နားရွက်က ကားကား။ လူကခပ်ပုပု။ ဘီယာသိပ်ကြိုက်တယ်( အရက်လဲမရှောင်ပါ)။ မျက်မှန်လေးနဲ့ ။ မူးလာပြီဆို စွန့်စားခန်းတွေ ၀ါသနာထုံတဲ့ ဘော်ဒါကြီးတစ်ယောက်ရှိခဲ့တယ်။ ရှမ်းကိုးမီး ကစားရင် သိပ်လဒ်ကောင်း တဲ့သူ။ အဲဒါ ကျွန်တော့်ရဲ့တက်လော့ဟုန်း ၊ ကိုရင်တက်စလာကြီးဘဲပေါ့
မနှစ်က ဒီလိုနေ့မျိုးမှာ ကျွန်တော်ခင်တဲ့ လေးစားတဲ့ မနိုင်းနိုင်းနဲ့အပြင်မှာစပြီး ဆုံဖြစ်ခဲ့ကြတယ်။ ပျော် ခဲ့ကြတယ်။ အဲဒီနေ့ညနေမှာတော့ မွေးနေ့ရှင် ကိုတက်ကြီး ကမနိုင်းနဲ့ပေါင်းပြီး ကျွန်တော်တို့ကိုဘီယာတိုက်တယ်။ ဒီနှစ်လဲ ဒီလိုလေးပါဘဲ။ မနေ့က မနိုင်းနိုင်းနဲ့တွေ့ဖြစ်ကြတယ်။ အမှတ်တရပါဘဲ။ မနိုင်းတိုက်တဲ့ ဘီယာတွေကို မနေ့က ည၁နာရီအထိ သောက်ခဲ့ကြတယ်။ မွေးနေ့ရှင်ကိုတက်ကြီးကို လဲသတိတရနဲ့ပေါ့။ သူလဲ ဘီယာ ကြိုက်တယ်လေ။ ဒီနှစ်မှာ လူမစုံပေမယ့်နောက်နှစ်တွေမှာ မွေးနေ့ရှင်ကြီးနဲ့ ပျော်ရွှင်စရာ မွေးနေ့ကို သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး နဲ့တွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မနိုင်းနဲ့ အမှတ်တရပြန်ဆုံကြသလို ကိုတက် ကြီးကိုလဲ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။


Posted in 








အေးဗျာ.. သတိရ တယ်.. လူစုံမဲ့ အချိန် သောက်ကြတာပေါ့..
နစ်တိုင်းပျော်ရွင်နိုင်ပါစေ။
ကျေးဇူးတင်ပါတယ် မခင်ဦးမေ
ကျွန်တော်တို့က တော့ဆုံနေကြဘဲနော်။ တို့ကတော့တို့ကတော့ မူးပြီးတော့လမ်းမထက်မှာလျောက်တဲ့အချိန်-မင်းကတော့ ၂ခွက်လောက်တင် နေဆဲ
can’t read ur whole post. i really want to read ur “sate pyaung at kha yar”
ကျွန်တော် အီးမေးပို့ပေးလိုက်ပါမယ်။ PDF အနေနဲ့ပါ။ ကျေးဇူးတင်ပါတယ်
မကြီးနိုင်းနိုင်းရဲ့ Post တွေ အရမ်းဖတ်ချင်ပါတယ် ဘယ်လိုမှဝင်လို့မရပါဘူး။ nineninesanay.com ကိုလေ။forward mail လေးတွေ ကောင်းလို့ ဖတ်လိုက်ရင် အောက်မှာ နိုင်းနိုင်းစနေဘာသာပြန်သည်ဆိုတာလေးတွေကိုဘဲ သိမ်းပြီးပြန်ပြန်ဖတ်နေရတယ် nineninesanay.comကိုဘယ်လိုဝင်ရမလဲ ကူညီပါအုံးနော်