အားမနာတတ်တာတွေ

တကယ်ကိုခက်ပါတယ်။ သူငယ်ချင်းတယောက်ပါ။ သူနဲ့ကျွန်တော်က မွေးကတည်းက ပေါင်းလာတဲ့ သူငယ်ချင်း ပါဘဲ၊ အကြောင်းအရင်းလေးကတော့၊ ကျွန်တော်က အိမ်မှာအခွေကြည့်တာ ငယ်ငယ်ကလေးကတည်းက ၀ါသနာ ပါတဲ့သူပါ။ ဟိုးအရင်တုန်းကတော့ ခွေငှားကြည့်လေ့ရှိတာပေါ့။ နောက်ပိုင်း VCD ပေါ်လာတဲ့အခါမှာ ကျွန်တော် က များသောအားဖြင့် ကျွန်တော်ကြိုက်တဲ့ ကားတွေကို ၀ယ်ကြည့်လေ့ရှိပါတယ်။ ကျွန်တော့်မှာ အိမ်ထောင်မကျ ခင်က VCD ချပ်ရေ ၁၀၀ ကျော်နဲ့ CD ချပ်ရေ ၈၀ လောက်ကို စုမိပါတယ်။ နောက်ပိုင်း အိမ်ထောင်ကျပြီးတော့ DVD တွေ ခေတ်စားလာတဲ့အခါလဲ ထိုနည်းတူစွာ ဘဲဝယ်ကြည့်တာများပါတယ်။ ကျွန်တော်က မြန်မာကားကြည့်တာ နည်းပါ တယ်။ မြန်မာကားဆို ဟာသတွေလောက်ဘဲ ငှားကြည့်ပါတယ်။ သီချင်းခွေတွေဆိုဝယ်ကို မကြည့်တာ။ ခိုးကူး တွေ ခေတ်စား လာက မှ မြန်မာ သီချင်း တွေနည်းနည်းပါးပါး ၀ယ်ကြည့်ဖြစ်ပါတယ်။အခုဆို ကျွန်တော့်မှာစုထားတဲ့ DVD နိုင်ငံခြားကားတွေ ၂၀၀ နီးပါးလောက်ရှိပါတယ်။ ကျွန်တော် ကသူများထံကလည်းငှားမကြည့်သလို ကျွန်တော့ ထံက ငှားမှာကိုလဲ အင်မတန်ကြောက်ပါတယ်။ ဘာလို့လဲဆိုတော့ ငှားလိုက်လို့ ပြန်မရတာ များလွန်းလို့ပါ။ ပြန်ရရင်လဲ ခွေက တော်တော်လေး ကိုစုတ်ပြတ်နေမှ ရတတ်ပါတယ်။ အခုတော့အစောက ပြောတဲ့ငယ်သူငယ် ချင်းက ကျွန်တော်အိမ်မှာတလောက ခွေကြည့်နေတုန်း ဇာတ်လမ်းကောင်းတဲ့ ခွေ တွေ ဖြစ်တဲ့ Badman dack knight, enemey at the gate, the kingdom, saving pravite ram စတဲ့ ခွေ ခြောက်ခွေကို အတင်းငှားသွား ပါတယ်။ တပတ်လောက်ရှိပါပြီ လုံးဝ ပြန်မရသေးဘူး ၊ အခုလဲ ကျွန်တော်အိမ်ပြန်ရောက်လာတော့ ကျွန်တော့ ညီကပြောတယ် ဂျိန်းဘွန်း ဇာတ်လမ်းတွဲ တခုလုံး ထပ်ယူသွား ပြန်သတဲ့။ စိတ်ညစ်ပါတယ်ဗျာ။ ကျွန်တော်က ဘွန်းဆို ငယ်ငယ်ကတည်းက ကြိုက်တာ။ VCD ခေတ်တုန်း ကတခါ။ အခု DVD မှာ သုံးခါ အားလုံးပေါင်း ၄ ခါ တောင် ၀ယ်ထားရတာ။ အခုတော့အဟောင်းလဲ ပြန်မလာ အသစ်လဲ ၀ယ်ထားလို့ ကိုယ်တောင်မကြည့်ရသေး တဲ့ ဟာ ပါသွားပြန်ပြီ။ လူတွေက ခင်မင်မှုကို တခါတလေ အလွဲသုံးစားလုပ်လွန်းတယ်။ သူတို့ အမြင်မှာ တန်ဖိုး သိပ်ရှိတယ်လို့မထင်ရပေမယ့် ကျွန်တော် ကြိုက်လို့စုထားတဲ့ ခွေတွေကို အခုလို လက်လွတ်စပယ် ငှားပြီး ယူသွား တာက နားလည်မှုကိုမရှိဘူးလို့ထင်တယ်။ ငှားတုန်းက တမျက်နှာ ပြန်တောင်းတော့ တမျက်နှာ ဖြစ်မယ့် အဖြစ်ကို တွေးကြည့်ရင်း ကျွန်တော်တော့မနက်ဖန်တွေမှာ ပြန်တောင်းရမယ့် ကိုယ့် ပစ္စည်းနဲ့ ကိုယ် အမုန်းခံရမယ့် အဖြစ်ကိုတွေးကြည့်ရင်း ရင်မောတယ်ဗျာ။

You can leave a response, or trackback from your own site.

2 Responses to “အားမနာတတ်တာတွေ”

  1. khin oo may says:

    ဒီနေ့ဝမ်းသာတယ်ဗျာ. ဧည့်သည်လာလို့

  2. khin oo may says:

    ဥစ္စာ သိတ်ခြောက်တာဘဲ..ဒါပေမဲ့လဲ ကိုယ်ချင်းစာပါတယ်။

    ဘာစိတ်ငြစ်စရာရှိသလဲ. သူတောင် ပြန် မပေးသေးတာ ကိုယ် ပြန် တောင်းရမှာပေါ. ဘာ မှ အားနာ စရာ မရှိဘူး။ ဘာ မှ ရင် မမောနဲ့. ဒီမှာ back up အားပေးနေတယ်။ တောင်းသာတောင်း။ မကြည့်ဘဲနဲ့ သူ့မျက်နှာ ကို…

    ဝါသနာရှင် လာတဲ့နေ့မှာ ရုပ်ရှင် နဲ့ ဧည့်ခံလိုက် ရတာ ဝမ်းသာ မဆုံးပါ။။ ဒါပေမဲ့ ကြည့်ပြီးသား ဖြစ် မှာပါ။

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice