လာမည့်လအတွင်းပြုလုပ်မည့် တကိုယ်ရေအင်တာနက်စာမျက်နှာ များပြသရောင်းချပွဲတွင် ပါဝင်ပြသလိုသူများ ဆက်သွယ်နိုင်ပါသည်။ အောက်ပါအချက်အလက်များ ကိုလိုက်နာနိုင်လျှင်ပါဝင်ပြသနိုင်ပါသည်။ ၀င်ရောက်ပြသလိုသူများအနေဖြင့် ၁- မိမိ၏ စာမျက်နှာသည် မြန်မာပြည်တွင်းအလွယ်တကူကြည့်ရှုနိုင်သော စာမျက်နှာဖြစ်ရပါမည်။ ၂- နိုင်ငံရေးမကင်းရှင်းသော အရေးအသားနှင့် အပြုမူများမပါဝင်ရပါ။ ၃- မိမိ၏ စာမျက်နှာကို ပြပွဲတွင်ပြသရန် အပြင်အဆင်ကိုမိမိဘာသာတာဝန်ယူရပါမည်။ ( ဥပမာ – ဗွီနိုင်း နှင့် – အလှအပအပြင်အဆင်- သွားလာမှု) ၄- ရွေးချယ်ခံရသူသည် ၀င်ကြေးအဖြစ် အခမယ့် ဖြစ်ပါသည်။ ( လူဦးရေ ကန့်သတ်ထားသည် ) ၅- ပုရိတ်သတ်အကြိုက်ဆုံး စာမျက်နှာကို ပြပွဲအပြီးတွင် ရွေးချယ်ကာ ဆုချီးမြင့်သွားမည်ဖြစ်ပါသည်။၂၀ – နိုဝင်ဘာ ၂၀၀၈ နောက်ဆုံးထားပြီး အောက်ပါ အီးမေးကို ဆက်သွယ်နိုင်ပါသည်။ zzml33@gmail.com
Archive for November, 2008
သူငယ်ချင်းရေ
မကောင်းတာတော့ မကောင်းဘူးသူငယ်ချင်းရယ် ကြားရကြားရနားဝ မချမ်းသာငါလဲလေ လောကီသားမို့ ဖြစ်ပျက်တာတွေပြောင်းလဲတာတွေ တရားသဘောသာမှတ်ပျက်ပြီးရင် ဖြစ်တာပါဘဲ ၀ဋ်ရှိလို့ဆို ကုန်အောင်ခံအကြွေးထားမနေနဲ့ မျှော်လင့်ချက်က တေးတပုဒ်မင်း အသံကုန်ဟစ်လို့ လွှတ်ချလိုက် လွတ်လပ်မှု တေးသွားတွေဆီကို – – – – ။
Eagle Eye
ရိုက်ကူးလိုက်တဲ့ ဇာတ်လမ်း အသစ် တခု ဖြစ်တဲ့ အခု ဒီ ဇာတ် လမ်းကို တင်ပြလိုက်ပါတယ်။ Eagle Eye ဆိုတဲ့ အခု ဇာတ်လမ်း ကို စက်တင်ဘာ ၂၆ မှာ အမေရိကားမှာ ရုံတင် ပြသခဲသလို အောက်တိုဘာ ၁၇ ရက်မှာတော့ အင်္ဂလန်မှာ ပြသခဲ့ပါတယ်။ ပြသချိန် ၁၁၈ မိနစ်ကြာတဲ ဒီကားမှာ အမေရိကန် မင်းသား Shia LaBeouf နဲ့ မင်းသမီး Michelle Monaghan တို့ ပါဝင် သရုပ်ဆောင်ထားပြီး စိတ်ဝင်စားစရာ ကောင်းလှတဲ့ ဒီဇာတ်လမ်းကို ထုတ် လုပ်သူတွေထဲမှာ နာမည်ကျော် ဒါရိုက်တာ Steven Spielberg လဲ ပါဝင်ပါတယ်။ ဒီဇာတ်လမ်းက ရုံတင်တာမကြာသေး [...]
Quantum of Solace
စာရေးဆရာ အီရန်ဖလန်းမင်းရဲ့ ဇာတ်လိုက်ကျော် James Bond ရဲ့ ဗြိတိသျှ လျှို့ဝှက်စုံထောက် ဇာတ်လမ်း တွေရဲ့ နောက်ဆုံး ထုတ် ရုပ်ရှင်ဖြစ်တဲ့ Quantum of Solace ကတော့ဖြင့် ဥရောပရဲ့ ဂျာမနီ နိုင်ငံတော်ကြီးမှ ပြသအသုံးတော်ခံနေပြီဖြစ်ပါတယ်။ အမေရိကန်မှာ Nov 14 မှာ ပြသမှာဖြစ်ပေမယ့် အခု ၆ ရက်နေ့ကစလို့ ပြသနေပြီဖြစ်တဲ့ အဲဒီရုပ်ရှင်ကားက စပြတဲ့နေ့မှာဘဲ ပုရိတ် သတ်တွေနဲ့ James Bond တို့ထုံးစံအတိုင်း အောင်ပွဲခံလျှက်ရှိနေပါတယ်။ နမူနာ တွေကို ကြည့်ရှုခွင့်ရပေမယ့် အဓိက ဇာတ် လမ်းကို မြန်မာပြည်သူတွေအနေနဲ့ ဒီဇင်ဘာမှာ ကြည့်ရှုခွင့်ရလိမ့်မယ်လို့ မင်္ဂလာ ကုမ္ပဏီက ပြောပါတယ်။ ဒီတော့ က ရှေု့ ပြေးအနေနဲ့ အခုဘဲ [...]


Posted in








