ဒီကားလေးကို ကြည့်ပြီးတာကြာပေမယ့် မကြာခဏသတိရလေ့ရှိခဲ့တယ်။ ဘာလို့လဲ ဆိုတော့ ဇာတ်လမ်း ကလေးက ရိုးရှင်းပြီး တကယ့်ကိုကြည့်ကောင်းလို့ပါ။ ဒီကားလေးက အခုနှစ်အစောပိုင်းမှာ တရုတ်ပြည်မှပထမဆုံး ပြသခဲ့ တာဖြစ်ပြီး ၀င်ငွေအတန်ငယ်ကောင်းခဲ့ပါတယ်။ ဇာတ်လမ်းကြောရိုးလေးကတော့ ဒီလိုပါ။
ရိုးလဲရိုးသား အလုပ်ကြိုးစားတဲ့ မုဆိုးဖို Chow Ti( Stephen Chow ) မှာ သားလေးတယောက်ရှိပါတယ်။ သူ့သားလေးကို သူ့လို ပညာ မတတ်တဲ့အခါ ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက်ရမှာဆိုးလို့ အပင်ပန်းခံပြီး ကျောင်းကောင်းကောင်းမှာ ပညာသင်စေခဲ့ပါတယ်။ သူကို တိုင်ကတော့ နေ့ညမနားတမ်းအလုပ်တွေလုပ်ပြီး သူ့သားလေး Dicky( Xi Jiao ) ကိုမပင်မပန်းကျောင်းတက်စေခဲ့ပါတယ်။ ဒါပေမယ့် ဆင်း ရဲလှပြီး ကျောင်းလခကိုတောင် အတော်ရှာနေရတဲ့အတွက် အ၀တ်အစားကအစ အဖက်ဖက်မှာမပြည့်စုံတဲ့ Dicky ကတော့ ကျောင်းမှာ အမြဲ တမ်း သူများအထင်အမြင်သေးတာကိုခံရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် Dicky တို့သားအဖကိုစာနာပေးတဲ့ ကျောင်းကဆရာမလေး Mis.Yean ကတော့ရှိနေခဲ့ပါတယ်။ ဖခင်လုပ်သူက လမ်းကနေကောက်လာတဲ့ ဖိနပ်လေးတွေကို သာစီးနေ ရတဲ့ Dicky လေးမှာ ဆော့ကစားစရာ အရုပ်ဆိုတာမရှိခဲ့ပါဘူး။ တရက်မှာတော့ ကျောင်းနေဖက်သူငယ်ချင်းတယောက်ယူလာတဲ့ CJ-1 လို့ ခေါ်တဲ့ ခွေးစက်ရုပ်လေးကို Dicky လေးက စွဲလမ်းသွားမိပါတယ်။ ဒါနဲ့သူ့အဖေကိုပူဆာခဲ့ပါတယ်။ တညမှာတော့ အမှိုက်ပုံထဲမှာ ဖိနပ် လာကောက်တဲ့ Chow Ti ဟာ အစိမ်းရောင် ဘောလုံးတလုံးကို ရရှိခဲ့ပါတယ်။ အဲဒီဘောလုံးကလေးဟာ တကယ်တော့ ပုံစံဖျောက်ထားတဲ့ ပန်းကံပြားပြံတခုပေါ်က ကျကျန်ရစ်ခဲ့တာပါ။ အဲဒီဘောလုံးကလေးကို သူ့သားလေး ဆော့ဖို့လက်ဆောင်အဖြစ် ယူလာကာရနေ ဇာတ်လမ်းစပါတော့တယ်။ အဲဒါလေးကဘယ်လိုမျိုးသူတို့သားအဖကို ကောင်းကျိုး ဆိုးကျိုးလေး တွေပေးခဲ့တယ်ဆိုတာ ဆက်လက်ရှုစားကြည့်ပါ။ အချစ်- အလွမ်း၊ အပျော်- အငို ရသစုံမျှတအောင် ရိုက်ကူးထားတဲ့ ဒီကားလေးက မိသားစု ကြည့်လို့ သင့်တော့ ပြီး ပြသချိန်တစ်နာရီခွဲ ကြာပါတယ်။ Stephen Chow ကိုယ်တိုင်ရေးသား ပြီး ထုတ်လုပ်ကာ ဒါရိုက်တာအဖြစ်လဲ သူကိုယ်တိုင်ဖြစ်ပါတယ်။ သူ့ရဲ့ ဆိုဒ်ကတော့ ဒီမှာကြည့်ပါ။ ဒါနဲ့ဇာတ်ကားထဲကမင်းသမီးကချောတဲ့အတွက် ပုံလေးတခုတင် ပေးလိုက် ပါတယ်။ ကျွန်တော်ညံ့လို့လားတော့မသိဘူး သူ့ရဲ့ ၀က်ဆိုဒ်ကိုတော့ ရှာမတွေ့ပါဘူး၊ သိတဲ့သူရှိလဲပြောကြပါဦး၊ ဒီတပတ်တော့ ဒီကားလေး ကိုရွေးချယ်ပေးလိုက်ပါတယ်။ နှစ်သက်မယ်လို့ ထင်ပါတယ်။

Type the rest of your post here.
6 comments:
ဂေါက်.. ဒီကားကို ဟိုတလောကပဲ
ဒီဆိုက်ထဲမှာ http://aznv.tv/en/movies/ ကြည့်လိုက်ရတယ်။
ဟာသတွေ ရိုက်တဲ့မင်းသားက ဒီကားထဲမှာ တမူထူးခြားသရုပ်ဆောင်ထားတယ်။
ဒီကားကြိုက်တယ် ဂေါက်ဂေါက်.. အီးတီပုံစံမျိုးလေး...း)
CJ7 ကို ကြိုက်လွန်းလို့ သုံးလေးခေါက်လောက်တောင် ပြန်ကြည့်ဖြစ်တယ်။ တခြားသူတွေထက် အဲဒီ ကလေးလေး သရုပ်ဆောင်တာ တော်လွန်းတာလည်း ပါတယ်။ အဲဒီ ကလေးလေးက အမှန်တကယ် အပြင်မှာ ကောင်မလေးဆိုတာ သိလိုက်ရတော့ မချီးကျူးဘဲ မနေနိုင်တော့ဘူး။
ဟွန်.. CJ7 မှာ ဆရာမအဲ့လိုပုံလည်းမတွေ့ပါဘူး.. ။ CJ7 လေး ပုံကျတော့မတင်ပဲ အဲ့ပုံကျတော့တင်ထားတယ်..လွန်လွန်းတယ်.. အက်အက်
မစ္စတာ ဂေါက် ဒီကားက တူတူကြည့်တာလေ ဆရာမလေးကို ဒီလိုမျိုးလေး မတွေ့ပါဘူး.. ဒါဘယ်ကားကလည်းဗျ ဟတ်ဟတ် အဲ့ခွေ ၀ယ်ခဲ့.. လန်းတယ် နော်.....
်balargout site ကို firefox နဲ.မမြင်ဘူ. IE နဲ.မှ တို.စက် မှာ မြင်ရတယ်. ပြန်မယ်လုပ်ပြီး ကမှ ဆရာမလေး ဆွဲဆောင်မှူကောင်းတာနဲ.တစ်ကူးတစ် က IE ကို ပြန်ဖွင်.ပြီး ဖတ်သွား ရုံ မက ဆရာမ့ပုံကိုပါ ကူး သွာူ လိုက် သေူတယ်.
အား ..ကို ဘလာဂေါက်ပုံ ကို တိုသွားပြီး reference မထည်.မိတာ ရိုးသားစွာ တောင်းပန် ပါတယ်နော်. တကယ် ပိုင်ရှင်ပျောက်သွားလို.ပါ.ကို ဖိုးသူတော်လာပြောမှ ပိုင်ရှင် ပေါ်သွားတယ်။
Post a Comment