ဒီစကားရပ်နဲ့အရင်တုန်းကတော်တော်လေး စိမ်းပါတယ်။ ကြားတချက်မကြားတချက်နဲ့ ဒါကို အပျော်ကိစ္စဘဲထင်ခဲ့ပါတယ်။ ကိုညီလင်းဆက်ကလဲ တက်တက်ကြွကြွနဲ့ မြန်မာပြည်မှာ myanmar barcamp လေး တခုကို ပုဂံမှာ သွားလုပ်ရအောင်လို့ပြောဘူးပါတယ်။ ဘာညာကလဲ barcamp အကြောင်းဆို တကယ့်ကို ထက်ထက်သန်သန်နဲ့ လုပ်ချင်တယ်ဆိုပြီး အမြဲပြောနေခဲ့ကြပါတယ်။ အခုတော့ barcamp အကြောင်း လေးတွေလဲ တော်တော် သိသွားပြီဖြစ်သလို ရန်ကုန်မှာ Yangon Barcamp လေးတခု လုပ်ဖြစ်အောင် စီစဉ်တဲ့ အထဲကို ပါဝင် လာမိခဲ့ပါတယ်။ Yangon Barcamp ကို MCPA ကလဲ ပြုလုပ်မယ်လို့ ကြားရတဲ့ အတွက် လွတ်လပ်တဲ့ ဒီ barcamp program ကလေးကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ရာ စိတ်အားထက်သန်မိပါတယ်။ ဒါကြောင့်လဲ လိုအပ်တဲ့ ဆွေးနွေးမှုတွေကို [...]
Archive for September, 2009
plugin
ကျွန်တော်ကိုမေးလာတဲ့အတွက် plugin ဆိုတဲ့အကြောင်းကို ပေါ်လွင်အောင်ရှင်းပြရရင်၊ plugin ဆိုတာ တွဲဖက်ပြီး အသုံးပြုရန်အတွက် စားသုံးသူစိတ်ကြိုက်ထပ်မံဖြည့်စွက်ပေးတာ လို့ဆိုချင်ပါတယ်။ ဥပမာပြောရင်၊ မုန့်ဟင်းခါးစားတဲ့အခါမှာ ငံပြာရည်၊ ငြုတ်သီးမှုန့်၊ ရှောက်သီး၊ နံနံပင်တို့ဟာ plugin ဘဲဖြစ်ပါတယ်။ အကြော်ထည့်စားချင်စားမယ်၊ ငြုတ်သီးစပ်စပ် ကြိုက်တဲ့သူရှိမယ် စသဖြင့်စားသုံးသူအတွက် လိုအပ်လို့ထပ်မံဖြည့်စွပ်တဲ့အခါမှာ အသုံးတည့်အောင်လို့ လက်ရှိထုတ်ကုန်အတွက် လိုအပ်မယ်ထင်တဲ့ အခြားသော plugin တွေကို တီထွင်ဖန်တီးပေးလေ့ရှိပါတယ်။ နောက်တမျိုးက စားသုံးသူက လိုအပ်လို့တောင်းဆိုလာတဲ့အခါမှာလဲ ဆက်လက်ဖြည့်ဆည်းနိုင်အောင် ထုတ်လုပ်ပေးကြသလို လုပ်ငန်းတူများက နေအသစ်ဖန်တီးလာတဲ့အရာတွေနဲ့ ချိတ်ဆက်အသုံးပြုတဲ့အခါ လွယ်ကူချောမွေ့အောင် လုပ်ဆောင်ပေးတာဘဲဖြစ်ပါတယ်။ အခုပြောဆိုချက်က နည်းပညာနဲ့ပတ်သက်တဲ့ plugin ကိုကျွန်တော်သိသလောက် ရှင်းလင်းတာဖြစ်ပါတယ်။ နောက်တမျိုးသိသာအောင်ပြောရရင် internet သုံးတဲ့ သူတွေ ကောင်း ကောင်းသိတဲ့အကြောင်းဖြစ်ပါတယ်။ ကိုယ်သုံးတဲ့ browser က firefox [...]
မိုင်တိုင်များနှင့်
ညကသတ်ပုံမှားနေတာမဟုတ်ဘူး နေ့ဆိုကတည်းကစာလုံးမပေါင်းတတ်ခဲ့တာ။ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်တော့ ဘောင်ဘင်ခေတ်သံဘဲထွက်လာတယ်၊ အနည်တွေထလို့ ဘာမှလဲသုံးမရပါဘူး။ ငှက်မသိလို့သာဇရက်ကိုချိုးထင်နေခဲ့တာ နွားခြေရာခွက်ကိုရှာနေတဲ့ ဖားတကောင်ရဲ့အဖြစ်နဲ့ ရှင်သန်ချိန်အတွက်တော့ အတွေ့အကြုံရှာနေခဲ့။ ရင်ထဲမှာခံစားကြည့်တော့ ရင်နှင့်အမျှတဲ့ ခေါင်းထဲမှာ ခံစားကြည့်လိုက်တော့ အတ္တ၊ဒေါသနဲ့၊မာနတွေဘဲ ခေါင်းကိုက်သွားမယ် သွေးတိုးသွားမယ် အခန့်မသင့်ရင် လေပါဖြတ်သွားမယ်၊ ကျွန်တော့်ရဲ့ ကဗျည်းမတတ်တဲ့ မိုင်တိုင်များရယ် လက်ညှိုးထိုး လွဲအောင်တော့ ခပ်လှမ်းလှမ်းမှာ ထားခဲ့ပေးပါဦး။ ။
တို့လုပ်နိုင်တဲ့ လက်တကမ်းစီးပွားရေး
ကျွန်တော်မနှစ်က ဘလောက်ဒေးလုပ်ဖြစ်ရင် ပြောမယ်ဆိုပြီး ရေးထားတဲ့ စာတွေပါ။ အခုချိန်အထိတော့ သိပ်ပြီးနောက်မကျသေးဘူးထင်တာနဲ့ ဒီမှာဘဲတင်ပေးလိုက်တယ်။ အနည်းငယ်တော့ ပြန်ပြီး တည်းဖြတ် လိုက်ပါတယ်။ အပြင်က ဂျာနယ်တခုခုမှာဆို ပိုပြီး တည်းဖြတ်ခံရနိုင်သလို စာမျက်နှာအခက်အခဲလဲရှိတော့ ဒီမှာ ပြန်ဖော်ပြပေးလိုက်ပါတယ်။ မသိတဲ့သူတွေကိုသိစေချင်တဲ့သဘောပါ။ သိပြီးသားသူတွေအနေနဲ့လဲ ဝေဖန်အကြံပြုပေးစေချင်ပါတယ်။ Network ပေါ်က စီးပွားရေး အခွင့်အလမ်းများ ဟိုဘက်ခေတ်ဒီဘက်ခေတ် ကျွန်တော်တို့ အခုရောက်ရှိနေတဲ့ ရာကစုက ၂၁ ရာစုလို့ အာလုံးသိကြတဲ့အတိုင်းဘဲ ရာစုနှစ်က အသစ် နောက်ပြီး ထောင်စုနှစ်ကလဲ အသစ်။ တခုရှိတာက ကျွန်တော်တို့ အသက်အရွယ်က ၂၀ ရာစုအကုန် ၂၁ ရာစုအကူး ၊ ပြောရရင် ဟိုဘက်ခေတ် ဒီဘက်ခေတ်ရဲ့အလွှဲအပြောင်းမှာ ရှင်သန်လာကြခဲ့တာ။ ဒီတော့ အပြောင်းအလွဲတွေရဲ့ ရိုက်ခတ်မှုတွေ ကို ကိုယ်တိုင် [...]
mymc musice site for myanmar
Myanmar youth media club ဆိုတဲ့ မြန်မာသီချင်း ဆိုဒ်လေးတခုကို ကျွန်တော် ဒီကနေ့ရောက်ပါတယ်။ mahuyar နဲ့ psycho_killer ဆိုသူနှစ်ယောက်က ထိန်းသိမ်း ဖန်တီးထားတယ်လို့ဖော်ပြထားတဲ့ အဲဒီ ဆိုဒ်ကလေးက အပြင်အဆင်နဲ့ ဖန်တီးမှုမှာ အတော်လေး သဘောကျအောင် အားကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။ သီချင်းများကို ပေါ့ပါးစွာ နားဆင်နိုင်ပါတယ်။ ဒီမှာ သုံးနေကျ ကော်နက်ရှင် တွေနဲ့ အတော် လေးအဆင်ပြေတာတွေ့ပါတယ်။ Ning.com မှာလဲ mymclub.ning.com အနေနဲ့ ချိတ်ဆက်ပြီး တည်ဆောက်ထားကာ သူတို့ ခံယူချက်နဲ့ ရည်မှန်းချက်များကို ကြည့်ရှုနိုင်ပါတယ်။ သီချင်းအသစ်တွေလဲ အများ အပြားတွေ့ရတယ်။ ဆိုဒ်ကို ၀င်သွားတာနဲ့ သီချင်းများကို အလိုအလျောက် တင်ဆက်ပေးနေတာတွေ့နိုင်ပါတယ်။ အင်တာနက် အသံလွှင့်တင်ဆက်မှုနဲ့ တင်ဆက်နေတာဖြစ်ပြီး အသေးစိတ်ကို တော့ကျွန်တော် [...]
whitehouse blackmarket
အလှအပနဲ့ ပတ်သက်တာလေးတွေကို စိတ်ဝင်စားတဲ့သူတွေကို ဒါလေးနဲ့မိတ်ဆက်ပေးချင်တယ်။ ကျွန်တော်တော့အဲဒီဆိုဒ်ထဲက ဟာတွေကို သဘောကျ တယ်။ ၀ယ်ပေးချင်တယ်၊ ဘယ်သူ့ကိုလဲတော့မမေးနဲ့နော်။ မတက်နိုင်တော့မ၀ယ်ပေးနိုင် ဘူးပေါ့ဗျာ။ ဒါပေမယ့် ဒီဇိုင်းလေးတွေက သန့် ပြီး လှတယ်၊ ဒါကြောင့် သွားကြည့်တဲ့အခါ ဒီဇိုင်နာတွေအနေနဲ့ ပိုပြီး အိုင်ဒီယာရမယ်လို့ထင်တယ်။ သူ့ရဲ့မူရင်းဆိုက် လိပ်စာကတော့ www.whitehouseblackmarket.com/ဖြစ်ပါတယ်။ ပျော်ရွှင်ကြေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။
ဝမ်းမြောက်ဂုဏ်ယူခြင်း
ဝမ်းမြောက်ဂုဏ်ယူခြင်း ကိုမျက်စေ့(ကိုသက်ထူး)၏ ဇနီးမခင်ဇာဇာမြင့် မှ ကိုမျက်စေ့အတွက် ဒုတိယမြောက် သားရတနာလေးအား 16 ရက် september 2009 နေ့တွင် စမ်းချောင်းမြို့နယ် ပုလဲသီတာ ထူးကုဆေးခန်း ဋ္ဌ် အောင်မြင်ကျန်းမာစွာမွေးဖွားပေးခဲ့တဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်း နှင့် ကလေးရော မိခင်ပါ ကျန်းမာစွာ ရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ MBSသူငယ်ချင်းများ
mountain of heart in myanmar
ကိုညီလင်းဆက် စပြီးပြောကတည်းက ဒီအကြောင်းကို တော်တော်လေးစိတ်ဝင်စားမိတယ်။ အခုသူ့ဘလောက်မှာ ရေးတင်လာတဲ့အခါ ပိုပြီး ပြည့်စုံတဲ့အချက်အလက်တွေပါလာတာတွေ့တယ်။ ဒီတော့ ဒီအကြောင်း ကို တကယ်ဘဲ နားလည်တဲ့ သုံးသပ်ချက်တွေကျွန်တော်တို့ရရှိတဲ့အခါ မြိုင်ဆိုင်သွားမယ်လို့လဲ ယူဆပါတယ်။ ကျွန်တော်ကတော့ ၀ါသနာအရ စိတ်ပါဝင်စားတဲ့အတွက် အဆင်ပြေတဲ့အခါမှာ ကိုညီလင်းဆက်နဲ့ ဒီကိစ္စ ကို လေ့လာဖို့ဆုံးဖြတ်ထားပါတယ်။ ဘာဘဲဖြစ်ဖြစ် သိသင့်တဲ့အချက်အလက်တခုအနေနဲ့ တဆင့်ဖော်ပြပေးလိုက်ပါတယ်။ အချက်အလက်အစုံအလင်ကိုတော့ ကိုညီလင်းဆက် ဘလောက်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ the mountain of Heart
သတင်းအမှန်
ကျွန်တော်တို့ တွေက အင်တာနက်ကနေ လာတဲ့သတင်းအချက်အလက်တွေကို အမြဲအားကိုးတတ်တဲ့ အလေ့အထ တော်တော်လေးထွန်းကားလာ တာကိုတွေ့ရပါတယ်။ တကယ်တမ်းက ဒီရပ်ဝန်းနဲ့ နီးစပ်နေတဲ့ သူတွေအဖို့ ဒါဟာ ဖြစ်သင့်တဲ့အနေအထားတရပ်ဆိုရင်မမှားပါဘူး။ ဒါပေမယ့် သတင်းအချက်အလက်တွေကို ဖတ်ရှုတဲ့အခါမှာ ကျွန်တော်တို့ လုပ်သင့်တဲ့ အချက်အလက်တွေကို အမြဲတမ်းမဆိုသာရင်တောင် အတတ် နိုင်ဆုံး ပြုလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းတခုထည်းကို အာရုံစိုက် လှုပ်ရှားကြတဲ့ သတင်းဌာနတွေတောင် တခါတရံမှာအမှားအယွင်း သတင်းများကို ဖော်ပြတတ်ပါတယ်။ ကျွန်တော်တို့သတင်း ဖတ်တဲ့ သူတွေအနေနဲ့ သတင်းတခုရဲ့ ခိုင်မာတိကျမှု ကို အနီးစပ်ဆုံး ဆင်ခြင်နိုင်မယ့် နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။ တကိုယ်ရေသတင်းဖတ်ရှုသူတဦးအနေဖြင့် သိပ်အရေးကြီးတယ်လို့မယူဆချင်ပေ မယ့် တနေရာကတနေရာကို သတင်းဆက်လက်ဖြန့်ချီတတ်တဲ့ အလေ့အထရှိတဲ့သူတွေ၊ သတင်းကို လက်ဆင့်ကမ်းသယ်ဆောင် ကိုးကားတတ်သူတွေအနေနဲ့ကတော့ ဒီအပိုင်းက အတော်အတန်ရေးပါတယ်လို့ ထင်ပါတယ်။ သတင်းအချက်အလက်တခုကို [...]
The Yangon Vision
ကျွန်တော်တို့ နိုင်ငံမှာ အင်တာနက်အသုံးပြုသူတွေအတွက် တကယ့်ကို ထိထိရောက်ရောက် အသုံးချနိုင်တဲ့ web တွေဟာ လိုအပ်နေဆဲဖြစ်ပါတယ်။ ဒီလိုအပ်ချက်တွေမှာ သတင်းအချက်အလက် ရယူအသုံးပြုနိုင်မှု၊ ရသပိုင်းဆိုင်ရာပေးစွမ်းနိုင်မှု၊ အကိုးအကားအနေနဲ့ ထောက်ကူနိုင်မှုတွေနဲ့အတူ အသိပညာအတတ်ပညာပိုင်းဆိုင်ရာဖွံဖြိုးရေးအတွက်ပါ အရေးပါအရာရောက်တဲ့ ဆိုဒ်တွေ လိုပါတယ်။ နိုင်ငံတကာမှာ အင်တာနက် အသုံးချ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး ၊ ကျန်းမာရေးစတဲ့ အထောက်အကူပေးနိုင်တကယ့်ကို အသုံးပြုနိုင်တဲ့ ဆိုဒ်တွေ တိုးတက်ပေါ်ပေါက်နေသော်လည်း ကျွန်တော်တို့နိုင်ငံမှာ အားနည်းနေဆဲဖြစ်ပါတယ်။ လိုအပ်ချက်များစွာကြားကနေ ရပ်တည်ပြီးလှုပ်ရှားနေရတဲ့ ကျွန်တော်တို့နိုင်ငံက လက်ရှိလည်ပတ်နေတဲ့ ဆိုဒ်တွေအားလုံးကို ကျွန်တော် အားပေးပါတယ်။ သူတို့လုပ်ရပ်တွေအတွက် လဲဂုဏ်ာူပါတယ်။ ပမာဏ များပြား တဲ့ဝင်ငွေအခွင့်အလမ်းကို မရည်မှန်းဘဲ ပြည်တွင်းအင်တာနက်အသုံးပြုသူတွေအတွက် ရည်ရွယ်ပေးတဲ့ အတွက်ပါ။ အခုတခါမှာတော့ လိုအပ်ချက်များစွာထဲက တစိတ်တပိုင်းဖြစ်တဲ့ သတင်းအချက်အလက် နဲ့ ရသဆိုင်ရာလေးတွေကို [...]


Posted in
Tags:








