မိုးတဖျောက်ဖျောက်နဲ့ တရုတ်တန်းမှာ ရှိတဲ့ဈေးဆိုင်တန်းတွေက စားပွဲတွေ ကျို့တို့ကျဲတဲ၊ စားတဲ့သူတွေက နည်းနည်းနဲ့ အရင်က ရွှေထီးဆောင်းခဲ့တဲ့ စည်ကားမှုတွေက အချိန်နဲ့အမျှလွင့်ပျယ်ကုန်ပျောက် ကုန်ပြီ။ ရောက်တိုင်းအများဆုံးထိုင်ဖြစ်တဲ့ လမ်းထိတ်က အကင်ဆိုင်နားက ထောင့်ကျကျ စားပွဲမှာရွှေးထိုင်လိုက်တယ်။ မြင်ဘူးနေကျ သူတွေတော်တော်များများက မရှိတော့သလိုဖြစ်ပေမယ့် ဒီဆိုင်က တရုတ်ကြီးကတော့ အရင်အတိုင်းလောကွတ် ကောင်းနေဆဲဘဲ။ ထိုင်နေရင်း လမ်းမီးမှိတ်သွားတယ်။ မှုန်ဝါးဝါး အလင်းရောင်အောက်က စားပွဲပေါ်ကို မှာထားတဲ့စားစရာတွေ မရောက်လာခင်မှာဘဲ အကင်တို့စားတဲ့ ချဉ်စပ် တပန်းကန် အရင်ရောက်လာတယ်၊ ၁၀ စက္ကန့်လောက်ကြာတော့ တဖြည်းဖြည်း ပြန်လင်းလာတဲ့ လမ်းမီးတိုင်ပေါ်က ၀ါကျင့်ကျင့် နီယွန်မီးကိုကြည့်ရင်း လွန်ခဲ့တဲ့ ၁၀ နှစ်နည်းပါးကအကြောင်းတွေကိုပြန်စဉ်းစားမိတယ်။ အဲဒီအ ချိန်တုန်းကလဲ သူငယ်ချင်းတွေနဲ့ဒီလိုနေ့မျိုးမှာ ဒီနေရာမှာဘဲ ပျော်ပျော်ပါးပါး စားသောက်ခဲ့ဘူးတယ်။ ဒီမီးတိုင်ပေါ်က မီးကလဲ ၁၀ မိနစ်တခေါက်လောက် [...]


Posted in








