သူငယ်ချင်းရေ

မကောင်းတာတော့
မကောင်းဘူးသူငယ်ချင်းရယ်

ကြားရကြားရနားဝ မချမ်းသာ
ငါလဲလေ လောကီသားမို့

ဖြစ်ပျက်တာတွေ
ပြောင်းလဲတာတွေ

တရားသဘောသာမှတ်
ပျက်ပြီးရင် ဖြစ်တာပါဘဲ

ဝဋ်ရှိလို့ဆို ကုန်အောင်ခံ
အကြွေးထားမနေနဲ့

မျှော်လင့်ချက်က တေးတပုဒ်
မင်း အသံကုန်ဟစ်လို့ လွှတ်ချလိုက်

လွတ်လပ်မှု တေးသွားတွေဆီကို – - – - ။

You can leave a response, or trackback from your own site.

One Response to “သူငယ်ချင်းရေ”

  1. MELODYMAUNG says:

    အသံကုန်ဟစ်ချင်သော်ငြား အသံတောင်ထွက်နိုင်မယ်မထင်ဘူးဟာ :(
    အလဲထိုးခံရသလိုပဲနော်..

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice