Archive for June, 2009

ပစ်ကြဦးမလား အမှိုက်

မနက်စောစော ထရလွန်းလို့ အိပ်ရေးမ၀တဲ့ ရက်တွေကများလှနေပြီ။ ဒါပေမယ့် အလုပ်လုပ်ရမှာမို့ ခပ်စောစော ထွက်ရဦးမယ်။ ဒီအလုပ်က သူများတွေနဲ့မတူ၊ စောလေကောင်းလေ။ တောင်ဒဂုံရဲ့ ဟိုးအစွန်အဖျားကနေ ရန်ကုန် မြို့ကြီးထဲကို  သူလိုကိုယ်လို အလုပ်ဆင်းတဲ့သူတွေ အများကြီးရှိလေရဲ့။ ကိုယ်ကတော့ ထုံးစံအတိုင်း ရထားဘဲစီးရမှာဘဲ၊ ဒီလိုအချိန်မှာ မြို့ပတ်ရထားပေါ်မှာလဲ ထိုင်စရာနေရာက ရှား၊  ကုန်စိမ်း သည်တွေထိုင် ရင်း ငိုက်နေတဲ့ နားကဖြတ်လျောက်လာရင်း ပျံကျဈေးရောင်းတဲ့ သူတွေရဲ့ အထုတ်တွေကိုမှီပြီး ဒီနေ့ ရနိုင် ချေ ရှိတဲ့ဝင်ငွေကို စိတ်ကူးယဉ်နေကြည့်မိတယ်။ ဒီကနေ့ကရုံးပိတ်ရက်မို့ အိမ်တွေမှာ လူတွေစုံစုံလင်လင်ရှိတတ်တဲ့ ရက်။ အလုပ်ကလဲ အပြိုင်အဆိုင်တွေ များလာတယ်လေ်။ ဒါပေမယ့် ကိုယ့်အလုပ်က မိတ်ဆွေဖြစ်နေတဲ့ ဖောက်သည် တွေရဲ့ စိတ်ကျေနပ်မှုပေါ်မှာ တည်မှီနေတဲ့အလုပ်ကလေးဖြစ်ပေမယ့် ကိုယ့်ဘက်က အမြဲမျှော်လင့်နေလို့ မရနိုင် [...]

ဦးစွန်းတင်တဲ့ကုန်းဘောင်မင်းများ

ရခိုင်နိုင်အိမ်ရှေ့မင်း ( ၀ါ ) ရွှေတောင်မင်းအကြောင်း ဆက်ပြောချင်ပါတယ်။ နှစ်ပေါင်း ၁၃၀ ကျော်လောက် တည်တံ့ခဲ့တဲ့ ကုန်းဘောင်ရွှေနန်းဟာ မင်းကောင်းမင်းမြတ်တွေ ရှိပါလျက်ကယ်နှင့် အကြောင်း အမျိုးမျိုးနဲ့ အကြောင်းမလှ ဖြစ်ခဲ့ရတာတွေ၊ အကြောင်းအမျိုးမျိုးနဲ့ ဂုဏ်ယူစရာတွေ ဖြစ်ခဲ့တာတွေ ကိုစိတ်ဝင် စားစရာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာ့ဦးစွန်းတွေကို အလောင်းမင်းတရားကြီးနောက်ပိုင်း ကုန်းဘောင် ခောတ်မှာ  ဂုဏ်ယူဖွယ်မြှင့်တင်ပေးနိုင်ခဲ့တဲ့ မင်း တွေဖြစ် တဲ့ ဆင်ဖြူရှင်၊ ဘိုးတော်ဘုရားနဲ့၊ မင်းတုန်းမင်းတို့ ဟာ လူသိများ ထင်ရှားခဲ့ပေမယ့် ဘိုးတော်ဘုရားရဲ့ သားတော်အိမ်ရှေ့စံဖြစ်တဲ့ ရွှေတောင်မင်းကြီးဟာ လူသိနည်းခဲ့ပါတယ်။ အိမ်ရှေ့စံမင်းများထဲမှာ စောစီးစွာ ကံတော်ကုန်ခဲ့တဲ့ မင်းသားကြီး ၂ ပါးဖြစ်တဲ့ ရွှေတောင်မင်းနဲ့ ကနောင် မင်းသားကြီးတွေဟာ တကယ်လို့ စောစီးစွာ မလွန်ခဲ့ရင် ကုန်းဘောင်နေမီးဟာလဲ ဒီထက်ပိုမို [...]

နာမည်များနဲ့ကုန်းဘောင်

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဖြစ်တဲ့ တတိယ မြန်မာနိုင်ငံတော် နောက်ဆုံး မင်းဆက်ဖြစ်တဲ့ ကုန်းဘောင်မင်းဆက် ၁၁ ဆက် နဲ့ပတ်သတ်ပြီး တချို့မသိတဲ့ အချက်တွေကို တခါတလေကျ ရင်ပြန်ရှာမိတတ်တယ်။ အဲဒီထဲက ဘုရင်မင်းတွေရဲ့ ဘွဲနာမည်နဲ့ ငယ်နာမည်တွေလဲ ပါတတ် ပါတယ်။ ကျွန်တော့်မှာတော့ ကုန်းဘောင် ၁၁ ဆက်ရဲ့ ဘွဲ့နာမည် တွေအပြည့်အစုံမရှိပေမယ့် အခုသိထားတဲ့ အချက်အလက်တချို့ကို ပြောပြချင်ပါတယ်။ ကုန်းဘောင် ၁၁ ဆက်ရဲ့ စာရင်းကတော့ ၁။ အလောင်းမင်းတရား ၂။ နောင်တော်ကြီး ၃။ ဆင်ဖြူရှင် ၄။ စဥ့်ကူးမင်း ၅။ ဖောင်းကားစား ၆။ ဘိုးတော်ဘုရား ၇။ ဘကြီးတော် ဘုရား ၈။ သာယာဝတီမင်း ၉။ ပုဂံမင်း ၁၀။ [...]

ပိုစ်မော်ဒန်ကဖေးမှာ မြင်လိုက်တယ်

ပို့စ်မော်ဒန်ကဖေးမှာ ထိုင်နေတဲ့ သူတယောက်ကို မြင်လိုက်တယ်။ ကိုယ်ယောင် ကိုယ်ဝါမတောက်ပ ပေမယ့် မျက်ဝန်းထဲမှာ တော့ လင်းလက်မှုတွေရှိနေတယ်။ ပိုစ်မော်ဒန်ကဖေးမှာ ထိုင်နေတဲ့ သူတယောက်ကို မြင်လိုက်တယ်။ လေနီကြမ်းတွေတိုက်နေလဲ ရင်ထဲမှာ ထက်သန်မှုတွေ ရှိနေတယ်။ ပိုစ်မော်ဒန်ကဖေးမှာ ထိုင်နေတဲ့ သူတယောက်ကို မြင်လိုက်တယ်။ အပြုံးရဲ့နောက်က ကြေကွဲမှုတွေ ရှိနေတယ်။ ပိုစ်မော်ဒန်ကဖေးမှာ ထိုင်နေတဲ့ သူတယောက်ကို မြင်လိုက်တယ်။ – – – – – – – – – ရှိနေတယ်။ ဦးလေးအတွက် အမှတ်တယ

myanmar national league

မြန်မာ့ဘောလုံးချစ် ပုရိတ်သတ်များအတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး ဆုကြေးစားဘောလုံး လောက အကြောင်း သေးစိတ် သိရှိနိုင်မယ့် တရားဝင် ၀က်ဆိုဒ်ကို သိတာနဲ့ ပြောပြလိုက်ပါတယ်။ လျှင်မြန်တဲ့ ဒီ ဆိုဒ် ကို မြန်မာပြည်ရဲ့ နာမည်ကြီး Creative web studio  ကနေရေးဆွဲခဲ့ပေးပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ကနေ တင်ထားတာဖြစ်ပါတယ်။ အဲဒီဆိုဒ်ထဲမှာ myanmar national league ရဲ့ သတင်းအချက် အလက် တွေကို စုံလင်စွာဖော်ပြပေးထားပါတယ်။ ကျန်တဲ့ အသေးစိတ် ကိုတော့ အဲဒီ MNL ဆိုဒ်မှာ ဆက်လက်လေ့လာ လိုက်ပါဦး။ address ကတော့ www.myanmarnationalleague.com ဖြစ်ပါတယ်။

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice