barcamp around the world

barcamp-logo-final

ဒီစကားရပ်နဲ့အရင်တုန်းကတော်တော်လေး စိမ်းပါတယ်။ ကြားတချက်မကြားတချက်နဲ့ ဒါကို အပျော်ကိစ္စဘဲထင်ခဲ့ပါတယ်။ ကိုညီလင်းဆက်ကလဲ တက်တက်ကြွကြွနဲ့ မြန်မာပြည်မှာ myanmar barcamp လေး တခုကို ပုဂံမှာ သွားလုပ်ရအောင်လို့ပြောဘူးပါတယ်။ ဘာညာကလဲ barcamp အကြောင်းဆို တကယ့်ကို ထက်ထက်သန်သန်နဲ့ လုပ်ချင်တယ်ဆိုပြီး အမြဲပြောနေခဲ့ကြပါတယ်။ အခုတော့ barcamp အကြောင်း လေးတွေလဲ တော်တော် သိသွားပြီဖြစ်သလို ရန်ကုန်မှာ Yangon Barcamp လေးတခု လုပ်ဖြစ်အောင် စီစဉ်တဲ့ အထဲကို ပါဝင် လာမိခဲ့ပါတယ်။ Yangon Barcamp ကို  MCPA ကလဲ ပြုလုပ်မယ်လို့ ကြားရတဲ့ အတွက် လွတ်လပ်တဲ့ ဒီ barcamp program ကလေးကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ရာ စိတ်အားထက်သန်မိပါတယ်။ ဒါကြောင့်လဲ လိုအပ်တဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။ မြန်မာ နိုင်ငံရဲ့ဦးဆောင်အဖွဲ့တခုဖြစ်တဲ့ MCPA ကနေကမကထလုပ်ပြီး လုပ်ဆောင်တဲ့အခါ ပိုမိုတဲ့ ကျယ်ပြန့်မှုတွေနဲ့ထိရောက်အောင်မြင်မှုတွေရမယ်လို့ လဲမျှော်လင့်ပါတယ်။ အခုတော့ barcamp အချက်အလက် တွေကို အများသိအောင် ကျွန်တော်တို့ ဖြန့်ဖြူးပေးဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ဒါကြောင့်လတ်တလော ပြုလုပ်နေတဲ့ ကမ္ဘာပေါ်က barcamp တွေအကြောင်းကို ဒီမှာ မျှဝေပေးလိုက်ချင်ပါတယ်။ လာမည့် အောက် တို ဘာလဆန်းမှာတော့ Cambodia နိုင်ငံ Phnon Penh မှာ ဘားကမ့် တခု ကျင်းပဖို့ရှိပါတယ်။ အဲဒီပွဲကို ကျွန်တော်တို့ ဆီကနေတက်ရောက်မယ့် သူတွေလဲရှိပါတယ်။ အတွေ့အကြုံအတွက် ကျွန်တော်လဲ လိုက်ချင်ပေမယ့် ပတ်စပို့စာအုပ်သက်တမ်းမမှီတော့တာကြောင့်မလိုက်ဖြစ်တော့ပါဘူး။ ကျွန်တော်တို့အဖွဲ့က ၂ ယောက် တက်ရောက်မှာ ဖြစ်ပြီး MCPA ကနေလဲ ၁ ဦးကနေ ၂ ဦးအထိ တက်ရောက်လေ့လာ သွားမှာ ဖြစ်တယ်လို့ သိရ ပါတယ်။ အခုကျင်းပတဲ့ barcamp 2009 Phnon Penh အကြောင်းကို ဒီလင့်မှာ သွားရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။ barcamp Bangkok ကိုတော့ မေလ အတွင်းက ကျင်းပခဲ့ပြီး အခုလင့် မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ 2009  မှာ ဆက်လက်ပြီးကျင်းပမယ့် barcamp တွေကတော့ အောက်မှာဖြစ်ပါတယ်။

Malaysia barmap  Oct 24,25 2009

Chiang Mai barcamp Nov 14 . 2009

New York barcamp Nov 14,15 .2009

Singapore barcamp Nov 21 . 2009

Yangon barcamp Dec ? ? ? ? ? 2009

ကျွန်တော်တို့ရန်ကုန်မှာကျင်းပမယ့် ဘားကမ့်အတွက် အချက်အလက်တွေကို www.barcamp.org/myanmar မှာတွေ့ရှိနှိင်ပြီး www.barcampmyanmar.org မှာလဲ ဖော်ပြထားတာ တွေ့ရှိနိုင်ပါတယ်။ ဘားကမ့်အကြောင်း ကို အများ သူငှာ ပိုမိုသိရှိနိုင်ရန်အတွက် အချက်အလက်များကို ပိုမိုဖြန့်ဝေပေးဦးမှာ ဖြစ်ကြောင်းသတင်းပါးလိုက်ပါတယ်။

You can leave a response, or trackback from your own site.

2 Responses to “barcamp around the world”

  1. saund says:

    ကိုဂေါက်ရေ
    လာလည်သွားတယ်

  2. kokyaw says:

    အာဆင်နယ်မှာ ကစားတဲ့ ဟော်လန်တိုက်စစ်မှူး ဘားကင့်တော့ သိတယ် တော်တော်ကောင်းတယ် သူ့ဂိုးတွေ ကမ္ဘာ့အကောင်းဆုံးထဲပါတယ်

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice