မြန်မာပြည်မှာ အင်တာနက် သုံးစွဲမှုမြင့်မား လာပြီးနောက်မှာ သုတရသ စုံတဲ့ အရေးအသားတွေကို တင်ဆက်ပေးနေတဲ့ အင်တာ နက်စာမျက်နှာ ပိုင်ရှင်တွေ လဲအများအပြား ပေါ်ထွက်လာပါတယ်။ အဲဒီထဲမှာ ကျွန်တော်တွေ့ဘူးသမျှ ဘလောက်ဂါ တွေထဲမှာ အသက် အငယ်ဆုံးနဲ့ နည်းပညာနဲ့ ပတ်သက်တာတွေကို အရေးများတဲ့ စိတ်လဲဝင်စားတဲ့ ဘလောက်ဂါတယောက်ကို မိတ် ဆက် ပေးချင်ပါတယ်။ သူနဲ့က အပြင်မှာလဲ သိနေခင်မင်နေတဲ့အတွက် သူ့အကြောင်း ကိုလဲ တော်တော်လေး လေ့လာမိတဲ့အခါမှာ ပါရမီ ရှိတဲ့ ကလေးတယောက်အဖြစ်မြင်မိပါတယ်။ ကစားခုန်စား အရွယ်မှာတောင် သူ့အနေနဲ့ ဆော့ကစားတဲ့ အချိန်တွေကို ဒီနည်းပညာ တွေ အပေါ်မှာ သာအာရုံထားတယ် ဆိုတာ တွေ့ပါတယ်။ သူ့ရဲ့ လက်ဦးဆရာကတော့ နာမည်ကျော် စေတန်ဂေါ့ ဖြစ်ပါတယ်။
ဆရာကောင်းတော့တပည့်ပန်းကောင်းပန်ဆိုတဲ့ မြန်မာစကားပုံအတိုင်း နည်းပညာ အမွေနဲ့ မျိုးဆက်သစ်တွေ လှမ်းလင့်နိုင် ပါစေ ဗျာ။
ဒီကလေးကတော့ alienracket.co.cc ဆိုတဲ့ လိပ်စာရှင် အီမိုလေး ခေါ် ကျော်ဇေယျဖြစ်ပါတယ်။ ဘလောက်ဂါအသိုးကြီး ကို ကြီးကျော်နဲ့ နာမည်ချင်းဆင်တာကိုက ကျွန်တော်တို့နဲ့ရေစက်ပါလေသလားဘဲ



Posted in
Tags: 







