မုန့်အုပ်လေးဘဲရောင်းတော့မယ်

အခန်း ၁

မိုးလေးကတအေးအေးနှင့် ရာသီခါမှီလေးတခုခုတော့ လုပ်ဦးမှလို့တွေးနေရင်း အိမ်ရှေ့မှာလှမ်းကြည့်လိုက် တော့ ကိုမျက်စံ ခေါင်းကလေးတညှိမ့်ညှိမ့်နှင့် ရောက်လာသည်။

ဘယ်လဲဗျ မိုးထဲရေထဲ

အေးဗျာ ဘာလုပ်စားရင်ကောင်းမလဲမသိပါဘူး

ပြောပြောဆိုဆိုနှင့်အိမ်ရှေ့ကွက်ပျစ်ပေါ် ချေပစ်လက်ပစ်ထိုင်လိုက်လေသည်။ ဒါများဗျာ ဘာလုပ်စားမလဲ ကိုမျက်စံရဲ့ ဒီအချိန်ဆို ကောက်ညှင်းပေါင်းကလေးပူပူလေးပေါင်း၊ ငါးခြောက်လေးဆီဆမ်းစားရင် ကောင်း မယ်ထင်တာဘဲ။

စိတ်ထဲကစားချင်တာတွေကိုရွက်ပြလိုက်တော့ ကိုမျက်စေ့ မချိသွားဖြဲပြုံးပြကာ၊

ဘယ့်နှယ့် ကိုယ့်လူ မစ္စတာဂေါက်ရယ်၊ အဲဒါပြောတာမဟုတ်ပါဘူး၊ ဘာစီးပွားရေးလုပ်ရင်ကောင်းမလဲ ပြော တာပါဗျ။

အော် – ဂလိုလား ၊ အင်း ခုတလောတော့ ကျွန်တော်လဲ ဘာလုပ်ရမှန်းမသိတာနဲ့ အိမ်မှာဘဲကုတ်နေတာ၊ တလော ကမောင်ကျော်ကြီးတော့ စီးပွားရေးကောင်းနေတာနဲ့မေးကြည့်တာ ရန်ကုန်မြို့ပတ်ပြီးတရားခွေတွေလိုက်ရောင်းနေ တယ်ပြောတယ်။

ဟုတ်လား၊ ဘယ်လိုလဲ ပြောဦးဗျ၊

အရောင်တဖျက်ဖျက်တောက်နေသော ကိုမျက်စေ့ရဲ့မျက်လုံးများ ပြူးလာကာ မေးသည်။

အင်းလေ၊ တခွေကို ၁၈၀ လောက်တောင်မတန်တဲ့ ခွေလွတ်တွေကို အိမ်က ယောက္ခမ၀ယ်ထားတဲ့ တရားခွေတွေ ကွန်ပျု တာနဲ့ပြန်သွင်းပြီး တချပ်ကို ၁၂၀၀ လောက်နဲ့လိုက်ရောင်းတယ်ဆိုဘဲ။

အမယ်အမယ် အမြတ်ကကြီးလှချေလားဗျ။

ကြီးဆို ဒီခေတ်ကလဲသိတဲ့အတိုင်းဘဲလေ ဟိုနေရာလဲ DVD ခွေဆိုင်၊ ဒီနေရာလဲ DVD ခွေဆိုင်၊ ခိုးကူးတွေက ရောင်း ကောင်းနေတာကိုး၊ ခုဟာက ပေါ်တင်ကူးဗျ။

ဟုတ်ပဗျာ၊ ဒါနဲ့ ခွေကာဗာတွေဘာတွေကရော မလိုဘူးလား၊

အဲဒါလား၊ ဘိုဝလုပ်ပေးတယ်ပြောတယ်။

ဘယ်ဘိုဝတုန်းဗျ၊ ဓါတ်ပုံဆရာဘိုဝလား၊ သူက ဓါတ်ပုံဆိုင်တွေဘာတွေထောင်ပြီး အဆင်ပြေနေတယ်ကြားတယ်။

မဟုတ်တာဘဲ ကိုမျက်စံရယ် ၊ သူ့မလဲ တယောက်ထဲနဲ့ ဟိုဘက်နဲနဲတိုးပါဦးဆိုပြီးကြပ်နေတဲ့သူဗျ၊ ဘာလုပ်လုပ် အဆင်မပြေဘူးတဲ့၊ ဘာတဲ့ ဘီယာသောက်လို့မွဲနေတာပါဆိုပြီး ကမ္ဘာအနှံ့လိုက်ကြွားနေတယ်ဆိုလား မစ္စတာ ဖော် ဆိုတဲ့ ဖော်ကောင်ကြီးက တနေ့ကဘဲ လမ်းထိပ်ကားဂိတ်မှာ တွေ့လို့ပြောသွားသေးတယ်။

ဟတ်ဟတ်၊ ရယ်ရတယ်၊ ဒါဆို အဲဒီအလုပ်ကစိတ်ဝင်စားစရာဘဲဗျ၊ ကျွန်တော်လဲလုပ်ရင်ကောင်းမယ်၊ မောင်ကျော်ကြီး လို နေရဲမာန်မဟုတ်တော့ ကားလဲမရှိဘူး၊ တရားခွေတော့ လိုက်မရောင်းနိုင်ဘူးဗျ၊ အိမ်က မဒန်မျက်စေ့ကလဲ ပွမ်လှပြီ ၊ ဘာ ဘဲလုပ်လုပ် ဘာမှမဖြစ်လို့တဲ့။

အေးဗျာ၊ အဲဒါခက်တာဘဲ ၊ ဘာမှမလုပ်ဘဲနေရင်တော့ တခုခုများဖြစ်မလားတွေးမိတယ်၊ ဟတ်ဟတ်

မစ္စတာဂေါက်ရယ် အချင်းချင်းဘဲ ကြွားမနေပါနဲ့၊ ကဲဗျာ ခင်ဗျား စုံစမ်းထားလိုက်၊ နေ့စဉ်ပုံမှန် ၀င်ငွေရမယ် ဆိုရင် အဲဒီလို ခွေကူးရောင်းတာလေးလုပ်ချင်တယ်။

ကောင်းပါပြီဗျာ၊ ကျွန်တော်မေးမြန်းထားလိုက်မယ်။

ကိုမျက်စေ့ပြန်သွားတော့ မောင်ဂေါက်တယောက် ခွေလောကထိပ်ခေါင်တို့စုစည်းရာ ယုဇန ပလာဇာဘက် သို့ ထွက်မယ် စိတ်ကူးနေလိုက်တော့သည်။

အခန်း ၂

ကိုမျက်စေ့လဲပေါ်မလာတာ တပတ်လောက်ရှိရော့မယ်၊ အလုပ်လုပ်မယ်ဆိုပြီးပျောက်သွားလိုက်တာ၊ ပေါ်ကိုမလာတော့ ဘူး၊ သူ့အိမ်ဘက် လိုက်သွားရင်ကောင်းမလား တွေးနေရင်း မစ္စတာဖော် ရောက်လာသည်။

ဘယ်လိုလဲဗျ မစ္စတာဂေါက် ဘာတွေကြံနေတုန်း ဟတ်ဟတ်

မဟတ်နဲ့ ဘာမှမကြံဘူး၊ အာရကေမရှိလို့ထိုင်နေတာ၊ ခုဘဲကိုမျက်စံတို့ဘက်သွားမလားလို့

အင်းလေ သွားတာပေါ့၊ ဘယ်လိုလဲဒီည သောက်ရအောင်လား၊

သောက်စရာ ရေတောင် အနိုင်နိုင် ခင်ဗျားတိုက်မလား၊

ရပါတယ်ဗျ၊ ကျွန်တော်အကြွေးဆွဲလာတဲ့ တလုံးတော့ပါတယ်၊

မစ္စတာဖော် လက်ထဲက ကျွတ်ကျွတ်အိပ်အနက်ကို မြောက်ပြရင်း သူ့မျက်လုံးများ ပိတ်သွားအောင်ပြုံးပြသည်။

ဒါဆိုလဲ ကိုမျက်စေ့ကိုသွားခေါ်မယ်ဗျာ၊ ပလင်းအိမ်မှာထားခဲ့လိုက်။

နှစ်ယောက်သား ရွှံညွံဖြတ်ကျော်ရှက်နှစ်ဖော်သိုင်းကွက်ဖြင့် အင်မတန်ကောင်းသော လမ်းအသွယ်သွယ်ကို ဖြတ်ကာ ကိုမျက်စေ့တို့အိမ်နားရောက်လာသည်။

ကိုမျက်စေ့တို့အိမ်ရှေ့ကိုခပ်လှမ်းလှမ်းကမြင်နေရသည်၊ အိမ်ရှေ့တွင်တော့ အမိုးတွေရော ခုံတွေရောနှင့် လှမ်းတွေ့နေ ရသဖြင့် မစ္စတာဖော်က လက်တို့သည်။

ဘယ်လိုလဲဗျ၊ ဒီလူဘာလုပ်နေတာလဲ စတုဒီသာ များလား။

အိမ်ရှေ့ရောက်တော့ မုန့်လင်မယားခေါ်၊ မုန့်ဇနီးမောင်နှံတဖြစ်လဲ မုန့်အုပ်ကလေးများကို ကြော်လှော်နေသော ကိုမျက်စေ့ ကို အရှင်လတ်လတ်ကြီးတွေ့ရလေသည်။ ဘေးနားမှာတော့ ဂျုနီယာမျက်စေ့ကလေးက သူ့စီနီယာ မျက်စေ့ ကြော်ပြီးဆယ်ထားသော မုန့်အုပ်ကလေးများကို ထိုင်စားနေသည်။

အာ – ဘာတွေလုပ်နေတာလဲ ကိုမျက်စေ့ရဲ့ ၊ စားချင်လဲဝယ်စားပေါ့၊ ဒါတွေကိုအိမ်မှာ လုပ်စားရတယ်လို့ဗျာ။

မစ္စတာဖော်က ရောက်ရောက်ခြင်းအပြစ်ဆိုသည်။

ကိုမျက်စေ့က ကျွန်တော်တို့နှစ်ယောက်လုံးကို သနားစရာကောင်းသော သတ္တ၀ါများကဲ့သို့ကြည့်ရင်း၊

ခင်ဗျားတို့တွေခက်တာဘဲ၊ ဒါသက်သက်လုပ်စားနေတာမဟုတ်ဘူးဗျ၊ လုပ်ရောင်းနေတာ၊ တရာဖိုး ၃ခု၊ ၂ရာဖိုး ယူရင် ၇ခုပေးတယ်။

အင် – ကိုမျက်စေ့ပြောတော့ခွေကူးမယ်ဆိုဗျ

ဒီလိုရှိတယ်မစ္စတာဂေါက်ရဲ့၊ ကျွန်တော်စုံစမ်းကြည့်ပြီးပြီ၊ မောင်ကျော်ကြီးက သူ့ဟာသူအထွက်ကောင်း အောင် လျောက် လုပ်နေတာဗျ၊ မမြတ်တာတော့မဟုတ်ဘူးမြတ်တယ်။ ဒါပေမယ့် သေချာလုပ်မယ်ဆိုအရင်းအနှီးလုံးကနဲထုတ်ရမှာ။

ဘာတွေတုန်းဗျ၊ ကျုပ်လဲမသိရပါလား၊ မစ္စတာဖော်က အံသြသလို လုပ်ရင်း ဗန်းထဲကမုန့်အုပ်ကလေး ၂ခုကို ကောက်စား၏

ကိုမျက်စေ့ကထပ်ရှင်းပြသည်။

မစ္စတာဂေါက်ကို ကျွန်တော်ပြောတုန်းက ဒီလိုလုပ်မယ်လို့စဉ်းစားတာဘဲ၊နောက်တော့ ရန်ကုန်မှာ ခွေကူးတဲ့သူတွေက အပြိုင်အဆိုင်ဖြစ်လာတော့ အရင်က တခွေကူးရင် ၂၅ ကျပ်လောက်ရတယ်၊ တနေ့ကို ၅၀၀၊ ၁၀၀၀ လောက်ကူးပေး ရင် ကိုယ့်အတွက်အများကြီးကျန်တယ်။ အခုက ခွေကာဗာပါထိုးပေးမှ ၂၀ ဘဲရတော့မယ်၊ မကိုက်ဘူး။

ဟုတ်လား – အိမ်ကစက်နဲ့တနေ့ကို ခွေ ၅၀၀၊ ၁၀၀၀ လောက်ကူးရင် မီးဟုန်းဟုန်းတောက်မယ့်ကိန်းရှိတယ်ဗျ။

မှန်တယ်မစ္စတာဂေါက်၊ အဲဒီတော့ခွေကူးတဲ့ ဂျုဗလီဂေတာ ၀ယ်ရင်းရမယ်၊ အဲဒါက ကောင်းကောင်းဆို ၈သိန်းလောက် ကျမယ်၊ အဲဒါနဲ့ဆို ၂-၃မိနစ်ကို ၁၀ ခွေအသာလေးကျတယ်။ တနေကုန် လုပ်လို့ရတယ်။ အဲဒါဝယ်ရမယ်၊ နောက်တော့ မီးစက်၊ ကာဗာထိုးဖို့လူငှားရမယ်။

ဒါနဲ့အော်ဒါက ရှိပါ့မလား

ရှိသမှသိပ်ရှိ၊ ကာဗာထိုးပေးမယ်ဆိုလို့ကတော့တနေ့ကို ၂၀၀၀ လောက်ထိအော်ဒါရှိတယ်ဗျ၊ ဒါပေမယ့် ဒီလောက်ဖြစ် အောင်ရင်းရမယ့် ဟာကမလွယ်ဘူးလေ။

အဲဒါနဲ့မုန့်အုပ်ကလေးတွေရောင်းတာနဲ့ဘာဆိုင်လို့တုန်းကိုမျက်စံရဲ့။

မစ္စတာဖော်က မောင်ဂေါက်ဘက်ကိုလှည့်ရင်းစိတ်ပျက်အားလျော့စွာကြည့်ရင်းပြောသည်။

ကိုမျက်စေ့တယောက် မျက်လုံးတဖက်မိတ်သွားအောင်မဲ့ပြရင်း၊ ခက်ပါလားဗျာ၊

ဒီမုန့်အုပ်ကလေးတွေက အရင်းဘယ်လောက်မှမရှိဘူး၊ မုန့်အုပ်ကလေးတခုကို ၃၀ကျော်လောက်နဲ့ရောင်းရတယ်၊ တရာဖိုး ၃ခုပါဆိုနေ၊ တနေ့တနေ့ကိုအခု ၅၀၀ ကျော် လောက်ရောင်း၊ ရောင်းကောင်းနဲ့နေ့ဆို ၇၀၀၊ ၈၀၀ လောက် ကုန်တယ်၊ အဲဒီတော့ ငွေတွေသိန်းပေါင်းများစွာရင်းပြီး တခွေကူးမှ ၂၀ ရတဲ့ ဟိုအလုပ်ကိုလုပ်မလားဗျ၊ အရင်းနဲပြီး ဒီလို အမြတ်များတဲ့ မုန့်အုပ်ကလေးဘဲရောင်းတော့မှာပေါ့ ငှက် ငှက်။

ကိုမျက်စေ့အဲဒီလိုပြောတော့မစ္စတာဖော် မျက်ခုံးတွန့်သွားသည်။

ဒါဆိုလဲဆက်ရောင်းတော့ဗျာကောင်းတယ်၊ ကျုပ်နဲ့မစ္စတာဂေါက်တော့ နောက်ပိုင်းအစီအစဉ်လုပ်လိုက်ဦးမယ်၊

ဟဲဟဲ – မုန့်အုပ်လေး ၃၀၀ ဖိုးလောက်တော့မြည်းဖို့ပေးလိုက်ဗျာ။

ရတယ်ဗျာရတယ်၊ ယူသွား ဟတ်ဟတ်၊ ကျုပ်ကတော့မုန့်အုပ်ကလေးဘဲဆက်ရောင်းတော့မယ်ဗျို့။ ။ ။

You can leave a response, or trackback from your own site.

One Response to “မုန့်အုပ်လေးဘဲရောင်းတော့မယ်”

  1. phoethutaw says:

    နောက်ပိုင်း အစီအစဉ်လေး ဆက်ဆွဲလိုက်ရအောင်… ကိုမျက်စေ့ပါ စောင့်လိုက်ဦး။ သူကုန်အောင် ရောင်းပါစေ.. မကုန်လည်း ကျုပ်တို့ ကုန်အောင် ၀ိုင်းစားပေးမယ်… ဟိဟိ

    သူတော် ( 3.08.2009)

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice