Archive for February, 2009

end

what do you think my friend, life is so what? love, die and sex. we follow the walth we follow the sex everybody elese that too. fine the end we have the regret and dead.

စာအုပ်

မအားတာတကြောင်း၊ အကြောင်းကြောင်းနဲ့စာလဲမရေးဖြစ်၊ သူငယ်ချင်းတွေဘလောက်လဲမကြည့်ဖြစ်ရင်းက ကိုညီလင်းဆက် ဘလောက်ကို အခုဘဲ ဖတ်ရင်း ရေးချင်တာတခုဖြစ်လာတာနဲ့ရေးလိုက်ပါတယ်။ စာအုပ်ကိစ္စတခုပါဘဲ ၊ ကိုညီလင်းဆက်က စာအုပ် စုဆောင်းတဲ့နေရာမှာတော့အတော်လေး ၀ါသနာထူတယ်။ သူကစာအုပ်တွေကိုစုယုံတင်မကဘူး၊ တကယ်လဲစာဖတ်ပါတယ်။ ကျွန်တော်တို့ကတော့ စိတ်ကူးပေါက်မှစာဖတ်ဖြစ်တဲ့သူ ပါ။ မီးတွေကပျက်၊ တဲ့အခါ ကျွန်တော်လုပ်စရာမရှိရင်တော့ စာအုပ်စင်ကို မွှေတော့တာဘဲ၊ အဲဒီကျမှ ၀ယ်ထားပြီးမဖတ်ဖြစ်တဲ့စာတွေဖတ် ဖြစ်တယ်။ အဲဒီအခါမှ ပျောက်နေတဲ့စာအုပ်တွေကို သိရတယ်။ အဲဒီလိုအခါမှ သူများကိုငှားပြီးပြန်မတောင်းဖြစ်တဲ့စာအုပ်တွေကို သတိရတယ်။ ဒီတခါတော့ ကျွန်တော် ပျောက်နေတဲ့စာအုပ်က တို့ဗမာအစီးအရုံး သမိုင်း ပထမတွဲပါ။ ဒုတိယပိုင်းဘဲရှိပြီး ပထမ ပိုင်း ပျောက်နေတယ်။ ကျွန်တော်တော်တော်လေးစိတ်ပျက်သွားတယ်။ ဖတ်ချင်တဲ့အချိန်မှာမရှိတာ ရယ်၊ စာအုပ်ကိုနှမြောတာ ရယ်ကြောင့်ပါ။ စာအုပ်က ပထမအကြိမ်ထုတ်ဖြစ်ပြီး တကယ်လဲ ဖတ်ထိုက်တဲ့ သိမ်းထားသင့်တဲ့စာအုပ်တခုလို့ကျွန်တော် မြင်ပါတယ်။ မတွေ့တော့တာနဲ့ [...]

welcome back

ကျွန်တော် ပြန်လာပါပြီ။ ကျန်းမာရေးမကောင်း ဘဲ ဖြစ်နေရတဲ့အထဲမှာ ကျွန်တော့် သမီးကလေးကလဲ အဆုတ်ထဲမှာ ပိုးဝင်နေလို့ ဆေးခန်းပြ နေရတယ်။ ဒီရက်ပိုင်းအလုပ်တွေ ထင် သလောက်မလုပ်နိုင်ဘူးဖြစ်ရတယ်။ စိတ်ကြေနပ်စရာကောင်းအောင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြုစုရင်း အချိန်တွေကိုေ၀၀ါးနေစေခဲ့ပေမယ့် အားပေးဖော် တယောက်ကြောင့် စိတ် ထဲမှာ ပျော်ရွှင်နေစေခဲ့ပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့မဆုံးသေးတဲ့ ဘ၀တိုက်ပွဲအတွက် ပြန်လည် နိုးထရင်း ကျွန်တော် ပြန်လာပါပြီ။ အပြီးမသတ်သေးတာလေးတွေကို လက် စဖြတ်ဖြစ်ဖို့ မျှော်လင့်ချက်ကြီးတွေ တခွဲသားနဲ့ ကျွန်တော် ရောက်လာခဲ့ပါပြီ။

ပွဲဈေး

မီးခိုးနံ့ကတမျိုး၊ အကြော်ညော် နံ့က တမျိုးနဲ့ ရနံ့မျိုးစုံသင်းနေတဲ့ ဈေးတန်းထဲ လမ်းလျောက်လာခဲ့သည်။  ” ဒါကုန်ရင် ပြန်မှာ ဒါကုန်ရင်ပြန်မှာ လာထားနော် လာထား ကြိုက်တာ ကိုရွေးလိုက် ရွေးလိုက် ” အထည်သည်တဦးက သူ့အထည်ပုံ ကြီးကို လက်ညှိုးထိုးရင်း အော်ရောင်းနေသည်။ ဒီအထည်ပုံကြီးသည် တော်တော်နှင့် ကုန်မည်မထင် ဒါကြောင့် ဒါကုန် ရင် ပြန်မယ်ပြောသော ထိုဈေးသည်သည် တော်တော်နှင့် အိမ်မရောက်တော့ဟု တွေးရင်း ပြုံးမိသည်။ တနေရာရောက်တော့ တရှဲရှဲနှင့် လက်ကိုင် ဒယ်အိုးပြားကို မချီ တလှည့် လှည့်ချီ တခါ ဖြင့် ရေမုန့် လုပ်နေသည့်နားသို့ ရောက်လာသည်။ သူကတော့ တရှဲရှဲနှင့် တခုပြီးတခု လုပ်နေသည်။ ၀ယ်သူကားမတွေ့၊ သူ့ရှေ့တွင် ရှိသော ရေမုန့်များမှာ ကြွပ်ရွလွန်းအားကြီး၍ [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice