
အကြောင်းအရာတွေက တော်တော်လေး ကိုစုံပါတယ်။ ကျွန်တော် တို့ဆီမှာ အင်တာနက်အသုံးပြုတဲ့သူတွေ များလာတယ်ဆိုတာကတော့ ဘာအချက်အလက်မှကောက်ဖို့မလိုလောက်အောင် ကိုသိသာထင်ရှားလွန်း လာပါတယ်။ ဒီအတွက် လတ်တလောအခြေအနေကို ပြန်ပြီး သုံးသပ်မယ်ဆို ဒီလိုတိုးတက်လာတဲ့ အသုံးပြုသူအရေအတွက်ဟာ ဘယ်လိုအကြောင်းမျိုးနဲ့ဈေးကွက်တခုပေါ်ထွန်းထွက်ပေါ်လာမယ်ဆိုတာကို တွေးတော ကြည့်ပါတယ်။ သေချာတာတခုကတော့ အသုံးပြုသူများနည်းတူ တရှိန်ထိုးတက်လာတာက အင်တာနက်ကဖေး စီးပွားရေးဖြစ်ပါတယ်။ ဒါကတော့ မြန်မာပြည်မှာဖြစ်နေကြအတိုင်း နည်းနည်းလောက် အမြတ်အစွန်း ရတဲ့ လုပ်ငန်းတခုပေါ်လာပြီဆိုတာနဲ့ ၀ိုင်းပြီး အင်နဲ့အားနဲ့ လိုက်လုပ်တတ်တဲ့ အကျင့်ကြောင့်ဆိုလဲမမှားပါဘူး။ ပြည်တွင်းမှာ လူတိုင်းအင်တာနက် ကွန်နက်ရှင်ကို တပ်ဆင်မသုံးနိုင်ဘူး၊ အိမ်တိုင်းမှာ ကွန်ပျုတာ ၀ယ်ပြီးမသုံးနိုင်သေးဘူး ဆိုတဲ့အချက်တွေက အဲဒီဈေးကွက်ကို ဆက်လက်အားကောင်းအောင်ထောက်ပံ့ပေးနေဦးမှာပါ။ ဒါပေမယ့် ဈေးကွက်လိုအပ်ချက်ထက်ကျော်လွန်လာတဲ့ အင်တာနက်ကဖေး စီးပွားရေးဟာ ထင်ထားသလောက် တိုးတက်မှုမရှိပါဘူး။ ပြည်တွင်းကွန်ပျုတာဈေးကွက်ထဲမှာ ပြီးခဲ့လအနည်းငယ်က ဈေးနှုန်းကျဆင်းမှုများရှိနေခဲ့သည့်တိုင် ဆက်လက်ပြီးတိုးချဲ့လာတဲ့ အင်တာနက်ဆိုင် အရေ အတွက်က ပြီးခဲ့တဲ့နှစ်ကနဲ့စာရင် အနည်းငယ်လျော့ ကျလာ တယ်လို့ လေ့လာသိရှိရပါတယ်။ သို့ပေမည့် တကိုယ်ရေ ကွန်ပျုတာဝယ်ယူတပ်ဆင်မှုကတော့ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ထက်စာရင် ၂၀၀၉ နှစ်ဆန်းပိုင်းမှာ တိုးတက်လာခဲ့ပြီး နှစ်ဝက်အကျော်မှာတော့ ပြန်လည် အားပျော့သွားတာတွေ့ရပါတယ်။ ဒါကလဲ စီးပွားရေးအခြေအနေများနဲ့ ကွန်ပျုတာနှင့်ဆက်ဆက်ပစ္စည်းများ အနည်းငယ်ဈေးတက်လာတာလဲပါရှိပါတယ်။ သို့ပေမယ့် အဲဒီဈေးကွက်ဟာ အလားအလာ ကောင်း နေဆဲဖြစ်ပြီး ရန်ကုန်မှာ တနှစ်ကို သုံးကြိမ်လောက်ပြုလုပ်လေ့ရှိတဲ့ နည်းပညာပြပွဲအမည်ခံ ဈေးရောင်းပွဲတွေမှာ တကိုရည်ကွန်ပျုတာ ၀ယ်ယူမှုဟာ အမြဲတမ်း တစ်ဆွဲလျက်ရှိပါတယ်။ ဒီလို တကိုယ်ရေကွန်ပျုတာ ၀ယ်ယူမှုဈေးကွက်မှာ လက်တော့တွေကို ပိုမိုသုံးစွဲလာတာတွေ့နိုင်ပြီး တပတ်ရစ်လက်တော့ဈေးကွက်ဟာလဲ အရင်နှစ်များထက် အခြေအနေကောင်းနေခဲ့ပါတယ်။ တကိုယ်ရေ ကွန်ပျုတာ ၀ယ်ယူမှုတိုးတက်လာ တဲ့ အဓိကအကြောင်းအရင်းခံကတော့ အင်တာနက်ဆိုင်တွေများလာတာနဲ့ ပတ်သက်မှုရှိပါတယ်။ အင်တာနက်ဆိုင်တွေဟာ သင်တန်းမတတ်နိုင်သူ တွေကွန်ပျုတာဝယ်မသုံးနိုင်သူတွေအတွက် စမ်းသပ်ရာ ကွင်းပြင် ကြီးနဲ့တူပါတယ်။ ဒီပစ္စည်းတွေကိုနေ့စဉ်ထိတွေ့ယဉ်ပါးမှုဟာ တကိုယ်ရေကွန်ပျုတာ ၀ယ်ယူမှုရှိလာစေဖို့အတွက် တွန်းအားတရပ်ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ ကွန်ပျုတာအကြောင်းကို သိရှိလာရာမှ နေ့ စဉ် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဒီပစ္စည်းတွေကို ပိုင်ဆိုင်လိုမှုဟာလဲ တစိတ်တပိုင်းပါဝင်ပါတယ်။ ဒါတွေရဲ့ အပြန်အလှန်အကျိုးသက်ရောက်မှုကတော့ အင်တာနက်အသုံးပြုသူတွေ ဆက်လက်တိုးပွားနေတာဖြစ်ပါတယ်။ အင်တာနက်အသုံး ပြုရင်း ဖျော်ဖြေမှု ပေးစွမ်းနိုင်လာတာဟာ ကျွန်တော်တို့အနာဂါတ်ဈေးကွက်ကြီးအတွက် အလားအလာကောင်းတွေဖြစ်ပါတယ်။ အင်တာနက်သုံးသူတွေ များလာတာနဲ့အမျှ နည်းပညာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ သင်တန်းတွေ ၊ ဥပမာ web design, programming , networking စတဲ့ သင်တန်းတွေ အတွက် ပိုကောင်းတဲ့ ဈေးကွက်တခု ကိုဖြစ် ထွန်း စေပါတယ်။ သို့ပေမယ့် ဒီလိုသင်တန်းတွေမှာ ရေရှည်သင်တန်းများနဲ့ ကာလတိုသင်တန်းများမှာတော့ ကာလတိုသင်တန်းများဖြစ်တဲ့ အင်တာနက်အီးမေးသင်တန်းတွေ၊ နက်ဝေါ့ကင်း တလ သင်တန်းတွေက ပိုပြီး တော့ အခြေအနေကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီသင်တန်းများရဲ့ သင်တန်းချိန်တိုတောင်းမှုနဲ့ လက်တွေ့အသုံးဝင်မှုတွေက ဒီဘက်ခောတ်မှာရှိတဲ့ လူတန်းစားပေါင်းစုံကို အသိပညာအတတ်ပညာ လေ့ လာမှုမှာ ပိုမိုအဆင်ပြေစေလို့ဘဲဖြစ်ပါတယ်။ ဒါကြောင့် ကာလတိုသင်တန်းများကိုတိုးချဲပြီး သင်တန်းအသစ်များကိုလဲ နည်းပညာ များနဲ့လျော်ညီစွာ ဆက်လက်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ နောက်ထပ် ပေါ်ထွက် လာဦးမယ့်ဈေးကွက်ဖြစ်တဲ့ အကြောင်းအရာကတော့ အင်တာနက်ဝက်ဆိုဒ်များ ရေးဆွဲတဲ့လုပ်ငန်းဖြစ်ပါတယ်။ ပြည်တွင်းမှာ အင်တာနက်ယဉ်ကျေးမှုစတင်ထွန်းကားချိန်ကစလို့ ဒီလုပ်ငန်းက တပါတည်းထွက် ပေါ်လာခဲ့ပေမယ့် လက်ရှိအနေအထားအရ သိပ်ပြီးအားရစရာမကောင်းတဲ့ဈေးကွက်တခုဖြစ်ပြီး ပြန်လည်သုံးသပ်ဖို့လိုတဲ့ ဈေးကွက်ဟောင်းတခုဖြစ်ပါတယ်။ အင်တာနက် ထဲမှာ ရှိတဲ့အကြောင်းအရာတွေကို ဖလှယ်ဖို့လို့ပြောကြတဲ့အခါမှာ ဒီဝက်ဆိုဒ်တွေရဲ့အခန်းကဏ္ဍက တော်တော်လေးကိုအရေးပါတယ်ဆိုတာသိနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်အများစုကသာ သုံးစွဲတဲ့ ဒီဈေးကွက်ဟာ အနာဂါတ်မှာ ပိုမိုလှပလာ ဖို့ ဒီထက်ရိုးရိုးသားသားလုပ်ဆောင်ဖို့လိုတာ တွေ့ပါတယ်။ အင်တာနက်ထဲမှာ ကြော်ငြာပါဆိုတဲ့ ဆောင်ပုဒ်အစား ဘာကြောင့်သင်အင်တာနက်ပေါ်မှာ ကြော်ငြာသင့်သလဲဆိုတဲ့ စကားရပ်ကို တွင်ကျယ်စွာ အသုံး ပြုလာနိုင်ဖို ဒီဈေးကွက်ထဲက သူတွေ ပြန်ပြီး စဉ်းစားဖို့လိုပါတယ်။ လမ်းမပေါ်မှာ ထောင်ထားတဲ့ ကြော်ငြာဆိုင်းဘုတ် လောက်မှ အဖြစ်မရှိခဲ့ရင် ဒီအင်တာနက်ဝက်ဆိုဒ်တွေကို တကယ်အကုန်အကျခံရေးဆွဲနိုင် တဲ့ ရေရှည်ဖောက်သည်တွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ကုန်ပစ္စည်းရဲ့ဈေးကွက်ကြော်ငြာနဲ့ အင်ဖော်မေးရှင်းတွေကို အင်တာနက်ပေါ်မှာ ထားရှိဖို့ ဆက်လက်ဝန်လေးနေမှာဘဲဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် ပြန်ပြီး တည်ဆောက်ပေးရမယ့် ဈေးကွက်တခုဖြစ်ပါတယ်။ သို့ပေမယ့် ဒီလုပ်ငန်းက အဓိကရေရှည် ဖော်သည်တွေကို မျက်စိကျလာနိုင်မယ့်ဈေးကွက်တခုဖြစ်နေပါပြီ။ နောက်ဆုံးတခု ကတော့ အင်တာနက်အသုံးပြုသူများလာတာဟာ တကယ့် အင်တာနက်စီးပွားရေးအတွက် အခွင့်အလမ်းဘဲဖြစ်ပါတယ်။ အရင်းအနှီးနည်းနည်းနဲ့ ဒီလောကမှာ ဈေးကွက်တွေဖြန့်ကျက်နိုင်ပါတယ်။ လူသွားလူလာများတဲ့လမ်းမကြီးပေါ်မှာ တည်ခင်းရောင်းချတဲ့ဈေးဆိုင်တွေဟာ စီးပွားရေးတွက်ချေကိုက်ကြသလို ဘဲ အင်တာနက်အသုံးပြုသူများများရှိလာတာဟာ ၀က်ဆိုဒ်တွေ လက်ရှိအနေအထားထက် ပိုပြီး တိုးတက်လာစေမယ့် အချက်ဖြစ်ပါတယ်။ ဒါက ၀က်ဆိုဒ်ရေးဆွဲတဲ့လုပ်ငန်းနဲ့မဆိုင်တဲ့ ဆိုဒ်တွေကို ဖွင့်လှစ်ကြမယ့် သူတွေ နောက်တနည်းအားဖြင့် အင်တာနက်အသုံးပြုသူတွေကို ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ ပိုမိုပေါ်ထွက်လာစေရေး ဘဲဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူတွေအနေနဲ့ ထိုင်ရာမထ အင်တာနက်ထဲမှာ လိုချင်တာရဖို့ဟာက ချက်ခြင်းတော့လွယ်ကူမှာမဟုတ်ပါဘူး။ အင်တာနက်ပေါ်မှာ ကိုယ့်အမိဘာသာ စကားနဲ့ရေးသားထားတဲ့အကြောင်းအရာအချက်အလက်တွေ ပိုမိုရှိမှသာ ဒီအချက်အလက်ဟာ ပိုပြီး တိုးတက်ပြည့်စုံလာမှာဖြစ်ပါတယ်။ ခြင်းတောင်းကကြီးပြီး ပန်းသီးတလုံးထဲ ထည့်ထားရင် ပန်းသီးဘဲ ရှာတွေ့မှာ ပါ။ အသီးမျိုးစုံထည့်ထားတဲအခါ ကိုလိုချင်တဲ့ အသီးကို အလွယ်တကူ ရှာပြီးစားရုံပါဘဲ။ ဒီသဘောတရားက ရိုးရှင်းပါတယ်။ ကျွန်တော်တို့တွေ အင်တာနက်ယူဇာတွေအသုံးတည့်မည့် ဆိုဒ်တွေ ပိုမို ဖန် တီးပေးကြရမှာဖြစ်ပါတယ်။ ဘာလိုလို သူတို့လိုချင်တာကို ၀န်ဆောင်မှုပေးနိုင်ပါတယ်။ ဆိုလိုတာ တွေက ကျယ်ပြန့်ပါမယ်။ လတ်တလော ကျွန်တော်တို့လုပ်ပေးနိုင်တာရှိပါတယ်။ သူတို့သိချင်တဲ့ လိုချင်တဲ့ အချက် အလက်တွေကို ကျွန်တော်တို့ပြောပြနိုင်ရပါမယ်။ ဒါက တကယ်ဘဲ အသုံးတည့်လာတည်ဆိုတာ သိလာမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့တွေအတွက် အပြင်လောကနဲ့နှီးနွယ်နေတဲ့ ရောင်းရေး ၀ယ်တာတွေကို ဒီအပေါ်ကို ဆွဲသွင်းနိုင်လောက်အောင် ကျွန်တော် တို့ဖန်တီးပေးရမှာဖြစ်ပါတယ်။ အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတာကို သိပေမယ့် ဒီဈေးကွက်က တနေ့တခြားတိုးနေတယ်ဆိုတာ မေ့ထားလို့မရပါဘူး၊ ဒီပေါ်က ပရိတ်သတ်အတွက် ဒီပေါ်က ဖောက်သည်တွေအတွက် ကျွန်တော်တို့ဈေးကွက်တခု ကိုအလျင်အမြန်ဖြစ်ထွန်းအောင် လုပ်ဖို့လိုကိုလိုအပ်နေပါတယ်။


Posted in
Tags: 







