အကြောင်းအရာများနှင့် ပတ်သက်ကြည့်ခြင်း

မော်ဒန်ဆန်ဆန်ပြောရရင် နားမလည်နိုင်တဲ့ ဒွိဟ အသုံးအနှုန်းတွေ တွင်တွင်ချည်းသုံးပြီး ပြောပစ်လိုက်တာဘဲ။ ကိုယ်ကတော့ နားလည်ချင်သလိုနားလည်လိုက်တယ်။ နားထောင်တဲ့ သူက တော့နားခါးကောင်းခါးနေမယ်။ အကြားကောင်းကောင်းကြားနေတာလဲဖြစ်နိုင်တယ်။ မိစ္ဆာတွေမိုးကြိုး ပစ်လို့ ငှက်မွှေးတတောင်နဲ့လက်ပစ်ကူးပစ်လိုက်တယ်။ ဘာလဲတော့မသိဘူး။ ဒီလိုရေး လိုက်ရတာ အားတော့ရတယ်။ အားပေးကြရင် ကောင်းလို့ဘဲ မှတ်တတ်တဲ့ ညင်လေးတော့ မပျောက်အောင်ထိမ်းထားတတ်မှ ကိုယ့် ကိုယ်တိုင်မြူဆွယ်နေရခြင်းက ကင်းလွတ်မလားလို့ မျှော်လင့်မိတယ်။
ဆီတစက်မှမပါလဲ ဟင်းတခွက်ဖြစ်ချင်ဖြစ်မယ်။ ငါ့ရဲ့ညစာကတော့ ညမှဘဲစားတတ်တယ်။ ဒွေးရောယှက်တင် ဥပမာတွေကို အပြန်အလှန်ပေးလိုက်တော့ အမောင်တို့ နားတွေ ယားနေမလားမသိဘူး။ ပဲကြီးလှော်ကတော့ပျော့နေရင် စားမကောင်းတာအမှန်ဘဲ။ မှန်တာတွေပြောတဲ့ အခါတွေများဆိုရင် ကြံကထွက်တဲ့ သကြားကို ချိုချဉ်လုပ်ရသလို တယ်လဲ ချိုမြတာက လား။ လမ်းပေါ်မှာ ကားတွေချည်းဘဲပြေးနေတာမဟုတ်ပါဘူးတဲ့ ရာဘင်နတ်တဂိုးကပြောတယ်ဆို ယုံကြမလား။ သက်သေသက်ကာယတွေနဲ့ဆွဲဖွလို့ နောင်ဂျိန် ချတဲ့ ကဗျာဆရာတို့ ပွဲတွေလဲ ရှိကောင်းရှိရဲ့။ ဆေးလိပ်ဆိုတာ တိုလေကောင်းလေသာပြောကြတာ ဘယ်တုန်းကမှ အဲဒီဆေးလိပ်တွေကို ချိုးပြီးမသောက်ဖြစ်ခဲ့ကြဘူး။ အချိန်တန်တော့လဲ ဒီအရသာဘဲလို့ သက်တောင့်သက် သာနေကြတတ်တာဘဲ။ ဆေးလိပ်သောက်တာကလား ကွမ်းစားတာကလား အရေမရအဖတ်မရလုပ်နေတာ။ ဘာဘဲပြောပြော တန်ဖိုးရှိတဲ့ တံတွေးတွေကတော့ တနေ့ကို ဂါလံနဲ့ချီပြီး သုံးစွဲနေ ကြဆဲ။ ယုံကြည်ချက်အတွက် အသက်စွန့်မယ့် သူတယောက်ကို မေးကြည့်ပါလား။ သူယုံကြည်တာတမျိုးကိုယုံကြည်တာတမျိုးဘဲတဲ့။ သုညရဲ့တန်ဖိုးတွေ သုသေသန လုပ်ရင်းက အချိန်တွေ ကို တိုက်စားပစ်လိုက်ကြတယ်တဲ့။ ဘယ်လိုတိုက်တယ်ဆိုတာ စဉ်းစားကြည့်မလား အပြင်းပြေတာပေါ့။ ဘေးကတိုက်တာလား။ ဒေါင်လိုက်လား အလျားလိုက်လား။ ဒါနဲ့ဘဲ အချိန်တွေကုန်တာဘဲ။ ကုန်သွားရအောင် ဘယ်သူက တယောက်ကို အချိန်ဘယ်လောက်လို့သက်မှတ်ပြီး ကိုယ်ပိုင်ဆိုပြီး ပေးလိုက်လို့လဲ။ ဒါကို သိတဲ့ သူကတော့ ထောပြီ။ အချိန်ပိုလေးတွေ ထုတ်ရောင်းရင် မဆိုးဘူး။ သမိုင်းဝင်ကာတွန်းတခုထဲက သမိန်ပေါသွပ်တယောက်တော့ တောင်ပုလုကနေအချိန်တွေ ကွန်တိန်နာ ၁၀ စီးတိုက်ဝယ်ပြီးအာတာလွတ်မြို့မှာ တက်ရောင်းတာ ကြီးပွားသွားသတဲ့။ သမိုင်းဆိုတာ သိထားသမျှကို မှိုင်းတိုက်နေလို့ ကာလရွေ့လျားတဲ့ အခါ သမိုင်းဖြစ်လာတာထင်တာဘဲ။ တော်ကြာ ကျွန်တော့်အကြောင်းကျောက်စာတွေ ထိုးပို့နေကြဦးမယ်။ ကြောက်လို့ရေးထားတဲ့ စာလဲ ကြောက်စာ ဖြစ်တာဘဲမဟုတ်လား။ ကျောက်စာဆို ကတည်းက တိမ်မြုပ်နေတာများတယ်လေ။ ဒီတော့ ကြောက်ကြောက်နဲ့ရေးတဲ့ စာတွေကို လဲ စာတွေ ဖော်ထုတ်တောင် ရေးတဲ့သူပျောက်နေတတ်တယ်။ ကျွန်တော်တို့ အ၀န်းအ၀ိုင်းမှာ ပေါ့။ ဟုတ်ချင်လဲ ဟုတ်မှာပေါ့လေ။ အပြင်မှာနေတာ အေးတယ်။ အတွင်းမှာတော့ နဲနဲ အိုက်စပ်စပ်နိုင်တယ်။ ပြုတွင်းတွေ အလုံ အလောက်မရှိတဲ့အခါ အဲယားကွန်း တပ်ဖို့မျှော်လင့်တယ်။ စပရစ်တိုက်လား ၀င်းဒိုးတိုက်လား တော့မသိဘူး။ မျှော်လင့်ရင်း အသက်ရှင်ပါတဲ့ ဟိဟိ ဘယ်သူကပြောလဲတော့မသိတော့ပါဘူး။ အလကားနေရင်း လိုက်မမှတ်တတ်လို့။ အချို့ကျတော့လဲ ဖတ်ပြီးတဲ့ စာအုပ်ထဲက ဟာတွေ ကောက်ပြီး ကူးရေးလိုက်တာဘဲ နောက်များကျ မေးကြည့် မသိမသိ ဆိုတာနဲ့ချည်းတိုးနေတာ များတော့ ဖြစ်သင့်တာတွေ ဖြစ်ချင်တာ တွေ ဖြစ်သင့်တာတွေ ဆိုပြီး ဖြောင်းဖျနားချ နဲ့ ဆရာကြီးလေသံတွေ ဖမ်းကြပြန်ရော။ ဘာမှလဲ မယ်မယ်ရရမလုပ် စားလိုက်သောက်လိုက် ရန်လိုက်ဖြစ်လိုက် အုပ်စုဖွဲ့လိုက် နာမည်တွေ အမျိုးမျိုးပေးလိုက်နဲ့ ဘယ်လိုလုပ်လုပ် မညီမညွတ်ဖြစ်နေရင် ဒါကို သိုင်းလောက ခေါ်တယ်။ ဇာတ်လမ်းတွဲတွေ ထဲမှာ မြင်ဘူးတာပါ။သူ့ထက်သူလူစွမ်းကောင်းတွေချည်းဘဲ။

1 comments:

capricorn said...

မိုက်တယ် :)