Suan Lum ညဈေးက ဘန်ကောက်မြို့ Pathum Wan ခရိုင်မှာရှိပါတယ်။ အဲဒီခရိုင်မှာ နာမည်ကျော် Pathum ဈေးလဲရှိတယ်။ Lumphini Park နဲ့ မျက်နှာချင်းဆိုင်မှာရှိပြီး။ Lumphini ဘူတာမှာဘဲ နားမှာ ရှိပါတယ်။ ရာမ ၄ လမ်း Sathorn လမ်းကြားမှာပါ။ ၂၀၀၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဘန်ကောက်ညဈေးလို့ လူသိများတဲ့ Suan Lum ဟာ နိုင်ငံတကာက ဧည့်သည်တွေ လာရောက်ကြတဲ့ စည်ကား တဲ့ နေရာတခု ထဲမှာ ပါတဲ့ နေရာတခုပါဘဲ။ ညနေ ၃နာရီကနေ သန်းကောင်ယံအထိဖွင့် တဲ့ အဲဒီညဈေးမှာ အမှတ်တရ လက်ဆောင်တွေကို ၀ယ်ယူနိုင်သလို ထိုင်းနိုင်ငံသာမက နိုင်ငံတကာက ပစည်းတွေ ကိုပါ ၀ယ်ယူရရှိနိုင်ပါတယ်။ တခုရှိတာက နိုင်ငံတကာဧည့်သည်တွေ အ၀ယ်များတော့ ဈေးဆစ်တတ်ဖို့လိုပါတယ်။ မြန်မာတွေအနေနဲ့ မြန်မာ လိုပြောတတ်တဲ့ အလုပ်သမားတွေ အဲဒီက ဆိုင်တွေ တော်တော်များများမှာ ရှိနေတယ် ဆိုတာ အသိပေးပါရစေ။

စားသောက်ဆိုင် အများအပြားတည်ရှိနေသလို။ လေဟာပြင်စားသောက်ဆိုင်တွေပတ်လည်ထားတဲ့ ညဘက် ဖျော်ဖြေရေး စတိတ်ရှိုးပါတဲ့ အမိုး အဖွင့် အပိတ်လုပ်နိုင်တဲ့ နေရာတခုလဲရှိပါတယ်။ ထိုင်းရိုးရာ အစားအသောက်တွေ အပြင် နိုင်ငံတကာ စားသောက်ဖွယ်ရာနဲ့ ဘီယာ အရက်မျိုးစုံ ကိုတနေရာထဲမှာ စားသောက်နိုင်ပါတယ်။ စားပွဲထိုးတဲ့ မိန်းကလေးတွေ ခပ်ချောချောရှိတဲ့ ဈေး တခုပေါ့။ အဲဒီအပြင် လမ်းဘေးမှာ ရောင်းချနေတဲ့ ဈေးဆိုင်လေးတွေ ရှိနေပြီး ဈေးဆစ်တတ်သူတွေ အတွက်ဝယ်လို့ကောင်းတဲ့နေရာဖြစ်လို့ ဘန်ကောက်ရောက်ရင် မသွားမဖြစ်သွားသင့်တဲ့ နေရာတခု လို့လမ်းညွှန်လိုက်ပါတယ်။


Type the rest of your post here.
မော်ဒန်ဆန်ဆန်ပြောရရင် နားမလည်နိုင်တဲ့ ဒွိဟ အသုံးအနှုန်းတွေ တွင်တွင်ချည်းသုံးပြီး ပြောပစ်လိုက်တာဘဲ။ ကိုယ်ကတော့ နားလည်ချင်သလိုနားလည်လိုက်တယ်။ နားထောင်တဲ့ သူက တော့နားခါးကောင်းခါးနေမယ်။ အကြားကောင်းကောင်းကြားနေတာလဲဖြစ်နိုင်တယ်။ မိစ္ဆာတွေမိုးကြိုး ပစ်လို့ ငှက်မွှေးတတောင်နဲ့လက်ပစ်ကူးပစ်လိုက်တယ်။ ဘာလဲတော့မသိဘူး။ ဒီလိုရေး လိုက်ရတာ အားတော့ရတယ်။ အားပေးကြရင် ကောင်းလို့ဘဲ မှတ်တတ်တဲ့ ညင်လေးတော့ မပျောက်အောင်ထိမ်းထားတတ်မှ ကိုယ့် ကိုယ်တိုင်မြူဆွယ်နေရခြင်းက ကင်းလွတ်မလားလို့ မျှော်လင့်မိတယ်။
ဆီတစက်မှမပါလဲ ဟင်းတခွက်ဖြစ်ချင်ဖြစ်မယ်။ ငါ့ရဲ့ညစာကတော့ ညမှဘဲစားတတ်တယ်။ ဒွေးရောယှက်တင် ဥပမာတွေကို အပြန်အလှန်ပေးလိုက်တော့ အမောင်တို့ နားတွေ ယားနေမလားမသိဘူး။ ပဲကြီးလှော်ကတော့ပျော့နေရင် စားမကောင်းတာအမှန်ဘဲ။ မှန်တာတွေပြောတဲ့ အခါတွေများဆိုရင် ကြံကထွက်တဲ့ သကြားကို ချိုချဉ်လုပ်ရသလို တယ်လဲ ချိုမြတာက လား။ လမ်းပေါ်မှာ ကားတွေချည်းဘဲပြေးနေတာမဟုတ်ပါဘူးတဲ့ ရာဘင်နတ်တဂိုးကပြောတယ်ဆို ယုံကြမလား။ သက်သေသက်ကာယတွေနဲ့ဆွဲဖွလို့ နောင်ဂျိန် ချတဲ့ ကဗျာဆရာတို့ ပွဲတွေလဲ ရှိကောင်းရှိရဲ့။ ဆေးလိပ်ဆိုတာ တိုလေကောင်းလေသာပြောကြတာ ဘယ်တုန်းကမှ အဲဒီဆေးလိပ်တွေကို ချိုးပြီးမသောက်ဖြစ်ခဲ့ကြဘူး။ အချိန်တန်တော့လဲ ဒီအရသာဘဲလို့ သက်တောင့်သက် သာနေကြတတ်တာဘဲ။ ဆေးလိပ်သောက်တာကလား ကွမ်းစားတာကလား အရေမရအဖတ်မရလုပ်နေတာ။ ဘာဘဲပြောပြော တန်ဖိုးရှိတဲ့ တံတွေးတွေကတော့ တနေ့ကို ဂါလံနဲ့ချီပြီး သုံးစွဲနေ ကြဆဲ။ ယုံကြည်ချက်အတွက် အသက်စွန့်မယ့် သူတယောက်ကို မေးကြည့်ပါလား။ သူယုံကြည်တာတမျိုးကိုယုံကြည်တာတမျိုးဘဲတဲ့။ သုညရဲ့တန်ဖိုးတွေ သုသေသန လုပ်ရင်းက အချိန်တွေ ကို တိုက်စားပစ်လိုက်ကြတယ်တဲ့။ ဘယ်လိုတိုက်တယ်ဆိုတာ စဉ်းစားကြည့်မလား အပြင်းပြေတာပေါ့။ ဘေးကတိုက်တာလား။ ဒေါင်လိုက်လား အလျားလိုက်လား။ ဒါနဲ့ဘဲ အချိန်တွေကုန်တာဘဲ။ ကုန်သွားရအောင် ဘယ်သူက တယောက်ကို အချိန်ဘယ်လောက်လို့သက်မှတ်ပြီး ကိုယ်ပိုင်ဆိုပြီး ပေးလိုက်လို့လဲ။ ဒါကို သိတဲ့ သူကတော့ ထောပြီ။ အချိန်ပိုလေးတွေ ထုတ်ရောင်းရင် မဆိုးဘူး။ သမိုင်းဝင်ကာတွန်းတခုထဲက သမိန်ပေါသွပ်တယောက်တော့ တောင်ပုလုကနေအချိန်တွေ ကွန်တိန်နာ ၁၀ စီးတိုက်ဝယ်ပြီးအာတာလွတ်မြို့မှာ တက်ရောင်းတာ ကြီးပွားသွားသတဲ့။ သမိုင်းဆိုတာ သိထားသမျှကို မှိုင်းတိုက်နေလို့ ကာလရွေ့လျားတဲ့ အခါ သမိုင်းဖြစ်လာတာထင်တာဘဲ။ တော်ကြာ ကျွန်တော့်အကြောင်းကျောက်စာတွေ ထိုးပို့နေကြဦးမယ်။ ကြောက်လို့ရေးထားတဲ့ စာလဲ ကြောက်စာ ဖြစ်တာဘဲမဟုတ်လား။ ကျောက်စာဆို ကတည်းက တိမ်မြုပ်နေတာများတယ်လေ။ ဒီတော့ ကြောက်ကြောက်နဲ့ရေးတဲ့ စာတွေကို လဲ စာတွေ ဖော်ထုတ်တောင် ရေးတဲ့သူပျောက်နေတတ်တယ်။ ကျွန်တော်တို့ အ၀န်းအ၀ိုင်းမှာ ပေါ့။ ဟုတ်ချင်လဲ ဟုတ်မှာပေါ့လေ။ အပြင်မှာနေတာ အေးတယ်။ အတွင်းမှာတော့ နဲနဲ အိုက်စပ်စပ်နိုင်တယ်။ ပြုတွင်းတွေ အလုံ အလောက်မရှိတဲ့အခါ အဲယားကွန်း တပ်ဖို့မျှော်လင့်တယ်။ စပရစ်တိုက်လား ၀င်းဒိုးတိုက်လား တော့မသိဘူး။ မျှော်လင့်ရင်း အသက်ရှင်ပါတဲ့ ဟိဟိ ဘယ်သူကပြောလဲတော့မသိတော့ပါဘူး။ အလကားနေရင်း လိုက်မမှတ်တတ်လို့။ အချို့ကျတော့လဲ ဖတ်ပြီးတဲ့ စာအုပ်ထဲက ဟာတွေ ကောက်ပြီး ကူးရေးလိုက်တာဘဲ နောက်များကျ မေးကြည့် မသိမသိ ဆိုတာနဲ့ချည်းတိုးနေတာ များတော့ ဖြစ်သင့်တာတွေ ဖြစ်ချင်တာ တွေ ဖြစ်သင့်တာတွေ ဆိုပြီး ဖြောင်းဖျနားချ နဲ့ ဆရာကြီးလေသံတွေ ဖမ်းကြပြန်ရော။ ဘာမှလဲ မယ်မယ်ရရမလုပ် စားလိုက်သောက်လိုက် ရန်လိုက်ဖြစ်လိုက် အုပ်စုဖွဲ့လိုက် နာမည်တွေ အမျိုးမျိုးပေးလိုက်နဲ့ ဘယ်လိုလုပ်လုပ် မညီမညွတ်ဖြစ်နေရင် ဒါကို သိုင်းလောက ခေါ်တယ်။ ဇာတ်လမ်းတွဲတွေ ထဲမှာ မြင်ဘူးတာပါ။သူ့ထက်သူလူစွမ်းကောင်းတွေချည်းဘဲ။


  • psp ကို ဖွင့်ပြီးနောက်တဲ့အခါ setting menu ကို ဘယ်ဘက်အဆုံးအထိ ဆွဲသွားလိုက်ပါ
  • အဲဒီကိုရောက်တဲအခါ အောက်ဘက်ထဲက network setting ကို " X " ခလုတ်နှိပ်ပြီး ရွေးလိုက်ပါ
  • ပြီးတဲ့အခါ Infastructure Mode ကို " X " ထပ်နှိပ်ပေးပါ
  • New Connection ကိုရွေးပြီးတဲ့နောက် " X " ကို ဆက်နှိပ်လိုက်ပါ
  • အဲဒီအခါမှာ connection ချိတ်ဆက်ဖို့အတွက် ရလာမှာဖြစ်ပါတယ်( ၀ိုင်ယာလက် ကော်နက်ရှင်ဖြစ်ရပါမယ်) ပြီးတဲ့အခါ "Scan" ကိုရွေးပြီး ဘယ်ဘက်သွားတဲ့ခလုတ်ကိုနှိပ်တဲ့နောက် PsP က သူ့ အနီးအနားမှာရှိနေတဲ့ ၀ိုင်ယာလက် ကော်နက်ရှင်တွေကို စတင်ရှာဖွေမှာဖြစ်ပါတယ်။
  • PSP အနေနဲ့ ကော်နက်ရှင်တွေရှိမရှိ စစ်ဆေးပြီးတဲ့နောက် ရရှိလာတဲ့ ကော်နက်ရှင်တွေကို ပြသပေးမှာ့ဖြစ်ပါတယ်။ တခုထက်ပိုနေတဲ့အခါ အဲဒီထဲက ကိုနှစ်သက်တဲ့ ကော်နက်ရှင်ကိုရွေးရမှာပါ။ တကယ်လို့ ရရှိလာတဲ့ကော်နက်ရှင်က Password ခံထားရင်တော့သင့်အနေဲ့ အဲဒါကိုသိဖို့လိုမှာဖြစ်ပါတယ်။ နောက်တခုက ရရှိနေတဲ့ ကော်နက်ရှင်က အားကောင်းနေဖို့လိုပါတယ်။
  • တကယ်တမ်းကတော့ သင့်ကိုယ်ပိုင် ၊ ဒါမှမဟုတ် အသိတယောက်ယောက်၊ နောက်တမျိုးက ပတ်စဝေါ့ ခံမထားတဲ့ wifi connection ကိုရထားတာပိုကောင်းပါတယ်။ ဒါမှ အလွယ်တကူချိတ်ဆက်လို့ ရမှာပါ။ ဒါတွေ ကိုပြင်ဆင်ပြီးတဲ့နောက်မှာတော့ " X " ကိုဆက်ပြီး နှိပ်ရပါမယ်။
  • ပြီးတဲ့နောက်မှာတော့ PSP ကနေ ချိတ်ဆက်မိကြောင်း ပြလာတဲ့အခါ ဘယ်ဘက်ခလုတ်ကို နှိပ်ထားရင်း setting ကို save ရပါမယ်။
  • အခုတခါကတော့ ရလာတဲ့ connection ကောင်းမကောင်းကို စစ်ဆေးရပါမယ်။ တကယ်လို့ ပြန်ပြုတ်သွား ရင် နောက်တခါပြန်ပြီး ချိတ်ဆက်ပေးရပါမယ်။
  • Connection ကကောင်းကောင်းချိတ်ဆက်လို့ရသွားတဲ့ အခါမှာတော့ menu ကို သွားပြီး ဘယ်ဘက် ခလုတ် အဆုံးအထိဆွဲပြီး " Network " အဲဒီရောက်ရင် အောက်ကို ဆင်းပြီး internet browser ကို " X " နှိပ်ပြီး ရွေးချယ်ပေးပါ။
  • Browser ပေါ်လာတဲ့အခါမှာ လိပ်စာရိုက်တဲ့ လေးထောင့်နေရာသေးသေးလေးထဲမှာ ကိုသွားလိုတဲ့ လိပ်စာကို ရိုက်ထဲ့ပါ။ ဒါဆို သင့်အနေနဲ့ PSP ကို အသုံးပြုပြီး internet ကို အသုံး ပြုနေနိုင်ပါပြီ။
  • တခုသတိထားရမှာက PSP ကိုအသုံးပြုပြီး ချက်တင် ၀င်ဖို့မသင့်တော်ပါဘူး။ တကယ်လို့ သုံးခဲ့ရင်တော့ ခလုတ်တွေဟာ မကြာခင်မှာဘဲ ပျက်ဆီးကုန်မှာ ဖြစ်ပါတယ်။
  • ပျော်ရွှင်ပါစေ
  • Type the rest of your post here.

sony ရဲ့ Vaio digital living system တခု ကိုတင်ဆက်လိုက်ပါတယ်။ Blue Ray DVD ကိုကောင်းကောင်း ဖွင့် နိုင်တဲ့ အဲဒီစက်ရဲ့ စွမ်းဆောင်ရည်က တော့ ကွန်ပျူတာတလုံးထက်သာပါတယ်။ ဈေးနှုန်းကလဲ အလွန်အမင်း သင့်တော်ကောင်းမွန်ပြီး သင့်အနေနဲ့ အသုံးတဲ့မယ့် ပစ္စည်း ပစ္စရတွေ အစုံအလင်ပါရှိပါတယ်။ စွမ်းဆောင် ရည်နဲ့ပေးရတဲ့ ဈေးကတော့ တကယ့် ကိုအံ့မခန်းပါဘဲ ။ Multi media ကောင်းကောင်း သုံးချင်သူ ရုပ်ရှင်ဝါ သနာ အိုးတွေအတွက်ကတော့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပေါ့။ အခုပြောတဲ့စက် ကလေးကို
Sony Digital Living System with Blu-Ray, DVR and Core 2 Duo လို့ခေါ်ပါတယ်။ ဈေးကတော့ ဒေါ်လာ ၁၀၀၀ နီးပါးတန်ပါတယ်။ သူ့မှာပါဝင်တဲ့လုပ်ဆောင်ချက်တွေနဲ့ တပ်ဆင်ထား တာတွေ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


* Media center PC with Blu-Ray Disc technology and DVR capability
* HDMI and component signals capable of full HD 1080 resolution
* Blu-Ray R and RE burner, Video recording to Blu-Ray Disc media is done in MP2 format only
* Rack style multimedia PC designed for your living room or home theater
* Built-in NTSC and ATSC TV tuners and CableCARD™ support, you can watch and record analog and digital TV directly to the hard drive for on-demand viewing
* Intel® Core™ 2 Duo Processor E6400 running at 2.13GHz with 2MB Advanced Smart Cache
* 500GB 7200 RPM SATA hard drive (250GBx2)
* 2GB DDR2 PC2-5300 667MHz RAM
* 4 USB 2.0 ports (2 in front, 2 in rear)
* 10Base-T/100Base-TX/1000Base-T Ethernet and wireless 802.11 a/b/g networking support
* Sony Sound Reality technology with DSD (Direct Stream Digital) support

အခုပြောတဲ့ ပစ္စည်းလေးကို အခုပေးထားတဲ့လင့်ကနေတဆင့် ၀ယ်ယူနိုင်ပါတယ်။ စိတ်ဝင်စားရင် ပြည်တွင်းကနေ ၀ယ်လို တဲ့ သူများရှိရင် ကျွန်တော့် ကိုမေးပို့ပြီး တဆင့်ဝယ်ယူနိုင်ပါတယ်။ သယ်ယူပို့ဆောင် စားရိတ်နဲ့ ငွေလွှဲခ အဖြစ် ၁၅ ရာခိုင်နှုန်း ရရင်ဝယ်ပေးနိုင်ပါတယ်။




ဓါတ်ပုံကို ကိုသူတော်နှင့် စိုးဇေယျထံမှရယူပါသည်


ဇူလိုင်လ ကိုတော့ရောက်လာခဲ့ပြီ၊ ၁၉ ရက်နေ့လဲ ရောက်လာခဲ့ပြီ၊ သမိုင်းဆိုတာ လူတွေရဲ့ အရေးပါတဲ့ အပြောင်းအလဲနဲ့ မှတ်သားဖွယ်ရာတွေကို မမေ့မ လျော့အောင် ပြုစုထားတဲ့အရာဘဲ၊ ၆၁ နှစ်တိုင်ခဲ့ပါပြီ။ တကယ့်ကိုကြာခဲ့ပါပြီ၊ ဒါပေမယ့် ပြည်သူတွေရဲ့ရင်ထဲမှာ မေ့လို့မရကောင်းတဲ့ မြန်မာ့သမိုင်းရဲ့ ထွန်း ပြောင်တဲ့ အာဇာနည်တွေထဲက၊ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ ကြတဲ့ အာဇာနည်တွေ ထဲက အလင်းလတ်ဆုံးကြယ်တပွင့်ဖြစ်တဲ့ တပ်မ တော်ရဲ့ဖခင်၊ မြန်မာ့ လွတ်လပ်ရေးရဲ့ ဗိသုကာ၊ ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ လွန်ခဲ့တဲ့ နှစ် ၆၀ ကျော် အခုလိုနေ့မှဘဲ လုပ်ကြံခံခဲ့ရတဲ့ မြန်မာတို့ရဲ့ အထိမ်း အမှတ် ထားရာ အာဇာနည်နေ့ကို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မမေ့မလျော့ဘဲ သတိတရ အမှတ်ဂရု ပြုသင့် ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးသွားကြတဲ့ သူရဲကောင်းများ နှင့် မြန်မာ့ လွတ်လပ်တဲ့ အချုပ်အခြာ ကိုအ ရှည်တည်တံ့အောင် စွမ်းဆောင်ရင်း တရား သော စစ်ကိုဆင်နွှဲခဲ့တဲ့ မြန်မာ့ သူရဲကောင်းများအား ယခုကျရောက်သော အာဇာနည်နေ့မှ အမှတ်တရ ဂါရ၀ ပြုလိုက်ပါသည်။

မိုးလေးကမနက်ပိုင်းမှာတော့ ဆွေးဆွေး မြေ့မြေ့ရွာနေသည်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် အခုလိုဇူလိုင်လ ကြီး ၊ ဒီနေ့လိုစနေနေ့၊ ကျွန်တော်နာရီတချက်ကြည့်လိုက်သည်။ ရက်စွဲက လဲ ၁၉ ဇူလိုင်၊ အချိန်ကတော့ ၁၀ နာရီသာသာ၊ အော် - - - ဘာလိုလိုနဲ့ ကျွန်တော်တို့ ရဲ့လွတ်လပ်ရေးဗိသုကာကြီးနဲ့တကွ ၀န်ကြီးတွေ လုပ်ကြံ ခံရတဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်နေ့ ဖြစ်တဲ့ အာဇာနည်နေ့တောင် ရောက်လာပြန်ပြီကော။
ပြီးခဲ့တဲ့ အတိတ်တွေဆီက ပစ္စုပန် လေးကိုလှမ်းမျှော်ကြည့်ရင်၊ တိတိ ကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ ၆၁ နှစ် တင်းတင်းမှာ၊ ဒီလိုအချိန် ၊ ဒီလိုမျိုးရာသီဥတု ဖြစ်နေချိန်၊ ရန်ကုန်မြို့ကြီးထဲမှာ လူတွေ လှုပ်လှုပ်ရှားရှား သွားလာ နေချိန်၊ - - - -၊ အနာဂါတ်မြန်မာနိုင်ငံတော်အတွက် လွတ်လပ်ရေးရရန် လက်တကမ်းအလို၊ - - သူမျှော်လင့်နေသည့် လွတ်လပ်သည့် မြန်မာနိုင်ငံတော်ကြီးအတွက် အစီအမံများကို အားသွန်ခွန်စိုက်ထည့်လုပ် နေချိန်မှာ ဖြစ်ပေါ်နေသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ပီတိတွေ၊ တမဟုတ်ခြင်းပျောက်ပျက်သွားရမယ့် မိနစ်ပိုင်း ကလေး ၊ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ ၁၀နာရီ ၃၅။

ဖုံးမြည်သံကြောင့် ကျွန်တော့် အတွေးတို့ လွင့်စင်ပျောက်ကွယ်ကုန်သွားသည်။ သူငယ်ချင်းတယောက် ရုံးကို လာမည်တဲ့။ စောစောပိုင်းက ရွာသွန်းနေသည့် မိုးက အခုတော့ သူမဟုတ်တော့သည့်နှယ်။ ကျွန်တော်နှင့် ဘာ ညာ၊ ဖိုးသူတော်တို့သုံးယောက် အောက်ကို ဆင်းလာကာ ထမင်းဆိုင်တွင်စောင့်နေသော သူငယ်ချင်းတို့ ထံ ဆင်းလာလိုက်သည်။ တကယ်တော့ ထိုသူများကို ကျွန်တော်သေသေချာချာ မသိသေး၊ အမည်တွေကိုတော့ ကြားဖူးပါသည်။ သူတို့လဲ ကျွန်တော်တို့လို ဘလောက်ရေးသည့် ဘလောက်ဂါများသာ။

ထမင်းစားရင်း ဘာညာကမိတ်ဆက်ပေး၍ ကိုမျိုး နှင့် လွမ်းစေ ဆိုသည့် သူငယ်ချင်းနှစ်ယောက် ကိုခင်မင်မှု ရရှိသွားသည်။ ထိုစဉ် ဘိုဝ( စိုးဇေယျ ) ထံမှ ဖုံးဝင်လာသည်။ အာဇာနည်ကုန်း ကိုသွားမည်တဲ့၊ ကျွန်တော် ရောက်လိမ့် မည်ဟု မမျှော်လင့် ထားသည့် အရာဖြစ်သည်။ ထို့အတူ ကျွန်တော် သွားချင်နေသည့်နေရာ လဲဖြစ်သည်။ ဒီအထိမ်း အမှတ်နေရာကို ကျွန်တော် မရောက်ဖြစ်သည်မှာ ၁၀ နှစ်ကျော်ရှိနေလောက်ပြီ၊ ဒါပေမယ့် ဒီလိုနေ့ရောက်တိုင်း ကျွန်တော် သွားချင်နေသည့်နေရာ ဖြစ်သည်ကတော့ ရွှေတိဂုံ ဘုရားခြေတော်ရင်းက အာဇာနည်တို့ ထာဝရ လဲလျောင်းရာ အာဇာနည်ကုန်း - - -။


နေရောင်ကတော့ ခပ်ပြင်းပြင်းလေး ရှိန်းရှိန်းထအောင်ပူနေသည်။ သို့လော သို့လော နှင့် အာဇာနည်ကုန်းမှာ ပြည်သူလူထု အလေးပြုခွင့်ရမည်မရမည်မှာ သေသေချာချာ မသိရသေး။ ဘိုဝရောက်လာသည်နှင့် သူ၏မနှစ်က အတွေ့အကြုံအရ ဖြစ်သော လုံခြုံရေး အရ အီလက်ထရွန်းနစ်ပစ္စည်းများသည်ဆောင်သွားခွင့်မရှိဟု ပြော လေ ရာ ကျွန်တော်တို့တွင်ပါသောနာရီနှင့် ဖုံးများကို ရုံး၌ သာထားရစ်ခဲ့ရင်း ကားငှားကာ အာဇာနည်ကုန်းရှိရာ သို့ လှမ်းခဲ့ကြလေ၏။ M3 စားသောက်ဆိုင်လောက်မှ စကာ ရွှေဂုံတိုင်လမ်းကို ခတ္တပိတ်ထားသဖြင့် ထိုနေရာမှာ ကားရပ်ရင်း လုံခြုံရေးများအားမေးမြန်းရာ အာဇာနည်ကုန်းသို့ဝင်ရောက်ခွင့်ရရှိခဲ့လေသည်။ လုံခြုံရေးအရ ကျွန်တော်တို့၏ အမည်နှင့် မှတ်ပုံတင်နံပတ်တွေ ကိုစာရင်းပေးသွင်းကြရသည်။ ကျွန်တော့် အမှတ်စဉ်မှာ ၄၇ ။
ဘိုဝနှင့် ကျွန်တော်တို့တွေအပြင် နောက်ထပ် ပြည်သူ ၄ယောက် စုစု ပေါင်း ၁၀ ယောက်သည် အာဇာနည်ကုန်းဝင် ပေါက်သို့ဝင်သည့်အခါ ထပ်မံပြီး စာရင်းပေးသွင်းကြရပြန်သည်။ထို့နောက် လုံခြုံရေး အများအပြား ချထားသည့် အာဇာနည် ဂူဗိမာန် သို့ ကျွန်တော်တို့ ခြင်းနင်းဝင်ရောက်ခဲ့ကြလေသည်။ သတင်းထောက်များကလဲ ဓါတ်ပုံတွေ တဖြတ်ဖြတ် ရိုက်နေသည်။ အာဇာနည် ဂူဗိမာန် ရှေ့တွင် သက်ဆိုင်ရာ အာဇာနည်ကြီးများ၏ မိသားစုများပေးပို့သော လွမ်းသူ့ပန်းခွေများ အစီအရီထောင်ထားသည်။ ဌာနဆိုင်ရာ အချို့၏ လွမ်းသူ့ပန်းခွေများလဲရှိနေသည်။ ကျွန်တော်တို့၁၀ ယောက် အားဂါရ၀ ပြုရန်အတွက် တာဝန်ရှိအရာရှိတယောက်မှ လမ်းညွှန်ပေးသည်။ အသံချဲ့စက်မှ ဂါရ၀ပြုရန်အတွက် တိုင်ပေးသည့်အသံထွက်လာသည်။

၆၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်တွင် အာဇာနည်ကြီးများအား ဂါရ၀ ပြုရန် ရောက်ရှိလာသည့် လုပ်သားပြည်သူ များအား အထူးကျေးဇူးတင်ရှိပါတယ်။ အခုအခါ ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ကြီးများအား အလေးပြုရန်အတွက် - - -

အားလုံး သတိ- - -
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား - -
အလေး - - ပြု
နေ- - မြဲ

မျှော်လင့်ခြင်းတ၀က် - လွမ်းဆွတ်ခြင်းတ၀က်ဖြင့် ပြည့်နှက်နေသော ကျွန်တောတို့ စိတ်သည် အလေးပြုစဉ် ကြက်သိမ်းမွှေးညှင်းများထသွားမတတ်ခံစားခဲ့ရသည်။ - - အော် -- အမိမြန်မာနိုင်ငံအတွက် ကိုယ်ကျိုးမဖက် အသက်စွန့်သွားခဲ့ကြသည့် မရေမတွက်နိုင်သော အာဇာနည်တွေ - - -။

အသံချဲ့စက်မှ ဆက်လက်ထွက်ပေါ်လာသော အသံကြောင့် ကျွန်တောတို့ ပြန်လည်ထွက်ခွာလာခဲ့သည်။

နောက်ထပ်ဂါရ၀ ပြုရန်ရောက်ရှိလာသည့် ပြည်သူများအတွက် ဂါရ၀ ပြုပြီးသူများ ဗိမာန် အတွင်းမှ ဆက်လက် ထွက်ခွာပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။ - -

ကျွန်တော်တို့ အားလုံးကို ထွက်ပေါက်ရောက်သည့် အထိ တာဝန်ရှိသူတဦးမှ လိုက်လံ ပို့ဆောင်ပေးသည်။ လမ်း အချို့အား ပိတ်ထားဆဲဖြစ်သဖြင့် နောက်ထပ်ကားငှားစီးရန် အတွက် ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်သို့ ဆက်ပြီးထွက်လာခဲ့သည်။ ကျွန်တော်တို့နောက်ထပ်သွားရန်နေရာကား ဗိုလ်ချုပ်တို့မိသားစုနေထိုင်ခဲ့ရာ အခု ဗိုလ်ချုပ်ပြတိုက်ဖြစ်နေသည့် ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်။

ကားကတော့ ဗိုလ်ချုပ်ပြတိုက်မရောက်ခင်မှာ ရပ်လိုက်သည်။ တေးသံရှင် ဒေါ်မေလှမြိုင်၏ အာဇာနည်နေ့ ကိုတော့ဖြင့် မမေ့သင့်ပါသလေ ဟူသော သီချင်းသံက နားထဲသို့ ပြန့်လွင့်လာသည်။ တောင်ကုန်း ပေါ်က ဗိုလ်ချုပ်နေထိုင်ရာ အိမ်ကြီးကတော့ ပိုင်ရှင်ကို မျှော်နေသည့်နှယ်။ အရင်အတိတ်တွေ ကိုတွေးကြည့်သည်။ အဲဒီနေ့ က ဗိုလ်ချုပ်က ဒီလှေကားအတိုင်းဆင်းလာမယ်၊ ပြီးတော့ မိသားစုကို နှုတ်ဆက်၊ ကားပေါ်တက်ပြီး တော့ မောင်းထွက်သွား၊ - -- အင်းလေ၊ ဖြစ်ပျက်ပြောင်းလဲနေတာ သဘာဝဘဲ - -။

ဝင်ပေါက်မှာ ကျွန်တော်တို့ အမည်စာရင်းသွင်းပြီးနောက် ပြတိုက်ထဲသို့ ၀င်ကြသည်။ အားလုံး ဖိနပ်ချွတ် ကြရ သည်။ ဒါက မြန်မာ ထုံးစံမဟုတ်ပေဘူးလား၊ အိမ်းအတွင်းပိုင်းသို့ မရောက်တာ ကြာပေမယ့် ကျွန်တော် မြင်ခဲ့ ဘူးသော အရင်ကအတိုင်း ပြင်ဆင်ထားသည်။ သို့သော် အပေါ်ထပ်ကိုတော့ တက်ခွင့်မရတော့၊ ပြီးခဲ့သည့် နာဂစ် မုန်တိုင်းသည် ဗိုလ်ချုပ်၏ အိမ်ကိုလည်း ၀င်ရောက်ခဲ့သည်။ အရာအားလုံးသည် ဖြစ်မြဲတိုင်းသာ။ ပြန်လည်ပြင်ဆင်ထားသည့် အစိတ်အပိုင်းများနှင့် အပျက်အဆီးများကို ဓါတ်ပုံများဖြင့် ပြသထားသည်။ အချိန် အတန်ကြာအောင်ကြည့်ရှု ပြီးနောက် ကျွန်တော်တို့ ပြန်ထွက်လာခဲ့ကြသည်။

နေ့တနေ့တော့ ပြီးဆုံးသွားပြန်ပြီ၊ သမိုင်းနှင့်တကွသော လူ့ယဉ်ကျေးမှု အစိတ်အပိုင်းကြီးသည် ဆက်လက် ရွေ့ လျားနေဆဲ၊ ကြာလာရင် လုပ်ခဲ့သမျှတွေလဲ မေ့ကုန်လုပြီ၊ ဒါပေမယ့် မမေ့သင့်တဲ့ အရာပေါင်းများစွာ ကျွန်တော်တို့ ခေါင်းထဲတွင်စွဲစွဲ ထင်ထင် ကျန်နေရစ်တတ်သေးသည်။ ထိုအရာများထဲမှ အာဇာနည်နေ့ သည် တခုပါဝင်နေ ယုံသာမက မြန်မာ့ သမိုင်းအပြောင်းအလဲ၏ အမည်းစက်ကြီး အဖြစ် ကမ္ဘာတည်သ၍ ဆက်လက် ရှိနေဦးမည်သာ ။

အမှန်တရားထွန်းကားပါစေ။








This is a Batman's newest movie today. Now you can feel it " The Dark Knight" at US . 18 July 2008 today !
here it is the trailer.

Batman began three summers ago - now it's time for him to finish what he started. Bruce Wayne and his alter ego Batman hover on the verge of victory over Gotham City's corruption, thanks to the help of the stalwart Lieutenant Gordon and the capable D.A. Harvey Dent. But then a grinning, horrific specter rises up out of nowhere to thwart Batman at every turn... a devious anarchist who calls himself The Joker. In order to defeat him, Batman will have to explore the darker side of justice and risk becoming more villain than hero himself.



Type the rest of your post here.

ရိုးသွားမှာလဲ စိုးပါတယ်။ ဒါပေမယ့် မကြည့်လိုက်ရမဖြစ်လိုက်အောင်ကြည့်ကြည့်ပြီး ချင်း တင်လိုက်တာပါ။ နာမည်ကသိပ်မထွက် သေးပေမယ့် ကြည့်လို့တကယ်ကောင်းပါတယ်။ ဒီကားရဲ့ နာမည်ကတော့ war games: the dead code ပါ။ ဒါရိုက်တာ Stuart Gillard
ရိုက်ကူးပြီး ၉၅ မိနစ်ကြာတဲ့ ဒီကားလေးဟာ ရုပ်ရှင်အဖြစ် ရိုက်ခဲ့တာဖြစ်ပေမယ့် အခုတော့ DVD အဖြစ်နဲ့သာဖြန့်ချီလိုက်ပါတယ်။ ပထမ ဇတ်ကားဖြစ်တဲ့ ၁၉၈၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ War Games ရုပ်ရှင်ကို ပြန်လည် အခြေ ခံပြီး ၀တ္တုရေး ဆရာ Randall M. Badat နဲ့ Rob Kerchner တို့ က အခုခေတ်နဲ့လျော်ညီအောင်ရေးသား မှုကို ပြန်လည်ရိုက်ကူး ထား တာ ဖြစ်ပြီး တော့ ၁၉၉၆ ခုနှစ်ကတည်း ကစတင်ရိုက်ကူးခဲ့တဲ့ ကားဖြစ်ပြီး တရားဝင် ဖြန့်ချီရန်အတွက်တော့ အခု ဂျူလိုင်လ ၂၉ ရက် ၂၀၀၈ ခု နှစ်လို့ သိရပါတယ်။ ဒါပေမယ့် တလစောပြီး အွန်လိုင်းမှာ ဖြန့်ချီနေတာဖြစ်ပြီး ဒီနေရာတွေမှာ ၀ယ်ယူနိုင်ပါလိမ့်မယ်

ဇာတ်လမ်းကတော့ ကွန်ပျုတာထူးချွန်တဲ့ အထက်တန်းကျောင်းသားလေး Will Farmer( Matt Lanter) ဟာ အိမ်နီးချင်း အာရပ် အဖိုးကြီးတယောက်ရဲ့ ကွန်ပျုတာ ကို ပြင်ဆင်ပေးရာကနေ အဖိုးကြီးရဲ့ ငွေအကောင့်ထဲနေ အွန်လိုင်း ဂိမ်းတခု ကို အလောင်း အစား လုပ်ဆော့ဖြစ်သွားပါတယ်။ ဒါကလဲ သူ့ရဲ့ချစ်သူ .Annie( Amanda Walsh )နဲ့အတူ မွန်ထရီ က စစ်တုရင် ပွဲကို သွားချင်တဲ့အတွက်ဖြစ်ပါတယ်။ ဒီအတွက် သာ သူကစားဖြစ်သွားတာ ဖြစ်ပါတယ်။ တကယ်တော့ သူဝင်ကစားနေတဲ့ ဂိမ်းဟာ အမေရိကန် အစိုးရရဲ့ စူပါကွန်ပျုတာ R.I.P.L.E.Y. ကနေထိမ်းချုပ်ထားတဲ့ ဂိမ်းတခု ဖြစ်ပါတယ်။ အဲဒီကွန်ပျုတာ ဟာ သူ့ ထဲကို ထဲ့ထား တဲ့ အချက်အလက်တွေထဲက သူတွေကို အလိုအလျောက် လိုက်လံ စစ်ဆေးနေကာ လုံခြုံရေးအဆင့် သတ်မှတ်ချက်တွေနဲ့အတူ ရန် သူကို တုန့်ပြန်ပါတယ်။ အဲဒီလို တုန့်ပြန်တဲ့ အခါမှာလဲ လိုအပ်တဲ့လက်နှက်နဲ့ ပစ်မှတ်ကို အလိုလျောက်တွက်ချက်သတ်မှတ် တာဖြစ် ပြီး မည်သူက မှသူ့ ကိုထိန်းကျောင်းမောင်းနှင် နိုင်စွမ်းမရှိပါဘူး။ ဒီစနစ်ကို ချက်ခြင်းပိတ်ဖြစ်ဖို့ရာလဲလုံးဝ မဖြစ်နိုင်ပါဘူး။ Farmer )င်ရောက် အသုံး ပြုလိုက်တဲ့ ဘဏ်အကောင့်ဟာ အကြမ်းဖက်သမားတွေ အသုံးချနေတဲ့အကောင့်ဖြစ်နေတာရယ်။ သူ့အမေက ဓာတုဗေ ဒပညာရှင်ဖြစ်ပြီး လက်ရှိကစားတဲ့အခါ အသုံးချကစားသွားတဲ့ လက်နှက်တွေကလည်း ဓာတုဗေဒဗုံးတွေဖြစ်နေတာ ကို ကွန်ပျုတာက တွက်ချက်တွေ့ရှိပြီးတဲ့နောက်မှာတော့ Farmer ရဲ့အကောင့် ကိုအနိုင်ရလျက်နဲ့အလျော်မပေးဘဲ ပိတ်ချလိုက်ပါတော့တယ်။ နောက်နေ့မနက်ကစလို့ Farmer ကို နိုင်ငံတော်ကွန်ပျုတာ တွေကိုဖော်ထွင်းမှုနဲ့ အပူတပြင်းလိုက်လံရှာဖွေပါတော့တယ်။ ဒီလို ရှာဖွေတဲ့အခါ မှာ လူသားမဆန်တဲ့ စက်ပစ္စည်းနဲ့ လူသားတွေရဲ့ စိတ်နှလုံးသားတွေအကြားဘယ်လို စိတ်လှုပ်ရှားစရာ ကောင်း အောင် တင်ဆက်သွားတယ်ဆိုတာ ကို ရင်သပ်ရှုမောဖွယ်တွေ့ရမှာဖြစ်ပါတယ်။ ကားအစကနေ အဆုံးအထိ တကယ့် ကိုကြည့်လို့ကောင်းပါတယ်။

ဒါကေတော့ နမူနာ ကြည့်တဲ့နေရာပါ။





အေးဂျင့် ၄၇ လို့သာ သူ့ ကိုသူသိတဲ့ လက်ရွေးစင် လူသတ်သမားတယောက်။ မျက်မြင်သတ်သေတယောက်ဖြစ်နေလို့ အသတ်ခိုင်းခံရတဲ့
Nika Boronina၊ နိုင်ငံတကာရဲတပ်ဖွဲ့က စုံထောက်Mike Whittier ။ Mike Whittier လိုက်ရှာပြီး အဓိကဖမ်းချင်နေသူကတော့ အေဂျင့် ၄၇၊ အေးဂျင့် ၄၇ ဆိုတာ တသွေးတသံတမိန့်နဲ့ဘယ်သူ့ကိုမှမညှာတမ်း လက်မတင်လေးသတ်ဖြတ်တတ်တဲ့ အထူးလေ့ကျင့်ထားတဲ့ လူသတ် သမား၊ သူလိုချင်တာက Nika မဟုတ်တော့ဘဲ အမှန်တရားကို ရှာဖွေတဲ့အခါ ဖြစ်ပေါ်လာတဲ့ အရှုပ်အထွေး ပြဿနာတွေ။ အဲဒါ Hit Man

Skip wood ရဲ့ဝတ္တုကို ဒါရိုက်တာ Xavier Gans ကပွဲဦးထွက် ရိုက်ကူးထားတာဖြစ်ပြီး မင်းသား Timothy Olyphant က Die head ထဲကပုံစံ အတိုင်းမဟုတ်တဲ့ အသွင်အပြင်နဲ့ ထူးခြားစွာသရုပ်ဆောင်သွားပါတယ်။ မင်းသမီး Olga Kurylenko ရဲ့ ညှို့အားပြင်းတဲ့ အလှအပတွေနဲ့ အတူ တကားလုံးစိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာမှာ စတင်ဖြန့်ချီခဲ့တာ ဖြစ်လို့ နဲနဲတော့ ကြာနေပါပြီ။ ကျွန်တော်မလေးမှာ မနှစ်က ရုံတင်တင်ချင်းကြည့်ကတည်းက သဘောကျခဲ့တာပါ။ ဒါကြောင့် ပစ်ထားတဲ့ hitman ဂိမ်းတောင် ပြန် ကစားဖြစ်ပါတယ်။ အခုလဲ လွန်ခဲ့တဲ့ အပတ်က လှည်းတန်းက ခွေဆိုင်တဆိုင်မှာတွေ့လို့ အခွေပြန်ဝယ်လာဖြစ်တာနဲ့ မကြည့်ရသေးတဲ့ သူ တွေ ကြည့်ဖြစ်အောင်တင်ပြပေလိုက်တာပါ။ မိသားစု ကြည့်လို့သင့်တော်ပါတယ်။


Type the rest of your post here.



ဒီမိုကြီး- သူ့မွေးနေ့ကိုမလုပ်လို့ တင်းနေတယ်ကြားတယ်။ တကယ်တော့ ဘယ်ဟုတ်လိမ့်မှာတုန်းဟယ်။ နင်က ငါ့ဘလောက်ရီဒါ အမာ ခံကြီး လဲဖြစ်သလို မောင်နှမတွေလိုခင်မင်နေတဲ့ သူငယ်ချင်းတယောက် ၊ ညီမတယောက်လိုလဲဖြစ်တယ်။ ဘာညာနဲ့ဒီမိုဆိုတာ ငါရဲ့ ဘလောက်သမိုင်းမှာ မရှိမဖြစ် ရဲဘော်တွေဘဲ။ဒါနဲ့ ထူးထူးခြားခြားနင်နဲ့ ရက်ကလေးဘဲကွာတဲ့ ရောင်းသူ လေးက မွေးနေ့ရှင် အသိုး လေး အဖြစ် နင်နဲ့တူတူ ဘဲမွေးနေ့ပွဲဆင်နွှဲခဲ့တာပေါ့။ ငါတို့တွေဒီဘက်ခြမ်းမှာ ဘယ်လောက်ဘဲ အလုပ်ရှုပ်ရှုပ်၊ ဘာတွေဘဲ ခက်ခဲနေလဲ မမေ့မ လျော့ဘဲ နင့်ကိုသတိတရနဲ့ရှိနေတယ်ဆိုတာပါ။ နင့်မွေးနေ့မှာ မွေးနေ့ဆုတောင်းမလုပ်ဖြစ်တာ တကယ်တော့နင့်ကိုစကြတာပါ။ ဘာဘဲ ဖြစ်ဖြစ် အခုတော့နင့်ကို မွေးနေ့ဆုတောင်းကြပြီ။

ဒီမိုလေး- အခုမွေးနေ့မှနောင်မွေးနေ့ပေါင်းများစွာကို ချစ်တဲ့သူတွေနဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ။

Type the rest of your post here.


ကျွန်တော့် ကို ဖိုးသူတော်ကလာပြောပါတယ်။ ဘလောက်တခုမှာ ကျွန်တော် ရေးထားတဲ့ ပို့စ်တွေထဲက နာဂစ်နဲ့ပတ်သတ်တဲ့ အကြောင်း တွေကို ရွေးတင်ထားတဲ့ အကြောင်းပြောပါတယ်။ သူပေးတဲ့ လင့် ကိုကျွန်တော်သွားကြည့်တဲ့ အခါ ကျွန်တော်ရေးထားတဲ့ အကြောင်း အရာ တွေကို အနည်းငယ်မျှသာ ပြင်ဆင်ပြီးတင်ထားတာတွေ့ပါတယ်။ အခြားသော ကျွန်တော်လက်မခံနိုင်စရာများ ပြင်ဆင်ရေးသားထား တာမတွေ့ ရပေမယ့် ကျွန်တော့်ထံမှ ကူးယူဖော်ပြထားတာကို ကြေငြာထားခြင်းမရှိပါဘူး။ ဘလောက်ဂါတိုင်းထားရှိရမယ့် စံနှုန်းများအရ မည်သူ့ထံမှ ကူးယူ ဖော်ပြတယ်ဆိုတာကို ဖော်ပြပေးရမှာဖြစ်သလို ရေးသားမှုများမှာ ပါဝင်တဲ့ အချက်အလက်များရဲ့ တာဝန်ရှိမှုအပေါ် မလေးစားရာ ရောက် ပါတယ်။ ဒီအတွက်ကြောင့် ကူးယူဖော်ပြချက်အား ကန့်ကွက်ရန်အကြောင်းမရှိပေမယ့်။ အဆိုပါ ဘလောက်ကိုရေးသား သူကိုလဲမည်သူမည် ၀ါမသိရတဲ့အတွက် အဲဒီဘလောက်မှာ ပါဝင်တဲ့ အချက်အလက်များအပေါ် ကျွန်တော်နှင့်မည်သို့မျှ သက်ဆိုင်ပတ်သက်ခြင်းမရှိကြောင်း ကြေ ငြာ အပ်ပါတယ်။

လင့်ကတော့ ygn-nargis.site88.net/wordpress ဖြစ်ပါတယ်။

အခုတလောတော့ သေသေချာချာ မသုံး ဖြစ်တဲ့ facebook ကို အားတိုင်းရှိသုံးနေမိတယ်။ အဲဒီမှာရှိတဲ့ သူငယ်ချင်းများ ဘာတွေလုပ်လို့ ကောင်းတယ် သုံးလို့ အဆင်ပြေတယ်ဆိုတာတွေ ကိုပြောကြဦးနော်။ ၀ါတွင်းသုံးလ လုံး မှော်ချောင်းဘုရားထီးပြန်တင်ဖို့ ကုသိုလ်လေးတွေလုပ် ဦးမယ်။ ကျွန်တော်လဲ ဒီကနေ့ကစ ပြီး အပစ်အခတ် ရပ်စဲပါတယ်။ တိုက်ပွဲတွေ မရှိတော့ပါဘူး။ ဂိမ်းဘဲ ပြန်ကစားတော့မယ်။ အိမ်မှာနေလိုက် ခွေကြည့်လိုက်နဲ့ အချိန်ကုန်နေတယ်။ အွန်လိုင်းတောင် သိပ်မတက်ဖြစ်ဘူး။ ဟူး - - -


ကျွန်တော်တို့ အလှူတွေလိုက်လုပ်ပေးနေကြလဲ ဘာဘဲဖြစ်ဖြစ် သမိုင်းမှာ တွင်ကျန်လောက်အောင်တော့ ဘာမှမလုပ်ခဲ့ကြပါဘူး၊ ကျွန်တော် တို့တွေ ကဘွဲ့ထူး ဂုဏ်ထူးတွေ သူကောင်းပြုခံရဖို့တွေလုပ်နေကြတာမဟုတ်ပေမယ့် အများကုသိုလ်နဲ့တော့ ဒီမုန်တိုင်းကြီးကြောင့် ပျက် ဆီး သွားတဲ့ သာသနိက အဆောက်အဦး အများအပြားထဲက ဘိုကလေး အပိုင် မှော်ချောင်းရွာမှာ ရှိတဲ့ ရွာဦးကျောင်းက ဘုရား ကိုပြန်လည်မွမ်း မံ ထီးတော်တင်လှူဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဥာဏ်တော် ၂၁ တောင်ရှိတဲ့ စေတီရဲ့ ထီးတော်ဟာ ပြန်လည် အသုံး ပြုမရအောင်ပျက်ဆီးသွားခဲ့ ပါတယ်။ ထီးတော်က တော့ လဲ ၂၃ လက်မ ရှိတဲ့ ထီးတော်ဖြစ်ပါတယ်။ ကာလပေါက်ဈေး သုံး သိန်းလောက်ရှိပါမယ်။ အဲဒါကိုတော့ ကျွန်တော် ကဘဲ လှူဒါန်းဖို့ ဆုံးဖြတ်ထားပါတယ်။ ကျန်တဲ့ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူတာ၊ ရင်ပြင်တော်ပြန်လည်ပြုပြင်၊ ထောင့်တွေမှာ ရှိတဲ့ ဆင်းတုတော်တွေ၊ အရံစေတီ ၇ ဆူရဲ့ထီးတော်၊ တံခွန်တိုင်တလုံး၊ ဘုန်းတော်ကြီးမဟာရံတံတိုင်းနဲ့ နတ်လမ်းတွေ၊ ဘုရားမီးရရှိရေး၊ အပြင် ဘုရား ကျောင်းကန် ဆိုတဲ့ ဆိုရိုးအတိုင်း ဘုန်းတော်ကြီးကျောင်းရှိတဲ့ အဲဒီစေတီနားမှာ ရေကန်လေးလဲရှိပါတယ်၊ အဲဒါလေးကိုလဲ ပြန်လည် ပြုပြင်ပြီး နဂါးရုံဘုရားသော်၎င်း၊ ရှင်ဥပက္တ ကိုယ်တော်သော်၎င်း တည်ထားပါမယ်။ စေတီအနီးမှာ သက်တမ်း ၅၀ ကျော်လောက်ရှိတဲ့ ဗောဓိ ညောင်ပင်ရှိပါတယ်။ ညောင်ပင်ကြီးကိုလဲ အုတ်ပလ္တင်ခံပြီး ညောင်ရေသွန်းပွဲ လုပ်တဲ့အခါ ပိုမို အဆင်ပြေအောင် ပြုပြင်ပါမယ်။ ကုန်ကျနိုင်တဲ့ စားရိတ်တွေကို ခန့်မှန်းတဲ့ အခါ သိန်း ၁၂၀ - ၄၀ ကြားလောက်ကျသင့်မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သွားရလာရခက်ခဲ တဲ့အတွက် ဆောက်လုပ်ရေး ပစ္စည်းတွေသယ်ပို့တဲ့နေရာမှာ ခက်ခဲသလို လက်သမား ပန်းရံဆရာတွေကအစ လနဲ့ချီပြီး အဲဒီမှာ သွားရောက်နေထိုင် လုပ် ကိုင်ကြရမှာဖြစ်ပါတယ်။ အဲဒီလို လိုအပ်တဲ့ အလှူငွေတွေ ရရှိမှ စလုပ်မယ်ဆိုရင်တော့ ကြာသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ရသလောက် ကောက် ခံလို့ရလာတဲ့အလျောက် အနည်းငယ်ကနေ တဖြည်းဖြည်း ပြင်ဆင်လုပ်ကိုင်သွားရင် ကောင်းမှာဖြစ်ပါတယ်။ အလှူရှင်တွေ ရဲ့ အမည် တွေကို လဲ ကျောက်စာ မှာရေးထိုးပေးမှာ ဖြစ်ပါတယ်။ အခု ကောင်းမှုဟာ နာဂစ်ဒဏ်ကြောင့် ကြွေလွင့်သွားရှာတဲ့ လူပေါင်း တသိန်းကျော် ကို ရည်စူးပြီး ဆောင်ရွက်လှူဒါန်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် တက်အားသလောက် မိမိ စေတနာရှိတဲ့အလျောက် ပါဝင်ကုသိုလ်ယူကြစေချင်ပါတယ်။ လာမယ့် ဒီဇင်ဘာလောက်မှာ အားလုံး ပြီးစီးအောင်တည်ဆောင်ပေးနိုင်လိမ့်မယ်လို့လဲမျှော်လင့် ပါတယ်။ ပါဝင်ကုသိုလ်ယူကြတဲ့ မိတ်ဆွေတွေနဲ့တပျော်တပါး ထီးတင်ပွဲနဲ့ ပွဲခံပြီး အောင်မြင်အောင်မြန်မာဆန်ဆန် ကျွေးမွေး လှူဒါန်း ချင်ကြပါတယ်။ အခု အချိန်ကစပြီး ပါဝင်ကုသိုလ် ယူနိုင်ကြပါပြီ။

ဆက်သွယ်ရန်
ဘလာဂေါက် zzml33@gmail.com
ဘာညာ htaike2aung@gmail.com
ပေါက်ကရ yeaungthu@gmail.com
ကိုဝေ wai1985@gmail.com


Type the rest of your post here.
မိုးကာလကားတဖြေးဖြေး ၀င်ရောက်လာပြီ။ ဒီလတော့ ရှေ့တန်းစခန်းတွင် တိုက်ပွဲပေါင်းများစွာကို အောင်မြင်စွာ တိုက်ခဲ့ပြီးပြီ၊ တိုက်ပွဲ ကြီး ၄ ပွဲ၊ တိုက်ပွဲငယ် များ စွာ နှင့် အနီးကပ်တိုက်ပွဲများ ဆက်တိုက် တိုက်လာသဖြင့် တပ်လဲပန်းနေပြီ။ လက်နက်နှင့် စားရေရိက္ခာလဲ အားနည်းလာသဖြင့် ရှေ့တန်းမှ မိခင်တပ်ရင်း သို့ ပြန် ရောက်လာသော်လည်း ကင်းလှည့်ရင်း ရှောင်တခင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ရာသီဥတုကလဲ အားကစားသမားများ အကြိုက်။ အခု ပြန်ရောက် လာသောရှေ့တန်း စခန်းသည် ဘလောင်ဘလက်တောင်ကြားနယ်မြေရှိ လှည်းတန်းလန်း အရပ်တွင်ဖြစ်သည်။ ညဘက်တွင် အစားအသောက် ခက်ခဲ ၍ ကျိတ်ပုန်း တိုက်ပွဲများကို အကြီးအကျယ်တိုက်လိုက်ရသည်။ အခုလဲ ကင်းလှည့်ရင်း ရန်သူတော် ဘလောက်ဂါမြို့ခို ကိုရင်တက်စလာ ကြီးအား သွားတွေ့သဖြင့် စမ်းချောင်း တောင်တန်းပေါ်ရှိ ၀က်မှီးတောင်ကုန်းတွင် ညနေ တိုက်ပွဲစမည်ဖြစ်သည်။ ထိုနေရာသို့ တပ်များမကြာခင်ရောက်လာရန် အပူတပြင်း စီစဉ်နေရသည်။ လက်ဖြောင့်တပ်မှ ကိုမျက်စေ့၊ စက်သေနတ်သူတော်၊ လူငယ်တပ်ရင်းမှ နန္ဒ၊ တကိုယ်တော်တပ်ဖွဲမှ ကိုကြီးကျော်၊ နှင့် အခြား လက်လှမ်း မှီရာ တပ်များအား စုရုံးနေရသည်။ တိုက်ပွဲက ပြင်းထန်မည်ဖြစ်သည်။ ဖန်ခွက်တိုက်သံတခွပ်ခွပ်နှင့် လေသေနတ် တဖောင်းဖောင်း ပစ်ခတ်ကြမည်။ အခက်မသင့်က ကာရာ အိုကေ တွေ ကလပ်တွေပါ ထုတ်သုံး ကုန်မှစိုး ရိမ်ရသည်။ သို့သော် အားလုံးတွင် လက်နှက်အင်အားနည်းနေသည်။ ဘယ်လိုဖြစ်ဖြစ် တိုက်ပွဲဖြစ်ပွား ရာကို လာရောက်နိုင်သည်။ ပူးပေါင်း ပါဝင်ကြပါ။
အမိန့်မရ
ပိုမူးကြီး  ဘလာဂေါက်
အနီတဖက်
အနက်တဖက်
အဲဒီဖိနပ် စီးခဲ့ဘူးတယ်။

အနီတခွက်
အနက်တခွက်
အဲဒီအရက် သောက်ခဲ့ဘူးတယ်။

အနီတခါ
အနက်တခါ
အဲဒီ အတွေး ၀င်ခဲ့ဘူးတယ်။

အနီတ၀က်
အနက်တ၀က်
အဲဒီ အ၀တ် ဆင်ခဲ့ဘူးတယ်။

အနီတခြမ်း
အနက်တခြမ်း
အဲဒီအလှ ခံစားဘူးတယ်။

အနီတခါ
အနက်တခါ
အဲဒီအချစ် ရင်ခုန်ဘူးတယ်။

အနီအတွေး
အနက်နဲ့ရေး
ကဗျာလေးလဲ ရေးခဲ့ဘူးတယ်။

ချစ်လေး နဲ့ဆို အတွေးပို
ရင်ခုန်အိပ်မက်
မက်ခဲ့ဦးမယ်။ ။

ဂျော်နီလမ်းလျောက်

အနီတတောင့် စာလောက် ရစ်မူး

ရေခဲတုံးလိုအဖြစ်အပျက်တွေကို

ရောမွှေပြီး မျောချ

ငါတို့ညတွေ ဆက်လက်ပြီး ရှည်လျားနေဆဲ။

မရေရာခြင်းများနဲ့

မသေချာခြင်းများကို ရည်မှန်းဦးခိုက်

ခွက်တိုက်ပြီး ဆုတောင်း

အဟောင်းတွေကို အမြည်းလုပ်စား

အသုတ်စုံ များဖြစ်သွားလေမလား

မြေပဲစေ့က ပန်းကန်ထဲမှာ ပိုးလိုးပက်လက်။

နေရောင်ကင်းတဲ့အချိန်

ကြယ်ရောင်လင်းဖို့ အတွက်ဆို

တိမ်တွေကင်းတောင်

မဲမဲမှောင်နေတတ်ဖို့လို

မဲတဲ့ထဲမှာ မိုက်နေမှ အကြည့်လေးပါးနဲ့

တွေဝေမှုန်ဝါး အိပ်ပျော်တုန်းမှာ မနားတဲ့စိတ်။

Work, Wife, Whisky

အဲဒါကိုဘဲ www ခေါ်တယ်ထင်တာ

အင်တာနက်နဲ့နှစ်ပါးသွား

မြင်မြင်သမျှ တော့မှတ်မထားပါဘူး

မြင်နေသ၍တော့ မှတ်သားမိတယ်

ဆင်ခြေများတဲ့ ဘ၀မဟုတ်ဘူးလား။

ကဗျာရေးချင်လို့

ကပျက်ကချော်လုပ်တာမဟုတ်ဘူး

ကပြောင်းကပြန်ဖြစ်နေတတ်တဲ့

ကပြစ်ကညစ်အတွေးတွေကို

ကခုန်မြူးကြွ

ကမ္လာတခုလုံး လျှံကျ အတွေးတွေတစနှစ်စနဲ့။ ။

ဒီကားလေးကို ကြည့်ပြီးတာကြာပေမယ့် မကြာခဏသတိရလေ့ရှိခဲ့တယ်။ ဘာလို့လဲ ဆိုတော့ ဇာတ်လမ်း ကလေးက ရိုးရှင်းပြီး တကယ့်ကိုကြည့်ကောင်းလို့ပါ။ ဒီကားလေးက အခုနှစ်အစောပိုင်းမှာ တရုတ်ပြည်မှပထမဆုံး ပြသခဲ့ တာဖြစ်ပြီး ၀င်ငွေအတန်ငယ်ကောင်းခဲ့ပါတယ်။ ဇာတ်လမ်းကြောရိုးလေးကတော့ ဒီလိုပါ။
ရိုးလဲရိုးသား အလုပ်ကြိုးစားတဲ့ မုဆိုးဖို Chow Ti( Stephen Chow ) မှာ သားလေးတယောက်ရှိပါတယ်။ သူ့သားလေးကို သူ့လို ပညာ မတတ်တဲ့အခါ ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက်ရမှာဆိုးလို့ အပင်ပန်းခံပြီး ကျောင်းကောင်းကောင်းမှာ ပညာသင်စေခဲ့ပါတယ်။ သူကို တိုင်ကတော့ နေ့ညမနားတမ်းအလုပ်တွေလုပ်ပြီး သူ့သားလေး Dicky( Xi Jiao ) ကိုမပင်မပန်းကျောင်းတက်စေခဲ့ပါတယ်။ ဒါပေမယ့် ဆင်း ရဲလှပြီး ကျောင်းလခကိုတောင် အတော်ရှာနေရတဲ့အတွက် အ၀တ်အစားကအစ အဖက်ဖက်မှာမပြည့်စုံတဲ့ Dicky ကတော့ ကျောင်းမှာ အမြဲ တမ်း သူများအထင်အမြင်သေးတာကိုခံရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် Dicky တို့သားအဖကိုစာနာပေးတဲ့ ကျောင်းကဆရာမလေး Mis.Yean ကတော့ရှိနေခဲ့ပါတယ်။ ဖခင်လုပ်သူက လမ်းကနေကောက်လာတဲ့ ဖိနပ်လေးတွေကို သာစီးနေ ရတဲ့ Dicky လေးမှာ ဆော့ကစားစရာ အရုပ်ဆိုတာမရှိခဲ့ပါဘူး။ တရက်မှာတော့ ကျောင်းနေဖက်သူငယ်ချင်းတယောက်ယူလာတဲ့ CJ-1 လို့ ခေါ်တဲ့ ခွေးစက်ရုပ်လေးကို Dicky လေးက စွဲလမ်းသွားမိပါတယ်။ ဒါနဲ့သူ့အဖေကိုပူဆာခဲ့ပါတယ်။ တညမှာတော့ အမှိုက်ပုံထဲမှာ ဖိနပ် လာကောက်တဲ့ Chow Ti ဟာ အစိမ်းရောင် ဘောလုံးတလုံးကို ရရှိခဲ့ပါတယ်။ အဲဒီဘောလုံးကလေးဟာ တကယ်တော့ ပုံစံဖျောက်ထားတဲ့ ပန်းကံပြားပြံတခုပေါ်က ကျကျန်ရစ်ခဲ့တာပါ။ အဲဒီဘောလုံးကလေးကို သူ့သားလေး ဆော့ဖို့လက်ဆောင်အဖြစ် ယူလာကာရနေ ဇာတ်လမ်းစပါတော့တယ်။ အဲဒါလေးကဘယ်လိုမျိုးသူတို့သားအဖကို ကောင်းကျိုး ဆိုးကျိုးလေး တွေပေးခဲ့တယ်ဆိုတာ ဆက်လက်ရှုစားကြည့်ပါ။ အချစ်- အလွမ်း၊ အပျော်- အငို ရသစုံမျှတအောင် ရိုက်ကူးထားတဲ့ ဒီကားလေးက မိသားစု ကြည့်လို့ သင့်တော့ ပြီး ပြသချိန်တစ်နာရီခွဲ ကြာပါတယ်။ Stephen Chow ကိုယ်တိုင်ရေးသား ပြီး ထုတ်လုပ်ကာ ဒါရိုက်တာအဖြစ်လဲ သူကိုယ်တိုင်ဖြစ်ပါတယ်။ သူ့ရဲ့ ဆိုဒ်ကတော့ ဒီမှာကြည့်ပါ။ ဒါနဲ့ဇာတ်ကားထဲကမင်းသမီးကချောတဲ့အတွက် ပုံလေးတခုတင် ပေးလိုက် ပါတယ်။ ကျွန်တော်ညံ့လို့လားတော့မသိဘူး သူ့ရဲ့ ၀က်ဆိုဒ်ကိုတော့ ရှာမတွေ့ပါဘူး၊ သိတဲ့သူရှိလဲပြောကြပါဦး၊ ဒီတပတ်တော့ ဒီကားလေး ကိုရွေးချယ်ပေးလိုက်ပါတယ်။ နှစ်သက်မယ်လို့ ထင်ပါတယ်။

Type the rest of your post here.
လာမည့် တရုတ်ပြည်ဘေကျင်း အိုလံပစ်ပွဲတော် အကြောင်းများအား ဘလောက်ဂင်းမလုပ်ရန် တားမြစ်သော ကြေငြာချက်များ အင်တာနက်ပေါ်တွင် ကျွန်တော်တွေ့လိုက်ရပါသည်။ နိုင်ငံတကာ အိုလံပစ်ကောင်စီမှ ထုတ် ပြန်သည်ဟု တွေ့ရသည်။ ထို အချက်အလက်သည် မှားယွင်းနေသလား မှန်ကန်မှုရှိသလားစဉ်းစားစရာ ဖြစ်လာ ခဲ့သည်။ တကယ်ဆို ဘလောက်သည့် အကြောင်းအချက်အလက်များသည် စုံလင်လှသည်။ ထိုအချက်အလက် များအား စာနယ်ဇင်းများအဖြစ် အသိအမှတ်မပြု၍ ဘလောက်ဂင်းလုပ်ခြင်းအား တားမြစ်သည်ဟုလဲ ပါရှိသည်။ အိုလံပစ်နှင့်ပတ်သတ်သော ဓါတ်ပုံ၊ ဗွီဒီယိုနှင့် သတင်းအချက်အလက်များအား လုံးဝဘလောက်ဂင်း မလုပ်ရန် လဲပါရှိသည်။ မည်သည့်အချက်သည် မည်သည့် ဥပဒေများဖြင့် ငြိစွန်းသည်ဟုလည်း ဖော်ပြထားပြန်သည်။ အဆို ပါကြေငြာချက်သည် အခြေခံကျကျ တွေးတောမည်ဆိုပါက လူ့အခွင့်အရေးအား သိသိသာသာချိုးဖောက်ထား ခြင်းသာဖြစ်သလို လွတ်လပ်စွာရေးသားဖော်ပြနိုင်ရမည်ဆိုသော ခြေခံလူ့အခွင့်အရေးအား ထိပါးခြင်းသာ ဖြစ်ပါ သည်။ ဘလောက်များသည် အင်တာနက်ကို လူအများ စိတ်ဝင်တစား အသုံးပြုလာခြင်းနှင့်အတူ ပေါ်ထွက်လာ သော နည်းပညာ အသုံးပြု လူထုဆက်သွယ်ရေး အစိတ်အပိုင်းတခုသာဖြစ်သည်။ ဘလောက်များသည် သတင်း များအားဖော်ပြနေသော သတင်းဌာနာများ မဟုတ်သလို နိုင်ငံရေးအကြောင်းများသာ ရေးသားနေသည့် နိုင်ငံရေး အခြေခံ အသုံးချ ပစ္စည်းတခုလဲ မဟုတ်ပါ

အသုံးပြုသည့် ပေါ်ကို မူတည်ကာ လိုက်လျောညီထွေပျောင်း လဲနိုင်သော အစွမ်းရှိနေသလို မြန်ဆန်သည့် အချက်အလက်ဖော်ပြနိုင်မှုက လည်း ဘလောက်များ၏အားသာ ချက်တခုအဖြစ် တည်ရှိနေသည်။ ထို့ကြောင့်ဘလောက်များအား စာနယ်ဇင်း ဆိုင်ရာ ရှုထောင့်တခုတည်းက တည်ကာ ကြည့်ရှု၍မဖြစ်နိုင်ပါ။ စာနယ်ဇင်းသမားတိုင်းသည် ဘလောက်ဂါများဖြစ်လာ နိုင်ပေမယ့် ဘလောက်ဂါတိုင်းကတော့စာနယ်ဇင်းသမားတွေချည်း ဖြစ်မနေပါ။ ထိုအချက်သည် အရေးအရာ အဖြစ် ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ သို့သော် ဘလောက်များအား လက်နှက်တခု သဖွယ် အသုံး ပြုလာ ကြရာတွင် ငါးခုံးမတစ်ကောင်ကြောင့် တလှေလုံးပုတ်သည့်အနေ အထားကိုရောက်ရှိလာပါသည်။ ဘလောက်မျာ သည် အဘယ်ကြောင့် အင်တာနက် ဒုတိယခေတ်၏ရှေ့ဆောင်အနေ အထားအား ဦးတည်ရောက်ရှိနေသလဲ ဆိုသည့် အချက်ကို အတော်များများက သဘောမပေါက်ဘဲရှိနေဆဲဖြစ် ပါသည်။ လွတ်လပ်စွာရေးသား နိုင်ကြ သလို အချက်အလက်များအား လက်လွတ်စပါယ် တင်နိုင်ကြခြင်းကလဲ အခြားတဖက်ခြမ်း၏ ကြောက်ရွံ့ဖွယ် အနေအထားဖြစ်နေသည်။ တကယ်တော့ ထိုသို့ရေးသားခြင်းများကလဲ စာဖတ်သူများအား သူ၏ ပုရိတ်သတ် အဖြစ် ကြာရှည်စွာ ဖမ်းစားထားနိုင်သည်။ ထိုအချက်သည် ဘလောက်က ၀က်ဆိုဒ်တွေကို ကျော်တက်သွားသည့် အချက်ဖြစ်နေသည်။ ဘလောက်၏အသက်သည် တင်ဆက်သည့်အချက်အလက်သွတ်လက်မှုကို များစွာမူတည် သည် အချက်အလက်များ မှန်ကန်ခြင်း မှားယွင်းခြင်းသည် စာဖတ်သူကခွဲခြားရမည့် အလုပ်သဖွယ်ဖြစ်နေသည်။ ဒီအကြောင်းအရာ၏ မှန်ကန်မှုသည် ပကတိအခြေအနေတွင်ဖြစ်နေသော စာဖတ်သူ၏ ဆန္ဒသာ ဆုံးဖြတ်ရမည့် သဘောဖြစ်သွားသည်။ လွတ်လပ်စွာတွေးတော ဆင်ခြင်နိုင်စေခြင်းဖြင့် ဘလောက်၏ ခိုင်မာမှုကို တည်ဆောက် ထားကြသည်။ သတင်းဌာနများ၏ အချက်အလက်များသည် များစွာတိကျသည်ဟု မဆိုသာသည့်တိုင် မှန်ကန် လောက်သည့် အကြောင်းပြချက်များ ကိုထို ဌာနများ၏ ရပ်တည်မှုဖြင့် ထိန်းထားကြသည်။ ဒါကြောင့် ဘလောက်များ အား စာနယ်ဇင်းအဖြစ်မရှုမြင်နိုင်ဖြစ်နေကြသည်သာ။ တကယ်တမ်းလဲ ရှုမြင်နိုင်စရာ အကြောင်း ပြချက် တိတ်ကျကျ ထားရှိထားခြင်းလဲမရှိပါ။ ဘက်စုံကနေဖြစ်ပျက်နေတာတွေကို အလွယ်တကူ ဖြန့်ချီနိုင်သော ဖျော်ဖြေရေးသက်သက် အဖြစ်မြင်ထားလဲ ဘလောက်များမှာ များစွာ ဂုဏ်ငယ်စရာ မရှိဟု ထင်ပါသည်။ ဘလောက်၏ အခြေခံ အကျဆုံးအချက်မှာ လူတိုင်းပါဝင်ရေးသားနိုင်ခြင်းဖြစ်သည်။ အင်တာနက်သည် လောက တခုဟုဆိုလျှင် ဘလောက်များသည် ထိုလောကတွင်ရှင်သန်နေထိုင်နေသော သူတဦးတယောက်သာ ဖြစ်ပါသည်။ ဘလောက်သည်လက်နှက်တခုမဟုတ်ပါ။ ဘလောက်အားလက်နှက်အဖြစ် မြင်သူများ၏ စိုးရွံ့မှု သာ ဖြစ်ပါသည်။ ဘလောက်များအားသဘောကျနှစ်ချိုက်သူများသည် အများဆုံးအနေဖြင့် အခြေခံလူတန်းစား များသာ ဖြစ်ကာ ထိုအရာသည်ကမ္ဘာကြီးတွင် အတန်းအစားနှစ် ခု အား ပြိုင်လာမည့် အနေအထားဖြစ်လာနိုင်စရာရှိပါသည်။ ဘလောက်များ၏ ကျယ်ပြန့်မှုကို တိုင်းတာ ကြည့်မည်ဆိုပါက နယ်ပယ်များစွာတွင် နေရာယူလာသည်ကိုမြင်တွေ့နိုင်ပါသည်။ ဆင်းရဲသားလဲ ဘလောက်နိုင်ပါသည် ၊ လူချမ်းသာလဲ ဘလောက်နိုင်ပါသည်။ အင်တာနက်ဆိုသည်မှာ အရာအား လုံးကို တပြေး ညီပေးစွမ်းနိုင်သော နေရာတခုဖြစ်သည်။ ကမ္ဘာကြီးက ဒီနေရာမှာတော့ တကယ်ပြားသည်။ သို့သော် ထို အပြားသည် တည်ငြိမ်နိုင်စွမ်းမရှိပါ။ သဘာဝ အရ လှုပ်ရှားနေမည်တော့ဖြစ်သည်။ ထို့ကြောင့် အတက်အကျ ၊ အတိုက်အခံ၊ အမှန်အကန် နှင့် ကွဲလွဲမှုများ တော့ အမြဲရှင်သန်နေဦးမည်ဖြစ်သည်။ ထိုအတွက်ကြောင့် တရုတ် အိုလံပစ်တွင် ဘလောက်ခြင်းကို တားမြင့်ခြင်းသည် ကမ္ဘာ တလွှားရှိ ဘလောက်ဂါများ၏ လွတ်လပ်မှုအား စော် ကားရာရောက်ပါသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်ပြည်တွင်ကျင်းပသော ပွဲဖြစ်သဖြင့် တရုတ်လူမျိုးများ ကလဲ မိမိ နိုင်ငံသားယှဉ်ပြိုင်သူများအား အားပေးကြမည်ဖြစ်သည်။ အခြားသောနိုင်ငံမှကစားသမားများလဲ ပါဝင်ကြမည်ဖြစ်ကာ ၊ ထိုသူတဦးတယောက် အသင်းအဖွဲ့ စဖြင့် အောင်မြင်မှုများကိုလဲ သတင်းဌာနများနည်းတူ ဘလောက်ရေးသောသူများကလဲ မိမိ ဘလောက်များတွင် အမှတ် တရအဖြစ်တင်ချင်နိုင်သလို ၊ အကြောင်း အချက်တခုခု ဖြင့်လဲဖော်ပြလိုပါမည်။ ၄င်းသည် ဖြစ်နိုင်ချေ အများဆုံးသော ထင်မြင်ချက်ဖြစ်ပါသည်။ အခုတားမြင့်ချက်သည် လူတဦးတယောက်ခြင်း၏ စိတ်ခံစားချက် ကိုပါ ထိခိုက်သောလုပ်ဆောင်ချက်သာမက ထိုသူများ၏ ပျော်ရွှင် လွတ်လပ်မှုကိုလဲ ထိန်းကွတ်ရာရောက်ပါသည်။ သူတို့၏ ချစ်သူခင်သူများ၏ အောင်မြင်မှုကို ကမ္ဘာကို တင်ပြလိုသော ကိုယ်ပိုင်ခံစားချက်များအား မသိကျိုး ကြွံ ပြုရာရောက်ပါသည်။ တရုတ်အစိုးရအနေဖြင့် ဘလောက်များအား ကနဦးတားမြင့်ခဲ့ဘူးသော တိုင်းပြည်တခု ဖြစ်သလို ဘလောက်ဂါများအား မှတ်ပုံတင်ခိုင်းထားသော နိုင်ငံဖြစ်ပါသည်။ ထိုအရေးသည် တရုတ်ပြည်၏ ပြည်တွင်းရေးအဖြစ်ရှုမြင်စေဦးတော့ ၊ တရုတ်ကတောင်းဆိုသည်ထားဦး အနောက်နိုင်ငံများနှင့် ကမ္ဘာ့ နိုင်ငံများ များစွာပါဝင်သော အိုလံပစ်ကောင်စီအနေဖြင့် ဘလောက်များအား ရေးသားခြင်းအားတားမြင့်ချက်ကို အတည် ပြုပေးခြင်းသည် လူ့အခွင့်အရေးစံများကို မျက်နှာလိုမျက်နှာရ ဘက်လိုက်ပြီး ချိုးဖောက်ရာ ကျပါသည်။ ပညာ ရေးနယ်ပယ် ၊ စီးပွားရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ် စသဖြင့် ကျယ်ပြန့်စွာ အသုံးဝင်တဲ့ ဘလောက်တွေကို အခု လိုပိတ်ပင်ခြင်းသည် တဖက်သတ် အမြင်တခုတည်းနှင့် တကိုယ်ရေ အကျိုးစီးပွား ၊ တနိုင်ငံအနေအထားကို အလေး သာ လိုက်ခြင်းဖြစ်ပါသည်။ အထက်ကဆိုသလို အိုလံပစ်ရေးသော ဘလောက်ဂါများပေါ်ထွက်လာပါမည်။ ထိုသူများသည် အကောင်းအဆိုး ဒွန်တွဲရေးကြပါမည်။ သို့သော် ဘလောက်ဂါတိုင်း အိုလံပစ်အကြောင်း ရေးသားမည်ဆိုလျှင် အမြင်သေးသိမ်ရာရောက်ပါသည်။ ဘလောက်ဂါ တိုင်းကလဲ ထိုကြေငြာချက်ကို လိုက်လံအတည်ပြုလျှင်တော့ ဘလောက်ဂင်းလောက အတွင်းသို အာဏာ ရှင်များ ၏တန်ခိုး ပါဝါများအား သွတ်သွင်းပေးလိုက်သည်သာ ဖြစ်စေပါမည်။ ဘလောက်ဂင်းလောက ကိုဖုတ် သွင်း သင်းဂြိုလ် ရာလဲရောက်သွားပါမည်။ အတိုက်အခံ ပြုလုပ်ရန် မဟုတ်ပေမယ့် လိုက်နာရန် လိုအပ်သော စည်းကမ်းဥပဒေအဖြစ်တော့ မထင်မြင်မိကြောင်းပြောလိုပါသည်။ ဘလောက်သည် သတင်းဌာန မဟုတ်ပါ ပြည်သူတွေ၏ မျက်စိ ဖြစ်ပါသည်။ ဘလောက်သည် ဖျော်ဖြေရေးသက်သက်မဟုတ်ပါ စာကြည့်တိုက်လဲ ဖြစ် ပါသည်။ ဘလောက်သည်တကယ်တော့ ကြိုးတချောင်းဖြစ်ပုံရပါသည်။ လျော့တော့လဲပတ် တင်းတော့လဲ ပြတ်သွားနိုင်သည့် အနေအထားတွင် ရှိပါသည်။ သို့ပါသော်လည်း မိမိရေးသား ချက်များကို တာဝန်ယူတတ်ရ မည်ကတော့ ဘလောက်ဂါတိုင်းထားရှိ ရမည့် သိက္ခာတရပ်အဖြစ်ရှိနေပါဦးမည်။