အသုံးပြုသည့် ပေါ်ကို မူတည်ကာ လိုက်လျောညီထွေပျောင်း လဲနိုင်သော အစွမ်းရှိနေသလို မြန်ဆန်သည့် အချက်အလက်ဖော်ပြနိုင်မှုက လည်း ဘလောက်များ၏အားသာ ချက်တခုအဖြစ် တည်ရှိနေသည်။ ထို့ကြောင့်ဘလောက်များအား စာနယ်ဇင်း ဆိုင်ရာ ရှုထောင့်တခုတည်းက တည်ကာ ကြည့်ရှု၍မဖြစ်နိုင်ပါ။ စာနယ်ဇင်းသမားတိုင်းသည် ဘလောက်ဂါများဖြစ်လာ နိုင်ပေမယ့် ဘလောက်ဂါတိုင်းကတော့စာနယ်ဇင်းသမားတွေချည်း ဖြစ်မနေပါ။ ထိုအချက်သည် အရေးအရာ အဖြစ် ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ သို့သော် ဘလောက်များအား လက်နှက်တခု သဖွယ် အသုံး ပြုလာ ကြရာတွင် ငါးခုံးမတစ်ကောင်ကြောင့် တလှေလုံးပုတ်သည့်အနေ အထားကိုရောက်ရှိလာပါသည်။ ဘလောက်မျာ သည် အဘယ်ကြောင့် အင်တာနက် ဒုတိယခေတ်၏ရှေ့ဆောင်အနေ အထားအား ဦးတည်ရောက်ရှိနေသလဲ ဆိုသည့် အချက်ကို အတော်များများက သဘောမပေါက်ဘဲရှိနေဆဲဖြစ် ပါသည်။ လွတ်လပ်စွာရေးသား နိုင်ကြ သလို အချက်အလက်များအား လက်လွတ်စပါယ် တင်နိုင်ကြခြင်းကလဲ အခြားတဖက်ခြမ်း၏ ကြောက်ရွံ့ဖွယ် အနေအထားဖြစ်နေသည်။ တကယ်တော့ ထိုသို့ရေးသားခြင်းများကလဲ စာဖတ်သူများအား သူ၏ ပုရိတ်သတ် အဖြစ် ကြာရှည်စွာ ဖမ်းစားထားနိုင်သည်။ ထိုအချက်သည် ဘလောက်က ၀က်ဆိုဒ်တွေကို ကျော်တက်သွားသည့် အချက်ဖြစ်နေသည်။ ဘလောက်၏အသက်သည် တင်ဆက်သည့်အချက်အလက်သွတ်လက်မှုကို များစွာမူတည် သည် အချက်အလက်များ မှန်ကန်ခြင်း မှားယွင်းခြင်းသည် စာဖတ်သူကခွဲခြားရမည့် အလုပ်သဖွယ်ဖြစ်နေသည်။ ဒီအကြောင်းအရာ၏ မှန်ကန်မှုသည် ပကတိအခြေအနေတွင်ဖြစ်နေသော စာဖတ်သူ၏ ဆန္ဒသာ ဆုံးဖြတ်ရမည့် သဘောဖြစ်သွားသည်။ လွတ်လပ်စွာတွေးတော ဆင်ခြင်နိုင်စေခြင်းဖြင့် ဘလောက်၏ ခိုင်မာမှုကို တည်ဆောက် ထားကြသည်။ သတင်းဌာနများ၏ အချက်အလက်များသည် များစွာတိကျသည်ဟု မဆိုသာသည့်တိုင် မှန်ကန် လောက်သည့် အကြောင်းပြချက်များ ကိုထို ဌာနများ၏ ရပ်တည်မှုဖြင့် ထိန်းထားကြသည်။ ဒါကြောင့် ဘလောက်များ အား စာနယ်ဇင်းအဖြစ်မရှုမြင်နိုင်ဖြစ်နေကြသည်သာ။ တကယ်တမ်းလဲ ရှုမြင်နိုင်စရာ အကြောင်း ပြချက် တိတ်ကျကျ ထားရှိထားခြင်းလဲမရှိပါ။ ဘက်စုံကနေဖြစ်ပျက်နေတာတွေကို အလွယ်တကူ ဖြန့်ချီနိုင်သော ဖျော်ဖြေရေးသက်သက် အဖြစ်မြင်ထားလဲ ဘလောက်များမှာ များစွာ ဂုဏ်ငယ်စရာ မရှိဟု ထင်ပါသည်။ ဘလောက
အိုလံပစ်ဘလောက်
Posted by zzml33 on July 2nd, 2008
လာမည့် တရုတ်ပြည်ဘေကျင်း အိုလံပစ်ပွဲတော် အကြောင်းများအား ဘလောက်ဂင်းမလုပ်ရန် တားမြစ်သော ကြေငြာချက်များ အင်တာနက်ပေါ်တွင် ကျွန်တော်တွေ့လိုက်ရပါသည်။ နိုင်ငံတကာ အိုလံပစ်ကောင်စီမှ ထုတ် ပြန်သည်ဟု တွေ့ရသည်။ ထို အချက်အလက်သည် မှားယွင်းနေသလား မှန်ကန်မှုရှိသလားစဉ်းစားစရာ ဖြစ်လာ ခဲ့သည်။ တကယ်ဆို ဘလောက်သည့် အကြောင်းအချက်အလက်များသည် စုံလင်လှသည်။ ထိုအချက်အလက် များအား စာနယ်ဇင်းများအဖြစ် အသိအမှတ်မပြု၍ ဘလောက်ဂင်းလုပ်ခြင်းအား တားမြစ်သည်ဟုလဲ ပါရှိသည်။ အိုလံပစ်နှင့်ပတ်သတ်သော ဓါတ်ပုံ၊ ဗွီဒီယိုနှင့် သတင်းအချက်အလက်များအား လုံးဝဘလောက်ဂင်း မလုပ်ရန် လဲပါရှိသည်။ မည်သည့်အချက်သည် မည်သည့် ဥပဒေများဖြင့် ငြိစွန်းသည်ဟုလည်း ဖော်ပြထားပြန်သည်။ အဆို ပါကြေငြာချက်သည် အခြေခံကျကျ တွေးတောမည်ဆိုပါက လူ့အခွင့်အရေးအား သိသိသာသာချိုးဖောက်ထား ခြင်းသာဖြစ်သလို လွတ်လပ်စွာရေးသားဖော်ပြနိုင်ရမည်ဆိုသော ခြေခံလူ့အခွင့်အရေးအား ထိပါးခြင်းသာ ဖြစ်ပါ သည်။ ဘလောက်များသည် အင်တာနက်ကို လူအများ စိတ်ဝင်တစား အသုံးပြုလာခြင်းနှင့်အတူ ပေါ်ထွက်လာ သော နည်းပညာ အသုံးပြု လူထုဆက်သွယ်ရေး အစိတ်အပိုင်းတခုသာဖြစ်သည်။ ဘလောက်များသည် သတင်း များအားဖော်ပြနေသော သတင်းဌာနာများ မဟုတ်သလို နိုင်ငံရေးအကြောင်းများသာ ရေးသားနေသည့် နိုင်ငံရေး အခြေခံ အသုံးချ ပစ္စည်းတခုလဲ မဟုတ်ပါ


Posted in 








ကျွန်တော်တော့ ဆန့်ကျင်တယ်ဗျာ အဲဒီ အမိန့်ကို ရေးစရာရှိရင် ရေးသင့်တာရှိရင် ရေးရမှာပဲ။ ဥပဒေလို ဘယ်လို အချက်အလက်ကို ပါရင် အရေးယူမယ်ဆိုတာက တစ်မျိုးလေ။ အခုလို ဘာမှ မရေးရဘူးဆိုတာက လက်မခံနိုင်ဘူး။ သူတို့တွေ ပဲ လူ့အခွင့်အရေးတွေ အော်အော်နေပြီး …