Eagle Eye




Two for the money ဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာ D.J. Caruso ရိုက်ကူးလိုက်တဲ့ ဇာတ်လမ်း အသစ် တခု ဖြစ်တဲ့ အခု ဒီ ဇာတ် လမ်းကို တင်ပြလိုက်ပါတယ်။ Eagle Eye ဆိုတဲ့ အခု ဇာတ်လမ်း ကို စက်တင်ဘာ ၂၆ မှာ အမေရိကားမှာ ရုံတင် ပြသခဲသလို အောက်တိုဘာ ၁၇ ရက်မှာတော့ အင်္ဂလန်မှာ ပြသခဲ့ပါတယ်။ ပြသချိန် ၁၁၈ မိနစ်ကြာတဲ ဒီကားမှာ အမေရိကန် မင်းသား Shia LaBeouf နဲ့ မင်းသမီး Michelle Monaghan တို့ ပါဝင် သရုပ်ဆောင်ထားပြီး စိတ်ဝင်စားစရာ ကောင်းလှတဲ့ ဒီဇာတ်လမ်းကို ထုတ် လုပ်သူတွေထဲမှာ နာမည်ကျော် ဒါရိုက်တာ Steven Spielberg လဲ ပါဝင်ပါတယ်။ ဒီဇာတ်လမ်းက ရုံတင်တာမကြာသေး ပေးမယ့် ၀င်ငွေကောင်းတဲ့ဇာတ်ကားတကား အဖြစ်ရပ်တည်ခဲ့ပါတယ်။ အခုချိန်အထိ ၀င်ငွေ ဒေါ်လာ သန်း ၁၆၀ ကျော်ရရှိ ထားပြီး တယ်လို့သိရပါတယ်။

အကြမ်းဖက် လုပ်ငန်းတွေကို အစိုးရဒေတာ အချက်အလက်တွေကိုအခြေခံပြီး အလိုအလျာက် တွက်ချက်ပြီးတာနဲ့ ပစ်မှတ် တွေကို ရှာဖွေ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပင်တာဂွန်စစ်ဌာန ချုပ်က စူပါကွန်ပျုတာ ဘောရက်ဆိုတာ ရှိပါတယ်။ သူက သတ်မှတ် ချက် တွေကို ဆုံးဖြတ်ရာမှာ လူတဦးလို ဆုံးဖြတ်ပါတယ်။ သူကအချုပ်အချယ် လွတ်ကင်းပြီး အမေရိကန်ပြည်သူတယောက် လို ဆုံးဖြတ် ခွင့်လဲရရှိထားပါတယ်။ အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ၀င်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမ၀င်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ၀င်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ရစ်ချယ် ဟောလိုမန်ဆို သူမိခင်တယောက် ကို သူ့ရဲ့ သားကလေး စီးနင်းလာတဲ့ ရထားကိုဖောက်ခွဲ ပြစ်တာမခံချင်ဘူးဆိုရင် ရှေ့နားက ဗန်ကားကို ၀င်ရောက်မောင်းနှင်ဖို့ ဖုံးထဲ ကနေ အမိန့်ပေးခံရပါတော့တယ်။

ဘယ်သူကနေ ဒီလိုတွေ စီမံနေတယ်ဆိုတာကိုမသိရသေးပေမယ့် အခြေအနေအတွေကတော့ ဖြင့် ကမောက်ကမ ဖြစ်လို့နေ ပါတယ်။ ဒီအစီအစဉ်တွေကို ညွှန်ကြားသူနဲ့ လုပ်ကြံခံရမယ့်သူဟာ ဘယ်သူတွေဖြစ်လာမလဲဆိုတာကိုတော့ ရင်သပ်ရှုမော ဖွယ် တွေ့ရမှာဖြစ်ပါတယ်။ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းပါတယ်။

Type the rest of your post here.

3 comments:

khin oo may said...

eagle eye
Kmsl လစ်တံုး ရုပ်ရှင် သွားကြည့်ပါတယ် ။ နီးနီးနားနား မလေးရှား မှာပါ။ ဘယ်သူနှဲု သွား သလဲ အစ်မရယ် မေးတော့လည်း တစ်ယောက်ထဲ ပါ လို. ဖြေ ရ မှာဘဲ။ ဘယ် ပွဲ ကြည့် သလဲ မရွှေဖဲ ဆိုတော့လည်း ဖြေ ရတော့တာဘဲ ပေါ့. ညကိုးနာရီပါ။ ဒီဘလော့ ကို kmsl လာမဖတ် ပါစေ နဲ့ လို့တော. ဆုတောင်းရတာဘဲ။ ကိုယ် ကြည့်ချင်တဲ့ ကားက ညနေစောင်း မှာ အဲဒီ အချိန် မှ ပြတာ ကိုး ဘယ်နယ်လုပ်ပါ့မလဲ။ ကျန်တာ က မလေးကားရယ် တရုတ်ကားရယ်။ အမှန် ကနောက် တစ်ကား ကို ပိုကြည့်ချင်တာ preview ကားကောင်း တကား ရှိသေးတယ်။ သန်းကောင် မှ ပြမယ် ဆိုလို့ အပြန် ရထား မရှိ မှာ စိုးတာနဲ့ဘဲ ဖျက်လိုက်ရတယ်။

စိတ်ပူ စရာတော့ မရှိပါဘူး။ လဝက ဘေးနဲ့ ကပ်ရက် city square shopping mall အပေါ် ငါးထပ် မှာ အဆင်.မြင့် ရုပ်ရှင် ရုံ ရှိပါတယ်။ များသော အားဖြင့်လဲံ သေငှေး တွေ ဘဲ လာကြတာ များပြီး လူသန့် ပါတယ်။ ရုံ လဲ ပြည့်လု နီးပါး အရှေ့ပိုင်း လောက်ဘဲ နေရာ လွတ်ပါတယ်။ ရုံးပိတ်ရက် အကြို မို့လို့ မလေး တစ်ဆယ် ပေးရပါတယ်။ တကယ်ပါ. .. သူငယ် ချင်း ဆီ ဖုံးဆက်ကြည့် ပါသေးတယ်။ လိုက်ကြည့်ဘို့နေနေ သာ သာ ..ဖုံးတောင် မကိုင် ပါ ဘူး။ နောက် ဆုံး တော့လည်း နိုင့်ငံခြား မှာ နေလာတာ ကြာပြီ ဆိုတော့ လည်း သဘော ပေါက် နေ ပါပြီ.။ အားလုံး က ဒီလို ပါဘဲ.။ ဖူံးဆက်ရင် နှောက်ယှက်တယ် လို့တောင် ထင် နေကြတဲ့ နိုင်ငံခြား ပါ။။

ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကား တကာုးပါဘဲ. ။ အသေးစိတ်တော့မမေးပါနဲ.။ တို့လဲ သိတ် နား မ လည် ပါ ဘူး။ အများ နဲ့ခွဲ ထွက်ထားတဲ့ ဇာတ်လမ်း တစ်ခု မို့ ကြည့်ဘို့ အားရင် ကြည်.သင့်ပါ တယ်။ မလေး တွေက ဖော်ရွေ ပါတယ်။ ကိုယ့်ဘေးက သူ က သူကြည့်တာ ၂ ခေါက်ရှိပြီး သိတ်ကြိုက် လို့ပြန်လာ ကြည့်တယ် လို့ ဆိုပါတယ်။

Trailer က ဒီမှာပါ. ( http://www.eagleeyemovie.com/ ) ။ ညီမလေး တွေ ကို ကြိတ်ပြောရရင် မင်းသား (Shia LaBeouf ) ချောတာနဲ့တင် အချိန်ကုန် လူပန်း ရ ကြိုးနပ် ပါတယ်။ သူငယ်ချင်း ကောင်လေးတွေ ကိုတော့အဲဒါ မသိပါစေနဲ့ .။ မဟုတ်ရင် လိုက် မ ပြဘဲ နေတတ်တယ်။ jealous ပေါ့လေ.။ အဲဒီတော့ ကိုယ်က မှင် ကလေး နဲ့ ဘဲ နာမည်ကြီးလို့ နံပါတ် 1 movies in America မို့လို့ ကြည့်ချင် တယ် လို့ မှင် သေသေ နဲ့ ပြောဘို့ လိုအပ် ပါတယ်။ ဆယ့် နှစ်ကြိုးထဲ က တစ်ကြိုးကို ခင် လို့ပြောပြ တာပါ။ တတ်ပြီး သားလား မသိ... ...

နန်းညီ said...

မဆိုင်ဘူးလားတော့ မသိဘူး .. မေးချင်လို့ပါ.. Shia LaBeouf ကို အတော်လေးကြိုက်ပါတယ်.. ရှီယာ လေဘိုးဖ် လို့အသံထွက်လား .. ရှိုင်းယား လဘတ်ဖ် လို့ထွက်လား.. အဲဒါလေးသိချင်ပါတယ်

Kyaw Zin said...

ဟုတ်ကဲ့..
တကယ်ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ ကျွန်တော်က
IT နဲ့ Cyber Attack တွေအကြောင်းရိုက်ပြတဲ့ ဇာတ်တွေကို တကယ် Crazy ဖြစ်သူပါ။
Eagle eye ကိုကျွန်တော်ကြိုက်လို့ ညွန်းတာထက် IT ခေတ်မှာလူဖြစ်လာတဲ့ သူနေနဲ့ မပြင်းပြေဖြစ်ဖြစ် ကြည့်စေချင်လို့ထပ် ညွန်းလိုက်ပါတယ်ခင်ဗျာ။ နောက်တစ်ကားလည်းရှိပါသေးတယ်။ ထွက်တာတော့ကြာပါပြီ။ Live free or Die Hard 4 ပါ။ မကြည့် ရသေးရင် တော့ကြည့်လိုက်ကြပါဦး။

..
နန်းညီမေးပြောတာလေး ကြုံလိုက်ပြောပါရစေ။
Babylon မှာ..Shia LaBeouf ကို ရှီယာ လေဘူးဖ် လို့ထွက်သွားပါတယ်။ ဒါကျွန်တော်နားမှာ ကြားမိတာပါ။ သေချာအောင် ကိုယ်တိုင်နားထောင် ကြည့်လိုက်ပါဗျာ။