ဝက်ဝက်ကွဲ ကြီးတဲ့ပုံများကိုတင်နေပါတယ်။ ဒါတောင်ကိုညီလင်းဆက်နဲ့သူများတွေ facebook ကနေ လိုက်ယူထားတာတွေပါ။ အခုပုံကတော့ ပြည်မြို့ရွှေဆံတော်စေတီရင်ပြင်မှာ မနက်စာ မျှော်နေတုန်း ကမန်း ကတန်းရိုက်ထားတဲ့ပုံဖြစ်ပါတယ်။
တို့သုံးယောက်( ကိုမျက်စေ့၊ သူတော်၊ ဇော်ဇော် )
ဒါလေးကအချစ်တော်အဖွဲ့လေ၊ ၀က်တကောင်ပါတာသေချာကြည့်ကြနော်
သူတော်တယောက်မနက်စာအတွက် ကြိုးပန်းနေတာဖြစ်ပါတယ်
တယောက်တပေါက် ဆွေးနွေးခန်း ( ဘီယာအရင်သောက်မယ်၊ အိုကွာဖဲချမယ်၊မဖြစ်ပါဘူး ရေအရင်ချိုးမယ်၊ မရဘူးကွာ ဆိုက်ကားနင်းမယ် စသဖြင့်ပေါ့ )
ဆိုက်ကားတဖွန်လူရည်ချွန်၊ ဓါတ်တိုင်တမွတ် ပုဆိုးကျွတ် ( စိုးကြီးဆိုက်ကား – ဆိုက်ကားစိုးကြီး )
တောထဲမှာလဲ ဂိုက်ပေးကြတာပါဘဲ ပုံကိုကြည့်ပါ
ရတဲ့ထီးလေးတွေနဲ့ ပူနေတဲ့နေရောင်အောက်မှာ အသွားအပြန် ၃ မိုင်လောက်ကို ဒီလိုဘဲလမ်းလျောက်ကြပါတယ်
မန်းလေးရောက်ရှမ်းတယောက်မဟုတ်ပါ၊ ဘုရားပေါ်ရောက်အရက်သမားတယောက်ဖြစ်ပါတယ်တဲ့ ( သူတို့တွေပေးတဲ့နာမည်လေ )
ဒီပုံကလေးကတော့ အကြိုက်ဆုံးပါဘဲ ( ကျေးဇူးကိုညီလင်းဆက် )
ခရီးစဉ်နဲ့ပတ်သက်တဲ့ ပုံတွေက ကျွန်တော့်အထင် ပုံပေါင်း ၂၀၀၀ ထက်မနဲရှိမယ်လို့ခန့်မှန်းပါတယ်။ အခုပုံတွေကို ကော်နက်ရှင်ကောင်းတုန်းလေး ကိုညီလင်းဆက်ပို့ပေးတာတွေနဲ့ facebook ကနေတချို့ရယူပြီး တင်လိုက်တာဖြစ်ပါတယ်။ အတွေ့အကြုံလေးတွေကိုတော့ နောက်မှဘဲတင်နိုင်မယ်ထင်ပါတယ်။ ကျွန်တော်တို့ အတွက် နောက်သတင်းကောင်းတခုကတော့ ကိုညီလင်းဆက် အကြံပေးတာနဲ့ နောက်ထပ်ခရီးစဉ်တခု ရေးဆွဲဖို့စီစဉ်နေပါတယ်။ ကလောဘက်ကိုသွားမလား၊ ပြဒါးလင်းဂူကိုသွားမလား၊ ဒါမှမဟုတ်တွင်းတောင် အကြောင်းသုတေသန လုပ်မလားဆိုတာကတော့ ဆက်လက်ပြီး စောင့်ရဦးမှာ ဖြစ်ပါတယ်။ ဘာဘဲဖြစ်ဖြစ် အခုခရီးစဉ်ကလေးကတော့ ညီအကိုမောင်နှမစိတ်ဓါတ်နဲ့ အောင်မြင်စွာပြီးသွားပါပြီ၊ ဒီထက်မကစည်းလုံးစွာနဲ့ အလုပ်တွေကိုဆက်လက်လုပ်နိုင်ကြပါစေလို့ ဆုတောင်းနေပါတယ်။


Posted in
Tags: 








ကိုဂေါက်ရေ
ဒီခရီးစဉ်ကို လိုက်ချင်ရဲ့သားနဲ့ ကျန်နေရစ်ခဲ့တာကို
နားလည်ခွင့်လွှတ်ပေးပါဗျာ … နောက်ခရီးစဉ်အတွက်
ကြိုတင်စာရင်းပေးတယ်ဗျာ… တကယ်လိုက်ဖြစ်အောင်
ကြိုးစားမယ်ဗျာ စိတ်ချပါဗျာ…
ခင်မင်လေးစားလျှက်
မိုးလှိုင်ည
နောက် ဘယ်နှစ်ကြိမ်ပဲ ဖြစ်ဖြစ်လိုက်မယ်ဗျို့ ဒီတစ်ခေါက်လည်းပျော်တယ် နောက်တစ်ခေါက်ပိုတောင်ကောင်းဦးမယ် …
ပျော်စရာကြီး..
လိုက်ချင်တယ်…
ပြဒါးလင်းဂူကို ဒီရက်ပိုင်းသွားရအောင် စီစဉ်ပါလား..
ရန်ကုန်တစ်ပတ်လာဖို့ အစီအစဉ်ရှိတယ်..
အကိုရေ ရေချိုးတဲ့ ဘလော့ဂါတွေ ရှိပါတယ်ဗျး)
တည်မြဲ ဘလော့ဂါတွေ မပါဘူး
ကျွန်တော်တို့က သန့်ရှင်း ဘလော့ဂါး)
နာတို့လဲ သန့်ရှင်းဘလောက်ဂါဘဲ။ ခေါင်းစီးရှာမရတာနဲ့ အဲဒါပေးလိုက်တာ ဟဲ ဟဲ
မနိုင်းရေ လာမယ်ဆိုတာသတင်းရတယ်။ ခရီးကို စီစဉ်ကြည့်တာပေါ့။ မနိုင်းနဲ့အားလုံးဆုံရအောင်နော်
ဘလော့ဂါတစ်ယောက်ဖြစ်ချင်ပါတယ်ဗျ
ဟီး…………..သင်ပေးစေချင်တယ်………….အကုန်လုံး
အခုဖြစ်နေပြီမဟုတ်လား