တူသောအကျိုး

အခုတလော ညဘက်ညဘက်ကို အဖေ ၀ယ်ဝယ်လာတဲ့ တရားခွေတွေ ဖွင့်ပြီး နာယူနေမိတယ်။ အဲဒီထဲက ပထမဆုံး နာမိတဲ့ တရားကတော့ဆရာတော် ဥူးသုမင်္ဂလရဲ့ " တူသောအကျိုး " ဆိုတဲ့ တရားပါ။

အဲဒီတရားတော် အကျဉ်းချုန်းလေးကို ကိုယ်လက်ခံမိတဲ့ အပိုင်းလေးနဲ့ ပြန်ပြီး မျှဝေပေးတဲ့ သဘောပါ။ အချို့ တော်တော် များများတော့ အခုပြောတဲ့ အခွေကို ကြည့်ပြီးလောက်ပြီထင်ပါတယ်။ ကိုယ်တွေကဘဲ မိုက်လုံး ကြီး နေတာနဲ့ ဘုရားတရားဝေးနေလို့သာ အခုမှ သိတာပါ။ ဥူးသုမင်္ဂလ ဆိုတဲ့ ဆရာတော်ရဲ့ တရားတွေ ရန်ကုန် မှာ တော်တော်လေး နာမည်ကြီးလာတာကြာပါပြီ။ ကဲ အခုအကြောင်းလေးပြန်ဆက်လိုက်ရအောင်ဗျာ။

 

ဆရာတော်က အားလုံးနားလည်မယ့် စကားလုံးတွေနဲ့ အဓိကကျတဲ့ အကြောင်းလေးတွေကို နားထောင်ကောင်း အောင်ပြောဆိုဟောပြသွားတာဖြစ်ပါတယ်။ တူသောအကျိုးဆိုတဲ့ တရားမှာ မှတ်သားမိတဲ့ စကားတော်တွေ ထဲမှာ သူများအကျိုး ပျက်စီးရာကို မပြော မလုပ် မကြံ ဖို့ဆိုတဲ့ စကားကိုလဲ ကိုနဲ့ပတ်သက်တဲ့ ကိုယ့်အကြောင်း တွေ ပြန်တွေးတိုင်း ငါတော့ သူများတကာရဲ့ အကျိုးကိုပျက်ပြားအောင် ဘာပြောမိပြန်တယ်။ သူ့မကောင်း ကြောင်း ကိုဘယ်လိုပြောမိတယ်။ သူနစ်နာအောင် ငါဘယ်လို လုပ်ခဲ့မိတယ် စသဖြင့်ပေါ့။ ပြန်တွေးမိတယ်။ တကယ်တော့ နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေထဲမှာ ကျွန်တော်တို့တွေ အနေနဲ့ တူသောအကျိုးကို ပြန်ခံစားနေရတယ် ဆိုတာတွေကိုမမေ့လျော့စေဖို့ ဆုံးမထားတာလဲ ဖြစ်ပါတယ်။ အကျိုးပေးတဲ့ နေရာမှာ ရှေးဘ၀ ကပါတဲ့ အကျိုး၊ အဲဒီမှာ ကုသိုလ်ရော အကုသိုလ်ပါ ၂ မျိုးလုံးပါတယ်။ နောက်တခုက အခုဘ၀မှာ ကိုလုပ်ခဲ့တဲ့ အကျိုး ၊ ဒီမှာလဲ  ကုသိုလ် အကုသိုလ် ပါတယ်။ ဒီတော့ အကျိုးပေးခြင်းမတူကြတာတွေက အတိတ် ဘ၀မှာရော လက်ရှိဘ၀ရဲ့လုပ်ကိုင်နေထိုင်မှုတွေမှာပါ ရိုက်ခတ်နေတယ်ဆိုတာတွေကို ကျွန်တော် တို့ခံစားမိ အောင် သတိပေးထားတယ်။

ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့ သံသရာအထိပေးဆပ်သွားရမယ့် အရာတွေပါ။ ဆရာတော်က ပြောပါတယ်၊ အချို့ဆိုဆင်းရဲလွန်းလို့သေလိုက်ပါတော့လားလို့တောင့်တမိတယ်၊ ဒါပေမယ့်မသေဘူး၊ အဲဒါ ကိုပြန်ပေးဆပ်ရမယ့် အကျိုးအပြစ်တွေကို အခုလက်ရှိအချိန်မှာ ကုန်အောင်ပြန်ပေးနေရတာ။ နောက်တခုက တော့ ငါ့မှာတော့ သူများအကျိုး၊ အားလုံးအကျိုး ကောင်းအောင် ဆောင်ရွက်ပေးလိုက်ရတာ၊ မကောင်းတာဆိုလို့ လဲ ဘာမှမလုပ် ဘဲ ငါ့ကျမှ ဒါမျိုး ဒုက္ခတွေ ဖြစ်ရသလား ခံစားရသလားဆိုပြီး ဖြစ်တတ်ကြတယ်။ အဲဒီလို ဖြစ်နေ ရင်လဲ စိတ်မညစ်နဲ့တဲ့ ဒါဟာ အရင်ဘ၀က ကုသိုလ်နည်းလို့ ခံစားနေရပေမယ့် အခုလုပ်နေတာဟာ နောင် အတွက်ဖြစ်နေတယ်ဆိုတာ ကိုမမေ့လျော့ရဘူး၊ သဒ္ဓါ မပျက်ရဘူးဆိုတဲ့ အကြောင်းလေးတွေလဲ ကျွန်တော် ပြန် မှတ်မိတယ်။

ကျွန်တော်တို့ ဒီနေ့တော့အဆင်ပြေလိုက်နောက်နေ့တော့အဆင်မပြေဖြစ်လိုက် ဖြစ်နေကြရတာတွေကလဲ ဒီလိုဘဲ အကျိုးပေးနေတာတွေဘဲ၊ အတိတ်ကကြောင့် အခုလက်ရှိလုပ်လိုက်တဲ့ အဖြစ်ကြောင့် အကျိုးပေးတွေ တက်လိုက်ကျလိုက်။ ကျွန်တော်တို့မှာ မဲနေတဲ့စိတ်၊ ဖြုနေတဲ့စိတ်၊ အဖြုအမည်းရောနေတဲ့စိတ်၊ ဘာမှမရှိတဲ့စိတ် ဆိုတဲ့လေးမျိုးမှာ အများအနေနဲ့ အဖြူအမည်းရောနေတဲ့စိတ်တွေနဲ့သာ အများစုဖြတ်သန်းနေရတဲ့အခါမှာ တက်လိုက်ကျလိုက် ဒီလိုသွားနေတယ် တဲ့။

အဲဒီမှာ ရှင်သီဝလိ မထေရ်မြတ်အကြောင်းလဲ ရှင်းလင်းပြသသွားပါတယ်။ ရှင်သီဝလိကိုယ်တော်ကြီးဟာ လာဒ် လာဘ ပေါများရွှင်လမ်းတဲ့ အတွက် ဘုရားရှင်လက်ထက်မှာ ဧတဒဒ် ရတဲ့အထိ တန်ခိုးနာမ ကျော်ဇော်ခဲ့ ပါတယ်။ ဒီလို ဖြစ်စေဖို့အတွက် အတိတ်ကံမှာ ပါခဲ့တဲ့ ကုသိုလ်အဟုန်ဟာ နောက်ဆုံးဘ၀အထိ လိုက်ပြီး အကျိုး ပေးခဲ့တယ်။ ဒီလိုဘဲ အရင်ဖြစ်ခဲ့တဲ့ အကုသိုလ်ကံဟာလဲ နောက်ဆုံးဘ၀ အထိလိုက်ပြီးအကျိုးပေးခဲ့တယ် ဆိုတာ ကိုဟောပြခဲ့ပါတယ် ( အဲဒီအကြောင်းကိုတော့နားထောင်ကောင်းအောင် ကျွန်တော်ပြန်ရေးပါ့မယ်)

ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ကိုယ်လုပ်လိုက်တဲ့ ကံဟာ ကောင်းကောင်းဆိုးဆိုး ကိုယ့်အတွက်ပါဘဲ။ လူဆိုတာ ကိုယ့် ကို ကိုယ် သာကိုးကွယ်ရာဖြစ်တယ်လို့ ဘုရားဟော ရှိထားပါတယ်။ ဒါကြောင့် မကောင်းမှုတွေ ဘယ်လိုလုပ်လုပ် ကောင်းမှုတွေဘယ်လိုလုပ်လုပ် အချိန်တန် တဲ့အကျိုးပေးမှုတခုဟာ မလွဲမသွေရောက်ရှိ လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းသွားလာ လှုပ်ရှားနေတဲ့အခါမှာ တခါတလေ ကိုယ်လုပ်လိုက်တဲ့ အလုပ်တခုဟာ တဘ၀ စာလဲဖြစ်သွားတတ်သလို သံသရာထိလဲ လိုက်ပါသွားမယ်ဆိုတာ မမေ့မလျော့တဲ့စိတ်ကလေးနဲ့ သွားကြရင်ကောင်းမယ်ဆိုတဲ့ သဘောကို ကျွန်တော်ခံစားမိတယ်။

အခုဒီစာကို ရေးတာ ဘယ်သူ့ကိုမှ ဘယ်လိုသဘောနဲ့မှ ဆရာလုပ်တဲ့သဘောမရှိပါဘူး။ ကျွန်တော် နားလည် ခံစားမတဲ့ အကြောင်းအရာကို ကျွန်တော့်ရင်ထဲကအတိုင်းချပြရေးသားမိတာပါ။ တူသောအကျိုးကို ကျွန်တော် ကောင်းကောင်းနားလည်ပေမယ့် တခါတရံကျရင် လောကကြီးကပုံသေမရှိပါဘူး။ အခုဘ၀အတွက်အကောင်းဆုံး ကြိုးစားတဲ့အခါတိုင်း နောင်သံသရာကို ( ယုံကြည်ရင် ) အတတ်နိုင်ဆုံးအကောင်းဆုံးပေးဆပ်ရမှာပါဘဲ။ မယုံကြည်ရင်လဲ ဒီဘ၀မှာ အကောင်းဆုံးနေထိုင်သွားချင်ရင် အခုပြောတဲ့ အကြောင်းလေးတွေကို နားလည်အောင် ကြိုးစားရမှာဖြစ်တယ်လို ယူဆပါတယ်။

ကုသိုလ်လုပ်ရင်းအကုသိုလ်ဖြစ်သွားတတ်တဲ့ အရာတွေကိုလဲ အဓိကအားဖြင့် သတိ လေးနဲ့ဆင်ခြင်ကြရမှာပါ။ ကိုယ့်ပစ္စည်းနဲ့ကို အကုသိုလ်များတတ်တဲ့ လောကကြီးမှာ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ဖို့ပါ။

နေတတ်အောင်နေရမှာပါ။ သူများအကျိုးပျက်ဆီးမယ့်အလုပ်တွေကို ရှောင်လို့ရသလောက်ရှောင်မယ်။ မပြောဖြစ် အောင်ကြိုးစားမယ်။ မကြံဖြစ်အောင် တွေးတောမယ်။ အဖြူစင်ဆုံးစိတ်ကိုထားကြည့်မယ်။

တူသော အကျိုးပေးဆိုတာ နောင်သံသရာထိ မစောင့်ဘူး အခုလက်ရှိဘ၀မှာကို ပြန်ပြီးခံစားတတ်ရတယ်။ အဲဒါကို ယုံကြည်တယ်။ ကျွန်တော်မကောင်းလုပ်ခဲ့သမျှ ဒီဘ၀ မှာ အပြီးခံဖို့စောင့်နေမယ်။ နောင်အတွက် အခု လက်ရှိအချိန်မှာ ပြန်ပြီးတည့်မတ်မယ်။ အဲဒီအကျိုးကလဲဒီဘ၀မှာ ခံစားရဦးမယ်လို့ ယုံကြည်နေတယ်. . .။

2 comments:

khin oo may said...

ဟုတ် . ယုံကြည်တဲ့ အတိုင်းဖြစ်မှာပါ။

strike said...

သင်ဟိုလူများအားမြင်ရောင်လာမှာသေချာပါကြောင်း၊