ဘယ်အချိန်လို့ပြောရပါ့

လူတခု ပုမှုရယ်တဲ့ သိန်းတထောင် .

အိုမဟုတ်တာ ဆယ်ကုဌေ လုပ်ပါဗျ၊ အိုကွာ ဘာဖြစ် ဖြစ် အတူတူဘဲ။

ခေါင်းရင်းခန်းမှ ဂျာနယ်လစ်အကြီးစား ကြီး ဦးလေးမိုးက ဆေးလိပ်လေး ဖွာရင်းပြောသည်။ ရက်ကွက်ထဲမှာမီးက မှန်တော့ ရေက ပါ နောက်ဆက်တွဲ လိုက်လာသည်။ ဒီလို ည၁၁ နာရီမီးလာချိန်မှာ ရေးထဆွဲရသည့်အလုပ်က တနေ့တာ အချိန်ဇယားထဲ သိသိသာသာ ကြီး ၀င်ရောက်လာပြီးနောက် ညညဆို အိပ်ရေးပျက်ပေါင်းမနဲတော့ပြီ။

ဦးလေးကလဲ ဦးလေး တူ ဘိုဝကို ရေစောင့်ခိုင်းပါလား၊

မနက်ရုံးတက်ရတာတမျိုး ညရေစောင့်ရတာတဖုံ ငါ တော်တော်အိပ်ရေးပျက်တယ် ကွာ၊ ငါ့တူ မင်းသားရူး ဇာတ်ရူးကောင် ဘိုဝ ကလဲ ဘာမှအားကိုရတာမဟုတ်ဘူး၊ အခုလဲကြည့်ဦး ဒီနေ့မီးပျက်လို့ဆိုပြီး ဘယ်မှာ အင်တာနက်သွားသုံး မယ်ဆို လဲပြော သွားတယ်၊  လင်းဆိုက် ဆိုလား အလင်းဇက် ဆိုလား – -

အော်သိပြီသိပြီ ဟိုတလောက ကုလားပြည်က ပြန်လာတဲ့ ညီလင်းဆက်တို့အိမ်မှာလား၊ ဒီလူက သောက်သောက်စားစားနဲ့ ခက်တယ်၊ တလောကလဲ အရက်မူးတာ တိုက်ခန်းမှား ပြန်သတဲ့လေ။

အော် – မင်းကကျတော့မမူးတာကျနေတာဘဲ သူများကို၊

ဟတ်ဟတ် – ဒီလိုဘဲပေါ့ဦးလေးရယ်

ဘိုဝဆိုတာက ဂျာနယ်လစ်တဖြစ်လဲ ဒါရိုက်တာ သင်တန်း သရုပ်ဆောင်သင်တန်းဆင်း ဖြစ်သလို စာရေးတာ သီချင်းဆိုတာ ဓါတ် ပုံရိုတာ အကုန်ဝါသနာ ထုံလှသူ ဦးလေးနှင့်အတူနေသည့် သူ၊ ဘာမှမယ်မယ်ရရ ထွန်းပေါက်အောင်မလုပ်နိုင်သေး သော်လည်း အခုချက်ချင်းထလုပ်ပါက နတ်ကနားတခုကို ပိုင်နိုင်ကျနစွာ ကိုင်တွယ်နိုင်သည့် ကန္ဒားစီး တယောက်တော့ ဖြစ်လာနိုင်သည်ဟု အပေါင်းအသင်းများက မှတ်ချက်ချထားသူ ဖြစ်သည်။

ဒေါင် – - – ဒေါင်

ဂွမ်-ဂွမ် – - – ဂွမ် – ဂွမ်

ဂွမ် – ဒေါင်

ဒေါင် ဂွမ်

ဟာ ဘာသံတွေတုံးဟ

ဦးလေးက မဲနေသည့်သူ့မျက်နှာအတွင်းက နက်နေသည့် မျက်လုံး နှစ်လုံးအား အဖြူသား အများစုပေါ်သည်အထိပြူးကာမေးသည်။ ရက်ကွက် မီးကင်းမှ နာရီအချက်ပေး သံချောင်းခေါက်သံ ဖြစ်သော်လည်း အလေ့အကျင့်မ ရှိသည့်အပြင် သေချာစွာစည်းဝါး ကိုမထားသည့် မီးကင်းမှ ဘယ်နှစ်နာရီမှန်းမသိလောက်သည့် သံချောင်းကို ဇွတ်တင်းခေါက်နေသည်။ လမ်းမ သုံးခုရှိသည့် ရပ်ကွက်ဖြစ်သောကြောင့် လမ်းထိပ်တိုင်းမှာ မီးကင်းတခု စီထားသည့်အတွက် သံချောင်းခေါက်သံ တချိန်တည်း ထွက်လာသည့် ထိုအခါမျိုးတွင် မည်သည့်အချိန်ရောက်မှန်းမသိရတော့။

အာလား – ဒီကောင်တွေ ကတော့လုပ်ပြီ၊ နောက်ဆုံးထွက်တဲ့အသံက စုံလားမလား ဆိုတာ သိလိုက်လား

အော် – သိတယ် နောက်ဆုံးတချက်စီဘဲ

ဒါဆို ၁၁ နာရီကွ

ဟုတ်ပါ့မလား ဦးလေးမိုးရယ်

အို – ဒါပေါ့ မောင်ဂေါက်ရယ် – ဒါ့ထက်တောင်ပိုသေး၊ ဘာလို့လဲဆိုတော့  ၂ချက်တွဲခေါက်တာမို့လေ ငှက်ငှက်- နောက်ဆုံး တချက်ဆိုတော့ ဒီအချိန်မှာ ၁၀ နာရီမဟုတ်တော့ဘူး ၁၀ နာရီဆိုစုံနဲ့ဆုံးမှာ အခုမနဲ့ဆုံးရင် ၁၁

သူ့ဟာသူပြောပြီး တဟဲဟဲနှင့်သဘောကျနေသည်။ ၁၁ တော့ထိုးပြီ ဒီညတော့ ညဘက်မီးလာရက် ခုထိတော့ မလာသေး။

ထိုစဉ် – အသံဝါးတားတားဖြင့် ကျယ်လောင်စွာ ဟစ်အော်နေသော်လဲ သေချာစွာ နားထောင်မှ ကြားရသော အမူးသမားအသံ တသံထွက်လာသည်။ အိမ်ရှေ့ကြည့်လိုက်တော့ သူတော်နဲ့ကိုရင်တက်စ် ပုသလောက် အရစ်ရှည်ကြသော အမူးသမားစုံတွဲ၊ သူတော့်လက်ထဲမှာ ကြည့်လိုက်တော့ ရက်ကွက်သာရေးနာရေးအော်သည့် အော်လံကြီးနှင့် ကိုတက်ကတော့ စာရွက်တရွက် ကိုင်လျက် – သူတော်က စအော်သည်။

ရက်ကွက်အတွင်းချိ လုပ်တား ပီသူအပေါင်းတို့ခင်ဗျား၊ အခုအချိန်ဟာ ခြောက်သွေ့ရာသီသို့

ဟာမဟုတ်ဘူးလေ မင်းဟာမှားနေပြီ – ကိုတက်ကပြောသည်

မြင်မှမမြင်ရဘဲ ကိုတက်ကြီးကလဲ

အခုဟာက ၁၀ တန်းတွေဖြေတော့မှာမို့ဟာလေ – တော်ကြာနားကားကုန်မယ်

အမယ်ကျွန်တော့်စကားမသုံးနဲ့နှစ်ယောက်လုံးက မွေးရာပါနားကားနေတာ ဘာမှမဖစ် – အစ် ( လေချဉ်တက်သွားသည် )

ကဲကွာ မြန်မြန်အော် – တလုံးလောက်တချရအောင်

ရပါတယ် -ရတယ်

ရက်ကွက်အသွင်းချိ လုပ်တား ပြည်သူအပေါင်းတို့ခင်ဗျား – အဟတ်

အခုချိန်ဟာ တက္ကသိုလ်ဝင်စာမေးပွဲများဖြေဆိုချိန်သို့ရောက်ရှိနေပါသဖြင့် ရက်ကွက်အတွင်း အတံဆူညံတည့် လုပ်ငန်းများ ဖြစ် သော – အစ်

မြန်မြန်အော်ကွာ -

မမြင်ရဘူးလေ -

ဓါတ်မီးနဲ့ထိုးနေတာဘဲ ဒီလူကလဲ

သူတို့က ထိုအသံများကိုလဲတိုးတိုးမပြော – သူတော်က လော်ကြီးလက်ကမချဘဲပြောနေသဖြင့် တလမ်းလုံးကြားနေရသည်။ ဦးလေးနဲ့ကျွန်တော်ကတော့ တခွစ်ခွစ်နှင့်

အသံဆူညံသည့် လုပ်ငန်းများဖြစ်သော ကက်ဆက်ဖွင့်ခြင်း၊ ကားဘော်ဒီထုခြင်း၊ အသံချဲ့စက်များကျယ်လောင်စွာအသုံး ပြုခြင်း ၊ သံပုံးတီးခြင်း၊ ၀ါးလက်ခုတ်တီးခြင်း

ဟ မပါဘူးဟ

သိတယ် – ဒီလိုလုပ်လဲ အသံကျယ်တယ်လေ။ ဒါကြောင့်ထည့်အော်တာ

တော်ကွာ

ဆက်အော်မယ်ခင်ဗျား – အစရှိသည့်လုပ်ဆောင်ချက်များကိုရှောင်ကျဉ်ပေးခြင်းဖြင့် ကုသိုလ်ယူကြရန် တိုက်တွန်းနိုးဆော် အပ် ပါသည်ခင်ဗျား – အဲမှားလို့ မေတ္တာရပ်ခံ ပါဒယ်ခင်ဗျား။

သူတို့နှစ်ယောက်ခပ်သုတ်သုတ် ပြန်ထွက်သွားတော့ ဦးလေးက လမ်းအော်သည်။

ဟေ့လူတွေ – ရေမော်တာရောတင်လို့ရမလား

ကိုတက်က သေချာလှမ်းကြည့်ရင်း – သူတော်ကလှမ်းအော်သည်၊ ဟာ – မရဘူး နားညီးတယ်လေ

ဒါတော့ဘယ်ဖြစ်မလဲကွ ရေမရှိဘူး

ဦးလေးကလဲ ပြန်အော်သည်- သူတော်က တော့လော်ကိုလက်ကမချ မရဘူးဗျ မရဘူး၊ ခုဏကမေ့သွားလို့

တလမ်းလုံးဆူညံကုန်သည်၊ ထိုစဉ် လမ်းထဲသို့ဆိုက်ကားတစင်းအပြင်းဝင်လာသည်။ ဆိုက်ကားပေါ်က သူကတော့ အခြားသူ မဟုတ်- ဦးလေးမိုးရဲ့တူ ဘိုဝ

ဆက်ရန်  – - -

You can leave a response, or trackback from your own site.

9 Responses to “ဘယ်အချိန်လို့ပြောရပါ့”

  1. thu taw says:

    ဘိုဝယ်ရော်… အော်လံကြီး လက်ကမချပဲ ဖုန်းတွေပြောနေမီမှဖြင့် ဒွတ်ခ ရောက်ကုန်တော့မယ်.. အခန်းတွေ မပါနဲ့နော်.. နားကားသွားလိမ့်မယ်.. ဟတ်ဟတ်။။ :P

  2.ုkom says:

    နဲနဲ ခေါင်းစားတယ။်

  3. admin says:

    this story base true story :P

  4. strike says:

    စောင့်နေတယ်နော်

  5. သူတော်နှင့်ကိုတက်ကြီး အဲလောက်ဆိုးလားဗျာ
    ဆက်ေ၇းဗျို့။

  6. ming ming says:

    I am every day i am reading .This website for think you.

  7. admin says:

    ကျေးဇူးတင်ပါတယ်ခင်ဗျ။

  8. emoracket says:

    ကိုဇော်ဘယ်ပျောက်နေလဲ ကျွန်တော့်ဖုန်းကိုဆက်သွယ်ပါဦးဗျာ 095173934…….ကျွန်တော်သတိရလို့ပါ

  9. ဒီလူတွေ ကျွန်တော်မရှိတာနဲ့ အဲလိုတွေ ဖြစ်ရောလား ကိုဂေါက်ရေ။

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice