ကျန်းမာရေးအတွက်လေလည်တာကောင်းတယ်

ကျွန်တောလဲ ဘာလုပ်ရမှန်းမသိတော့ ပေါက်ကရတွေဘဲ လုပ်နေတတ်တော့တယ်။ အဲဒီထဲက ပေါက်ကရအမေးအဖြေတခုကို တင်ဆက်လိုက်ပါတယ်။ ဒါကတော့ Times Magazine  အတွက် ဘိုဝ လာရောက်ပြီး မေးမြန်းထားတဲ့ အမေးအဖြေလေးတခုပါ။ ဓါတ်ပုံဆရာ ဘိုဝအနေနဲ့ အင်တာဗျုးတုန်းက ရိုက်ထားတဲ့ ပုံတွေကို ကော်နက်ရှင်နှေးနေလို့ မပို့နိုင်သေးတဲ့အတွက် ဒီအတိုင်း အမြန်တင်ဆက်ပေးလိုက်ပါတယ်။ :P

Q : ကိုဂေါက်တယောက် အခုဘာတွေလုပ်နေတယ်ဆိုတာသိပါရစေ။

A : အော် – ဟုတ်ကဲ့ ကျွန်တော် ပေါက်ကရတွေလုပ်နေပါတယ်။

Q : ခင်ဗျာ – ဘယ်လိုပေါက်ကရတွေလဲ။

A : ဒီလိုပါ။ ကျွန်တော်တို့ဆီမှာ ပေါက်ကရနဲ့ပတ်သက်ပြီး ကွဲလွဲမှုတွေ ရှိနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ ပါပြီ။ ပေါက်ကရ ၄၀ ၊ ပေါက်ကရ ၈၀ စသဖြင့်ပေါ့လေ၊ ဒီတော့ အဲဒီပေါက်ကရနဲ့သက်ဆိုင်တဲ့ တိကျတဲ့ အချက်အလက်တွေကို စာတမ်း ပြုစုနေပါတယ်။

Q : ဟုတ်ကဲ့ပါ၊ တွေ့ရှိထားချက်နဲ့ ရည်ရွယ်ချက်လေးတွေလဲ သိချင်ပါတယ်။

A : တွေ့ရှိထားတဲ့ အချက်တွေကို နည်းနည်းလောက်ပြောရရင် ပေါက်ကရ ၄၀၊ ပေါက်ကရ ၈၀ ဆိုတဲ့အတွက် ကိန်း ဂဏာန်းတွေ ပါနေပါတယ်။ သူ့ရဲ့သွားလာပုံကိုကြည့်မယ်ဆိုရင် ၄၀ ကနေ ၈၀ ဖြစ်သွားတဲ့အတွက် version တက် သွား တာလဲဖြစ်နိုင်ပါတယ်။ ဆိုလိုတာ ပထမကတော့ ပေါက်ကရ ၄၀ ပါဘဲ၊ နောက်တော့ လူသုံးများလာတဲ့အခါမှာ ပိုပြီး သုံး လို့ အဆင်ပြေအောင် မြှင့်တင်လိုက်တဲ့သဘောဖြစ်မယ်လို့ ယေဘူယသုံးသပ်ပါတယ်။ ဒီဂျယ်တယ်နည်းပညာ တွေ မှာ အသုံးပြုနေတဲ့ 256 ကနေ 512 ဖြစ်သွားတာတို့ 32mb ကနေ 64mb ဖြစ်သွားတာတို့နဲ့ ယှဉ်ကြည့်တဲ့အခါ ပေါက်ကရ ဆိုတာ ဒီဂျစ်တယ်နည်းပညာ ရပ်တခုနဲ့ နှီးနွှယ်နေတဲ့ အချက်ကိုသွားတွေ့ပါတယ်။ အနည်းငယ်ကွဲလွဲနေတာကတော့ ပေါက်ကရ ၆၀ ဆိုတာတွေကိုအသုံးပြုလာတွေရှိတဲ့အတွက် ဒါက ကြားထဲမှာ ဖြစ်လာတဲ့ နည်းပညာလား၊ ဒါမှမဟုတ် version အသစ်ဘဲလားဆိုတာ စုံစမ်းနေပါတယ်။ ဒီအချက်က မှန်ကန်တယ်ဆို အနာဂါတ်မှာ ပေါက်ကရ ၁၂၀ အထိ မြင့် တက်လာမယ်လို့မြင်ပါတယ်။ အဲ – ရည်ရွယ်ချက်ကတော့ ပေါက်ကရလုပ်နေတဲ့ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ ပေါက်ကရ ပိုပြီး လုပ်လို့ရအောင် ရည်ရွယ်ပါတယ်။ version မြင့်လာတော့ ပေါက်ကရတွေ ပိုမိုတိုးတက်လာတဲ့အတွက် အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်အဖြစ် ကျွန်တော် ယုံကြည်ပါတယ်။

Q : ပေါက်ကရတွေ ပြီးတဲ့နောက်မှာ ဘာများ ဆက်လုပ်မယ်စိတ်ကူးပါသေးလဲခင်ဗျ။

A : အဲဒါပြီးရင်တော့ လေမျိုး၈၀ ဟာ ၉၆ ပါးရောဂါနဲ့ဘယ်လိုပတ်သက်နေတယ်ဆိုတာ နိုင်ငံတကာက ပညာရှင်တွေနဲ့ ဖိုရမ်တခု လုပ်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ရောဂါတောင် ၉၆ ပါးဘဲရှိတာ လေကြီးဘဲ ၈၀ ဖြစ်နေတဲ့ အတွက် မလိုတာတွေကိုဖြုတ်တန်သင့်ဖြုတ်ပြီး လိုအပ်တဲ့လေတွေ ကိုအစားထိုးချင်ပါတယ်။ ဥပမာ အနောက်တောင် မုတ်သုန်လေလို၊ မြောက်ပြန်လေလို ဟာတွေပါ။

Q : ဘာအတွက်လဲခင်ဗျ။

A : ကျန်းမာရေးအတွက်ပါ၊ ဒီတော့ မြေရေလေမီး ဓါတ်ကြီးလေးပါထဲမှာ ပါနေတဲ့အတွက် ဒါဟာ အရေးကြီးပါတယ်။ အဲဒါ ကြောင့်လဲ မြန်မာဘလောက်ဂါတွေ စုစည်းပြီး ” ကျန်းမာရေးအတွက် လေလည်တာကောင်းတယ် ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ်ပိန်းတခု လုပ်သွားပါမယ်။ အဲဒီမှာ မြန်မာဘလောက်ဂါတွေ စုပေါင်းပြီး လေလည်ကြပါမယ်။

Q : ဟား – ကောင်းပါတယ်၊ ကောင်းပါတယ်၊ ဘယ်နေရာမှာ ဘယ်လိုလုပ်မှာလဲခင်ဗျ။

A : လုပ်နေကြအတိုင်း ICT park ထဲမှာလုပ်မယ်လို့ပထမစဉ်းစားပါတယ်။ ဒါပေမယ့် အချို့ဘလောက်ဂါတွေက သူတို့ ဘယ်သူဘယ်ဝါဆိုတာ လူမသိလိုကြပါဘူး၊ ဒီအတွက် ကျွန်တော်တို့ နေပြည်တော်ဖြစ်ဖြစ် ရုပ်ရှင်ရုံတခုမှာ ရုပ်ရှင်ကြည့် ရင်း လှုပ်ရှားကြပါမယ်။ ရုံထဲမှာ မီးမှိတ်ထားတဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာလဲ မမြင်ရပါဘူး၊ဒီတော့ စိတ်ကြိုက် လေလည် လို့ရပါတယ်။ နောက်ပြီး အသံတွေ ဘာတွေထွက်ရင်ရှက်မှာ ဆိုးတဲ့ သူများအတွက် ရုံအတွင်းမှာ ရုပ်ရှင် ပြနေ တုန်းကို အသံစနစ်တခုလုံးအဆုံး ဖွင့်ထားဖို့ စီစဉ်ထားပါတယ်။ ပိုမိုသဘာဝကျ အောင်ကျွန်တော်တို့လုပ်မှာဖြစ်ပါတယ်။

Q : ဘယ်လိုသဘာဝကျအောင်လုပ်မှာလဲခင်ဗျ။

A : ရုံထဲမှာ air-com ပိတ်ထားမှာပါ။

Q : ဟတ် – ဟတ် ၊တော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် အခုအချိန်က လူတုတ်ကွေး ရောဂါ ပြန့်နေတယ်ဆိုတော့ နှာခေါင်းစီးလေးများ ယူလာလို့မရဘူးလားခင်ဗျ။

A : ရပါတယ်၊ အဲဒီအတွက်မပူပါနဲ့၊ ဘယ်လိုနှာခေါင်းစီးကမှ အနံ့ကိုကာကွယ်ဖို့ အဆင်မပြေနိုင်ပါဘူး။  ဟတ် ဟတ်။

Q : စကားလက်ဆောင်လေး ပေးခဲ့ပါဦး၊

A : ပတ်ဝန်းကျင်ကိုချစ်မြတ်နှိုးပြီး ကျန်းမာရေးလိုက်စားတဲ့ ဘလောက်ဂါများတက်ရောက်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

You can leave a response, or trackback from your own site.

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice