ဒီကနေ့ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာတော့ ကျွန်တော်တို့ရဲ့ ချစ်ခင်လေးစားတဲ့ မြန်မာ ဘလောက်ဂါအဖြစ်ထင်ရှားတဲ့ မနိုင်းနိုင်းစနေလို့အမည်ရတဲ့ မမီးမီး တယောက် မင်္ဂလာ ဧည့်ခံ ပွဲ ကို ရန်ကုန်မြို့ သခင်မြပန်းခြံရှိ westenpark စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။ မင်္ဂလာသတို့သားဖြစ်တဲ့ ကိုမင်းမင်းနဲ့ မင်္ဂလာသတို့သမီးဖြစ်တဲ့ မမီးမီးတို့ ရဲ့ မင်္ဂလာ ပွဲမှသည် နောင်နှစ်များ စွာ တိုင်အောင် လက်တွဲပျော်ရွှင်နိုင်ပါစေလို့ မင်္ဂလာပွဲမှ ကို သွားရောက်ချီးမြင့်ခဲ့တဲ့ ကျွန်တော်တို့ ဘလောက်ဂါသူငယ်ချင်းများ မှဆုတောင်းပေးပါတယ်။ Today 2009 October 28, Ma Mee Mee also know famous Myanmar blogger Ma Nine Nine Sanay [...]
Archive for October, 2009
the web show 2009
၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ the web show 2008 အပြီး ယခုနှစ် ၂၀၀၉ ခုနှစ်မှာ လဲ ဒုတိယအကြိမ်အဖြစ် ဆက်လက်ပြုလုပ်ဖို့ စတင်စီစဉ်နေပြီဖြစ်ပါ တယ်။ ဒီအတွက်ကြောင့် သူငယ်ချင်းများအနေဖြင့် ပါဝင်ပြသစေလိုတဲ့ မိမိတို့ ဘလောက်များ၊ တကိုယ်ရေဆိုဒ်များ၊ စီးပွားရေး၊ လူမှုရေးစတဲ့ ဆိုဒ်များကို zzml33@gmail.com သို့ နိုဝင်ဘာ ၁၅ ရက်မတိုင်ခင် ပေးပို့ပေးကြဖို့မေတ္တာ ရပ်ခံပါတယ်။ အသေးစိတ်ကိုထပ်မံတင်ပြပေးလိုက်ပါမယ်။ We make the plan of the web show 2009 , Lest web show we displayed on 2008 Dec [...]
barcamp Yangon
သူများတွေတော့ အသီးသီး သူတို့ ဘားကမ့်တွေကို ကျင်းပနေကြပါပြီ။ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ရန်ကုန် ဘားကမ့် အတွက် လဲ ကျွန်တော်တို့ လုပ်ဆောင်နေနိုင်သလောက်တော့ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဘယ်တော့လောက်မှဖြစ်မယ်ဆို တာကို တော့ သေးစိတ်ပြောဖို့ အဆင်မပြေလောက်အောင်ဖြစ်ရပါတယ်။ ဘယ်နေရာမှာ ဘယ်နေ့ဆိုတာနဲ့ ဘယ်သူတွေ ဘယ်လိုပူးပေါင်း ဆောင်ရွက်မယ်ဆိုတာ ဘယ်လိုမှ အဆင်ပြေအောင် လုပ်ဖို့ရာ မဖြစ် နိုင်သေး ပါဘူး။ ဒါကြောင့် ဘယ်သူမဆို ရန်ကုန်ဘားကမ့်အတွက် စိတ်ပါဝင်စားစွာနဲ့ ကူညီပေးနိုင်မယ်ဆိုတာ ကို သိချင်လို့ အမြဲဖိတ် ခေါ်နေပါတယ်။ လက်ရှိလုပ်ထားနိုင်တဲ့ အနေအထားကတော့ ဆိုဒ်တခုတင်ထားပြီးသာ ရန်ကုန်မှာ ဘားကမ့် လုပ်ဖွယ် ရှိကြောင်း သာ ပြီးနေပါတယ်။ တကယ်တော့ ဘားကမ့်ဆိုတာ အစည်းအဝေးပွဲလို တွေ့ဆုံပွဲလို သီးသန့်သက်သက်မဟုတ်ဘဲ အားလုံး [...]
nano မိန်းကလေး
ငါ့မှာ ပေါက်မသွားရင် ကြာကြာခံမယ့် ပူပေါင်းတလုံးရှိတယ်။ ငါ့ရဲ့ chaos တွေတခုနဲ့တခုကြား ပွတ်တိုက်မှုတွေများခဲ့ရင် atom တွေခုန်က electro တွေပုံကျ။ ငါ့မှာ ပျောက်မသွားရင် ကြာကြာခံမယ့် အသိအမှတ်ပြုမှုတခုရှိတယ်။ ငါ့ရဲ့ ဆင်ချင်မှုတွေကြား ကွန်ပျုတာနဲ့မြောက်စားခဲ့ရင် data တွေဖုန်ထ frequencies တွေသုညဘဲ။ ငါ့မှာ ထွက်မသွားရင် ကြာကြာခံမယ့် ကောင်မလေးတယောက်ရှိတယ်။ ငါ့ရဲ့ ထင်မြင်မှုတွေကြား ရင်ခွင်တကာနဲ့တောက်ကြွားခဲ့ရင် meter ကိုပုံချ million တွေစုံကျ၊ တကယ်တမ်းက မင်းကငါ့ရဲ့ nano မ။
သူများမောင်စကားပြေ
ကိုရင်လက်ဆင်းရဲ့ ၂၁ ရာစုကြက်ဆူစိုက်သမားကြီးများတေးသံကို ကြားရတဲ့အခါ စကားပြေပြန်ရေးချင်စိတ်ပေါက်လာတယ်။ ကျွန်တော်တို့ငယ်ငယ်ကလိုပေါ့။ ဒါမှလဲ နောင်လာနောက်သားတွေအတွက် ကိုးကား စရာမက တစ်ဆယ်ပါကားသွားအောင်အသုံးဝင်မယ့် အရာဖြစ်လာနိုင်တယ်။ ဒါကြောင့် ခက်ဆင့်အဖွင့်တွေကအစ ကျွန်တော်ကြိုးစားပြီး စကားပြေအဖြစ်ပြန်ရေးလိုက်ပါတယ်။ မူရင်း ဆရာကြီး ကိုရင်လက်ဆင်း တယောက် ဒီထက်မကဘဲ ပြဲချင်း၊ ကန်ချင်း၊ ၁၃ ဆစ်ဖွင့်၊ တေးအထပ်ထပ်နဲ့ ရတုပိုဒ် မစုံတစုံတွေ ရေးသားလာဦးမှာပါ၊ အဲဒီကျရင်လဲ ကျွန်တော်ကြိုးစားပန်းစား စကားပြေများကို ရေးပါမယ်။ အောက်မှာတော့ မူရင်း ကိုအရင်ရေးပြီးမူရင်းအရေးအသား ၀က်ဆိုဒ်မူအတိုင်း စတင်ဖော်ပြချင်ပါတယ်။ သူများမောင်မှာ သူများမောင်မှာ နိုင်ငံခြားသွား လက်ဖျား ငွေသီးလို့ အိမ်သူကြီး မျက်နှာဖြီးရတယ် နှမလေး မယ်တို့မောင်မှာ ဘယ်ခရီးသွားသွား လက်ကတီးကြားမှာ ချွေးစီးလို့ ကြီးကြီးငယ်ငယ် စုဟယ်ဆောင်းဟယ် ဟာတွေလည်း ပေါင်တန်ပေါင် ရောင်းတန်ရောင်း [...]


Posted in








