အတုယူပါ အတုမခိုးပါနဲ့

အခုတလော စင်္ကာပူနဲ့ ပတ်သက်တဲ့ သတင်းအချက်လက်တွေဖြစ်တဲ့ ဆောင်းပါးတွေ၊ သတင်းတွေ၊ ဖော်ဝေါ့မေးတွေ ဖတ်နေရတာ အတော်လေး စိတ်စိတ် က လေး ဖြစ်လာတော့ တခုကိုသွား ပြီး သတိထားမိတယ်။ ဖတ်မိသမျှ သိသမျှ ကြားရသမျှ သတင်းတွေထဲမှာ စင်္ကာပူရဲ့ ကောင်းမွန်တိုးတက်နေတဲ့ စီးပွား ရေး တွေ ၊ ဘာမှ သယံဇာတ မထွက်ဘဲ ရေနံ ထွက်ပစ္စည်းတွေ ထိပ်တန်း ထုတ် လုပ်နိုင်တာတွေ၊ ခန်းနားတဲ့ အဆောက်အအုံတွေ ထဲမှာ ဘယ်လို သဘာဝ ပတ်ဝန်း ကျင်နဲ့ ကိုက်ညီတဲ့အရာတွေ တီထွင်ဖန်တီးတယ်ဆိုတာတွေ၊ စတဲ့တိုးတက်မှုတွေကို လဲတွေ့ရပါတယ်။ ထို့ အတူ စင်္ကာပူရဲ့ ရှုပ်ထွေးတဲ့ မြို့ပြထဲက ဆက်သွယ်ရေး ကောင်းမွန်မှုနဲ့ အတူ စိတ်ဖိစီးနေတဲ့ အလုပ်သွားနေသူတွေ၊ လှုပ်ရှားသွားလာနေမှုတွေက စက်ရုပ်ဆန်နေတာတွေ၊ လူမှုရေးတွေ ခေါင်း ပါးတတ်ပြီးတကိုယ်ကောင်းစိတ် များပြားလာတာတွေ လို မကောင်းတဲ့သတင်းတွေ လဲကြားရပါတယ်။ အဲဒီမှာ သွားတွေ့တာကတော့ တံငါနားနီးတငါ မုဆိုးနားနီးမုဆိုး ဆိုသလို ကိုယ့် အနီးအနား ပတ်ဝန်းကျင်ရဲ့ နေထိုင်မှုပုံစံတွေ စရိုက်တွေက အဲဒီကိုရောက်လာတဲ့ လူသစ်တွေအတွက် အမြဲထိတွေ့ပြောင်းလဲပေးရတဲ့ စိန်ခေါ်မှုတခုဖြစ်ပါတယ်။ ဒါကိုဘယ်လိုနည်းနဲ့မှ ရှောင် လွဲလို့မရပါဘူး။

 

စင်္ကာပူလူမျိုးရယ်လို့ ဖြစ်လာတာက သူတို့တွေရဲ့ခံယူချက်ကြောင့်၊ နောက်ပြီးတော့ဒီနိုင်ငံအပေါ်သူတို့ မျှော်လင့်ထားတဲ့ ပိုမိုကောင်းမွန်တဲ့ ဘ၀တွေကို ဖန်တီးပေးနိုင်လိမ့်မယ်။ နေ့စဉ်မှာဘဲ လုံခြုံအေးချမ်းတဲ့ အသိုက်အမြုံတခုနဲ့ နေထိုင်နေနိုင်ရမယ်ဆိုတဲ့ သဘောတွေ ရင်ထဲမှာ ရှိနေကြမယ်။ အမေရိကားကို ကြည့်တဲ့အခါတွေ့မြင်နိုင်ပါတယ်။ လူဖြူကလဲ ငါကမေရိကန်၊ လူမည်းကလဲ ငါအမေရိကန်ကွ၊ လူဝါကလဲ ငါလဲ အမေရိကန်ပါဆိုတဲ့ စိတ်တွေဝင်လာအောင် အမေရိကန်နိုင်ငံက ထိတ်ထိတ်ကျဲ ရပ်တည်လာခဲ့တယ်။ အမေရိကန် နိုင်ငံသား၊ အမေရိကန် တစ်ယောက်ဖြစ်လာတဲ့အခါ အနည်းဆုံးတော့ အပြင်ပန်း မှာ မျက်နှာပန်းလှလာတယ်လို့မြင်ကြည့်လို့ရတယ်။ ဘာမှအရှုံးမရှိဘူးလေ၊ အမေရိကန် စိတ်ဓါတ်ကို တကယ်ယူလိုက် မယ်ဆိုရင်တော့ အဲဒီနောက်မှာ ဖြစ်လာတဲ့ စည်းကမ်းရှိမှုတွေ တာဝန်ရှိမှုတွေကိုလဲ လက်ခံပေးနိုင်ရမှာဖြစ်ပါတယ်။ စင်္ကာပူ တွေအဖြစ်ခံယူထားတဲ့ စင်္ကာပူးရီးရန်းတွေကိုယ်စီမှာ ထင်ရှားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေရှိတယ်။ ယုံကြည်မှုတွေရှိကြတယ်။ အလုပ်ကိုကြိုးစား လုပ်ကြတယ်။ စည်းကမ်းတွေကို လိုက်နာဖို့ရာဝန်လေးလေ့မရှိတာ ကိုတွေ့ရလိမ့်မယ်။ အဲဒါတွေကကောင်း တဲ့ အချက်တွေဖြစ်ပါတယ်။ ဒါမျိုးတွေကို စင်္ကာပူကိုရောက်ရှိလာတဲ့ အခြားလူမျိုးတွေက အတုယူစံထားသင့်ပါတယ်။ အပေါ်ယံအနေအထားဖြစ်တဲ့ ၀တ်ဆင်နေထိုင်မှုလေးကိုတောင် ကျွန်တော် တို့အတုယူပြီးနေတတ်နေကြတာ ကိုအဲဒီကိုရောက်နေတဲ့သူတွေသိကြမှာပါ။ အနည်းဆုံး သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ ယုံကြည်မှုအပြည့်ရှိနေတတ်တဲ့ ပုံစံမျိုးလေးပေါ့။ နောက်တခု ဆိုးတာက စင်္ကာပူတွေမှာတွေ့တတ်တဲ့ အ လေ့ အထလို့ လူသိများတဲ့ အခြားသော သူတို့ထက်နိမ့်ကျနေတဲ့ နိုင်ငံတွေက လူတွေကို နှိမ့်ချ ဆက်ဆံချင်တာ။ မလိုအပ်ဘဲ ကိုယ့်ထက်အားနည်း သူ တွေအပေါ် အမြင်မကြည်လင်တတ်တာ။ တကိုယ်တော်ကောင်းစားရေးအတွက် ရှေးရှုလုပ်ဆောင်တတ်တာတွေ၊ အနောက်နိုင်ငံတွေအပေါ် အထင်ကြီး လွန်းနေရာ ပေးလွန်းတာတွေက တော့ အတုမခိုးသင့်တဲ့အချက်တွေထဲမှာ ပါဝင်နေပါတယ်။ ကိုယ်ဟာ အမေရိကန်တယောက်ဖြစ်လာခဲ့ရင်တောင် ကိုယ့် ရပ် ကိုယ့်ရွာ သာယာကောင်းစားရေးအတွက် လုပ်ဆောင်ပေးဖို့ ကြိုးစားတဲ့ တရုတ် လူမျိုးတွေကိုကြည့်တဲ့အခါ စင်္ကာပူမှာ ရောက်နေတဲ့ သူတွေအဖို့ ကတော့ ကိုယ်က စင်္ကာပူမှာ နေထိုင်နေလို့ ကိုယ်ကလဲ ရုပ်နံ နှစ်မျိုးခွဲမရအောင်တူနေတဲ့ စင်္ကာပူးရီးရန်းတယောက် ဖြစ်အောင် နေထိုင်ပြောဆို လုပ်ကိုင်နေ လို့ရပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ ကောင်းတဲ့ အချက်တွေကို ယူတတ်တဲ့ မြန်မာလူမျိုးမှန်ရင်တော့ ဘယ်တော့မှ အတုခိုးမှာမဟုတ်ပါဘူး။ မြန်မာ တွေဟာ အိန္ဒိယကနေ ပြီး ဗုဒ္ဓဘာသာကို သယ်ဆောင် ကိုးကွယ်ခဲ့ရလို့ မြန်မာ့ယဉ်ကျေးမှုတွေမှာ အိန္ဒိယ ဟန်တွေ အချို့ကိုလွှမ်းမိုးမှုအနည်းငယ်ပါဝင်တာ တွေ့နိုင်ပါ တယ်။ ဒါပေမယ့် မြန်မာ တွေက အတုယူယုံသာ ယူတာပါ။ ကိုယ့်မြေကိုယ့်ရေနဲ့ကိုက်ညီတဲ့ ယဉ်ကျေးမှု၊ ကိုယ်နဲ့ကိုက်ညီတဲ့ ဘာသာရေး ယုံကြည်မှုမျိုး ကိုသာ လက်ခံ ယူခဲ့ပြီး အနုပညာလက်ရာတွေကအစ ကိုယ်တိုင် တီထွင်ပြီး အသစ်ဖြစ်အောင် ပြုလုပ်ခဲ့ကြတာကို သမိုင်းက သက်သေခံပါလိမ့်မယ်။ အခုလိုပါဘဲ စင်္ကာ ပူရောက် မြန်မာများအဖို့ ကိုယ်နေထိုင်နေတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အကောင်းဆုံးတွေ ကိုသာ လက်ခံယုံကြည်ကြမယ်လို့ထင်ပါတယ်။ အချို့သော ကြားသိရ တဲ့ စကားတွေအရ မြန်မာအချို့က စင်္ကာပူးရီးရန်းစိတ်ကို ရာနှုန်းပြည့်ဝင်သွားတဲ့အခါ ရှိရင်းစွဲ စင်္ကာပူလူမျိုးထက်စိုးတဲ့ အနေအထားကို ရောက်ကုန်တယ်လို့ ပြောကြပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ်ပါ ကျွန်တော်တို့တွေက အရာရာကို အတုခိုးသင့်တဲ့ အရာတွေမှာ အတုယူရမှာ ဓမ္မတာ ပါဘဲ။ ဒါပေမယ့် အတုတော့မ ခိုးရပါဘူး။ ခိုးတယ်ဆိုတာ ဘယ်လိုမှ ကောင်းတဲ့အရာမဟုတ်တဲ့အထဲ အကျင့်စရိုက်တခုကို ခိုးယူတာဟာ ဒေါင်းယောင်ဆောင်သော ကျီးဘဲဖြစ်နေမယ်ဆိုတာ တော့အများက သိနေမှာဖြစ်ပါတယ်။

6 comments:

MELODYMAUNG said...

အတုယူတာ အတုခိုးတာ တူဘူးလား
I think copy is copy, isn't it?
ဒါပေသိ ကောင်းတာတွေပဲ ရအောင်ယူပြီး ကော်ပီရမယ် ဟုတ်တယ်ဟုတ်
ဒေါင်းယောင်ဆောင်သောကျီးမဟုတ်တာကောင်းပေသိ ရောမပြည်ရောက်ရင် ရောမလိုကျင့်တာရော ကောင်းဘူးလား အဲ..ဟိုရောက်ဒီရောက်ဖြစ်ကုန်ပီ
ဘာပဲဖြစ်ဖြစ် ဒီပို့စ်ကနေဖတ်ရင်း စဉ်းစားစရာတွေ ရသွားလို့ သိုင်းခရု ဇော်ဇော်ရေ

Steve Evergreen said...

Dude

When i saw your Bangkok photos, I must admit I did really enjoy. Love it.

But this post makes me a bit confused. Did you say ဘယ်လိုဘဲ ဖြစ်ဖြစ်ပါ ကျွန်တော်တို့တွေက အရာရာကို အတုခိုးသင့်တဲ့ အရာတွေမှာ အတုယူရမှာ ဓမ္မတာ ပါဘဲ။ ဒါပေမယ့် အတုတော့မ ခိုးရပါဘူး။ ခိုးတယ်ဆိုတာ ဘယ်လိုမှ ကောင်းတဲ့အရာမဟုတ်တဲ့အထဲ အကျင့်စရိုက်တခုကို ခိုးယူတာဟာ ဒေါင်းယောင်ဆောင်သော ကျီးဘဲဖြစ်နေမယ်ဆိုတာ တော့အများက သိနေမှာဖြစ်ပါတယ်။

I am just wondering how you would judge those facts with your CEO or Ce knowledge or with a short term Bangkok experience. I don't know you are trying to point out who?

Basically, every body has a right to do what they want in the boundary of law. I'm still not clear what you are trying to educate someone. Are you the right person to do so after working as a CE or after coming back from Bangkok?

Think about it!

Tesla said...

ဒီလိုလေးတွေကို ပြောတာလား..

http://i74.photobucket.com/albums/i264/Teslanet/DSCF0247Edit.jpg

ပုံရဲ့နာမည်က "အားနာနိုင်ပါဘူးတော်" တဲ့..။

Uncle Demo said...

ဥပဒေထဲ မပါပေမယ့် လိုက်နာသင့်လိုက်နာထိုက်သော စည်းမျဉ်းစည်းကမ်းတွေက အများကြီးပါ Mr. Steve Evergreen ရေ.. :)

Steve Evergreen said...

Oh yes Uncle Demo

I'm sure you are trying to say Ethics which is unwritten law. But this is not the point here.

Burmese Gold Bull said...

hi Steve Evergreen,

if u may notice, every burmese think that he/she is at higher moral ground, to teach/preach somebody else..
its a disease.. infectious…



:D