
Need for speed ဆိုတာကတော့ ဂိမ်းကစားတဲ့သူတွေကြားမှာ မသိတဲ့သူမရှိလောက်အောင် နာမည်ကျော် ဂိမ်းတခုဆို တာ ငြင်းစ ရာမရှိလောက်အောင် ဖြစ်ရပါတယ်။ ဒီကားမောင်းတဲ့ ဂိမ်းကို ကျွန်တော်တို့ ငယ်ငယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကတည်းက နေ စတင်လာခဲ့တာ အခုချိန်ရောက်တဲ့အထိ တိုးတက်လာတဲ့ နည်းပညာတွေကို ပြုပြင်ပြီး ပိုမိုကောင်းမွန်တဲ့ ဇာတ်လမ်းသွား ဂိမ်း တခု အဖြစ် ရော ပြိုင်ပွဲဂိမ်းတခုအဖြစ်ပါ အဆက်မပြတ် တင်ဆက်လာခဲ့လို့ ရှေ့မှီနောက်မှီ Gamer တွေအတွက် တကယ်ဘဲ စိတ် ကြေနပ်စေတဲ့ ဂိမ်းတခု ဖြစ်ခဲ့ပါတယ်။ အခု Need for speed ဂိမ်းတွေထဲက နောက်ဆုံးတင်ဆက်လိုက်တဲ့ ဂိမ်းကတော့ Undercover ဘဲဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ Graphic တွေက ကစားတဲ့သူတွေကို စိတ်ကြေနပ်မှုပေးနိုင်မှာ ဖြစ်သလို ပလပ်ဖောင်းတော်တော်များများမှာလဲ ကစာနိုင်တဲ့အတွက် လူကြီးလူငယ်စုံ နှစ်သက်ကြတာဖြစ်ပါတယ်။ ကားမောင်း ပြိုင်တဲ့ ဂိမ်းတွေထဲမှာတော့ အတော်လေးရေပန်းစားတဲ့ ဂိမ်းတခုဖြစ်ပေမယ့် အခုခွေရှေ့က ထွက်လာခဲ့တဲ့ need for speed ” pro street ” ကတော့ လူကြိုက်နည်းခဲ့ပါတယ်။ ဒါပေမယ့် လို့ အခု အသစ်ဖြစ်တဲ့ undercover မှာတော့ ပထမအမှားတွေကို ပြင်ဆင်ပေးထားသလို တကယ်လဲ ကောင်းမွန်တဲ့ ဂိမ်း တခု အဖြစ် ကျွန်တော်က တော့ သတိထားမိပါတယ်။ သူ့ရဲ့ ဘလောက်ကိုတော့ ဒီမှာဖတ်နိုင်ပြီး မူရင်း ဆိုဒ် နဲ့ အတူ တခြားအချက် အလက်တွေကို ဒီမှာဆက်လက်လေ့လာနိုင်ပါတယ်။ need for speed undercover ကို Microsoft window, playstation 2,3,psp, Nintendo DS, wii, ipod and iphoe နဲ့တခြားသော mobile ဖုံးတွေမှာလဲ ကစားနိုင်ပါတယ်။



Posted in 








\\\\\\\\\မျှဝေမှုအတွက် ကျေးဇူးပါ… လုပ်ကြည့်ပါဦးမည်/////////