Now I’m at Myaynigone and I wait my friend from blogging buddy. They are the make to the trip for anniversary of world blogger day. We will go to Pyay and Sirikhittayer. The ” Sirikhittayar 2.0″ is the name of our trip. But I’m not know detail, than I have a right now here and [...]
Archive for August, 2009
ပိုဆိုးလာဦးမယ့် H1N1
WHO ရဲ့ ခန့်မှန်းချက်တွေအရ infulenzavirus A and the most common cause of influenza ( flu ) in humans လို့ခေါ်တဲ့ H1N1 ရောဂါဟာ ကမ္ဘာတ၀ှမ်းကို ပျံ့နှံ့ရောက်ရှိနေတဲ့ အတွက် ထိန်းချုပ်မှုများ ဆောင်ရွက်ရာမှာ အတော် လေးခက်ခဲနေရပြီး လာမည့် 2010 နဲ့ 2011 ခုနှစ်များမှာ ကူးစက်ခံရသူပေါင်း သန်း 2000 ကျေုာ် ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ ၁ ပုံဟာ ထို ကူးစက် ခံရမှုကို ကြုံတွေ့ရဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိအနေအထားအနေနဲ့ နိုင်ငံတကာမှာ H1N1 ကာကွယ်မှုတွေကို တိုးမြင့်လုပ်ဆောင်နေဆဲဖြစ်ပြီး ကူးစက်မှုများဟာ ရှိနေဆဲဖြစ်တာကိုလဲတွေ့ရပါတယ်။ ထိန်းချုပ်ထားနိုင်တဲ့ [...]
ပျောက်ပြန်ပြီ
ဒီတခါတော့ လေးကြိမ်မြောက်ပျောက်ဆုံခြင်းပါဘဲ၊ ကျွန်တော့်ကို အီမိုလေးပေးထားတဲ့ 2Gb memory sick လေးပါ။ ပစ္စည်းပျောက်တာ အဆန်းမဟုတ်ပေမယ့် သေချာသတိထားနေရင်းကို ပျောက်တာ၊ စိတ်လေ ဖို့ ကောင်းတယ်။ Taxi ပေါ်မှာ ရှိနေတုန်း စမ်းကြည့်နေသေးတယ်၊ အဆင်းကျတော့ ပိုက်ဆံထုတ်တော့ သတိမေ့သွားရော။ အိမ်ပေါ်တက်ခါနီးမှ သတိရတော့ ကားကထွက်သွားနှင့်ပြီ။ အထဲမှာ အရင်လို အရေးကြီး တဲ့ ဒေတာတွေမပါတော့ပေမယ့်၊ လျှို့ဝှက် ကိစ္စတွေ ပေါက်ကြားကုန်ရင် ဒွတ်ခ။ အဲဒီထဲ မှာ ကျွန်တော်တို့ ဘလောက်ဂါတွေရိုက်ထားတဲ့ ပုံတွေ တော်တော်များများပါသွားတယ်။ မ၉၉စနေနဲ့ရိုက်ထားတဲ့ပုံတွေ၊ ကိုကျော် ကြီးမွေးနေ့ကပုံတွေ၊ ဖာရိုးဘုရင်ပုံစံနဲ့ရိုက်ထားတဲ့ မောင်သူတော့်ပုံ၊ အင်မတန်ရှားပါတဲ့ ဘိုဝကြီး လမ်းဘေးမှာ သူ့ ရဲ့ ကင်မရာတွေ လက်တော့တွေအိတ်တွေနဲ့ ချရိုက်ထားတဲ့ပုံလဲပါတယ်။ နောက်ပြီး ဘလောက် [...]
အင်တာနက်ထဲကဈေးကွက်၊ ဈေးကွက်ထဲကအင်တာနက်
အကြောင်းအရာတွေက တော်တော်လေး ကိုစုံပါတယ်။ ကျွန်တော် တို့ဆီမှာ အင်တာနက်အသုံးပြုတဲ့သူတွေ များလာတယ်ဆိုတာကတော့ ဘာအချက်အလက်မှကောက်ဖို့မလိုလောက်အောင် ကိုသိသာထင်ရှားလွန်း လာပါတယ်။ ဒီအတွက် လတ်တလောအခြေအနေကို ပြန်ပြီး သုံးသပ်မယ်ဆို ဒီလိုတိုးတက်လာတဲ့ အသုံးပြုသူအရေအတွက်ဟာ ဘယ်လိုအကြောင်းမျိုးနဲ့ဈေးကွက်တခုပေါ်ထွန်းထွက်ပေါ်လာမယ်ဆိုတာကို တွေးတော ကြည့်ပါတယ်။ သေချာတာတခုကတော့ အသုံးပြုသူများနည်းတူ တရှိန်ထိုးတက်လာတာက အင်တာနက်ကဖေး စီးပွားရေးဖြစ်ပါတယ်။ ဒါကတော့ မြန်မာပြည်မှာဖြစ်နေကြအတိုင်း နည်းနည်းလောက် အမြတ်အစွန်း ရတဲ့ လုပ်ငန်းတခုပေါ်လာပြီဆိုတာနဲ့ ၀ိုင်းပြီး အင်နဲ့အားနဲ့ လိုက်လုပ်တတ်တဲ့ အကျင့်ကြောင့်ဆိုလဲမမှားပါဘူး။ ပြည်တွင်းမှာ လူတိုင်းအင်တာနက် ကွန်နက်ရှင်ကို တပ်ဆင်မသုံးနိုင်ဘူး၊ အိမ်တိုင်းမှာ ကွန်ပျုတာ ၀ယ်ပြီးမသုံးနိုင်သေးဘူး ဆိုတဲ့အချက်တွေက အဲဒီဈေးကွက်ကို ဆက်လက်အားကောင်းအောင်ထောက်ပံ့ပေးနေဦးမှာပါ။ ဒါပေမယ့် ဈေးကွက်လိုအပ်ချက်ထက်ကျော်လွန်လာတဲ့ အင်တာနက်ကဖေး စီးပွားရေးဟာ ထင်ထားသလောက် တိုးတက်မှုမရှိပါဘူး။ ပြည်တွင်းကွန်ပျုတာဈေးကွက်ထဲမှာ ပြီးခဲ့လအနည်းငယ်က ဈေးနှုန်းကျဆင်းမှုများရှိနေခဲ့သည့်တိုင် ဆက်လက်ပြီးတိုးချဲ့လာတဲ့ အင်တာနက်ဆိုင် [...]
myanmar earthquake 2009
India, Myanmar, Bangladesh, Indonesia, Thailand နိုင်ငံတွေမှာ ဆူနာမီ ( Tsunami ) အချက်ပေးမှုများ ပေါ်ထွက်လာပြီးနောက် ငလျင်လှုပ်ပြီး ၇ နာရီအကြာမှာ အဆိုပါ သတိပေးမှုများကို ပြန်လည်ပယ်ဖျက်ပေးလိုက်ပါတယ်။ အင်္ဂါနေ့နံနက်စောစောပိုင်းလှုပ်ရှားခဲ့တဲ့ ဒီငလျင်ကြောင့် ပစိဖိတ် ဆူနာမီ စောင့်ကြည့် အချက်ပေး စင်တာမှ သတင်းများ အလျင်အမြန်ထုတ်ပြန်ခဲ့ပြီး ယခုလို ပြန်လည်ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ India သမုဒ္ဒရာအတွင်းရှိ Andaman ပင်လယ် Port Blair ကျွန်းရဲ့မြောက်ဘက် ကီလိုမီတာ ၂၆၂ မှာဗဟိုပြုလှုပ်ရှားခဲ့တဲ့ မြေငလျင်တခုဟာ ဒီကနေ့နံနက် စောစောပိုင်းမှာ ဖြစ်ပေါ် ခဲ့ပြီးနောက် ဆူနာမီ အချက်ပေးမှုတွေထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မြေငလျင်ဟာ ရစ်ချတာစကေး ၇.၆ ရှိခဲ့ပြီး မြန်မာနိုင်ငံ ပသိမ်မြို့ရဲ့ အနောက်တောင်ဘက် [...]
မော်တာ၊ ငလျင်နဲ့ခေါင်မိုးပေါ်ကပြုတ်ကျတဲ့ကောင်
မနေ့က မနက်စောစောမှ အိမ်ပြန်ရောက်တယ်။ ညက မောင်ကျော်ကြီးမွေးနေ့နဲ့နောက်ဆက်တွဲတွေကြောင့်ပေါ့။ မနက်စောစောအိမ်ရောက်တော့ ဘယ်သူမှအိမ်မှမရှိဘူး။ တညလုံး အိပ်မရတော့ ခေါင်းထဲက နောက်နေတယ်။ ခေါင်းကြည်သွားအောင် ရေလေးချိုးရအောင်ဆိုပြီး မော်တာကို ရေပါတခါထည်းတင်ဖို့ဖွင့်ထားလိုက်တယ်။ နောက်တော့ MRTV4 ကနေ လာနေတဲ့ စကားဝိုင်းတခုကို စိတ်ဝင်စားသွားလို့ ထိုင်ကြည့်လိုက်တယ်။ ပြီးတော့ ကွန်ပျုတာရှေ့မှာ တောင်ကလိမြောက်ကလိနဲ့ပေါ့။ ခဏနေတော့ ကွန်ပျုတာ ပိတ်သွားတယ်။ ဒါနဲ့ ပြန်ဖွင့်လိုက်တယ်။ မကြာဘူး မီးပျက်သွားတယ်။ ထောက်ကနဲအသံကြားလိုက်လို့ မိန်းခလုပ်ကိုသွားကြည့်တော့ မော်တာခလုပ်ကမပိတ်ရသေးဘူး။ မိန်းကလဲ ပျက်သွားတယ်။ ဒါနဲ့ဘဲ အောက်မှာ မော်တာကိုဆင်းကြည့်တော့ မော်တာက ပူပြီး လောင်သွားပြီ။ အငွေ့တလူလူနဲ့တတိုက်လုံး ဆင်းကြည့်ကြတယ်။ ကောင်းရော – မနက်စောစောမှာ ရေမော်တာပြင်တဲ့ ကုလား တော့အလုပ်ရသွားတယ်။ မော်တာက ကွိုင်ပြန်ပတ်ရမှာ ပစ္စည်းဖိုးလက်ခက ၄သောင်းတဲ့ [...]
blogger day 2009
2009 ခုနှစ် သြဂုတ်လ (31) ရက်နေ့မှာ ကျရောက်မယ့် ဘလောဂ့်ဒေး အထိမ်းအမှတ်အဖြစ် ဘလောဂ့်ဂါ တွေ့ဆုံပွဲနှင့် လေ့လာရေး ခရီးစဉ်တစ်ခုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာသာမက. မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ရှိကြတဲ့ ဘလောဂ့်ဂါတွေ စုံစုံညီညီ တက်ရောက်ပါဝင် ဆင်နွှဲနိုင်ပါတယ်။ နိုင်ငံခြားမှာ ရှိနေကြတဲ့ ဘလောဂ့်ဂါတွေလည်း တက်ရောက်နိုင်ပါတယ်။ ဒီအစီအစဉ်ကို 2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ လာရောက်ဆင်နွှဲကြတဲ့ ဘလောဂ့်ဂါတွေ အားလုံးအတွက် Game, Role Play, Quiz အစရှိတဲ့ ပျော်ရွှင်စရာ ၊ ဗဟုသုတရစရာ အစီအစဉ်များပါဝင်တဲ့ အပြင် ၊ ဘလောဂ့်ဂါ အချင်းချင်း အမှတ်တရ လက်ဆောင်များကိုလည်း လှဲလှယ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ [...]
how to run Xp applications in window 7
ကျွန်တော်က နည်းပညာတွေနဲ့ပတ်သက်လို့ရေးတာနည်းပါတယ်။ အခုနာမည်ကြီးနေတဲ့ window 7 နဲ့ပတ်သက်တဲ့ အကြောင်းလေးတွေ့တာနဲ့မျှဝေပေးလိုက်တာပါ။ လက်ရှိတော့ window vista Ultimate ရဲ့ အသံနဲ့စေခိုင်းမှုတွေကို စမ်းနေတာဘဲရှိတယ်။ အခုဖော်ပြပေးမယ့်အကြောင်းအရာကတော့ ကျွန်တော် တွေ့ထားတဲ့ အချက်အလက်တွေကိုမူရင်းအတိုင်း ဖော်ပြပေးမှာဖြစ်ပါတယ်။ စမ်းသပ်သူများအသုံးဝင်နိုင်ပါစေ။ You can run Windows XP and its compatible applications or software on Windows 7. The new Windows XP Mode for Windows 7 offers compatibility of apps running in Windows XP to run on new Windows [...]
မုန့်အုပ်လေးဘဲရောင်းတော့မယ်
အခန်း ၁ မိုးလေးကတအေးအေးနှင့် ရာသီခါမှီလေးတခုခုတော့ လုပ်ဦးမှလို့တွေးနေရင်း အိမ်ရှေ့မှာလှမ်းကြည့်လိုက် တော့ ကိုမျက်စံ ခေါင်းကလေးတညှိမ့်ညှိမ့်နှင့် ရောက်လာသည်။ ဘယ်လဲဗျ မိုးထဲရေထဲ အေးဗျာ ဘာလုပ်စားရင်ကောင်းမလဲမသိပါဘူး ပြောပြောဆိုဆိုနှင့်အိမ်ရှေ့ကွက်ပျစ်ပေါ် ချေပစ်လက်ပစ်ထိုင်လိုက်လေသည်။ ဒါများဗျာ ဘာလုပ်စားမလဲ ကိုမျက်စံရဲ့ ဒီအချိန်ဆို ကောက်ညှင်းပေါင်းကလေးပူပူလေးပေါင်း၊ ငါးခြောက်လေးဆီဆမ်းစားရင် ကောင်း မယ်ထင်တာဘဲ။ စိတ်ထဲကစားချင်တာတွေကိုရွက်ပြလိုက်တော့ ကိုမျက်စေ့ မချိသွားဖြဲပြုံးပြကာ၊ ဘယ့်နှယ့် ကိုယ့်လူ မစ္စတာဂေါက်ရယ်၊ အဲဒါပြောတာမဟုတ်ပါဘူး၊ ဘာစီးပွားရေးလုပ်ရင်ကောင်းမလဲ ပြော တာပါဗျ။ အော် – ဂလိုလား ၊ အင်း ခုတလောတော့ ကျွန်တော်လဲ ဘာလုပ်ရမှန်းမသိတာနဲ့ အိမ်မှာဘဲကုတ်နေတာ၊ တလော ကမောင်ကျော်ကြီးတော့ စီးပွားရေးကောင်းနေတာနဲ့မေးကြည့်တာ ရန်ကုန်မြို့ပတ်ပြီးတရားခွေတွေလိုက်ရောင်းနေ တယ်ပြောတယ်။ ဟုတ်လား၊ ဘယ်လိုလဲ ပြောဦးဗျ၊ အရောင်တဖျက်ဖျက်တောက်နေသော ကိုမျက်စေ့ရဲ့မျက်လုံးများ ပြူးလာကာ မေးသည်။ [...]


Posted in
Tags: 







