မှာ နိုင်ငံတကာမှာ စတင်ရုံတင်ပြခဲ့ပြီး အခု မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပြတယ်ဆိုတော့ မဆိုးဘူး ပြော ရမှာဘဲ။ Columbia Tri Star ကနေထုတ်လုပ်တာဖြစ်ပြီး သူ့ရဲ တရားဝင် website ကတော့ http://www.whowillsurvive2012.com/ ဖြစ်ပါတယ်။

You can leave a response, or trackback from your own site.

2 Responses to “12-12-12”

  1.ုkom says:

    11 ယောက်စာဝယ်ထားလိုက်တာမဟုတ်ဘူး။

  2. ကိုကောက်ရေ….ရုပ်ရှင်လဲ သွားကြည့် ပဲနဲ့ 

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice