Jawaharlal Nehru

ဒီနေ့ India festival  ရုပ်ရှင် ပွဲတော် ရန်ကုန်မှာ ရှိတယ်။ နေပြည်တော်ရုံမှာ ညနေ ၆ နာရီခွဲပွဲမှာ အန္ဒိယ ခေါင်းဆောင်ကြီး Jawaharlal Nehru ရဲ့ အကြောင်းကို ပြန်လည်ရိုက်ကူးထားတ Pandit Nehru ဆိုတဲ့ကား ပြလိမ့်မယ်။ အပြင်မှာလဲ ၀ယ်ရတာ မရသလို တရက်ထဲ ပြမယ့် အဲဒီကားကို ညနေသွားကြည့်ကြမယ် စိတ်ကူးတယ်။ စေတန်တို့ စည်သူတို့၊ တေဇာ၊ အီမိုတို့ ကိုတော့ချိန်းထားတယ်။ မသိ သေးတဲ့သူတွေရှိရင် အချိန်မှီကြည့်လို့ရအောင် သတင်းပေးလိုက်တာပါ။

ဂျဝါဟလာနေရူးဟာ အန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး အကြမ်းမဖက် ၀ါဒ လမ်းပြရှေ့ဆောင် မဟတ္တမ ဂန္ဒီ ကြီး ကို အင်မတန်လေးစားအားကျခဲ့တဲ့ သူဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ရာဂျစ် ဂန္ဒီရဲ့ ဖခင်ဖြစ်ပြီး မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ် ချုပ်အောင်ဆန်း နဲ့ အရင်းနှီးဆုံးသော နိုင်ငံရေးမိတ်ဆွေဖြစ်ခဲ့သလို နေရူးဟာ မြန်မာ့လွတ်လပ်ရေးအတွက် လိုအပ်တဲ့ အကြံဥာဏ်ကောင်းတွေကို ဗိုလ်ချုပ်အား လမ်းပြပေးခဲ့တဲ့ သူတယောက်ဖြစ်ခဲ့တယ်လို့ မှတ်သားရပါတယ်။

MAHATMA GANDHI and Jawaharlal Nehru

MAHATMA GANDHI and Jawaharlal Nehru

You can leave a response, or trackback from your own site.

5 Responses to “Jawaharlal Nehru”

  1.ုKom says:

    ကောင်းလိုက်တာ.ဗဟုသုတတွေ ရသွားမယ်။

  2. exiter says:

    ကျွန်တော်လည်းကြည့်ချင်လိုက်တာ မအားတာခက်တယ်ဗျာ ..

  3. admin says:

    အေးကွာ – ငါလဲ ပြောသာပြောတာ မကြည့်ဖြစ်လိုက်ဘူး။ ဘန်ကောက်က သူငယ်ချင်းတယောက် ကို ရှားပါးခွေတွေ မှာ ကြည့်လို့ရရင် မင်းကိုလဲ ပေးကြည့်မယ်နော်။

  4. MYO HAN HTUN says:

    I want to see that video too.

  5. admin says:

    thank to your for comment :)

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice