sky train ဘန်ကောက်






ဒီတခါ ဘန်ကောက်က sky train အကြောင်းလေးအနည်းငယ်ပြောချင်ပါတယ်။ ယဉ်ကြောပိတ်ဆို့မှုများပြီး ကားတွေ အရမ်းများတဲ့ ဘန်ကောက်မှာ နောက်ပိုင်းတွင်ကျယ်လာတဲ့ သွားလာဆက်သွယ်ရေးတခုဖြစ်တဲ့ sky train ဟာအတော်လေးထိရောက်အောင် စွမ်းဆောင်ပေးတာတွေ့ရပါတယ်။ ကျွန်တော်သိသလောက်တော့ ကားနဲ့သွားရင် မိနစ် ၂၀ လောက်သွားရမယ့်ခရီးတခုကို sky train နဲ့စီးသွားရင် ထက်ဝက်မက အချိန်လျော့ ချ နိုင်တာ တွေ့ရပြီး ဈေးနှုန်းကလဲ သက်သာပါတယ်။ အဲဒီ sky train ကတော့ မလေးရှားက ထက်ပိုပြီးသန့်ပါတယ် ။ sky train တွေကို ဘုရင့်မွေးနေ့တခုဖြစ်တဲ့ ၁၉၉၉ ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး တနှစ်တနှစ် လူသန်း ပေါင်းများစွာကို ခရီးရောက်အောင်ပို့ဆောင်ပေးနေဆဲဖြစ်ပါတယ်။ လပေးကဒ်တွေနဲ့စီးလို့ရသလို လက် မှတ်ဝယ်စီးလဲရပါတယ်။ ကောင်တာတွေမှာ လူ့အရောင်းအပြင် စက်တွေ နဲ့ပါ လက်မှတ် ရောင်းချပေးပါတယ်။ တခုကတော့ အကြွေရှိမှဖြစ်ပါလိမ့်မယ်။ မရှိလဲ ကောင်တာမှာ လဲလို့ရပါတယ်။ ဈေးနှုန်းက တော့ ဘတ် ၁၀ ကနေ ၃၀ ကြားဘဲကျသင့်တာဖြစ်ပြီး ခရီးအကွာ အဝေးပေါ်မှာ ဈေး လဲကွာသွားပါတယ်။ ဘန်ကောက်ရဲ့ကောင်းကင်ပေါ်ကနေ ဖြတ်သန်းပြေးဆွဲနေတဲ့ sky train ပေါ်က ရှုခင်း ကလဲတမျိုး ကြည့်ကောင်းပါတယ်။ နေ့နေ့ညည သွားလာနေတဲ့ ထိုင်းလူငယ်တွေ ရဲ့အဓိကဆက်သွယ် သွားလာရေးကတော့ sky train ဘဲဖြစ်ပါတယ်။ ကျွန်တော့ အတွေ့အကြုံအရတော့ တကယ့်ကို သန့်ပြန့်ပြီး စနစ်တကျရှိတဲ့ sky train ဘူတာရုံလေးတွေကို အရမ်းသဘောကျပါတယ်။ သက်တောင့်သက်သာနဲ့ လည်ပတ် ကြည့်ရှုချင်တဲ့ သူတွေအတွက် sky train ကိုလဲ တမျိုးထည့်စဉ်းစားသင့်ပါတယ်။

Type the rest of your post here.

0 comments: