မြန်မာနိုင်ငံ၏ internet နည်းပညာ ရပ်ဆိုင်ရာ ပြပွဲ ကိုဒုတိယအကြိမ်အဖြစ် Myanmar info-teach အဆောက် အဦးအတွင်း ၂၀၀၉ ခုနှစ် December 21 နှင့် 22 ရက်များတွင် ကျင်းပပြုလုပ်ရန် စီ စဉ် ဆောင်ရွက်နေပြီဖြစ်ပါသည်။
ပထမအကြိမ်အဖြစ် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် my web my style, the web show 2008 အမည် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
Internet နည်းပညာရပ်ဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာရပ်ဆိုင်ရာများကို အဓိက ပြမည့် အဆိုပါ ပြပွဲ အတွင်း နည်းပညာရပ်ဆိုင်ရာ သင်တန်းကျောင်းများ၊ မြန်မာ့အင်တာနက် web site များကိုပါဝင် ပြသနိုင်ရန် စီစဉ် ထားရှိပါသည်။ ပြပွဲအတွင်း ကွန်ပျုတာနှင့်အင်တာနက် နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲများပါဝင်မှာဖြစ်ပြီး
၁။ Web နည်းပညာရပ်များ ကိုလူငယ်လူကြီးမရွေး သိရှိနားလည်လာစေရန်၊
၂။ Web site များသည် အနာဂါတ် စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍများတွင် မည်သို့အရေးပါပုံကို သိရှိနားလည်လာစေရန်၊
၃။ မြန်မာ့ web site များအား ပိုမိုထိရောက်စွာ အသုံးပြုလာစေရန် နှင့် ပိုမိုတိုးပွားလာစေရန်၊
၎။ နည်းပညာရပ်များကို ကျယ်ပြန့်စွာနှီးနှော ဖလှယ်ရန်နှင့် ကျယ်ပြန့်စွာ မျှဝေနိုင်စေရန်
၅။ နည်းပညာအခြေခံ စီးပွားရေးလုပ်ငန်းများအတွက်အခွင့်အလမ်းသစ်များရရှိလာစေရန်
အစရှိသည့် ရည်ရွယ်ချက်များဖြင့် we step, common web ဆိုသော ဆောင်ပုဒ်ဖြင့် The web show 2009 ကို ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါသည်။
ဒုတိယအကြိမ်မြောက်ဖြစ်သည့် အဆိုပါ ပြပွဲ ကို ၂ ရက်ကြာ ကျင်းပပြသွားမှာ ဖြစ်ပြီး သတင်း အ ချက်အလက် နှင့် နည်းပညာ ရပ်များ ပြန့်ပွားစေ ရေးကိုသာ ဦးတည် ပြသသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် လူကြီးမင်းတို့လုပ်ငန်း နှင့် သင်တန်းကျောင်းများ၊ လူကြီးမင်းတို့၏ web site များနှင့် computer and internet နည်းပညာ ဆိုင်ရာ ထုတ်ကုန်များအား အသုံးပြု သူများ ပိုမိုကျယ်ပြန့် နားလည်နိုင်လာစေရန် အတွက် ပြပွဲအ တွင်း ပါဝင်ပြသနိုင်ရန် လေးစားစွာ ဖိတ်ခေါ် အပ်ပါသည်။
The web show 2009 ပြပွဲအတွင်း ပါဝင်မည့်အစီအစဉ်များ
၁။ conference hall နှင့် lobby အတွင်း ပြခန်းပေါင်း ၃၀ ကျော်တည်ဆောက်ပြသသွားမှာဖြစ်ပါတယ်။
၂။ အခန်း ၂၀၅ တွင် ကွန်ပျုတာ နည်းပညာရပ် များအကြောင်း စာတမ်းဖတ်ပွဲများပါဝင်မှာဖြစ်ပါတယ်။
(ပါဝင်ပြသသောပြခန်းရှင်များအတွက် သက်ဆိုင်သည့် ထုတ်ကုန်များ၊ သင်တန်းများ အကြောင်းကို လဲ သီးသန့် ပြောကြား နိုင်မှာဖြစ်ပါသည်။)
၃။ ပြပွဲလာ ပုရိတ်သတ်များထံမှ ကွန်ပျုတာနှင့် အင်တာနက်အသုံးပြုမှုစစ်တမ်းကောက်ယူခြင်း
၎။ ပြပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ပါဝင်ပြသသည့် ပြခန်းများအကြောင်း၊ မြန်မာနိုင်ငံ အတွင်းရှိထင်ရှားသည့် web site list များ၊ နည်းပညာဆိုင်ရာ e-book များ အား ပြပွဲလာရောက် သူများ ထံ သို့ အခမဲ့ ဖြန့်ဝေခြင်း
၅။ ပြပွဲအတွင်း wireless internet access အသုံးပြုနိုင်ရန်စီစဉ်ဆောင်ရွက်ပေးခြင်း၊
၆။ ဖျော်ဖြေရေးကဏ္ဍ၊ နည်းပညာအမေးအဖြေ ကဏ္ဍနှင့် ကံစမ်းမဲ ကဏ္ဍများ
၇။ ပြပွဲပြသချိန်အတွင်း ပြည်တွင်း media များနှင့်တွေ့ဆုံမေးမြန်းမှုအစီအစဉ်များ
၈။ ပြပွဲ လာသူများအား ဒိုမိန်း အခမဲ့ပေးခြင်းနှင့် အခမဲ့ web စာမျက်နှာများတည်ဆောက်ပေးခြင်း


Posted in 








Weekend စနေ,တနဂ်နွေရက်မှာ လုပ်ရင် ကျွန်တော့်တို့အတွက်တော့ ပိုအဆင်ပြေမယ်ဗျာ။ အခုက ရုံးဖွင့်ရက် ကြီးဆိုတော့ စိတ်ဝင်စားပေမဲ့ ပါဝင် Participate လုပ်ဖို့က မလွယ်ဘူး။ ကျွန်တော်တို့လို ရုံးသမားတွေအတွက် ပိတ်ရက်က ပိုအဆင်ပြေတယ်ခင်ဗျ။
ပိတ်ရက်ကို ဦးစားပေးလုပ်ချင်ပါတယ်။ ဒါပေမယ့် နေရာ အတွက် နေ့ရက်အတွက် အခက်အခဲ တွေ အများကြီးရှိနေတဲ့အတွက် ကြားရက် တခုကို စီစဉ်တာဖြစ်ပါတယ်။ အကြံပေးတာ ကျေးဇူးအထူးတင်ရှိပါတယ်။