သင်တန်းများကိုဖိတ်ပါတယ်

၁ – မြန်မာလူငယ်များအနေဖြင့် အင်တာနက်အသုံးပြုပြီး နိုင်ငံတကာ ရှိနည်းပညာ သတင်းအချက်အလက် များကို မျက်ချေမပြတ် အမြဲသိမြင်ထိတွေ့နေစေရန်

၂ – အင်တာနက်အသုံးချ ကာမိမိ၏ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် မိမိသိလိုသော အတတ်ပညာ၊ အသိပညာ များကို ဆက်လက်လေ့လာ ဆည်းပူးနေနိုင်စေရန်

၃- ခေတ်နှင့်လျှော်ညီသော အတွေးအခေါ်အယူအဆ များတိုးတက်ဖြစ်ပေါ်နေစေပြီး ကောင်းမွန်သော လူမှုဘ၀ များကို ကိုယ်တိုင်ဖန်တီးတတ်လာစေရန်

၎- အင်တာနက်ပေါ်မှ အခွင့်အလမ်းများကို အကျိုးရှိရှိ ထိထိရောက်ရောက် မှန်ကန်စွာအသုံးပြုနိုင်လာစေပြီး မိမိ တို့၏ တတ်ကျွမ်းနားလည်မှု အတွေ့အကြုံများကို ဖြန့်ဝေပေးနိုင်ကာ အခြားသူများထံမှလဲ Brain flowing အပြန် အလှန်ပြုလုပ်နိုင်ကြစေရန်

၅ – စီးပွားရေးအခက်အခဲ ၊ လူမှုရေးအခက်အခဲများကြောင့် နည်းပညာနောက်ကျနေသော လူငယ်များကို အချိန် မှီ ဟန်ချက်မှန်မှန်ဖြင့် အတတ်ပညာနည်းပညာများ ဖြန့်ဝေပေးရန်

အထက်ပါ ရည်ရွယ်ချက်များဖြင့် ကျွန်တော်တို့အနေနဲ့ လူငယ်များအတွက် အခမဲ့အင်တာနက်အသုံးချ သင်တန်းများကို စတင် ပို့ချပေးနေပြီဖြစ်ပါတယ်။ လာမည့်နွေရာသီ ကျောင်းပိတ်ရက်မှာတော့ လုပ်ငန်းခွင်ဝင် အသုံးချ ကွန်ပျုတာနည်းပညာ ရပ်များ ဖြစ်တဲ့ ရုံးသုံးကွန်ပျုတာသင်တန်း၊ ကွန်ပျုတာပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ web design သင်တန်းများကို ဆက်လက်ပို့ ချသွားနိုင်အောင် စီစဉ်ကြိုးစားလျက်ရှိနေပြီဖြစ်ပါတယ်။ ပါဝင်ကူညီချင်တဲ့ ညီအကိုမောင်နှမများကိုလဲ ဖိတ်ကြားပါတယ်။

You can leave a response, or trackback from your own site.

2 Responses to “သင်တန်းများကိုဖိတ်ပါတယ်”

  1. Web Design သင်တန်း ကိုလာတက်ပါဦးမယ်..ဘယ်တော့ ဖွင့်မယ်ဆိုတာ အကြောင်းကြားပေးပါဦးဗျာ..

  2. ma poe says:

    where is ur training class ? let me know. I’d like to wish my bro to attend ur class .

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice