Quantum of Solace

စာရေးဆရာ အီရန်ဖလန်းမင်းရဲ့ ဇာတ်လိုက်ကျော် James Bond ရဲ့ ဗြိတိသျှ လျှို့ဝှက်စုံထောက် ဇာတ်လမ်း တွေရဲ့ နောက်ဆုံး ထုတ် ရုပ်ရှင်ဖြစ်တဲ့ Quantum of Solace ကတော့ဖြင့် ဥရောပရဲ့ ဂျာမနီ နိုင်ငံတော်ကြီးမှ ပြသအသုံးတော်ခံနေပြီဖြစ်ပါတယ်။ အမေရိကန်မှာ Nov 14 မှာ ပြသမှာဖြစ်ပေမယ့် အခု ၆ ရက်နေ့ကစလို့ ပြသနေပြီဖြစ်တဲ့ အဲဒီရုပ်ရှင်ကားက စပြတဲ့နေ့မှာဘဲ ပုရိတ် သတ်တွေနဲ့ James Bond တို့ထုံးစံအတိုင်း အောင်ပွဲခံလျှက်ရှိနေပါတယ်။ နမူနာ တွေကို ကြည့်ရှုခွင့်ရပေမယ့် အဓိက ဇာတ် လမ်းကို မြန်မာပြည်သူတွေအနေနဲ့ ဒီဇင်ဘာမှာ ကြည့်ရှုခွင့်ရလိမ့်မယ်လို့ မင်္ဂလာ ကုမ္ပဏီက ပြောပါတယ်။ ဒီတော့ က ရှေု့ ပြေးအနေနဲ့ အခုဘဲ အဲဒီဇာတ်လမ်း Quantum of Solace ကို ကြည့်လိုက်ပါလို့ တိုက်တွန်းပါတယ်။ ဒါရိုက်တာ Marc Forster က ရိုက်ကူးခဲ့ပြီး ဘွန်းမင်းသားသစ် Daniel Craig ရဲ့ ဒုတိယမြောက် ဇာတ်လမ်းဖြစ်ပါတယ်။ မင်းသမီးအဖြစ် Olga Kurylenko က သရုပ်ဆောင်ထားတဲ့ အရင် သရုပ်ဆောင်ဟောင်းတွေပါဝင်တဲ့ ဒီဇာတ်လမ်းက ဘွန်းကားတွေရဲ့ မူအတိုင်း စွဲဆောင်မှုရှိမယ် လို့ မျှော်လင့်ပါတယ်။ ပြသချိန် ၁၀၆ မိနစ်ကြာရှိမှာ ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ အမေရိကန်နဲ့ အင်္ဂလန်မှာ တခါတည်း ရုံတင်ပြသ သွားမှာဖြစ်ပါတယ်။
Type the rest of your post here.
Type the rest of your post here.
Comments
ဂျိန်းစဘွန်း ကားက တော့ဂျိန်းစဘွန်း ကားဘဲပေါ့ ။ ကြည့် လို့ ကောင်းနေတာဘဲ။ အဲဒီ ကား မရရင် နီကိုလပ်ကေ့ဂ်ျ. ကား ကို ကြည့် မယ် လို့ စိတ် ကူးထားတယ်။ ဒါပေမဲ့ ကိုယ် ကြည့်မယ် ရည်ရွယ် ထားတဲ့ ကားကို ကြည့်လိုက် ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကာ နာရီဝက် တစ် ခါ လေးဆယ့်ငါးမိနစ် တခါ ပြနေတာကိုး။ ရုံတွေ က လည်း သိတဲ့ အတိုင်း တော်တော် များများရှိနေတော့ကာ ငယ် စဉ် ကာ လ က ဂျိန်းစဘွန်း ကားရုံတင် တယ် ဆိုရင် first day first show ကို ကြည့်ချင် လို့ မှောင် ခို လက် မှတ် နဲ့ သမတရုံ မှာ ဝယ်ကြည့်ခဲ့ ရတာ ကို သတိရ မိသေးတော့ တယ်။
လက်မှတ်ခ သက်သာဒယ်..ဟဲဟဲ