ကျွန်တော်တို့ တွေက အင်တာနက်ကနေ လာတဲ့သတင်းအချက်အလက်တွေကို အမြဲအားကိုးတတ်တဲ့ အလေ့အထ တော်တော်လေးထွန်းကားလာ တာကိုတွေ့ရပါတယ်။ တကယ်တမ်းက ဒီရပ်ဝန်းနဲ့ နီးစပ်နေတဲ့ သူတွေအဖို့ ဒါဟာ ဖြစ်သင့်တဲ့အနေအထားတရပ်ဆိုရင်မမှားပါဘူး။ ဒါပေမယ့် သတင်းအချက်အလက်တွေကို ဖတ်ရှုတဲ့အခါမှာ ကျွန်တော်တို့ လုပ်သင့်တဲ့ အချက်အလက်တွေကို အမြဲတမ်းမဆိုသာရင်တောင် အတတ် နိုင်ဆုံး ပြုလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းတခုထည်းကို အာရုံစိုက် လှုပ်ရှားကြတဲ့ သတင်းဌာနတွေတောင် တခါတရံမှာအမှားအယွင်း သတင်းများကို ဖော်ပြတတ်ပါတယ်။ ကျွန်တော်တို့သတင်း ဖတ်တဲ့ သူတွေအနေနဲ့ သတင်းတခုရဲ့ ခိုင်မာတိကျမှု ကို အနီးစပ်ဆုံး ဆင်ခြင်နိုင်မယ့် နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။ တကိုယ်ရေသတင်းဖတ်ရှုသူတဦးအနေဖြင့် သိပ်အရေးကြီးတယ်လို့မယူဆချင်ပေ မယ့် တနေရာကတနေရာကို သတင်းဆက်လက်ဖြန့်ချီတတ်တဲ့ အလေ့အထရှိတဲ့သူတွေ၊ သတင်းကို လက်ဆင့်ကမ်းသယ်ဆောင် ကိုးကားတတ်သူတွေအနေနဲ့ကတော့ ဒီအပိုင်းက အတော်အတန်ရေးပါတယ်လို့ ထင်ပါတယ်။
သတင်းအချက်အလက်တခုကို မှန်ကန်တယ်လို့ယူဆလို့ရတဲ့ ဆင်ခြင်သုံးသပ်ပုံလေးတွေကို အများစုနားလည်နိုင်တဲ့ ပုံစံနဲ့ ကျွန်တော် ပြောချင်ပါတယ်။
၁။ ပထမဆုံး ကိုရရှိတဲ့ သတင်းအချက်အလက်ရှိရာ မူရင်းဆိုဒ်၊ ဘလောက်၊ အီးမေး စသဖြင့် မူလနေရာဟာ ယုံကြည်စိတ်ချရမှုအတိုင်းအတာ ဘယ်လောက်ရှိတယ် ဆိုတာကို ပြန်လည်သုံးသပ်ပါမယ်။
၂။ အလားတူသတင်းမျိုးဟာ အင်တာနက်ပေါ်က ဘယ်နေရာတွေမှာဖော်ပြမှုရှိတယ်ဆိုတာကို search engine အသုံးပြုပြီး ကျွန်တော်တို့ရှာဖွေသင့်ပါတယ်။
၃။ ထိုသတင်းများရဲ့ ခြားနားချက်တွေကို သုံးသပ်ပါမယ်။ အဲဒါကတော့ ကိန်းဂဏန်းအချက်အလက် တွေရဲ့ညီမျှခြင်းတွေကို ဆိုလိုတာဖြစ်ပါတယ်။
၎။ ကိုယ်တိုင်က အတည်ပြုနိုင်တဲ့ အချက်အလက်တွေကိုသာ စီစစ်အတည်ပြုနိုင်ပြီးနောက်မှာ ဆက်လက်ဖြန့်ဝေလိုက ဆက်လက်ဖြန့်ဝေနိုင်ပါမယ်။
၅။ ကိုယ်ပိုင်အသိနဲ့ ပေါ်ပေါက်လာတဲ့သတင်းအပေါ် ဖြစ်နိုင်ချေရှိမရှိကို ဆင်ခြင်သုံးသပ်ရပါမယ်။
အထက်ပါအကြောင်းအရာတွေကတော့သတင်းတခုကို အတည်ပြုနိုင်ဖို့ရာသုံးစွဲသင့်တဲ့ အလွယ်တကူမှတ်နိုင်တဲ့ အချက်အလက်တွေဖြစ်ပါတယ်။ ပြန်လည်ရှင်းပြရရင်
၁။ ပထမဆုံး ကိုရရှိတဲ့ သတင်းအချက်အလက်ရှိရာ မူရင်းဆိုဒ်၊ ဘလောက်၊ အီးမေး စသဖြင့် မူလနေရာဟာ ယုံကြည်စိတ်ချရမှုအတိုင်းအတာ ဘယ်လောက်ရှိတယ် ဆိုတာကို ပြန်လည်သုံးသပ်ပါမယ် ဆိုတဲ့အပိုင်း မှာ ကိုယ့်ထံကိုရောက်လာတဲ့သတင်းဟာ၊ ကိုယ်တိုင်ရှာဖွေတာဖြစ်စေ၊ တဆင့်ရောက်ရှိလာခြင်းဖြစ်စေ ယုံကြည်နိုင်လောက်တဲ့ အကြောင်းအရာဖြစ်တယ်ဆိုတာကို ပထမအဆင့်အနေနဲ့ သုံးသပ်ပေးရမယ် ဆို တာ ကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ – - ကိုယ်မသိတဲ့ မေးအကောင့်တခုကနေ ဖော်ဝေါ့မေးရရှိလာတဲ့သတင်းအချက်အလက်တခုဟာ လတ်တလောအနေဖြင့် ယုံကြည်ဖွယ်မရှိနိုင်ဘူးဆိုတာ ပါဘဲ။ တကယ်လို့ ဒီသတင်း အချက်အလက်ကို စိတ်ဝင်စားတယ်ဆိုရင် အတည်ပြုနိုင်ရန်အတွက် ဒုတိယအဆင့်ကို ဆက်လက်ပြီးလုပ်ဆောင်သင်ပါတယ်။
၂။ အလားတူသတင်းမျိုးဟာ အင်တာနက်ပေါ်က ဘယ်နေရာတွေမှာဖော်ပြမှုရှိတယ်ဆိုတာကို search engine အသုံးပြုပြီး ကျွန်တော်တို့ရှာဖွေသင့်ပါတယ် ဆိုတဲ့အကြောင်းက အထက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေ အနေကြောင့် ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သင့်တဲ့အပိုင်းဖြစ်ပါတယ်။ ကိုယ်ရရှိတဲ့အချက်အလက်နဲ့ ကိုက်ညီမယ်ထင်ရတဲ့ အရေးပါတဲ့ စကားလုံးကို အသုံးပြုပြီး ဒီသတင်းအချက်အလက်တွေဟာ အင်တာ နက်ပေါ်မှာ ဘယ်တုန်းကရှိခဲ့တဲ့သတင်းလဲ၊ လတ်တလောဖြစ်ပေါ်နေတာလား၊ ဆိုတာတွေကို ကမ္ဘာ့ သတင်းများ ကို ကိုးကားနိုင်မယ့် အခြေအနေဖြစ်အောင် ကျွန်တော်တို့ ရှာဖွေပေးရမယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။ ဒါမှ သာ ကိုယ့်ထံရောက်လာတဲ့အချက်အလက်၊ ကိုယ်တိုင်ရှာဖွေတဲ့အချက်အလက်ဟာ အတုအယောင်လား၊ ဟောင်းနေပြီဖြစ်တဲ့အချက်အလက်လားဆိုတာကို up to date ဆင်ခြင်နိုင်မှဖြစ်ပါတယ်။
၃။ ထိုသတင်းများရဲ့ ခြားနားချက်တွေကို သုံးသပ်ပါမယ် ဆိုတဲ့အပိုင်းမှာတော့ ပထမရရှိတဲ့အချက်အလက်နဲ့ ဒုတိယအကြိမ်မှာ ကိုယ်ရရှိတဲ့အချက်အလက်တွေရဲ့ ခြားနားချက်တွေကို တိုက်ဆိုင်စစ်ဆေးရမှာဖြစ် ပါတယ်။ ဥပမာအနေနဲ့ အီရတ်နိုင်ငံက ဈေးတခုမှာ ကားဗုံးပေါက်တယ်ဆိုတဲ့ သတင်းကို စတင်ရရှိတယ်ဆိုပါစို့၊ဒုတိယ အခါကိုယ်ရှာဖွေတဲ့အခါမှာ ဒီကနေ့သတင်းများထဲမှာ အီရတ်ကားဗုံးပေါက်တယ် ဆိုတဲ့ သတင်းဟာ အမှန်တကယ်ရှိနေမယ်၊ ဒါပေမယ့် ပထမအချက်အလက်မှာတော့ ဈေးတခုမှာလို့ဆိုပေမယ့် နောက်တခုမှာတော့ စတိုးဆိုင်ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အဒီအခါမှာ ကိုယ်က ဘယ်လို သုံးသပ်မယ်ဆိုတာ ဟာအရေးကြီးပါတယ်။ သေချာတာတခုကတော့ ကားဗုံးပေါက်တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ပထမရရှိတဲ့ အချက်အလက်မှာ ဓါတ်ပုံပါဝင်နေတယ်ဆိုပါစို့၊ ဒုတိယအချက်မှာ ဓါတ်ပုံ မပါဝင် လာဘူး၊ ဒါဆိုရင်အဲဒီပုံအတွက်လဲ ကျွန်တော်တို့စစ်ဆေးပေးရမှာဖြစ်ပါတယ်။ ဒီတော့ ပထမသတင်းမှာ လူ 5 ဦးသေဆုံးတယ်လို့ဖော်ပြပေမယ့်၊ ဒုတိယသတင်းမှာ လူ 3 ဦးသေပြီး 2 ဦးဒဏ်ရာ ရတယ်ဆိုတဲ့ အချက်အလက်ကိုရေးထားမယ်ဆို ကျွန်တော်တို့ ဆင်ခြင်ရမှာက အတည်ပြုလို့မရသေးတဲ့ သတင်းအရ လူ ၃ ဦးမှ ၅ဦးသေဆုံးပြီး ဒဏ်ရာရသူအနည်းငယ်ရှိတယ်လို့သာ ယူဆလို့ရပါမယ်။ ဒါက ကျွန်တော်တို့ သုံးသပ်ချက်ဖြစ်ပြီး ဘယ်သူမှ ရေးထားတဲ့အချက်အလက်မဟုတ်တဲ့အသစ်ဖြစ်နေပြီဆိုတာလဲနားလည်ရမှာဖြစ်ပါတယ်။ ကိုယ်ကနေပြီး ဆက်လက်ပြီး သိရှိစေလိုတဲ့ အကြောင်းကြောင်း ဒီသတင်းကို လက်ဆင့် ကမ်းမယ်ဆိုရင် မူရင်းဖော်ပြချက်ကို တိုက်ရိုက် ကူးယူသည်ဖြစ်စေ ပြန်လည်ကိုးကားသည်ဖြစ်စေ လက်ဆင့်ကမ်းသူမှာ ဒီသတင်းရဲ့တာဝန်အချို့ရှိလာပြီဖြစ်ပါတယ်။ ကိုယ်ရှာဖွေနေဆဲမှာဘဲ သတင်းအချက် အလက်ကို သက်ဆိုင်ရာ နိုင်ငံကနေပြီး တရားဝင်ဖော်ပြလာရင်တော့ ဒါဟာ တရားဝင်သတ်မှတ်ထားတဲ့ သေဆုံးဒဏ်ရာ ရရှိသူများကို အတိအကျပြန်လည်ဖော်ပြနိုင်ပါတယ်။ သို့ပေမယ့် ကိုယ်ကနေပြီး ထုတ်ပြန် ထားတဲ့ အချက်အလက်တွေထက်ပိုမို သေဆုံးနိုင်တယ်လို့ယူဆရင် ဒီအချက်အလက်ကို တိုက်ရိုက်သုံးစွဲမှုမရှိစေရဘဲ ကိုယ်တိုင်သုံးသပ်ချက်အဖြစ်သာ ပြန်လည်ဖော်ပြနိုင်မှာဖြစ်ပါတယ်။
၅။ ကိုယ်တိုင်ကနေပြီး အထက်ပါနည်းလမ်းတွေနဲ့ ဆင်ခြင်သုံးသပ်မှုများပြုလုပ်ပြီးရရှိလာတဲ့ အချက်အလက်တွေကို ကိုယ်တိုင်က တာဝန်ယူနိုင်တယ်ဆိုတဲ့အခါမှာ ဒီအချက်အလက်တွေကို ဆက်လက် ပြီး လက်ဆင့်ကမ်းဖော်ပြနိုင်ပါတယ်။ ဒီလိုဖော်ပြမှုမှာ ကိုယ်ဘာအတွက်ဖော်ပြတယ်ဆိုတဲ့ အာဘော်ဟာ ဒီသတင်းရေးသားတဲ့ အရေးအသားတွေပေါ်မှာ ရှိနေမယ်ဆိုတာကို သတိထားရမှာဖြစ်ပါတယ်။ ဒါဟာ ဆက်လက်ပြီး သိစေလိုတဲ့ အကြောင်းအရာအပေါ် အခြားသူများအဖြင့် မည်သို့ ရရှိနိုင်မယ်ဆိုတဲ့ပေးစွမ်းမှုဖြစ်ပါတယ်။
၆။ ကိုယ်တိုင်အသိနဲ့ဆင်ချင်နိုင်တယ်ဆိုတဲ့သတင်းတွေကတော့ ဖြစ်နိုင်ချေရှိမရှိကို စဉ်းစားနိုင်တဲ့ ပုံမှန်အသိနဲ့ ပြန်လည်ပြီး အလျင်မြန်ဆုံး ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒီလိုသတင်းတွေက သဘာဝဘေးအန္တရာယ်နဲ့ ထင်ရှားကျော်ကြားသူတို့ တွေရဲ့သတင်းတွေဖြစ်နိုင်ပါတယ်။


Posted in 







