
the international
ရုပ်ရှင်အကြောင်းရေးချင်နေတာကြာပါပြီ၊ ၀ယ်ထားတဲ့အခွေတွေအကြောင်းလဲ ပါတယ်။ ကွန်နက်ရှင်မကောင်း၊ လူကလဲ ကိစ္စတွေများနဲ့မတင်ဖြစ်သေးတာ၊ တနေ့တနေ့ နားထဲ မှာ အိပ်နေရင်တောင် စွဲနေတဲ့မီးစက်သံတွေနဲ့ တနေ့ကို နာရီ ၂၀ လောက်ပျက်ပြီး မရေမတွက်နိုင်သော ပျက်တောင်းပျက်တောင်း လာတတ်တဲ့မီးကြောင့် ညည အိပ်ရေး တွေပျက်အောင် ရေထတင်ရတဲ့ ဒုက္ခ ကနေငြီးငွေ့တာကလဲတကြောင်း၊ တခါတခါ အိမ်က လျှပ်စစ်ပစ္စည်းတွေ တော့ ကြာရင်နား ကားတော့မှာဘဲ ဆိုတဲ့ စိုးရိမ် စိတ် တွေနဲ့ ခွေတွေဝယ်ထားလဲ မီးပျက်လိုက် ပြန်လာလိုက်နဲ့ ဆန့်တငံ့ငံ့ ကြည့်ရတဲ့ ဘေးလေးက ကင်းလွတ်အောင် စုံထောက်ကားအသစ်ဖြစ်တဲ့ the international ဆိုတဲ့ ရုပ်ရှင် ကား ကိုနေပြည်တော် ရုံမှာ သွားကြည့်ပါတယ်။ ဇာတ်လမ်း အသေးစိတ်လေးမပြောချင်ဘဲ အခုပြောချင်တာကတော့ ကြည့်လို့ကောင်းတဲ့ အဲဒီကားကို ကြည့်နေဆဲဘဲ ရုံထဲ မှာ မီး ၂ ခါပျက်တဲ့အတွက် အဖွင့်အပိတ် စုစုပေါင်း ဒီဇာတ်ကားကို လေးပိုင်းပိုင်းကြည့်လိုက်ရတယ်ဆိုတဲ့အကြောင်း လေးပါ။ ဒါကြောင့် အဲဒီဘေးဆိုးက လွတ်ကင်းအောင် ဘယ်လို လုပ်ရမလဲ စဉ်းစားမရ ဘဲ မီးစက်နဲ့မောင်းထားတဲ့ ဟောဒီအင်တာနက်ဆိုင်ကနေ ရုပ်ရှင်သတင်းလေး ပေးလိုက်ပါတယ်။
တရားဥပဒေကြောင်းအရ ဘယ်လိုမှ အရေးယူဖို့အဆင်မပြေဖြစ်တဲ့ လူယုတ်တွေကို ဘယ်လိုဇာတ်သိမ်းသွားတယ် ဆိုတာ အဲဒီကားလေးမှာ ပြသထားပါတယ်။ ကြည့် ကောင်း တဲ့ အက်ရှင်ဇာတ်ကားလေး ဖြစ်ပါတယ်။


Posted in 








ကောင်းမဲ့ပုံဘဲ။