ကျွန်တော်ကိုမေးလာတဲ့အတွက် plugin ဆိုတဲ့အကြောင်းကို ပေါ်လွင်အောင်ရှင်းပြရရင်၊ plugin ဆိုတာ တွဲဖက်ပြီး အသုံးပြုရန်အတွက် စားသုံးသူစိတ်ကြိုက်ထပ်မံဖြည့်စွက်ပေးတာ လို့ဆိုချင်ပါတယ်။ ဥပမာပြောရင်၊ မုန့်ဟင်းခါးစားတဲ့အခါမှာ ငံပြာရည်၊ ငြုတ်သီးမှုန့်၊ ရှောက်သီး၊ နံနံပင်တို့ဟာ plugin ဘဲဖြစ်ပါတယ်။ အကြော်ထည့်စားချင်စားမယ်၊ ငြုတ်သီးစပ်စပ် ကြိုက်တဲ့သူရှိမယ် စသဖြင့်စားသုံးသူအတွက် လိုအပ်လို့ထပ်မံဖြည့်စွပ်တဲ့အခါမှာ အသုံးတည့်အောင်လို့ လက်ရှိထုတ်ကုန်အတွက် လိုအပ်မယ်ထင်တဲ့ အခြားသော plugin တွေကို တီထွင်ဖန်တီးပေးလေ့ရှိပါတယ်။ နောက်တမျိုးက စားသုံးသူက လိုအပ်လို့တောင်းဆိုလာတဲ့အခါမှာလဲ ဆက်လက်ဖြည့်ဆည်းနိုင်အောင် ထုတ်လုပ်ပေးကြသလို လုပ်ငန်းတူများက နေအသစ်ဖန်တီးလာတဲ့အရာတွေနဲ့ ချိတ်ဆက်အသုံးပြုတဲ့အခါ လွယ်ကူချောမွေ့အောင် လုပ်ဆောင်ပေးတာဘဲဖြစ်ပါတယ်။ အခုပြောဆိုချက်က နည်းပညာနဲ့ပတ်သက်တဲ့ plugin ကိုကျွန်တော်သိသလောက် ရှင်းလင်းတာဖြစ်ပါတယ်။ နောက်တမျိုးသိသာအောင်ပြောရရင် internet သုံးတဲ့ သူတွေ ကောင်း ကောင်းသိတဲ့အကြောင်းဖြစ်ပါတယ်။ ကိုယ်သုံးတဲ့ browser က firefox ဆိုပါစို့၊ ကိုယ်ကြည့်မယ့်ဆိုဒ်တခုဟာ flash နဲ့ရေးထားတဲ့ ဖိုင်တွေပါဝင်လာတယ်ဆိုရင် အချို့သော browser တွေက ချက်ခြင်း ဖော် ပြနိုင်စွမ်းမရှိပါဘူး။ အဲဒီအတွက် ကိုယ်သုံးနေတဲ့ browser မှာ အစောကပြောတဲ့ flash ဖိုင်ကိုဖော်ပြပေးနိုင်မယ့် အရာတခုလိုပါတယ်။ ဒါကြောင့် ကိုယ်က browser ကို firefox သုံးနေတယ်ဆိုရင် သုံးနေတဲ့ browser မှာ ဆက်လက်ပြီး install လုပ်ပေးရတဲ့ software တွေကို plugin လို့ခေါ်ပါတယ်။ နောက်တနည်းခေါ်တာတွေကတော့ plug-in, add on စသဖြင့်ခေါ်ဆိုပါတယ်။
plugin ဆိုတာ နေရာတိုင်းအတွက် လိုအပ်တဲ့ အရာတခုဖြစ်ပြီး အမြဲတမ်းအသစ်တွေပေါ်ပေါက်လာနေနိုင်ပါတယ်။ အသုံးပြုသူကတောင်းဆိုလို့ဘဲဖြစ်ဖြစ်၊ ခေတ်နဲ့လျော်ညီအောင်ဘဲဖြစ်ဖြစ် လက်ရှိသုံးနေတဲ့ အနေ အထားတွေကို ဆက်လက်တိုးတက်ပြီးလုပ်ဆောင်နိုင်ဖို့ Plugin တွေကပေါ်ပေါက်နေဦးမှာဖြစ်ပါတယ်။ အသုံးပြုသူတွေကတော့ ကိုယ်နဲ့ကိုက်ညီတဲ့ plugin တွေကို ကိုယ်သုံးမယ့် application software နဲ့လိုက်ဖက်တဲ့ အနေအထားရောက်အောင် ရှာဖွေသုံးစွဲကြပါတယ်။ အခမဲ့ရနိုင်တဲ့ plugin တွေအပြင် အခကြေးငွေ ပေးကာအသုံးပြုရတဲ့ plugin တွေရှိပါတယ်။
plugin နဲ့ပတ်သက်တဲ့ နည်းပညာဆိုင်ရာ အကြောင်းတွေကို ဆက်ပြီး ရေးသားပေးဖို့ ကိုမျက်လုံး www.thethtoo.com ကို ပြောထားပါတယ်။ မကြာခင်မှာ သူဖော်ပြပေးနိုင်ပါလိမ့်မယ်။


Posted in
Tags: 








အရှင်းအလင်းတော်ပါ၏။
ကောင်းလွန်းလှပါသည်