သူများမောင်စကားပြေ

ကိုရင်လက်ဆင်းရဲ့ ၂၁ ရာစုကြက်ဆူစိုက်သမားကြီးများတေးသံကို ကြားရတဲ့အခါ စကားပြေပြန်ရေးချင်စိတ်ပေါက်လာတယ်။ ကျွန်တော်တို့ငယ်ငယ်ကလိုပေါ့။ ဒါမှလဲ နောင်လာနောက်သားတွေအတွက် ကိုးကား စရာမက တစ်ဆယ်ပါကားသွားအောင်အသုံးဝင်မယ့် အရာဖြစ်လာနိုင်တယ်။ ဒါကြောင့် ခက်ဆင့်အဖွင့်တွေကအစ ကျွန်တော်ကြိုးစားပြီး စကားပြေအဖြစ်ပြန်ရေးလိုက်ပါတယ်။ မူရင်း ဆရာကြီး ကိုရင်လက်ဆင်း တယောက် ဒီထက်မကဘဲ ပြဲချင်း၊ ကန်ချင်း၊ ၁၃ ဆစ်ဖွင့်၊ တေးအထပ်ထပ်နဲ့ ရတုပိုဒ် မစုံတစုံတွေ ရေးသားလာဦးမှာပါ၊ အဲဒီကျရင်လဲ ကျွန်တော်ကြိုးစားပန်းစား စကားပြေများကို ရေးပါမယ်။ အောက်မှာတော့ မူရင်း ကိုအရင်ရေးပြီးမူရင်းအရေးအသား ၀က်ဆိုဒ်မူအတိုင်း စတင်ဖော်ပြချင်ပါတယ်။

သူများမောင်မှာ

သူများမောင်မှာ နိုင်ငံခြားသွား
လက်ဖျား ငွေသီးလို့ အိမ်သူကြီး မျက်နှာဖြီးရတယ်
နှမလေး မယ်တို့မောင်မှာ
ဘယ်ခရီးသွားသွား
လက်ကတီးကြားမှာ ချွေးစီးလို့
ကြီးကြီးငယ်ငယ်
စုဟယ်ဆောင်းဟယ် ဟာတွေလည်း
ပေါင်တန်ပေါင် ရောင်းတန်ရောင်း
အိမ်ကိုလည်း လက်ဖြန့်တောင်းရတယ်
အပျိုဖြူ ငယ်ကကျွမ်းရယ်
ချေးလှည့်ကွဲ့ဦး။

ကိုရင်လက်ဆင်း
၂၁ရာစု ကြက်ဆူစိုက်သမားကြီးများ တေးသံ

ခက်ဆစ်

သူများမောင်= တခြားသူယောက်၏မောင်သာဖြစ်ကြောင်း ကိုယ့်ကိုကိုယ် ကာကွယ်ပြောထားသော မိမိရည်းစားအား ရည်ညွှန်းသောစကား

မျက်နှာဖြီး= ပြူးတူးပြဲတဲအနေအထားဖြင့် အစွမ်းကုန်ပြုံးပြထားသော အပြုံး

လက်ကတီး= လက်ချောင်း ၁၀ ချောင်းလုံးအား ဆုတ်ချည်ဖြန့်ချီလုပ်နေပုံ( ချိုမိုင်မိုင်က သည်နှင့်အလားတူ)

ပေါင်တန်ပေါင်= ပေါင်နှံခြင်း(ပိုက်ဆံရရန်အလို့ငှာ တစုံတခုသော ပစ္စည်းအား ခဏပေးအပ်ပြီး တန်ဖိုးတ၀က်အား တောင်းယူခြင်း)၊ ရောင်းချင်း၏ ဒုတိယမြောက်ဆန့်ကျင်ဘက်

အပျိုဖြူ= အပျိုလဲဖြစ်တယ်၊အသားလဲဖြူတယ်ဟု ရည်ညွှန်းချက် (နာမ၀ိသေသန ကဲ့သို့ သုံးသည့် အကြွားဝိသေသန)

ငယ်ကကျွမ်း= ငယ်စဉ်ကတည်းက အရက်သောက်သူများ

ချေးလှည့်= ချေးငှားသည်၊ ချေးယူသည်၊ ငွေလှည့်သည်

စကားပြေ

သူတပါးတယောက်၏ ခင်သူရည်းစား ညီအကိုများသည် နိုင်ငံရပ်ခြားသွားသည့်အခါတွင် ငွေကြေးအမြောက်အများ လက်တခုလုံးမဆန့်အောင် ကိုယူဆောင်သွားနိုင်သဖြင့် အိမ်သူသက်ထား ဇနီးမယားတို့သည် အကြွားလုံးတထောင် စကားလုံး ပြောင်တို့ဖြင့် အများသူငှာတို့အား ပြောဆိုပြုံးပြနိုင်ပေမယ့် နှမလေးတို့ရည်းစား ကိုကိုကတော့ ဘယ်ခရီးသွားသွား လက်ထဲတွင် ဘာတခုမှမရှိဘဲ အပူလုံးကြွချွေးဒီးဒီး ကျရသ ဖြင့် စုဆောင်းထားရှိထားသော ပစ္စည်းပစ္စရအတိုအထွာများအား ကြီးကြီးငယ်ငယ် မဆိုထားဘဲ ပေါင်နှံသင့်သည်ကို ပေါင်နှံ သုံးမရတော့ထင်တာတွေရောင်းစားဖြင့် စီစဉ်ရပြီး အခန့်မသင့်က အိမ်မှ မိဘများထံမှပါ ထုံး စံအတိုင်းလက်ကလေး ဖြန့်ပြီး တောင်းနေရတာမို့ဒီတခါတော့ ချစ်သူရည်းစား ချောနှမအပျိုလေးအိမ်မှာ ဒိုင်ထားတာလေးတွေများရှိရင် ချေးငှားပါလို့ပြောလိုက်ချင်ပါတယ်။

မူရင်းရေးသူ ကိုရင်လက်ဆင်း( ၂၁ ရာစု ကြက်ဆူစိုက်သမားကြီးများတေးသံ) အား မောင်ဂေါက် ပြန်ဆိုရေးသားသည်။

၁၀ရက် ၁၀ လ အောက်တိုဘာ ၂၀၀၉

မြန်မာပြည်၊ ကမ္ဘာမြေ၊ နေစင်္ကြာဝဋ္ဌာ။

You can leave a response, or trackback from your own site.

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice