တိုက်ပွဲခေါ်သံ

မိုးကာလကားတဖြေးဖြေး ၀င်ရောက်လာပြီ။ ဒီလတော့ ရှေ့တန်းစခန်းတွင် တိုက်ပွဲပေါင်းများစွာကို အောင်မြင်စွာ တိုက်ခဲ့ပြီးပြီ၊ တိုက်ပွဲ ကြီး ၄ ပွဲ၊ တိုက်ပွဲငယ် များ စွာ နှင့် အနီးကပ်တိုက်ပွဲများ ဆက်တိုက် တိုက်လာသဖြင့် တပ်လဲပန်းနေပြီ။ လက်နက်နှင့် စားရေရိက္ခာလဲ အားနည်းလာသဖြင့် ရှေ့တန်းမှ မိခင်တပ်ရင်း သို့ ပြန် ရောက်လာသော်လည်း ကင်းလှည့်ရင်း ရှောင်တခင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ရာသီဥတုကလဲ အားကစားသမားများ အကြိုက်။ အခု ပြန်ရောက် လာသောရှေ့တန်း စခန်းသည် ဘလောင်ဘလက်တောင်ကြားနယ်မြေရှိ လှည်းတန်းလန်း အရပ်တွင်ဖြစ်သည်။ ညဘက်တွင် အစားအသောက် ခက်ခဲ ၍ ကျိတ်ပုန်း တိုက်ပွဲများကို အကြီးအကျယ်တိုက်လိုက်ရသည်။ အခုလဲ ကင်းလှည့်ရင်း ရန်သူတော် ဘလောက်ဂါမြို့ခို ကိုရင်တက်စလာ ကြီးအား သွားတွေ့သဖြင့် စမ်းချောင်း တောင်တန်းပေါ်ရှိ ၀က်မှီးတောင်ကုန်းတွင် ညနေ တိုက်ပွဲစမည်ဖြစ်သည်။ ထိုနေရာသို့ တပ်များမကြာခင်ရောက်လာရန် အပူတပြင်း စီစဉ်နေရသည်။ လက်ဖြောင့်တပ်မှ ကိုမျက်စေ့၊ စက်သေနတ်သူတော်၊ လူငယ်တပ်ရင်းမှ နန္ဒ၊ တကိုယ်တော်တပ်ဖွဲမှ ကိုကြီးကျော်၊ နှင့် အခြား လက်လှမ်း မှီရာ တပ်များအား စုရုံးနေရသည်။ တိုက်ပွဲက ပြင်းထန်မည်ဖြစ်သည်။ ဖန်ခွက်တိုက်သံတခွပ်ခွပ်နှင့် လေသေနတ် တဖောင်းဖောင်း ပစ်ခတ်ကြမည်။ အခက်မသင့်က ကာရာ အိုကေ တွေ ကလပ်တွေပါ ထုတ်သုံး ကုန်မှစိုး ရိမ်ရသည်။ သို့သော် အားလုံးတွင် လက်နှက်အင်အားနည်းနေသည်။ ဘယ်လိုဖြစ်ဖြစ် တိုက်ပွဲဖြစ်ပွား ရာကို လာရောက်နိုင်သည်။ ပူးပေါင်း ပါဝင်ကြပါ။
အမိန့်မရ
ပိုမူးကြီး  ဘလာဂေါက်

2 comments:

Mr.Pooh @ မောင်ပွတ် said...

ရဲဘော်တို့ - သောက် ! အဲလေ... တက် ....

phoethutaw said...

မနေ့က တိုက်ပွဲ ငယ်လေးဖြစ်ပွားတယ်။ ပြောက်ကျားတိုက်ပွဲပါ။ အင်းအားနဲနဲ ပြင်းတယ်။ လက်ဖြောင့်တက်သားရယ် စက်သေနတ်တွေ သုံးရတယ်။
ရထားလား