ဒီနေ့ India festival ရုပ်ရှင် ပွဲတော် ရန်ကုန်မှာ ရှိတယ်။ နေပြည်တော်ရုံမှာ ညနေ ၆ နာရီခွဲပွဲမှာ အန္ဒိယ ခေါင်းဆောင်ကြီး Jawaharlal Nehru ရဲ့ အကြောင်းကို ပြန်လည်ရိုက်ကူးထားတ Pandit Nehru ဆိုတဲ့ကား ပြလိမ့်မယ်။ အပြင်မှာလဲ ၀ယ်ရတာ မရသလို တရက်ထဲ ပြမယ့် အဲဒီကားကို ညနေသွားကြည့်ကြမယ် စိတ်ကူးတယ်။ စေတန်တို့ စည်သူတို့၊ တေဇာ၊ အီမိုတို့ ကိုတော့ချိန်းထားတယ်။ မသိ သေးတဲ့သူတွေရှိရင် အချိန်မှီကြည့်လို့ရအောင် သတင်းပေးလိုက်တာပါ။ ဂျဝါဟလာနေရူးဟာ အန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး အကြမ်းမဖက် ၀ါဒ လမ်းပြရှေ့ဆောင် မဟတ္တမ ဂန္ဒီ ကြီး ကို အင်မတန်လေးစားအားကျခဲ့တဲ့ သူဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ရာဂျစ် ဂန္ဒီရဲ့ [...]
Archive for January, 2009
ကျိုက္ကဆံ ဘုရားပွဲ
ဒီနေ့တော့ စတင်နေပြီ ဖြစ်တဲ့ ကျိက္ကဆံဘုရားပွဲကိုရောက်ဖြစ်တယ်။ နောက်ရက်တော့ မကြည့်တာကြာပြီဖြစ်တဲ့ မြန်မာ့ ဇာတ်သဘင် တခု ကိုအားပေးမယ် စိတ်ကူးထားတယ်။ လောလောဆည်တော့ ပုံလေးတွေ ကြည့်ရအောင် ရိုက်လာခဲ့တယ်။ ဘုရားက ထီးတော်ပြန်တင်မှာ ဖြစ်ပါတယ်။ နာဂစ် ဒဏ်ကြောင့် ထီးတော်ကြီး တိမ်းညွှတ်သွားခဲ့ပါတယ်။ အဲဒီအကြောင်း သပ် သပ် ထပ်ရေးပါဦးမယ်။ ကဲ ပျော်ပျော်ပါးပါးပေါ့နော်။ နောက်ရက်တွေ ဆက်တင်ပေးဦးမယ်။ ခုတော့မိုးချုပ်နေလို့ ပြန်တော့မယ်ဗျို့
30 feb
လေးဖြူပွဲရှိနေတဲ့အချိန်မှာဘဲ ကန်တော်ကြီးရောက်ခဲ့သေးတယ်။ ၀င်တော့မကြည့်တော့ဘူး။ တေဇာလေးနဲ့ အီမိုလေးပါတယ်။ လူများလို့ ၀င်တိုးတာမခံနိုင်ဘူးလေ။ လူတထောင်ကျော်လောက်ဆိုတော့ ပုံမှန်ပါဘဲ။မျှော်စင်ကျွန်း တဖက်ကမ်းကနေ သီချင်း ထိုင် နားထောင်နေသူတွေလဲတွေ့တယ်။ တေဇာလေးကတော့ ကောင်မလေးတွေပုံကို တဖြတ်ဖြတ် ရိုက်ယူသွားလေတယ်။ သူ့ဘလောက် မှတင်မလားမသိဘူး ကျွန်တော်ကတော့ ရှုခင်းတချို့ ကိုဘဲ ရိုက်ဖြစ်ခဲ့ပါတယ်။
ဒီအပတ် ၀ယ်ဖြစ်တဲ့ စာရင်း
မနေ့က ထုံးစံအတိုင်း ခွေဆိုင်ရောက်ဖြစ်ပါတယ်။ ရှာရင်းနဲ့ ကားဟောင်းတွေ တော်တော်များများတွေ့တာနဲ့ ၀ယ်လာခဲ့လိုက် တယ်။အချို့ ခွေတွေက အရင်ဝယ်ပြီးသားဖြစ်ပေမယ့် အခု မြန်မာစာတန်းထိုတွေ ဆိုတော့ ပြန်ဝယ်ဖြစ်တယ်။ အချို့ကျတော့ အခု မှ တွေ့တာဖြစ်လို့ဝယ်ဖြစ်တယ်။ ဒါနဲ့ ဘဲ ခွေ ၁၂ ခွေလောက် ၀ယ်ဖြစ်ခဲ့တယ်။ ဟယ်ရီပေါ်တာက အကုန်ရှိပြီးသားပါ။ မြန်မာစာတမ်းထိုးဒီ ၂ခွေပြန်တွေ့တာနဲ့ယူလာလိုက်တယ်။ lord of the ring ကတော့ သုံးကားလုံးတွေ့လို့ ပြန်ယူလာတယ်။ သူလဲ အရင် အားလုံး ၀ယ်ပြီးသားပါဘဲ ဒီအခွေလဲ အရင်က ရှိတယ် ပျောက်သွားတာတော့ကြာပြီ- သူလဲ မြန်မာစာတန်းထိုးဘဲ။ ကောင်းတယ် ဘာသာပြန်ထားတာ။ ကားဟောင်းတွေဖြစ်ပေမယ့် အကုန်မြန်မာစာတန်း ပြန်ထိုးထားတာကြောင့် ပြန်ဝယ်ဖြစ်ခဲ့ပါတယ်။ ဒီကားက အတွဲလိုက်ဖြစ်ပေမယ့် ဒီတခွေဘဲရခဲ့တယ်။သူလဲ အရင် [...]
လိုက်တင်ပိုစ်
ဒီနေ့တော့ ရန်ကုန်မှာ မြူတွေ အတော်လေး အုံ့ဆိုင်းနေတာ တွေ့ရတယ်။ အရင် တရက်နှစ်ရက်လောက်က အစပျိုးခဲ့ပေမယ့် ဒီနေ့ တော့တော်တော်လေး ကိုသိသာစွာ အုံ့ဆိုင်းမှုံမှိုင်းနေခဲ့ပါတယ်။ ဒါနဲ့ မနက်စောစောကတည်းက ပုံတွေရိုက်ပြီး ပို့စ်တင်မလို့ လုပ် နေတာ အနီးတ၀ိုက်က မီးပျက်နေတော့ အခုမှဘဲ တင်လို့ရခဲ့တယ်။ တကယ်ဆို မြူတွေရှိနေတုန်းမှာ ပုံတွေ တက်လာသင့်တာ Live ပေါ့နော်။ အခုတော့ လိုက် တင်နေရတယ် မီးလာတဲ့နေရာကို live မဟုတ်တဲ့ လိုက်တင် ပိုစ်ဘဲ ဟိုနေ့ကလဲနေကြတ်တာကို စောင့်ရိုက်လိုက်တာ ဖတ်ဖတ်မော ရလဲမရလိုက်ဘူး
မြန်မာ့ အသက်အငယ်ဆုံး ဘလောက်ဂါ
မြန်မာပြည်မှာ အင်တာနက် သုံးစွဲမှုမြင့်မား လာပြီးနောက်မှာ သုတရသ စုံတဲ့ အရေးအသားတွေကို တင်ဆက်ပေးနေတဲ့ အင်တာ နက်စာမျက်နှာ ပိုင်ရှင်တွေ လဲအများအပြား ပေါ်ထွက်လာပါတယ်။ အဲဒီထဲမှာ ကျွန်တော်တွေ့ဘူးသမျှ ဘလောက်ဂါ တွေထဲမှာ အသက် အငယ်ဆုံးနဲ့ နည်းပညာနဲ့ ပတ်သက်တာတွေကို အရေးများတဲ့ စိတ်လဲဝင်စားတဲ့ ဘလောက်ဂါတယောက်ကို မိတ် ဆက် ပေးချင်ပါတယ်။ သူနဲ့က အပြင်မှာလဲ သိနေခင်မင်နေတဲ့အတွက် သူ့အကြောင်း ကိုလဲ တော်တော်လေး လေ့လာမိတဲ့အခါမှာ ပါရမီ ရှိတဲ့ ကလေးတယောက်အဖြစ်မြင်မိပါတယ်။ ကစားခုန်စား အရွယ်မှာတောင် သူ့အနေနဲ့ ဆော့ကစားတဲ့ အချိန်တွေကို ဒီနည်းပညာ တွေ အပေါ်မှာ သာအာရုံထားတယ် ဆိုတာ တွေ့ပါတယ်။ သူ့ရဲ့ လက်ဦးဆရာကတော့ နာမည်ကျော် စေတန်ဂေါ့ ဖြစ်ပါတယ်။ ဆရာကောင်းတော့တပည့်ပန်းကောင်းပန်ဆိုတဲ့ မြန်မာစကားပုံအတိုင်း [...]
this week movies
The day before yesterday, I have to buy the some DVD on the street at somewhere at Yangon. I get the new movies and old movies I like it. Then I had to share to you of my DVD list. For your enjoy it. All DVD have the myanmar subtitle , but the translated is [...]
post မရှိ post ရှာ
အလုပ်မရှိအလုပ်ရှာပေါ့ဗျာ၊ ဘာမှလုပ်စရာမရှိတော့ ရေးစရာတွေများနေပေမယ့် မရေးဖြစ်တာတွေဘဲများလာတော့ post မရှိ post ရှာတာ ကန်တော်ကြီးရောက်ပါလေရော။ ညနေပိုင်း လမ်း ၅၀ ထွက်လာတော့ အီမိုလေးနဲ့တွေ့တယ်၊ ဒါနဲ့ ရေးစရာလေးရှာရအောင် ကန်တော်ကြီးသွားမယ်ဆိုတော့အသာတကြည်လက်ခံတာနဲ့ အူမဂျာလေး ( တေဇာ ) ကိုဖုံးလှမ်းဆက်ခေါ်၊ သူကလဲ အိမ်မှာ အလုပ် များတယ် တနေကုန်အိပ်နေတာတဲ့ ဒါနဲ့ လိုက်မလားဆိုတော့ သူလဲလိုက်မယ်ဆိုပြီး သုံးယောက်သား ကန်တော်ကြီးကိုလစ်ခဲ့ ကြ ပါတော့တယ်။ ပုံတွေလျောက်ရိုက် ရင်းနဲ့ ဒီညနေကို ကုန်ဆုံးလိုက်ပါတယ်။ ဒုတိယပိုင်းလာပါဦးမယ်- ဒါတောင် မနေ့က ညကရော – ဒီနေ့မှပါ ထပ်တင်လိုက်ရတာ- နောက်ရက်တွေကျရင် ပုံတွေဒလဟော တင်ဦးမယ်။ ရုပ်ရှင်တွေ အကြောင်းနဲ့ အခု ရိုက်တဲ့ ပုံတွေ နောက်ရိုက်မယ့်ပုံတွေ။ ဘာဖြစ်တယ်မသိဘူး [...]
သင်တန်းများကိုဖိတ်ပါတယ်
၁ – မြန်မာလူငယ်များအနေဖြင့် အင်တာနက်အသုံးပြုပြီး နိုင်ငံတကာ ရှိနည်းပညာ သတင်းအချက်အလက် များကို မျက်ချေမပြတ် အမြဲသိမြင်ထိတွေ့နေစေရန် ၂ – အင်တာနက်အသုံးချ ကာမိမိ၏ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် မိမိသိလိုသော အတတ်ပညာ၊ အသိပညာ များကို ဆက်လက်လေ့လာ ဆည်းပူးနေနိုင်စေရန် ၃- ခေတ်နှင့်လျှော်ညီသော အတွေးအခေါ်အယူအဆ များတိုးတက်ဖြစ်ပေါ်နေစေပြီး ကောင်းမွန်သော လူမှုဘ၀ များကို ကိုယ်တိုင်ဖန်တီးတတ်လာစေရန် ၄- အင်တာနက်ပေါ်မှ အခွင့်အလမ်းများကို အကျိုးရှိရှိ ထိထိရောက်ရောက် မှန်ကန်စွာအသုံးပြုနိုင်လာစေပြီး မိမိ တို့၏ တတ်ကျွမ်းနားလည်မှု အတွေ့အကြုံများကို ဖြန့်ဝေပေးနိုင်ကာ အခြားသူများထံမှလဲ Brain flowing အပြန် အလှန်ပြုလုပ်နိုင်ကြစေရန် ၅ – စီးပွားရေးအခက်အခဲ ၊ လူမှုရေးအခက်အခဲများကြောင့် နည်းပညာနောက်ကျနေသော လူငယ်များကို အချိန် မှီ ဟန်ချက်မှန်မှန်ဖြင့် [...]


Posted in
Tags:








