Archive for November, 2009

သိနေတယ်

ဒီနှစ်ပိုင်းတွေထဲမှာတော့ ကမ္ဘာ ပျက်တဲ့အကြောင်းက အတော်လေး ရေပန်းစားနေတာကိုး။ သင်္ကြန်ပြီးခါစကကြည့်ပြီးသားဖြစ်ပေမယ့် ဒီဘလောက်ပေါ် မတင်ဖြစ်သေးတဲ့ နောက်ဇာတ်လမ်းတခုကတော့ Kmowing ပါ။ Nicolas Cage ပါဝင်ပြီး အဓိက သရုပ်ဆောင်ထားတဲ့ ဒီကားလေးလဲ ကြည့်လို့ကောင်းပါတယ်။ တကမ္ဘာလုံး ပျက်စီးခဲ့ပေမယ့် လက်ရွေးစင် လူငယ်တွေကို တခြား ကမ္ဘာတခုက သီးသန့် လာရောက်ခေါ်ဆောင်သွားတာနဲ့အဆုံးသတ်ထားပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်လာမည့် အဖြစ်အပျက်တွေကို ကြိုတင်သိရှိနေတဲ့ ကလေးမလေးတဦးကနေ ဇာတ်လမ်းစထားပါတယ်။ မကြည့်ရသေးရင် တော့ ကြည့်လိုက်ဖို့တိုက်တွန်းပါတယ်။ ကြည့်ပြီးသားသူတွေကတော့ 2012 ကိုဘဲ အာရုံစိုက်မယ်ထင်ပါတယ်။ ဒါရိုက်တာ Alex Proyas ရိုက်ကူးထားပြီး ၂၀၀၉ ခုနှစ် မတ်လ မှာ ရုံတင်ပြသခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့မူရင်း ဆိုက်ကတော့ http://knowing-themovie.com/ ဖြစ်ပါတယ်။

12-12-12

အားလုံးသော အငြင်းပွားနေကြတဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ အကြောင်း ကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ ဇတ်ကားတခုဖြစ်တာမို့ အားလုံးလဲ သိပြီး ထင်ပါ လိမ့်မယ်။ ဘာဘဲပြောပြော ဇာတ်ကားအစကနေ အဆုံးအထိတော့ ကြည့်လို့ ကောင်းပါတယ်။ မနက်ဖန် ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံမှာ တင်ဆက်ပြသေနေပြီဖြစ်တဲ့ အဲဒီဇာတ်ကားကို ကျွန်တော် တို့ ရုံ ထဲမှာ မကြည့်ဖြစ်ခင်ဘဲ တေဇားလေးထံကနေ တဆင့်ရခဲ့ပါတယ်။ မနေ့ကတော့ ဖိုးသူတော်ထံရောက်နေတဲ့ ဒီဇာတ်လမ်းဖိုင်လေးကို ပြန်ကူးဖြစ်ခဲ့ပြီး ကျွန်တော့် PSP လေးနဲ့ တော့ အရင်ကြိုကြည့် ဖြစ်လိုက် ပါတယ်။ အရုပ်ပိုင်းဆိုင်ရာ မဆိုးပေမယ့် အသံမှာ သိသိသာသာဆိုးလှတော့ ကျွန်တော်တို့ သမ္မတ ရုံမှာ မနက်ဖန် သွားကြည့်ဖြစ်မှာတော့ [...]

Barcamp where and when?

မနေ့က ကျွန်တော်တို့ ကိုသောင်းစုငြိမ်းနဲ့ကဖေး အေရိုးမားမှာ တွေ့ဖြစ်ကြတယ်။ ကျွန်တော်တို့အနေနဲ့ သူနဲ့ တွေ့ဖို့ ကြိုးစားနေသလို အခုလို ကိုသောင်းစုငြိမ်း ကလဲ တွေ့ဖို့ ဖိတ်လာတဲ့အတွက် တကယ်ဘဲ အဆင်ပြေသွားပါတယ်။ အရင် အခါပေါင်းများစွာ ပြောခဲ့ဘူးသလို barcamp Yangon ကိစ္စအတွက် ပါဘဲ။ နောက်ဆုံးတော့ ကိုသောင်းစုငြိမ်း နဲ့ ကျွန်တော်တို့ အားလုံး ယေဘူယျ သဘောတူညီသွားခဲ့ကြတာကတော့ Bracamp Yangon ကို ၂၀၁၀ ဇန်န၀ါရီ လောက် မှာ ကျင်းပ ဖြစ်လိမ့်မယ်ဆိုတာပါဘဲ။ ဆက်လက်ညှိနှိုင်းစရာများအတွက် ကိုသောင်းစု အနေနဲ့ MCPA ကို ဒီကနေ့ ညနေဘဲ တင်ပြမှာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ နောက်ပြီးတော့ တဆက်ထဲမှာဘဲ ကျင်းပချိန်အတွင်း ပြုလုပ်မှာ ဖြစ်တဲ့ SDK [...]

I am a fan!

Zaw Zaw Myo Lwin is a fan of Barack Obama Create your Fan Badge

happy birthday Toli

ကျွန်တော်တို့ကတော့ ၀က်ကောင်လေး၊ တိုလီ၊ စူပါဝက်ကောင် အဲဒီလိုခေါ်ပြီး ခင်မင်ရတဲ့ ညီလေးတယောက်လို ခင်တဲ့ မင်းယွန်းသစ်၊ ကဗျာတွေလဲရေးတယ်၊ စာတွေလဲရေးတယ်၊ ဘလောက်ရေး တဲ့ နေရာမှာလဲ အဆင်ပြေချောမွေ့အောင်တင်ဆက်နိုင်တယ်။ တခါတလေ စိတ်အခန့်မသင့်ရင် ပြောဆိုတာတွေကိုလဲ သည်းညည်းခံတတ်တယ်။ သူ့မှာ ကောင်းတဲ့အချက်တွေရောမကောင်းတဲ့ အချက် တွေရော ရောထွေးနေပေမယ့် ကျွန်တော်တို့နဲကအမြဲပူးပေါင်း ဆောင်ရွက်တတ်တယ်။ ဒီလို အင်္ဂါရပ်တွေနဲ့ ဘုန်းမြင့်ခိုင်ဆို တဲ့ တိုလီမုတ်စကောင်လေးတယောက် ဒီကနေ့မှာ လူ့လောကထဲ ရောက်လာ တာအချိန်တွေ ကြာခဲ့ပြီး ဆယ်စုနှစ် ၂ ခုကို အောင်မြင်စွာကျော်ဖြတ်လို့ ၄ နှစ်တောင်စွန်းသွားခဲ့ပြီ။ နောက်နှစ်တွေမှာလဲ ဒီလိုဘဲ သူခင်မင်တွယ်တာတဲ့ အနုပညာနဲ့ လူမှုရေးလုပ်ငန်းတွေကို ကျွန်တော် တို့ နဲ့ အမြဲလုပ်နိုင်ပြီး အောင်မြင်တဲ့ ဘ၀တခုကို ပျော်ရွှင်တဲ့မိသားစုနဲ့ ဖြတ်သန်းသွားနိုင်ပါစေ။ [...]

“we step common web”

မြန်မာနိုင်ငံ၏ internet နည်းပညာ ရပ်ဆိုင်ရာ ပြပွဲ ကိုဒုတိယအကြိမ်အဖြစ် Myanmar info-teach အဆောက် အဦးအတွင်း ၂၀၀၉ ခုနှစ် December 21 နှင့် 22 ရက်များတွင် ကျင်းပပြုလုပ်ရန် စီ စဉ် ဆောင်ရွက်နေပြီဖြစ်ပါသည်။ ပထမအကြိမ်အဖြစ် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် my web my style, the web show 2008 အမည် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ Internet  နည်းပညာရပ်ဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာရပ်ဆိုင်ရာများကို အဓိက ပြမည့် အဆိုပါ ပြပွဲ အတွင်း နည်းပညာရပ်ဆိုင်ရာ သင်တန်းကျောင်းများ၊ မြန်မာ့အင်တာနက် web site များကိုပါဝင် ပြသနိုင်ရန် စီစဉ် [...]

hot lot ohhhh!

A lot of hot  in Yangon more than a lest year. A lot of big and old trees gone in after the cyclone. A lot of people in Yagnon than a lot of trush in town. A lot of smoke in Yangon becaue of a lot of  cars on suttules everywhere . A  lot of [...]

ကျန်းမာရေးအတွက်လေလည်တာကောင်းတယ်

ကျွန်တောလဲ ဘာလုပ်ရမှန်းမသိတော့ ပေါက်ကရတွေဘဲ လုပ်နေတတ်တော့တယ်။ အဲဒီထဲက ပေါက်ကရအမေးအဖြေတခုကို တင်ဆက်လိုက်ပါတယ်။ ဒါကတော့ Times Magazine  အတွက် ဘိုဝ လာရောက်ပြီး မေးမြန်းထားတဲ့ အမေးအဖြေလေးတခုပါ။ ဓါတ်ပုံဆရာ ဘိုဝအနေနဲ့ အင်တာဗျုးတုန်းက ရိုက်ထားတဲ့ ပုံတွေကို ကော်နက်ရှင်နှေးနေလို့ မပို့နိုင်သေးတဲ့အတွက် ဒီအတိုင်း အမြန်တင်ဆက်ပေးလိုက်ပါတယ်။ Q : ကိုဂေါက်တယောက် အခုဘာတွေလုပ်နေတယ်ဆိုတာသိပါရစေ။ A : အော် – ဟုတ်ကဲ့ ကျွန်တော် ပေါက်ကရတွေလုပ်နေပါတယ်။ Q : ခင်ဗျာ – ဘယ်လိုပေါက်ကရတွေလဲ။ A : ဒီလိုပါ။ ကျွန်တော်တို့ဆီမှာ ပေါက်ကရနဲ့ပတ်သက်ပြီး ကွဲလွဲမှုတွေ ရှိနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ ပါပြီ။ ပေါက်ကရ ၄၀ ၊ ပေါက်ကရ ၈၀ [...]

my pic

ကျွန်တော်က ဓါတ်ပုံရိုက်တာ ၀ါသနာပါတယ်။ ဒါပေမယ့် လှတပတလေးတွေတော့သိပ်မရိုက်ဖြစ်ပါဘူး။ အခုတော့ ဘလောက်ဒေးတုန်းက ကိုညီလင်းဆက် လျှပ်တပျက်ရိုက်ပေးထားတဲ့ ပုံလေးကို သဘော ကျတာနဲ့ facebook ထဲကနေပြန်ယူပြီး အဆင်ပြေအောင်ပြန်ပြင်ထားတယ်။ ပြီးရင် ပုံကြီးကြီးတပုံလောက်ထုတ်ပြီး အိမ်မှာ ကပ်ထားဦးမယ်။ ဒီပုံအတွက် ကိုညီလင်းဆက်ကို ကျေးဇူးပါ I like the take a shot photo . But I not have any pretty pics. Just I have one snip photo by Ko Nyi lynn Seck  when the blog day, the pic I [...]

MBS in Blogfest.Asia

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ကနေပြီး ၈ ရက်နေ့အထိ ဟောင်ကောင်မှာကျင်းပခဲ့တဲ့ blogfest.asia ပွဲကို ကိုသက်ထူး( မျက်လုံး) နှင့် ကိုကျော်ဇေကျတို့ က MBS ကိုယ်စားပြုတက်ရောက် ခဲ့ပါတယ်။ ကိုသက်ထူးမှ MBS နဲ့ပတ်သက်တဲ့ အကြောင်းအရာများနှင့် ရည်ရွယ်ချက်များ လုပ်ဆောင်ချက်များအကြောင်းကို တင်ဆက်ပြသခဲ့ပြီးတက်ရောက်လာသူအများစုမှလဲ MBS ကို အထူး စိတ် ၀င်တစား ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ကာ Myanmar blogoshpere အကြောင်းကိုလဲ တင်ပြဆွေးနွေးခဲ့ပါတယ်။ ကိုကျော်ဇေယျ နှင့် ကိုသက်ထူး တို့  ၇ – နိုဝင်ဘာ မှာ  0nline privacy အကြောင်း ကို တက်ရောက် ခဲ့ပြီး Organizing the bloggers community အကြောင်းကို  [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice