ညည်းတွားခြင်း
ကဗျာရေးလို့မရတဲ့အတွေးအခေါ်တွေနဲ့
ပြည့်ကြပ်ညက်နေတဲ့
လမ်းတခုပေါ်မှာ လျောက်
အဟမ်း -
အခုတော့ငါ မြောက်မရောက်တောင်မရောက်နဲ့။
သံယောဇဉ်က လူနာတင်ကားသြဥဆွဲသလို
ညည်းငြူ
ပြုံးပြ နှုတ်ဆက်တဲ့ ယဉ်ကျေးမှုတွေကိုတော့
လစ်လျှုရှုပစ်လို့မရပြန်
အင်းလေ
တယ်ခက်တဲ့ သဘာဝပေကိုး။
သီချင်းသံတချို့က စီးဆင်းတယ်
ရေလိုဘဲ လေလိုဘဲ တွေတဲ့အပေါက်က ဆင်းတယ် စီးတယ်
သံထည်တွေ ကျောက်တုံးတွေ နောက်တမျိုးနဲ့ အလိုက်အထိုက်မိုက်
အား - -
ဟစ်ဟော့တော့ငါမကြိုက်ပါဘူး။
ကော်နက်ရှင်ကိုပစ်ပေါက်
ခွဲခြေနင်းခြွေ
ငါ့ဘလောက်နဲ့ငါကတော့ တလူလူလွင့်တယ်
အတွေးအခေါ်တွေကို ဘောင်ပိတ်ခတ်ကြည့်ချင်တယ်
ဒါမှမဟုတ် ချောင်ပိတ်ရိုက်ခဲ့ချင်တယ်
တခါးဆိုတာ ဖွင့်ထားတိုင်းကောင်းတာမဟုတ်ဘူး
တူရင်လောက်ထရပ်က ပြောတယ်
မကောင်းဘူးကောင်းတယ်ဆိုတာ ရှုမြင်သူပေါ်မှာသာ မူတည်တာတဲ့- - -။
Comments
ဘလောက်တိုင်း ဂျာနယ် နာမည် ကို ယူသုံးမိပါတယ်။ ခွင်.လွှတ်ပါနော. ခဏခဏ တောင်းပန် နေ ရတာဘဲ။ :P
သူ့ဟာနဲ့သူတောင် စုတ်ပြတ်သတ်ကတဲ့ကြားထဲ အော..ခက်ပါပီတော်
အင်းပါ...ဘာဖြစ်ဖြစ်တလူလူလွင့်နေတဲ့ဘလောက်လေး ညည်းတွားတာတော့ လာနားထောင်သွားသကွ
(ဆီဗုံးကလဲ ပြန်တပ်တော့ဘူးလားဟေ)